22/01/2023
﷽
❤️💚💛🤍🤍
အလ်လေဗိုင်းသ်
(မြတ်နဗီ ﴾ﷺ﴿၏ အနွယ်တော်မွန်များ)
အား 🤍ချစ်ခင်ခြင်း🤍နှင့်
🌟ကျမ်းတော်မြတ်ကုရ်အာန်🌟
✓အစ္စလာမ်ဘာသာကို လက်ခံထားသောမွတ်စလင်မ်များ၏ လက်ထဲ၌
ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မြတ်﴾ﷺ﴿ ၏ သာသနာလမ်းစဉ်ရှိသည့် ကာလပတ်လုံး မည်သည့်အခါ၌ လမ်းမှားမည်မဟုတ်ပါ။
✓၎င်းနောက် ဂုဏ်သိက္ခာမှာလည်း အောက်နိမ့်ကျမည်မဟုတ်ပါ။
✓သို့သော် အမြဲတစေ အောင်မြင်မှုရရှိနေမည်ဖြစ်ပါသည်။
✓မွတ်စလင်မ်အပေါင်းတို့သည် ယနေ့ သူတို့၏ လမ်းစဉ် သူတို့၏ချစ်ခင်မှုအား လက်လွှတ်လိုက်သည့်အတွက်ကြောင့် နေရာတကာ၌ ဂုဏ်သိက္ခာ
ကျဆင်းမှု ဘယ်ဘက်ကမှ အောင်မြင်မှုမရရှိဘဲ အမြဲဆုံးရှုံးမှုသာ ဖြစ်ပေါ်နေ
ရပါသည်။
✓ယနေ့ကမ္ဘာပေါ်ရှိ မွတ်စလင်မ်များ အကယ်၍ ဂုဏ်သိက္ခာနှင့် အောင်မြင်မှုအမျိုးမျိုးလိုချင်ပါက ကုရ်အာန်ကျမ်းတော်မြတ်﴾ﷺ﴿၏ အမိန့်နှင့် အဟ်လေဗိုင်းသ်၏ လမ်းစဉ်အတိုင်း ကျင့်သုံးပြုလုပ်လျှင် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်ပါသည်
✓ ယနေ့အချိန်ရှိခိုက်တွင် ကုရ်အာန်ကျမ်းတော်မြတ်နှင့် အဟ်လေဗိုင်းသ်၏ လမ်းစဉ်အတိုင်း လျှောက်ကြလျှင်
( အင်န်ရှာအလ္လာဟ်) အောင်မြင်မှုအမျိုးမျိုး မိမိတို့ခြေရင်းသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။
⭐အဟ်လေဗိုင်းသ်၏ တန်ဖိုးအဆင့် အတန်းမည်မျှရှိသည်ကို အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်မြတ် ကုရ်အာန်၌ မိန့်တော်မူသည်။
قُلْ لََّآ اَسْتَلُكُمْ عَلَيْهِ أَجْرًا اِلَ الْمَوَدَّةَ فِي الْقُرْيٰی۞
🌹အဓိပ္ပါယ် - (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ဤသို့ပြောကြားပါလေ။
(အချင်းတို့ ငါသည် အသင်တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ “ဆွေ မျိုးသားချင်းတော်စပ်မှုကြောင့် ချစ်မြတ်နိုးခြင်းမှတစ်ပါး” မည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။
🌹(ကုရ်အာန် ၄၂း၂၃)🌹
-(ကုရ်အာန် အတွဲ-၂၅ စူရာဟ်ရှုဟ်ရာ၊ အာယသ် ၂၃)
⭐အာယသ်တော်⭐
ကျရောက်ခြင်းအကြောင်း
✓အထက်ဖော်ပြပါအာယသ်တော်နှင့်ပတ်သက်၍
✍️ “ဟဇရသ် အလ္လာမဟ်မောင်လာနာ စိုက်ယဒ်မုဟမ္မဒ် နအီးမ်မုဒ္ဒီးန်ဆွာဟိဗ် မုရာဒ်အာဗာဒီ မိမိ၏ သဖ်ဆီးရ်ကျမ်းတော်( “ခဇာအိနုလ်အိရ်ဖာန်)”၌ ရေးထားသည်မှာ
- ဟဇရသ်အိဗ္ဗနုအဗ္ဗားစ် (ရဒိ) ဆင့်ပြန်ခဲ့ပါသည်။
✓တမန်တော်မြတ်မုဟမ္မဒ် သည် မဒီနာရွှေ မြို့တော်သို့ ကြွရောက်တော်မူသည့်အခါ အန်ဆွာရီများက တမန်တော်မြတ် မုဟမ္မဒ် { ﷺ }မှာ ငွေကြေးသုံးစရာများစွာလိုနေသည်ကို တွေ့မြင်ရ၍ လက်တွေ့ ဥစ္စာ ပစ္စည်းလည်း မရှိခဲ့ပါ။
