သစ်ပုတ်ကုန်းကျောင်းတိုက်

  • Home
  • Myanmar
  • Pathein
  • သစ်ပုတ်ကုန်းကျောင်းတိုက်

သစ်ပုတ်ကုန်းကျောင်းတိုက် သစ်ပုတ်ကုန်းကျေးရွာ၊ ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ 09799292923, 09989414962

https://t.me/+aekm34hccRZiYTll

ကျေးဇူးတော်ရှင် သစ်ပုတ်ကုန်းဆရာတော်ကြီးဘဒ္ဒန္တ သုမာနိတ မထေရ်ကြီး အား (၇) နှစ်ပြည့် ရည်စူးပြုလုပ်မည့် ကုသိုလ်တော် အခမ်းအန...
05/04/2026

ကျေးဇူးတော်ရှင် သစ်ပုတ်ကုန်းဆရာတော်ကြီး
ဘဒ္ဒန္တ သုမာနိတ မထေရ်ကြီး အား (၇) နှစ်ပြည့်
ရည်စူးပြုလုပ်မည့် ကုသိုလ်တော် အခမ်းအနားကို
၇.၄.၂၀၂၆ (အင်္ဂါနေ့) နံနက် ၉:၀၀ နာရီ အချိန်၌
ဆရာတော်ကြီးများအား ပင့်ဖိတ်၍ တရားတော် နာယူကြမည် ဖြစ်ပါသဖြင့် ဆရာတော်ဘုရားကြီး၏
တပည့် ဒါယကာ / ဒါယိကာမများ အား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် 🥰🙏

သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီး ၏ (၇) နှစ်ပြည့် ရည်စူးကုသိုလ်တော် အလှူရှင် (၂) 🙏ကျေးဇူးတော်ရှင် သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီ...
25/03/2026

သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီး ၏ (၇) နှစ်ပြည့်
ရည်စူးကုသိုလ်တော် အလှူရှင် (၂) 🙏
ကျေးဇူးတော်ရှင် သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီး
ဘဒ္ဒန္တ သုမာနိတ အား သတိရအောက်မေ့အမှတ်ရခြင်း
(၇) နှစ် ပြည့် ရည်စူးကုသိုလ်တော်အလှူ ကျင်းပနိုင်ရန်

ကျေးဇူးတော်ရှင် ဆရာတော်ကြီး ဦးသုမာနိတ နှင့်
သမီး မနှင်းရွှေစင်ဝင်း အား ရည်စူး၍
ကိုနေအောင် + မသန်းသန်းမြင့်
မလင်းလက်ဇာခြည်အောင် မိသားစု
သစ်ပုတ်ကုန်း အလှူတော်ငွေ (၁) သိန်းကျပ်
လှူဒါန်းပါသည်။
အလှူရှင် မိသားစု ကျန်းမာချမ်းသာပါစေ 🙏
သစ်ပုတ်ကုန်းကျောင်းတိုက်
သစ်ပုတ်ကုန်းရွာ
09799292923

သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီး ၏ (၇) နှစ်ပြည့် ရည်စူးကုသိုလ်တော် အလှူရှင် (၁) 🙏ကျေးဇူးတော်ရှင် သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီ...
21/03/2026

သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီး ၏ (၇) နှစ်ပြည့်
ရည်စူးကုသိုလ်တော် အလှူရှင် (၁) 🙏
ကျေးဇူးတော်ရှင် သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီး
ဘဒ္ဒန္တ သုမာနိတ အား သတိရအောက်မေ့အမှတ်ရခြင်း
(၇) နှစ် ပြည့် ရည်စူးကုသိုလ်တော်အလှူ ကျင်းပနိုင်ရန်

ဆရာတော်ကြီး၏ ညီမတော် …
(ဦးတင်ရီ) အား ရည်စူး၍ ဒေါ်လှမြင့် မိသားစု
(သစ်ပုတ်ကုန်းကျေးရွာ) မှ အလှူတော်ငွေ (၁) သိန်းကျပ်
လှူဒါန်းပါသည်။
အလှူရှင် မိသားစု ကျန်းမာချမ်းသာပါစေ 🙏
သစ်ပုတ်ကုန်းကျောင်းတိုက်
သစ်ပုတ်ကုန်းရွာ
09799292923

ကျေးဇူးတော်ရှင် သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုမာနိတ အား အောက်မေ့အမှတ်ရခြင်း(၇) နှစ်ပြည့် ရည်စူးကုသိုလ်အလှူတော် 🙏...
17/03/2026

ကျေးဇူးတော်ရှင် သစ်ပုတ်ကုန်းဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသုမာနိတ အား အောက်မေ့အမှတ်ရခြင်း
(၇) နှစ်ပြည့် ရည်စူးကုသိုလ်အလှူတော် 🙏
၆.၄.၂၀၂၆ (တနင်္လာနေ့)

စွမ်းနိုင်သလောက် ကြိုးစားအားထုတ်ခြင်း …သီရိမင်္ဂလာအောင်စေတီတော် မုဒ်ဦး 🙏
02/02/2026

