Myanmar Grace Church Naypyitaw

Myanmar Grace Church Naypyitaw Year of Victory and Peace

BLESSED MAY 2026ဘုရားသခင်ရဲ့အသစ်သောကောင်းကြီးမင်္ဂလာ နှုတ်ကပတ်တော်ခံစားရဖို့ အားလုံးကို နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။SUND...
22/05/2026

BLESSED MAY 2026

ဘုရားသခင်ရဲ့အသစ်သောကောင်းကြီးမင်္ဂလာ နှုတ်ကပတ်တော်ခံစားရဖို့ အားလုံးကို နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။

SUNDAY WORSHIP SERVICE

Pastor Moses Walter
Time: 10:30 AM to 12:30 PM
Date: 24 - May - 2026 ( SUNDAY )

SUNDAY SCHOOL SERVICE

Time: 8:00 AM to 9:30 AM
Date: 24 - May - 2026 ( SUNDAY )

THE CHOSEN SERVICE

Saya San Toe
Time: 1:30 PM to 4:30 PM
Date: 24 - May - 2026 ( SUNDAY )

ဒက္ခိဏသီရိမြို့၊ မဥ္ဇူသကလမ်း၊ ရတီ ၁၅ လမ်းဒေါင့်၊ နေပြည်တော်

“ ကျန်းမာခြင်းသည် ကောင်းကြီးမင်္ဂလာ “မြန်မာစကားအရ ကျန်းမာခြင်းသည် လာဘ်တစ်ပါး နောက်တစ်ခုက ကျန်းမာခြင်းသည် ချမ်းသာခြင်းထက်...
19/05/2026

“ ကျန်းမာခြင်းသည် ကောင်းကြီးမင်္ဂလာ “

မြန်မာစကားအရ ကျန်းမာခြင်းသည် လာဘ်တစ်ပါး
နောက်တစ်ခုက ကျန်းမာခြင်းသည် ချမ်းသာခြင်းထက်ပို၍အရေးကြီးသည် ဟု ဆိုသည်။

ကျန်းမာခြင်းသည် ဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာထဲကတစ်ခုဖြစ်တယ်။ ငွေကြေးဘယ်လောက်ချမ်းသာနေပါစေ ကျန်းမာရေး မကောင်းလျှင် နှစ်ရှည်လများရှာဖွေ စုဆောင်းထားတဲ့ အရာတွေကို အဲ့ဒီရောဂါအတွကိပဲ ကုန်နေမည်ဖြစ်ပါသည်။

ကျမ်းစာထဲ မှာ (၁၂) နှစ်ပတ်လုံးသွေးသွန်နာစွဲနေတဲ့အမျိုးသမီးတစ်ယောက်အကြောင်းဖော်ပြထားတာတွေ့ရပါတယိ။ ( မာကု၊ ၅:၂၅ - ၃၄ )

(၁) ဥစ္စာရှိသမျှကုန်သော်လည်း

ဒီအမျိုးသမီးဟာ အင်မတန်ချမ်းသာခဲ့တဲ့အမျိုးသမီးဖြစ်တယ်။ ဒါပေမဲ့ သူ့မှာ ကုသလို့မရတဲ့ ရောဂါတစ်ခုခံစားနေရတယ်။ ရှိသမျှသမားတော်တွေကို ပြသခဲ့ပေမဲ့လည်း
ရှိသမျှဥစ္စာသာကုန်သွားတာ ဘာထူးခြားမှုမှမရှိတဲ့အပြင် ရောဂါတောင်ထပ်တိုးလာတယ်။

သင်ဘယ်လောက်ပဲချမ်းသာချမ်းသာ ရောဂါရှိနေရင် စားချင်တိုင်းစားလို့မရဘူး၊ သွားချင်တိုင်းသွားလို့မရဘူး၊ စိတ်သွားတိုင်းကိုယ်မပါတော့ဘူး။

ဒါကြောင့်ဒီအမျိုးသမီးသည် သူမဘဝမှာ ဘာမျှော်လင့်ချက်မှမရှိပဲ သေမဲ့နေ့ကို စောင့်နေတဲ့သူဖြစ်တယ်။
အသက်သည် စည်းစိမ်၌ မတည်။