✓ထိုအခါ သူတို့အားလုံးအချင်းချင်း ဆွေးနွေးတိုင်ပင်၍ တမန်တော်မြတ် { ﷺ } ၏ တာဝန်နှင့် သနားကြင်နာမှုအပေါ် တမန်တော်မြတ် { ﷺ }အားပေးရန် ဥစ္စာပစ္စည်းများစွာကို စုဆောင်းလိုက်ပါသည်။
✓၎င်းနောက် ထိုပစ္စည်းများကို ယူ၍ တမန်တော်မြတ် ﴾ﷺ﴿ထံတော်ပါးသို့ ရောက်ရှိလာပါသည်။
✓၎င်းနောက် လျှောက်တင်သည်မှာ “ယာရစူလ်လွလ္လာဟ်” ကျွန်တော်မျိုးသည် ကိုယ်တော်ထံပါးမှ တရားလမ်းမှန်ကို ရရှိပါ၏။
✓လမ်းမှားများမှ လွတ်မြောက်မှုရရှိခဲ့ပါသည်။
✓တမန်တော်မြတ် { ﷺ } ၌ သုံးစရာမြောက်မြားစွာကို တွေ့ရှိရ၍ ကျွန်တော်မျိုး ဤပစ္စည်းအနည်းငယ်ကို ကိုယ်တော်မြတ် { ﷺ } အား ပေးကမ်းပါရန် ယူဆောင် လာရခြင်းဖြစ်ပါသည်။
✓ဤပစ္စည်းများကို လက်ခံတော်မူပါဟု လျှောက်တင် လိုက်ပါသည်။
✓ထိုအခါ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်{ ﷺ }သည် ဤအာယသ်တော် အား ချပေးတော်မူ၏။
✓တမန်တော်မြတ်{ ﷺ } လည်း သူတို့ပစ္စည်း သူတို့အား ပြန်ပေးလိုက်တော်မူ၏။
🌟ဟဇရသ်အီမာမ်ရာဇီ[ရဟ်] က မိမိ✍️(သပ်ဆီရ်ကဗီးရ်ကျမ်းတော်)၌
✍️(ကရှ် ရှားဖ်ကျမ်းတော်)၏ အထောက်အထားဖြင့် ရေးထားသည်မှာ
لمَّا نَزَلَتْ هَذِهِ الْآيَةُ قِيْلَ يَا رَسُولَ اللَّهِ مَنْ قَرَابَتِكَ هُؤُلَاءِ الَّذِينَ وَجَبَتْ عَلَيْنَا مَوَدَّتُهُمْ فَقَالَ عَلِيٌّ وَفَاطِمَةُ وَابْنَا هُمَا۞
( تفسير كبير الجزء السابع والعشرون ص ١٦٦ )
🌹အာယသ်တော် ကျရောက်လာသောအခါ ဆွဟာဗီများ တမန်တော်မြတ်{ ﷺ }ကို မေးမြန်းလေသည်။
✓ယာရစူလွလ္လာဟ် { ﷺ }၊ကိုယ်တော်မြတ် { ﷺ } ၏ မည်သည့်အမျိုး ဖြစ်ပါသလဲ။
✓ထိုအမျိုး၏ ချစ်ခင်မြတ်နိုးမှုအား ကျွန်တော်မျိုးအပေါ် ‘ဝါဂျိဗ်’ လုပ်ပေးပါသည်။
✓ထိုအခါ တမန်တော်မြတ် { ﷺ }ပြန်ဖြေသည်မှာ ထိုအမျိုးမှာ
🤍ဟဇရသ်အလီ(ရဒိ) နှင့်
💛ဟဇရသဖွာသွီမာ(ရဒိ)
သူတို့၏ သားတော်နှစ်ပါး
💚ဟဇရသ် အီမာမ်ဟဆန်(ရဒိ) နှင့်
❤️ ဟဇရသ်အီမာမ်ဟူစိုင်န် (ရဒိ)
တို့ ဖြစ်ကြပါသည်ဟူ၍ ဖြေကြားတော်မူခဲ့ပေသည်။
✓တစ်နေ့သောအခါတွင်
💚ဟဇရသ်အီမာမ်ဟဆန်(ရဒိ)
ဟဒီးစ်တော်လေးဆယ် ခွသ်ဗယ်ပေးနေစဉ် မိန့်တော်မူသည်မှာ-
مَنْ عَرَ فَنِي فَقَدْ عَرَ فَنِي وَمَنْ لَّمْ يَعْرِفْنِي فَأَنَا الْحَسَنُ مِنْ مُحَمَّدٌ صَلَّى اللهُ عَلَيْهِ وَسَلَّمْ قَالَ أَنَا ابْنُ الْبَشِيرُ أَنَا بُنُ الشَّدِيرُ ثُمَّ تَلَا وَالتَّبَعْتُ مشَلَّةَ أَبَا بِي إِبْرَا هِيمَ الَّا بِهِ ثُمَّ قَالَ وَآنَا مِنْ أَهْلِ الْبَيْتِ الَّذِينَ افْتَرَضَ اللَّهُ عَزَّ وَجَلَّ مُوَدَّتَهُمْ وَمَوَا لا تَهُمْ فَقَالَ فِيْمَا أَنْزَلَ عَلى مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمْ قُلْ لَا اسْتَلُكُمْ عَلَيْهِ أَجْرًا إِلَّا المَوَدَّةَ
فِي الْقُرْيٰی
(الصواعق المحرقہ ص ۵۷۰)