စွမ်းနိုင်သလောက် ကြိုးစားအားထုတ်ခြင်း …
သီရိမင်္ဂလာအောင်စေတီတော် မုဒ်ဦး 🙏

ဘယ်အချိန် ပျက်စီးမလဲဆိုတာကိုမသိနိုင်တာက ကြောက်မက်ဖွယ်ရာအခြေအနေတစ်ခု။ကိုယ့်ရဲ့စိတ်ကို ကုသိုလ်စိတ်ကလေးတွေ,ကောင်းတာလေးတွေ, ...
26/01/2026

ဘယ်အချိန် ပျက်စီးမလဲဆိုတာကို
မသိနိုင်တာက ကြောက်မက်ဖွယ်ရာ
အခြေအနေတစ်ခု။

ကိုယ့်ရဲ့စိတ်ကို ကုသိုလ်စိတ်ကလေးတွေ,
ကောင်းတာလေးတွေ, ငြိမ်းတာလေးတွေ,
အေးတာလေးတွေ , အဆင်ပြေတာလေး
တွေချည်းဖြစ်အောင် မလုပ်နိုင်ဘူး။
အချိန်တိုင်း အာမခံချက်ရှိတယ်။
ဒီဟာကို ငါဖြစ်အောင် လုပ်နိုင်မယ်။
ငါ့ဘက်ကတော့ စိတ်ချဆိုတဲ့
အနေအထားလည်း မရှိသေးဘူး။

အဲဒီနှစ်ခု သွားတွေ့တဲ့အချိန်မှာ
ဘုန်းဘုန်းတို့ရဲ့ အနာဂါတ်ဟာ
ကြောက်မက်ဖွယ်ရာ အဖြေတစ်ခု
ထွက်မသွားဘူးလို့ မပြောနိုင်ဘူးလား။

ဘယ်အချိန် သေမလဲဆိုတာ မသိနိုင်ဘူး။
ကံအားလျော်စွာ ကောင်းတဲ့စိတ်ကလေးနဲ့
သေနိုင်မယ်ဆိုရင်တော့ အနာဂါတ်ကလေးက
အဆင်ပြေအုံးမယ်ပေါ့၊ ဟုတ်လား။

ဒါကလည်းပဲ အမြဲထာဝရ
စိတ်ချရတဲ့ အနေအထား မရှိဘူးနော်။

(သစ္စာရွှေစည်)

လောကမှာ ကိုယ့်ကို လူတိုင်းကြိုက်အောင်နေဖို့ မဖြစ်နိုင်ဘူး။ကိုယ့်ကို မုန်းတဲ့သူက မုန်းမှာပဲ၊ကိုယ်ကို အပြစ်မြင်တဲ့သူက တော့...
30/12/2025

လောကမှာ ကိုယ့်ကို လူတိုင်းကြိုက်အောင်
နေဖို့ မဖြစ်နိုင်ဘူး။

ကိုယ့်ကို မုန်းတဲ့သူက မုန်းမှာပဲ၊
ကိုယ်ကို အပြစ်မြင်တဲ့သူက တော့ မြင်ကို မြင်နေမှာပဲ။

ဒါကို ကိုယ်က ကိုယ့်ကို မမုန်းပါနဲ့ ၊ အပြစ်မမြင်ပါနဲ့လို့ လိုက်ပြောနေလို့မှ မရတာ။

သာမာန်လူသားတွေ မပြောနဲ့ ၊ လောကကောင်းကျိုးပဲ ဆောင်ခဲ့တဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်တောင် မကြိုက်တဲ့သူ ၊ ဝေဖန် အပြစ်တင်တဲ့သူ ၊ မနာလို မုန်းတီးသူဆိုတာ ရှိခဲ့ဖူးတာပဲလေ။

ဒါကြောင့် သာမာန်လူသားဖြစ်တဲ့ ကိုယ့်အပေါ် မုန်းတီးတဲ့သူ ၊ အပြစ်တင်ဝေဖန်တဲ့သူတွေ ရှိနေတာ ဘယ်ဆန်းတော့မလဲ။

ဒီအခါမျိုးမှာ ဘယ်လို နှလုံးသွင်းရမလဲဆိုတော့ ကိုယ့်ကို မုန်းနေတာ သူ့အပိုင်း ၊ ဝေဖန်နေတာက သူ့အပိုင်းပဲ။

ကိုယ့်ဘဝ ကိုယ်ကောင်းအောင် တည်ဆောက်ရမှာက ကိုယ့်အပိုင်းပဲလို့သာ နှလုံးသွင်း ထား။

အရေးအကြီးဆုံးကတော့ တခြားသူတွေ ဝေဖန်အပြစ်တင်ရုံ ၊ မနာလို မုန်းတီးနေရုံနဲ့ ကိုယ်လျှောက်မဲ့လမ်း လွဲမသွားစေဖို့ပဲ လိုတယ်။

ပါချုပ် ဆရာတော် ဘုရားကြီး
ဒေါက်တာ နန္ဒမာလာ ဘိဝံသ...

Address

Thit Pote Kone Monastery
Pathein
10011

Alerts

Be the first to know and let us send you an email when သစ်ပုတ်ကုန်းကျောင်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to သစ်ပုတ်ကုန်းကျောင်းတိုက်:

Shortcuts

Share