(၂) ယုံကြည်ခြင်းဖြင့် အဝတ်တော်ကို တို့ခြင်း

သို့သော် တစ်နေ့တော့ ယေရှုက ယာဣရုရဲ့ သမီး (၁၂) အရွယ်ကလေးမလေး ဆုံးသွားလို့ သွားဆုတောင်းပေးဖို့ အသွားလမ်းမှာပဲ ဒီအမျိုးသမီးက လမ်းခုလတ်မှာ ဖြတိဝင်လာခဲ့တယ်။ ယေရှုက သူမဆီလာတာမဟုတ်ပေမဲ့ သူမရဲ့ဖြတ်ဝင်လာခြင်းဟာ သူမအတွက် ကျေးဇူးတော်ကလွန်မသွားဘူးဆိုတာ သက်သေပါပဲ။

သူမသည် ယေရှုလာတဲ့သတင်းကိုကြားပြီး ယုံကြည်ခြင်းကိုစတင်တည်ဆောက်တယ်။ ငါသာယေရှုရဲ့ဝတ်လုံသာတို့ရရင် ငါကျန်းမာမယ်ဆိုတဲ့ယုံကြည်ပြင်းပြသောစိတ်ဖြင့်ယေရှုဆီကို အရောက်သွားခဲ့တယ်။

သူမယုံကြည်တဲ့အတိုင်း လက်တွေ့လုပ်ဆောင်တဲ့အခါ ချက်ခြင်းကျန်းမာခြင်းရသွားခဲ့တယ်။

(၃) ငါ့သမီး

ယုံကြည်ခြင်းနဲ့တို့ထိလိုက်တဲ့အတွက် ယေရှုက သူ့ကိုယ်မှာ တန်းခိုးထွက်တယ်လို့ခံစားရတယ်။ ဒါနဲ့ယေရှုကလှည့်ကြည့်ပြီး အချင်းမိန်းမ လို့မခေါ်ခဲ့ပါဘူး။ “ ငါ့သမီး “ ဟု နွေးထွေးစွာခေါ်ဆိုခဲ့တယ်။

ဒီအမျိုးသမီးဟာ သူမထင်တာကယေရှုသူ့ကို အော်ဆူ၊ အပြစ်တင်တာမျိုးလုပ်တော့မယ်လို့ထင်ခဲ့တယ်။ ဘာကြောင့်လဲ သူမနှစ်ပေါင်းများစွာ လူတွေရဲ့အပစ်ပယ်ခံ၊ စွန့်ပစ်ခံ ဘဝနဲ့ နှစ်ပေါင်းများစွာ အထီးကျန်စွာ နေထိုင်ခဲ့ရတယ်။

သို့သော် အဲ့လူတစ်ယောက်ကို ယေရှုက ငါ့သမီးလို့ခေါ်လိုက်တဲ့အချိန်မှာ သူမဘယ်လောက်ဝမ်းမြောက်ဝမ်းသာစွာဖြစ်လိုက်မလဲ။ ဘယ်လောက်ပျော်ရွှင်မလဲ။

ယေရှုက လူတွေသင့်ကိုဘယ်လောက်စွန့်စွန့် သင့်ကိုမစွန့်တဲ့ဘုရား၊ သင့်ချစ်တဲ့ဘုရား၊ သူ့ရဲ့နွေးထွေးတဲ့မေတ္တာတော်နဲ့သင့်ကိုပတ်ရည်ထားတယ်။ ဒါကြောင့်ဒီအမျိုးသမီးအဲ့နေ့မှာပဲ ကျန်းမာခြင်းရသွားခဲ့တယ်။ သူမဘဝမှာမဖြစ်နိုင်တဲ့အရာကို ယေရှုအားဖြင့် ဖြစ်စေခဲ့တယ်။

ဒါကြောင့်လောကမှာ ဘယ်လောက်ပဲချမ်းသာနေပါစေ အသက်သည် စည်းစိမ်၌ မတည်တဲ့အတွက် ဘုရားသခင် ပေးတဲ့ကျန်းမာခြင်းနဲ့ ဘုရားအမှုတော်မှာ များများအစေခံဆက်ကပ်ပါ။

အဲ့လိုဆက်ကပ်မယ်ဆိုလျှင် မုန့်နှင့်ရေကို အလျှံအကယ်ကောင်းကြီးပေးမယ်။ သင့်အထဲမှာရှိတဲ့အနာရောဂါတွေအားလုံးကို ဘုရားက နှုတ်ယူပယ်ရှားပေးမှာဖြစ်ပါတယ်။ ( ထွက်၊ ၂၃:၂၅ )