အဓိပ္ပါယ် -
✓ကျွန်တော့်အား သိသောသူများ သိကြပါသည်။
✓ ကျွန်တော့်အား မသိကြသောသူများလည်း သိကြပါကုန်။
✓ ကျွန်တော်သည် တမန်တော်မြတ် { ﷺ } ၏ သားသမီးများထဲမှ ဟဆန် ဖြစ်ပါသည်။
✓၎င်းနောက် ဤအာယသ်တော်ကို ဖတ်ပြလေသည်။
وَاتَّبَعْتُ مِلَّةَ أَبَا بِیۡ اِبْرَهِيمَ آخَرَتِكَ۞
ထို့နောက် မိန့်တော်မူသည်။
✓ကျွန်တော်သည် “ဗရှီးရ်နှင့် နဇီရ်၏ သားတော်ဖြစ်၍ တမန်တော်မြတ် { ﷺ }၏ အိမ်သူအိမ်သားများဖြစ်ပါသည်။
✓ ထို အိမ်သူအိမ်သားများနှင့် အချစ်တရားတွယ်ဆက်ထားပါရန်အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်﴾ﷻ﴿
“ဖရသ်”တာဝန်တစ်ရပ်လုပ်ထားပေးပါသည်။
✓ထိုအချစ်တရား နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည်﴾ﷻ﴿ သူ့အချစ်တော် ရစူလ်တမန်တော်မြတ် အပေါ်သို့
{قُلْ لَا اسْتَلُكُمْ عَلَيْهِ أَجْرًا}
ဟူသောအာယသ်တော်အား ချပေးတော်မူ၏။
✍️(သွဗ်ရာနီကျမ်းတော်)၌ ဆင့်ပြန်လာရှိသည်မှာ
❤️ဟဇရသ်အီမာမ် ဇိုင်နွလ် တာဗေဒီးန်(ရဒိ) မှာ သခင်ကြီးမိမိ၏ ဖခမည်းတော်
❤️ဟဇရသ်အီမာမ်ဟူစိုင်န် (ရဒိ)
ရှဟီးဒ်ဖြစ်ပြီးနောက်ပိုင်းတွင် သူသည် စစ်သုံ့ပန်းအဖြစ် ‘ဒမီးရှ်ကတ်' မြို့တော် တစ်နေရာ၌ ရပ်နားသောအခါ "ရှာမီ"
နိုင်ငံသားတစ်ယောက်လာ၍
❤️အီမာမ်ဇိုင်နွလ် အာဗေဒီးန် (ရဒိ) အား ပြောပြသည်မှာ -
الْحَمْدُ لِلَّهِ الَّذِي قَتَلَكُمْ وَاسْتَا صَلَكُمْ وَقِطَعَ قَرْنَ الْفِتْنَةِ فَقضالَ لَهُ أَمَا قَرَأَتَ قُلْ لَا أَسْتَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَذَقَف ي الْقُرْنِي قِلَ وَأَنْتُمْ هُم قَالَ نَعَمْ
( الصواعق المحرقہ ص ۵۷۱ و تفسیر ابن کثیر سوره شوری ص ۱۳)
-အလ္လာဟ်အရှင်မြတ်﴾ﷻ﴿အား ကျေးဇူးတင်ရှိပါသည်။
-အသင့်အား အပတ် ရှင်းပြီး ကျူပင်ခုတ် ကျူငုတ်ပါမကျန်ဆိုသကဲ့သို့ အမြစ်ပါ ခုတ်သတ်လိုက်၍ အလွန်ကြီးကျယ်သော ပြဿနာဆိုးတစ်မျိုးကို ကုန်အောင် ရှင်းခဲ့ပါသည်။
✓ထိုအခါ သခင်ကြီးက ထိုလူဆိုးကို မိန့်တော်မူသည်မှာ အသင်သည်
{قُلْ لَا اسْتَلُكُمْ عَلَيْهِ أَجْرًا}
✓အာယသ်တော်အား မဖတ်မမြင်ခဲ့ဘူးလား။
✓ထိုသူယုတ်မာသည် အာယသ်တော်၌ ပြထားသူသည် အသင်ဟုတ်လား။ ဟုတ်ပါသည်။
✓သံသယမရှိ ကျွန်တော်ပါဟု ဖြေလိုက်လေသည်။
✓ ဟဇရသ် အလ္လာမဟ်နဗ်ဟာနီ(ရဒိ) သည် ဤအကြောင်းကို ရေးပြီး ဆက်လက်၍ ရေးပြသည်မှာ ကျွန်တော်သည် ဤကဲ့သို့ ယုတ်မာရိုင်းစိုင်းစွာနှင့် တမန်တော်မြတ် { ﷺ }၏ အိမ်တော်သူအိမ်တော်သားများကို ပြောဆိုသောလူယုတ်မာတစ်ယောက်၌
“အီမာန်”ယုံကြည်မှုရှိသည်ဟု မသတ်မှတ် နိုင်ပါ။
✓ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်ရှိသူသည်
ဤကဲ့သို့ယုတ်မာပက်စက်သောစကားရပ်များပြောနိုင်မည်မဟုတ်ပါ။
✓တမန်တော်မြတ် { ﷺ }၏ အသည်းနှလုံးဖြစ်သောဟဇရသ်အီမာမ်ဟဆန် - အား ရူဟီးဒ် ပြုလုပ်ပြီး ဝမ်းသာပျော်ရွှင်သောလူတစ်ယောက် ရင်ထဲတွင် မည်ကဲ့သို့ အီမာန် ရှိမည်နည်း။
✓သူ့ထက် ကြီးကျယ်သောအစ္စလာမ့်ရန်သူလည်း ရှိမည်မဟုတ်တော့ပါ။
✓ထိုခေတ်ကာလတွင် တမန်တော်မြတ် { ﷺ } ၏ အိမ်တော်သူအိမ်တော်သား များအား ညစ်ညစ်ပတ်ပတ်ပြောဆိုသောသူများရှိခဲ့သလို ယခုခေတ်မှာလည်း ထိုကဲ့သို့ အီမာန်မရှိသူနှင့် အိမ်တော်သူအိမ်တော်သားများ၏ ရန်သူများနှင့် တမန်တော်မြတ် { ﷺ } ရစူလ်ဖြစ်ကြောင်းပေါ်တွင် ရန်ပြုလျက်ရှိ၍ ထိုအိမ်တော်သူ အိမ်တော်သားများနှင့်ပတ်သက်သောဟဒီးစ်များကိုလည်း မခိုင်လုံဘူးဟု ပြောဆို ရန် မသန့်ရှင်းသောကြိုးစားမှုများပြုလုပ်ကြပါသည်။
✓၎င်းနောက် အီမာန်ရှင် သူတော်စင်တစ်ဦးတစ်ယောက်သည် အိမ်တော်သူအိမ်တော်သားများနှင့် ပတ်သက်၍ ချီးမွမ်းစကားများနှင့် ဟဒီးစ်အထောက်အထားများ တင်ပြလာသော အခါ ထိုသူယုတ်မာများသည် ချက်ချင်းပင် ထိုအထောက်အထားများနှင့် ဟဒီးစ် များ မခိုင်လုံပါဟု ဆိုကြရေးကြ၍ မသန့်ရှင်းသောကြိုးစားမှုများ ပြုလုပ်ကြပါသည်။
✓မိမိကိုယ်မိမိ မြတ် { ﷺ } ၏ ရန်သူစာရင်း၌ စာရင်းသွင်းလျက် ရှိပါသည်။
🔥ထိုကဲ့သို့သောသူယုတ်မာများအတွက်
🕋အစ္စလာမ်သမိုင်းတွင် အလွန် ကျော်ကြားလျက်ရှိသော
⭐အီမာမ်ရာဇီ [ ရဟ်] သည် မိမိ၏
✍️(သဖ်ဆီးရ်ကဗီရ်ကျမ်း)၌
ရေးထားသောအထောက်အထားတချို့ တင်ပြပါမည်။
🌹အလ်လေဘိုက်သ်များ
(မြတ်နဗီ{ ﷺ }၏အနွယ်တော်မွန်များ)
အပေါ်အချစ်ထားသူများအတွက် ရရှိမည့် 🌹ဖဇီလသ်အကျိုးများ🌹
✓အီမာမ်ရာဇီ[ ရဟ်] ရေးထားသည်မှာ- တမန်တော်မြတ် { ﷺ }မိန့်တော်မူသည်မှာ-
مَنْ مَّاتَ عَلى حُبِّ آلِ مُحَمَّدٍ مَاتَ شَهِيدًا۞
၁။⭐အဓိပ္ပါယ် - တမန်တော်မြတ် { ﷺ } ၏ အိမ်တော်သူအိမ်တော်သားများ၏ ချစ်မြတ် နိုးခြင်းဖြင့် ကွယ်လွန်သေဆုံးသောပုဂ္ဂိုလ်တစ်ဦးသည် သူသည်
“ရှဟီးဒ်”အဖြစ်နှင့် သေဆုံးသူဖြစ်ပါသည်။
✓၎င်းနောက် မိန့်တော်မူပါသည်။
اَلَاوَ مَنْ مَّاتَ عَلَى حُبِّ آلِ مُحَمَّدٍ مَاتَ مَغْفُورُ الَّه۞
၂။⭐အဓိပ္ပါယ် ။ သတိထားကြပါကုန်။ မည်သူမဆို တမန်တော်မြတ်﴾ﷺ﴿ ထံ၌ အိမ်တော်သူ အိမ်တော်သားများ၏ အချစ်တရားပေါ်တွင် သေဆုံးခဲ့မှု ထိုသူသည် အပြစ် ဒုစရိုက်များမှလွတ်ငြိမ်းချမ်းသာခွင့်ရပြီးသူဖြစ်ပါသည်။
✓ထို့နောက် မိန့်တော်မူ၏။
اَلَا وَمَنْ مَّاتَ عَلَى حُبِّ آلِ مُحَمَّدٍ مَاتَ تَابِبًا
၃။⭐အဓိပ္ပါယ် - သတိထားကြပါကုန်။ မည်သူမဆို တမန်တော်မြတ် { ﷺ } ၏ အိမ်တော်သူအိမ်တော်သားများ၏ အချစ်တရားပေါ် သေဆုံးသည်ရှိသော် သူ သည် “သောင်ဗဟ် ပြုလုပ်၍ သေဆုံးသူများ၌ ပါဝင်သူဖြစ်ပါသည်။
✓၎င်းနောက် မိန့်တော်မူသည်မှာ -