Moses Walter
Worship Service
Naypyitaw
/2026

THE CHOSEN SERVICE Time: 1:30 pm to 4:30 pm  Naypyitaw  /2026
19/05/2026

THE CHOSEN SERVICE

Time: 1:30 pm to 4:30 pm

Naypyitaw
/2026

SUNDAY SCHOOL SERVICE Arrow Class & Starts Youth Time: 8:00 am to 9:30 am  Naypyitaw  /2026
19/05/2026

SUNDAY SCHOOL SERVICE
Arrow Class & Starts Youth

Time: 8:00 am to 9:30 am

Naypyitaw
/2026

BLESSED MAY 2026ဘုရားသခင်ရဲ့အသစ်သောကောင်းကြီးမင်္ဂလာ နှုတ်ကပတ်တော်ခံစားရဖို့ အားလုံးကို နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။SUND...
15/05/2026

BLESSED MAY 2026

ဘုရားသခင်ရဲ့အသစ်သောကောင်းကြီးမင်္ဂလာ နှုတ်ကပတ်တော်ခံစားရဖို့ အားလုံးကို နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။

SUNDAY WORSHIP SERVICE

Pastor Moses Walter
Time: 10:30 AM to 12:30 PM
Date: 17 - May - 2026 ( SUNDAY )

SUNDAY SCHOOL SERVICE

Time: 8:00 AM to 9:30 AM
Date: 17 - May - 2026 ( SUNDAY )

THE CHOSEN SERVICE

Saya David
Time: 1:30 PM to 4:30 PM
Date: 17 - May - 2026 ( SUNDAY )

ဒက္ခိဏသီရိမြို့၊ မဥ္ဇူသကလမ်း၊ ရတီ ၁၅ လမ်းဒေါင့်၊ နေပြည်တော်

“မိခင်များနှင့်ဆိုင်သောအချက်(၃)ချက်”သမ္မာကျမ်းစာထဲမှာ သားသမီးတွေနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူတွေလုပ်ဆောင်ခဲ့ကြတဲ့အချက်တွေက...
12/05/2026

“မိခင်များနှင့်ဆိုင်သောအချက်(၃)ချက်”

သမ္မာကျမ်းစာထဲမှာ သားသမီးတွေနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူတွေလုပ်ဆောင်ခဲ့ကြတဲ့အချက်တွေကို ဆင်ခြင်ကြည့်ရင်

(၁)ဘုရားသခင်က မိခင်တွေကို သားသမီးနှင့်ပတ်သက်သော အရာကို ပြောပြလေ့ရှိတယ်။

တရားသူကြီးမှတ်စာထဲမှာ ဒန်အမျိုး၊ဇောရာမြို့သား မာနော်ရဲ့ဇနီးဖြစ်သူက သားမဖွါးပဲ မြုံနေတဲ့သူဖြစ်တယ်။ဒါပေမယ့် တစ်ရက်မှာ မာနော်ရဲ့ဇနီးဖြစ်သူထံကို ဘုရားသခင်ရဲ့ကောင်းကင်တမန်ရောက်လာပြီး သင်ဟာ မြုံနေလို့ သားမဖွါးနိုင်ပေမယ့် ယခုမှစ ပဋိသန္ဓေယူပြီး သားယောကျ်ားကို ဘွားမြင်လိမ့်မယ်လို့ လာပြောတယ်။

မွေးလာမယ့်သားက အမိဝမ်းထဲကနေစပြီး ဘုရားသခင်ရဲ့နာဇရိလူအဖြစ်မွေးလာမှာဖြစ်တယ်။နာဇရိလူဆိုတာက ဘုရားသခင်ရဲ့ သီးသန့်ခွဲခြားခြင်းခံရသူ၊ဆက်ကပ်အပ်နှံခြင်းခံရသူဖြစ်တယ်။