اَلَا وَمَنْ مَّاتَ عَلَى حُمَّالِ مُحَمَّدٍ مَاتَ مُؤْمِنًا مُسْتَكْبِلُ الْإِيْمَانِ۞
၄။⭐အဓိပ္ပါယ် - သတိပြုကြပါကုန်။ အိမ်တော်သူအိမ်တော်သားများအပေါ် အချစ်ထား၍ သေဆုံးသောသူသည် ပြည့်စုံသောအီမာန်အပေါ်၌ သေဆုံးသူ ဖြစ်ပါသည်။
✓ဆက်၍ မိန့်တော်မူ၏။
وَمَنْ مَّابَّ عَلَى حُبِّ آلِ مُحَمَّدٍ بَشَّرَهُ مَلَكُ الْمَوْتِ
بِالْجَنَّةِ ثُمَّ مَنكَى وَنكَيْرًا۞
၅။⭐အဓိပ္ပါယ် - သတိပြုကြပါကုန်။ မည်သူမဆို တမန်တော်မြတ် { ﷺ }၏ အိမ် တော်သူအိမ်တော်သားများအပေါ်ဝယ် အချစ်တရားတွယ်ဆက်ထားလျက် သေ ဆုံးသည်ရှိသော် ထိုပုဂ္ဂိုလ်အား သေမင်း မလာအိကဟ် အိဇ်ရာအီလ်နှင့်ကဗရ်သင်္ချိုင်းတွင်းမှမလာအိကဟ် ‘မွန်ကီရ်နှင့် နကီရ်'တို့သည် ဂျန္နသ်နှင့် ပတ်သက်သောဝမ်းမြောက် သတင်းများကို ပြောဆိုပါမည်။
✓၎င်းနောက် မိန့်တော်မူသည်မှာ-
اَلَا مَنْ مَّاتَ عَلى حُبِّ آلِ مُحَمَّدِ يَزِفُ إِلَى الْجَنَّةِ كَمَا يَرْفُ الْعُرُوسُ إلى بَيْتِ زَوْجُهَا۞
၆။⭐ အဓိပ္ပါယ် - သတိပြုကြပါကုန်။ အကြင်သူတစ်ဦးတစ်ယောက်သည် အိမ် တော်သူအိမ်တော်သားများအပေါ် အချစ်တရားထားလျက် သေဆုံးခဲ့ပါမူ ထိုသူ အား ဂုဏ်သိက္ခာရှိစွာဖြင့် သားတို့သမီးတို့အား သူ့လင်ယောက်ျားအိမ်ဘက်သို့ ခေါ်ဆောင်သွားသကဲ့သို့ ဂျန္နသ်ဘက်သို့ ခေါ်ဆောင်သွားမည်ဖြစ်ပါသည်။
✓၎င်း နောက် မိန့်တော်မူသည်။
الا مَنْ مَّاتَ عَلى حُبِّ آلِ مُحَمَّدٍ جَعَلَ اللَّهُ الْقَبْرَهُ
مَزَارِ مَلَا بِكَةِ الرَّحْمَةِ۞
၇။⭐အဓိပ္ပါယ် - သတိပြုကြပါကုန်။ အကြင်သူတစ်ဦး အိမ်တော်သူအိမ်တော်သား များအပေါ် အချစ်မြတ်နိုးခြင်းဖြင့် သေဆုံးခဲ့ပါမူ ထိုသူ၏ သင်္ချိုင်းတွင် ဂျန္နသ် ဘက်သို့ တံခါးပေါက်နှစ်ပေါက် ဖွင့်ပေးတော်မူမည်။
✓ထို့နောက် မိန့်တော်မူသည် မှာ-
اَلَا وَمَنْ مَّاتَ عَلى حُبِّ آلِ مُحَمَّدٍ مَاتَ عَلى السُّنَّةِ وَالْجَمَاعِةِ۞
၈။⭐အဓိပ္ပါယ် - သတိပြုကြပါကုန်။ အကြင်သူတစ်ဦးသည် အိမ်တော်သူအိမ်တော်သား များအပေါ်ဝယ် အချစ်တရားတွယ်ထားလျက် သေဆုံးခဲ့သည်ရှိသော် ထိုသူ၏ ကဗရ်သင်္ချိုင်းအား ရဟ်မသ်ကရုဏာတော် မလာအိကဟ်များ၏ တွေ့ဆုံရပ်နားသော
(ကွင်းပြင်)အဖြစ် ပြုလုပ်ပေးတော်မူမည်။
✓ဆက်လက်၍ မိန့်တော်မူ၏။
وَمَنْ مَّابٌ عَلَى حُبِّ آلِ مُحَمَّدٍ بَشَّرَهُ مَلَكُ الْمَوْتِ
بِالْجَنَّةِ ثُمَّ مَنكر ونكيرًا۞
၉။⭐သတိပြုကြပါကုန်။
အကြင်သူတစ်ဦးသည် အိမ်တော်သူအိမ်တော်သားများ ၏ မြတ်နိုးစွာဖြင့် သေဆုံးသည်ရှိသော် ထိုသူသည်
( အဟ်လေစွန္နသ် ဝလ်ဂျမာအသ်)
လမ်းစဉ်အပေါ် သေဆုံးခဲ့ခြင်းဖြစ်ပါသည်။
✍️(သဖ်ဆီးရ်ကဗီရ် အတွဲ ၂၇၊
စာ ၁၆၆/၁၆၅)
✍️(သဖ်ဆီရ်ကယ်ရှားဖ် အတွဲ ၃၊ စာမျက်နှာ ၄၆၇)
✓အထက်တွင် ရှင်းပြခဲ့သောဝမ်းမြောက်ဖွယ်ရာသတင်းများသည် တမန်တော်မြတ် { ﷺ } ၏ အိမ်တော်သူအိမ်တော်သားများအား ချစ်မြတ်နိုးသောပုဂ္ဂိုလ် များအတွက်သာ ဖြစ်ပါသည်။
✓ထိုပုဂ္ဂိုလ်များသည် မိမိတို့၏ နှုတ်လျှာနှင့်လည်း ကောင်း၊ မိမိတို့၏ ကိုယ်ခန္ဓာဖြင့်သော်လည်းကောင်း၊ ၎င်းနောက် မိမိတို့၏ ရေးခြင်း၊ဆိုခြင်းတို့ဖြင့် တမန်တော်မြတ် { ﷺ }၏ အိမ်တော်သူအိမ်တော်သားများ အပေါ် ချစ်မြတ်နိုးခြင်းကို ထင်ရှားစေပါသည်။
✓အင်ရှာအလ္လာဟ် ဤကျမ်းငယ်အစတွင် တမန်တော်မြတ် { ﷺ } ၏ အိမ် တော်သူအိမ်တော်သားများနှင့်ပတ်သက်၍ မွန်မြတ်သောတမန်တော်မြတ် { ﷺ }၏ ဟဒီးစ်တော်အပိုဒ်လေးဆယ်ကို တင်ပြပြီးဖြစ်ပါသည်။
🔥ယခု အိမ်တော်သူ အိမ်တော်သားများအား မုန်းတီးသောသူများနှင့်ပတ်သက်၍ ဟဒီးစ်တော်အချို့ကို တင်ပြပေးပါမည်။
✓တမန်တော်မြတ်{ ﷺ }မိန့်တော်မူသည်မှာ
اَلَا وَمَنْ مَّاتَ عَلى بُغْض آلِ مُحَمَّدٍ جَاءَ يَوْمَ الْقِيمَةِمَكْتُوبًا بَيْنَ عَيْنَيْهِ آيَسٌ مِنْ رَّحْمَةِ اللَّهِ۞
(၁)🔥သတိထားကြပါကုန်။
အကြင်သူသည် အိမ်တော်သူအိမ်တော်သားများ အပေါ်ဝယ် မကျေနပ်မှုများဖြင့် သေဆုံးခဲ့သည်ရှိသော် ထိုသူ၏ မျက်စိနှစ်ဘက်ကြားတွင် အလ္လာဟ်အရှင်မြတ်﴾ﷻ﴿အပေါ် မျှော်လင့်ချက်ကင်းမဲ့သူဟု ရေးထားပါသည်။
✓၎င်းနောက် မိန့်တော်မူ၏။
اَلَا وَمَنْ مَّاتَ عَلَى بُغْضِ آلِ مُحَمَّدٍ مَاتَ كَافِرًا
(၂)🔥မှတ်ထားကြပါကုန်။
အကြင်သူတစ်ဦးတစ်ယောက်သည် အိမ်တော်သူ အိမ်တော်သားများအပေါ် မုန်းတီးသောစိတ်ဓာတ်ဖြင့် သေဆုံးသည်ရှိသော် ထိုသူ သည် “ကာဖိရ်”အဖြစ်နှင့် သေခြင်းဖြစ်ပါသည်။
✓ထို့နောက် ဆက်လက်၍ မိန့်တော် မူသည်မှာ-
الا وَ مَنْ مَّاتَ عَلى بُغْض آلِ مُحَمَّدٍ لَمْ يَشُمُّ رَابِعَةُ الْجَنَّةِ
(၃)🔥မှတ်ထားကြပါ။
အကြင်သူတစ်ဦးတစ်ယောက်သည် တမန်တော်မြတ် { ﷺ } ၏ အိမ်တော်သူအိမ်တော်သားများအပေါ်ဝယ် မုန်းတီးသောစိတ်ဆန္ဒဖြင့် သေဆုံးခဲ့ သည်ရှိသော်၊ ထိုသူသည် ဂျန္နသ် အမတသုခဘုံ၏ အနံ့ရမည်မဟုတ်ချေ။
✍️(သဖ်ဆီးရ်ကဗီရ်၊ အတွဲ-၂၇၊ စာမျက်နှာ-၁၆၆)
✅ မှတ်ချက် -
(အဟ်လေဗိုင်းသ်)နှင့် (အာလေမုဟမ္မဒ်)၏ အဓိပ္ပာယ်တစ်မျိုးတည်း ဖြစ်ကြောင်း ပညာရှင်များအကြား ကွဲလွဲမှုမရှိပါ။
✅နောက်ထပ်ရှင်းလင်းရန်အတွက်
✍️ (သဖ်ဆီရ်ကဗီရ် )
အတွဲ-၂၇(အာရဗီ)ကို လေ့လာကြပါ။
✓အထက်တွင် တင်ပြခဲ့သောဟဒီးစ်တော်အရ တမန်တော်မြတ် { ﷺ } အိမ်တော်သူအိမ်တော်သားများအား မနာလိုမုန်းတီးသောနှလုံးရှိသူများ၏ နောက် ဆုံး“ကေယာမသ်”နေ့တွင် မည်သည့်နေရာ၌ ရပ်တည်ရမည်ကို စဉ်းစားစရာကောင်း လှပါသည်။
🔥“ယဇီးဒ်ကဲ့သို့ လူယုတ်မာလူဆိုးတစ်ယောက်အား (အမီရုလ်မုသ်မီနီးန်)
ဂျန္နသ်သူ၊ ကြီးကျယ်သော
(အီမာမ်တစ်ပါး)ဟု ဘွဲ့ နာမဖြင့်
ခေါ်ဆို၍