နာဇရိလူအဖြစ် အဲဒီကလေးက မိခင်ရဲ့ဝမ်းထဲမှာရှိနေချိန်မှာ မိခင်ဖြစ်သူက စပျစ်ရည်၊သေရည်သေရက်နှင့် မစင်ကြယ်သောအစာကို စားခွင့်မရှိသလို၊မွေးလာမယ့်ကလေးလေးကိုလဲ မွေးလာကတည်းက ဆံပင်ရိတ်ခြင်းကိုမပြုလုပ်ရဘူးဆိုတဲ့အကြောင်း လိုက်နာကျင့်ဆောင်ရမယ့်အချက်တွေကို ကောင်းကင်တမန်က မာနော်ရဲ့ဇနီးကိုပြောပြထားတယ်။

ကြုံရတဲ့အကြောင်းအရာကို ခင်ပွန်းဖြစ်သူ မာနော်ကို ဇနီးဖြစ်သူက ပြန်ပြောပြထားတယ်။မာနော်ကလည်း ဘွားမြင်လာမယ့်ကလေးနှင့်ပတ်သက်လို့ ဘယ်လိုသွန်သင်ပြုစုရမလဲဆိုတာ ကောင်းကင်တမန်ကို ထပ်စေလွှတ်ပေးပြီး ပြောပြစေဖို့ ဘုရားသခင်ဆီမှာဆုတောင်းတဲ့အခါ ဘုရားက ကောင်းကင်တမန်ကို ထပ်စေလွှတ်ပြီး ပြန်ပြောပြစေခဲ့တယ်။

မိဘနှင့်သားသမီးတွေအကြားမှာ ဖခင်ဖြစ်သူထက် မိခင်ဖြစ်သူက သားသမီးတွေနှင့်အမြဲရှိနေတတ်သူတွေဖြစ်လို့ ဘုရားသခင်က မိခင်ဖြစ်သူဆီကို လာစကားပြောတာဖြစ်တယ်။ယုံကြည်သူမိခင်တွေဟာ မိမိရဲ့အတွေ့အကြုံ၊မိမိဖြစ်စေချင်တဲ့ဆန္ဒတွေအတိုင်း သားသမီးတွေကို ပုံသွင်းတဲ့သူတွေမဖြစ်ပဲ သားသမီးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတဲ့အချက်နှင့်ပတ်သက်ပြီး ဘုရားသခင်ထံက သွန်သင်ချက်တောင်းခံသူ၊ဉာဏ်ပညာတောင်းခံဆုတောင်းတတ်သောမိခင်တွေဖြစ်ဖို့ အရမ်းလိုအပ်တာဖြစ်တယ်။

၂။သားသမီးတွေနှင့်ပတ်သက်ရင် မှတ်ထားတတ်တဲ့မိခင်တွေဖြစ်တယ်။

ကိုယ်မွေးထားတဲ့ သားသမီးတွေနှင့်ပတ်သက်ပြီး သူတို့ရဲ့အသေးစိတ်အကြောင်းအရာတွေကစ သိရှိထားတတ်တာက မိခင်တွေဖြစ်တယ်။

သခင်ယေရှုနှင့်ပတ်သက်လို့ ဘွားမြင်တဲ့အချိန်မှာ သိုးထိန်းတွေက လာရောက်ဖူးမြော်တာ၊မိဘတွေနှင့်အတူတူ ဗိမာန်တော်မှာသွားတဲ့အချိန် သခင်ယေရှုက ကျန်ခဲ့ပြီး ဖာရိရှဲတွေနှင့်ပြောဆိုဆွေးနွေးခဲ့တာတွေကို မိခင်ဖြစ်သူမာရိက သူ့ရဲ့နှလုံးသားထဲမှာ မှတ်ထားတယ်။

သားသမီးတွေရဲ့ရှင်သန်ကြီးထွားမှု၊နေထိုင်ပြောဆိုမှုအစုစုကို မိခင်တွေက သိထားတာဖြစ်တယ်။သားသမီးတစ်ယောက်စီတိုင်းမှာရှိတဲ့ အားသာချက်တွေကို ဆက်ပြီးထိန်းသိမ်းဖို့ သူတို့ကို အသိအမှတ်ပြုသွန်သင်ပေးဖို့လိုအပ်သလို ၊အားနည်းချက်ဖြစ်တဲ့ ပြင်ဆင်ရမယ့်အချက်တွေကိုလဲ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ ပြန်လည်တည့်မတ်ပြုပြင်ပေးတတ်တဲ့ ယုံကြည်သူမိခင်တွေဖြစ်ရမယ်။