တကယ့်စစ်မှန် သော
💚အီမာမ်ကြီး၊
💚အီမာမ်များ၏ ခေါင်းဆောင်ကြီး
❤️အီမာမ်ဟူစိန် (ရဒိ)သခင်ကြီးအား ပြစ်မှုကျူးလွန်သူ၊ ထို့နောက် အရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်သူ၊ တရားခံတစ်ဦးဟု သတ်မှတ်သောသူများသည် မိမိတို့၏ နောက်ဆုံးရလဒ် မည်ကဲ့သို့ဖြစ်မည်ကို ကိုယ်တိုင်စဉ်းစားကြည့်ကြပါ။
✔️ တစ်ချိန် မဟုတ် တစ်ချိန်၌ သေရမှာ သေချာသည် မဟုတ်လော။
✓ယခုအချိန် ရှိပါသေးသည်။
✓“သောင်ဗဟ်”တံခါးတော်ဖွင့်လျက် ရှိပါသည်။
✓မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်﴾ﷻ﴿၏ ထံတော်ပါးမှ တမန်တော်မြတ် { ﷺ }အား အကြောင်းပြု၍ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံလိုက်ပါ။
✓၎င်းနောက် အိမ်တော်သူအိမ်တော်သားများ၏ တံခါးတော်စောင့်အဖြစ် ခံယူလိုက်ပါ။
✓ထို တံခါးတော်မှ အသင်တို့ လွတ်ငြိမ်းချမ်းသာခွင့်ရမည်သာဖြစ်၍ ထိုတံခါးတော်မှလွတ်ငြိမ်းချမ်းသာခွင့်၏
(သင်္ဘောကြီး)ထွက်လာမည်ဖြစ်ပါသည်။
✓အကယ်၍ ထိုတံခါးတော်အား လက်လွတ်လိုက်လျှင် မိမိ စီးနေသောသင်္ဘောကြီး သည် ဧကန်မုချ ရေနစ်သွားမည်ဟု တမန်တော်မြတ် မိန့်တော်မူပါသည်။
💚အို-အီမာမ်များ၏ အီမာမ်ကြီး
ဘိုးတော် တမန်တော်မုဟမ္မဒ်﴾ﷺ﴿၏ ကလီမာဟ်ဖတ်ကြသောသူတော်စင် အပေါင်းတို့ -
💚တမန်တော်မြတ်{ ﷺ }၏ အဆင့်ကို သိကြပါကုန်။
💚သူ၏ အိမ်တော်သူ အိမ်တော်သားများအား ချစ်မြတ်နိုးခြင်းမေတ္တာကို ထားကြပါကုန်။
✓အင်ရှာ အလ္လာဟ်
✓ဆွမ်းမ အင်ရှာအလ္လာဟ်
💚တမန်တော်မြတ်{ ﷺ } ၏ ကျေနပ်နှစ်သက်မှု့ကို ဧကန်မလွဲ ရမည်သာဖြစ်ပါသည်။
🌹🌹🌹🌹🌹🌹
🌹ကျမ်းညွှန်း-
🤍(အဟ်လေဗိုင်းသ်မွန်မြတ်ကြောင်းနှင့် ဟဒီးစ်တော်လေးဆယ်)
ချစ်စွာသောစာရှုသူဤကျမ်းငယ်တွင် အဟ်လေဗိုင်းသ်မွန်မြတ်ကြောင်း
ဟဒီးဆ်တော်-၄၀-ကို တင်ပြထားပါသည်။
✓ခိုင်မာသောကျမ်းကြီးများမှ တင်ပြထား ကြောင်း အထောက်အထားခိုင်မာစွာဖြင့် တင်ပြထားပါသည်။
✓ထိုဟဒီးဆ်တော်များ တွင် အဟ်လေဗိုင်းသ်(ခေါ်) မဟာတမန်တော် ကိုယ်တော်မြတ်ကြီး{ ﷺ } ၏ အနွယ် တော်မွန်များထွတ်မြတ်ကြောင်း တင်ပြထားပါသည်။
✓ထိုဟဒီးဆ်တော် -၄၀-ကို ကြေညက် စွာလေ့လာပြီးလျှင် အဟ်လေဗိုင်းသ်(ခေါ်) မဟာတမန်တော် ကိုယ်တော်မြတ်ကြီး {ﷺ}၏ အနွယ်တော်မွန်များ မည်မျှထွတ်မြတ်ကြောင်းကို ထဲထဲဝင်ဝင်သိမည်။
✓ထဲထဲဝင်ဝင်သိလျှင် အဟ်လေဗိုင်းသ်ကို အချစ်ထားမည်။
✓ထိုသို့အချစ်ထားလျှင် မိမိ၏ နှစ်ဘဝအတွက် လုံခြုံမှုရမည်။
🤍“အဟ်လေဗိုင်းသ်(ခေါ်) မဟာတမန်တော် ကိုယ်တော်မြတ်{ ﷺ} ၏ အနွယ်တော်မွန်များကို အချစ်ထားရန်”
ဟူသောအချက်မှာ ဤကျမ်းငယ်ကို ရေးသားထုတ်ဝေရခြင်း၏ ရည်ရွယ်ရင်း ဖြစ်ပါသည်။
✓ထို့အပြင် ဤကျမ်းငယ်တွင် မဟာတမန်တော် ကိုယ်တော်မြတ်ကြီးမုဟမ္မဒ် {ﷺ}၏ နောက်ဆုံးမိန့်မှာချက်ဩဝါဒတော်များကို တင်ပြထားပါသည်။
✓၎င်းဩဝါဒ တော်များသည်
“မဟာတမန်တော်မြတ်ကြီး{ﷺ} ၏
“ဟဂျ်ဂျသွလ်ဝဒါ”ခေါ် နောက်ဆုံးဟဂျ်မိန့်ခွန်းအဖြစ် ကမ္ဘာသိထင်ရှားကျော်ကြားသောနောက်ဆုံးမိန့် မှာချက် လမ်းညွှန်သြဝါဒတော်များဖြစ်ပါသည်။
✓ထိုသမိုင်းဝင် နောက်ဆုံးဩဝါဒတော် များမှာ အစ္စလာမ်ဘာသာဝင်များအမြဲမှတ်သားလိုက်နာ ကျင့်သုံးစေရန် အထူး မှာကြားမိန့်တော်မူခဲ့သော မဟာတမန်တော် ကိုယ်တော်မြတ်ကြီးမုဟမ္မဒ်{ﷺ}၏ ရွှေနှုတ်တော်လာဩဝါဒတော်များလည်း ဖြစ်ပါသည်။
✓ထိုမိန့်ခွန်းတော်များသည် မွတ်စလင်မ်များမှတ်သားလိုက်နာ ကျင့်သုံးရမည့် အစ္စလာမ်သာသနာတော်၏ လေးနက်ခိုင်မာ၍ အရေးကြီးသည့် အထူးမှတ်သားဖွယ် လမ်းညွှန်သြဝါဒတော်များ ဖြစ်ပါသည်။
✓ထိုဩဝါဒတော်များသည် မဟာတမန်တော် ကိုယ်တော်မြတ်ကြီး{ﷺ} နောက်ဆုံးဟဂျ်တွင် နောက်ဆုံး သမိုင်းဝင်ဩဝါဒတော်များဖြစ်ခဲ့သည့်
လူသားများအတွက် အသက်ထက်ဆုံးလိုက်နာကျင့်သုံးရမည့် လောက နီတိယဉ်ကျေးမှုနှင့် ငြိမ်းချမ်းမှုကို အခြေခံသောစည်းမျဉ်းဥပဒေသများလည်း ဖြစ်ပါသည်။
✓ထိုမိန့်ခွန်းတော်ကြီးတွင် “အို … အသင့်ရောက်ရှိနေကြသူအပေါင်း တို့၊ သတိပြုကြကုန်လော့။
✓ကျွန်ုပ်၏ မိန့်ကြားချက်များကို ယခုကြားနာနေရသူများက မကြားနာရသေးသူများထံသို့ လက်ဆင့်ကမ်းဖြန့်ချိ၍ တဆင့်ပို့ဆောင်ပြီး သဗ်လိဂ်ပြုလုပ်ကြကုန်။
✓အဘယ်ကြောင့်ဆိုသော် တဆင့်ပို့ချခြင်းခံရသူသည် ယခုကြားနာရသူများထက် ပို၍ ထိန်းသိမ်းလိုက်နာမှု ပြုနိုင်ကြပေသည်။
✓ကျွန်ုပ်၏ မှာကြားချက်များကို ကြားနာရသူများအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ မဟာကရုဏာတော်ရရှိခံစားကြရပါစေ။
✓အဘယ်ကြောင့်ဆိုသော် ထိုကြားနာ ရသူများသည် အကျွန်ုပ်၏ မှာကြားချက်ကို ကောင်းစွာမှတ်သား ထိန်းသိမ်းခဲ့ကြ သည်။
✓တဆင့်ထပ်မံဖြန့်ချိကြပေလိမ့်မည်ဟူ၍ မိန့်ကြားတော်မူထားသည့်အတွက် မဟာတမန်တော် ကိုယ်တော်မြတ်ကြီး{{ﷺ}
က လက်ဆင့်ကမ်းဖြန့်ချိရန် မိန့်မှာတော်မူခဲ့သည့်အတိုင်း ဤရွှေနှုတ်တော်လာ ရွှေစကားမိန့်မှာချက်များကို အဆင့်ဆင့်လက်ဆင့်ကမ်းဖြန့်ချိနိုင်ရန်အတွက် ဤကျမ်းငယ်ကို ရေးသားထုတ် ဝေလိုက်ရခြင်းဖြစ်ပါသည်ဟူ၍သာ---
🌹🌹🌹🌹🌹🌹
✍️
အလ်ဟာဂ်ျ သမားတော်
စာရေးဆရာ
ဒေါက်တာစိုးမြင့်အောင်
ဝါးခယ်မ(ကျမ်းပြု)
Al_Haj,Kalifa,writer
Dr.Hakim Mohammad
Siddique Qadari..၏...
🌹အစ္စလာမ့်သုတစာပေဖြန့်ချိရေး
နှင်းဆီဥယျာဉ်စာစဉ်(၅၈) 🌹
🌹 အလ်လေဗိုင်းသ် မွန်မြတ်ခြင်း၊
ဟဒီးစ်တော်လေးဆယ် နှင့်
(ဟဂ်ျဂျသွလ်ဝဒါအ်) နောက်ဆုံး ဟာဂ်ျမိန့်ခွန်းတော် 🌹
ကျမ်းမှ ထုတ်နုတ်တင်ပြပါသည်။
﴿وَرِضۡوَانٌ مِِّنَ اللّٰهِ اَكۡبَرُ﴾
🌿"အသျှင်မြတ်၏ ကျေနပ်နှစ်သက်မှူသည်သာ အကြီးကျယ်ဆုံး🌿