ကိုယ်ဖြစ်ချင်တာတွေအတွက် သားသမီးတွေကို ပုံသွင်းတဲ့သူမဟုတ်ပဲ သားသမီးဖြစ်ချင်တဲ့အရာကို လမ်းကြောင်းမှန်အတိုင်း ပေါက်မြောက်ထူးချွန်သူတွေဖြစ်လာဖို့ မြေတောင်မြှောက်ပေးတတ်သူတွေဖြစ်ဖို့ အရမ်းလိုအပ်တာဖြစ်တယ်။

၃။သားသမီးတွေနှင့်ပတ်သက်လို့ မှတ်သားထားတဲ့အရာတွေကို ဆက်လက်သွန်သင်ပေးပါ။

ရှင်ပေါလုက သူ့ရဲ့ သားတပည့်ဖြစ်သူတိမောသေနှင့်ပတ်သက်ပြီး ဘယ်လိုမီးမောင်းထိုးဖော်ပြထားသလဲဆိုရင် “သင်၏အဘွားလောဣ၊အမိဉနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ငါသဘောကျသည်အတိုင်း သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်”လို့ ဖော်ပြထားတာကို တွေ့ရတယ်။

တိမောသေရဲ့ မိခင်ဖြစ်သူ ဉနိတ်က ယုဒအမျိုးဖြစ်ပြီး ဖခင်ဖြစ်သူက ဟေလသလူမျိုးဖြစ်တယ်။

တံပိုးမညီတဲ့မိသားစုဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်သောအမှုတော်ဆောင်ဖြစ်လာခဲ့သူ တိမောသေရဲ့နောက်ကွယ်မှာ ပထမရာစုက ဘုရားကိုယုံကြည်သူတွေဖြစ်တဲ့ အဖွါးနှင့်မိခင်ဖြစ်သူကြောင့်ဖြစ်တယ်။ အဲ့ဒါအပြင် ဘုရားကို အမှန်တကယ်ချစ်ပြီး အမှုတော်အတွက်ဆက်ကပ်သူ ဆရာသမားကောင်းဖြစ်တဲ့ ရှင်ပေါလုရဲ့ သွန်သင်လမ်းပြမှုတွေကလဲ တိမောသေကို အောင်မြင်သောအမှုတော်ဆောင်ဖြစ်ဖို့ ပိုပြီး အားကောင်းစေခဲ့တာဖြစ်တယ်။

ကလေးအရွယ်ကတည်းက မိခင်ဖြစ်သူ ဉနိတ်က ဘုရားကို ဘယ်လိုကိုးကွယ်ယုံကြည်ရမယ်ဆိုတာ အချိန်တိုင်းမှာ သားဖြစ်သူကို သွန်သင်သင်ပြပေးခဲ့တာဖြစ်သလို ၊အဖွါးဖြစ်သူကလဲ မြေးဖြစ်သူကို ယုံကြည်ခြင်းနှင့်ပတ်သက်လို့ သွန်သင်ပေးခဲ့သူဖြစ်တယ်။

ယုံကြည်သူဖြစ်တဲ့မိခင်တွေက သားသမီးတွေကို ယုံကြည်ခြင်းကို အမွေလက်ဆင့်ကမ်းပေးသူတွေဖြစ်ရမယ်။သားသမီးတိုင်းကို ငယ်ကတည်းက ဘုရားရဲ့နှုတ်ကပတ်တော်နှင့်ပုံသွင်းသူဖြစ်ရမယ့်အပြင် သမ္မာတရားမှာ ကြီးထွားရင့်ကျက်စေသော ဆရာသမားလက်ထဲ အပ်တတ်သူဖြစ်ဖို့ အရမ်းကို အရေးကြီးတာဖြစ်တယ်။

ယုံကြည်ခြင်းအမွေအနှစ်ကို သားသမီးများအားအမွေပေးခြင်း၊ဘုရားကို ပထမဉီးစားပေးအသက်ရှင်တတ်စေရန် သားသမီးများကို သွန်သင်ပေးခြင်းဖြင့် ဘုရားရှေ့၊လူရှေ့မျက်နှာသာရသော၊မိဘများကို ဝမ်းမြောက်စေသောသားသမီးများပိုင်ဆိုင်သော မိခင်များအဖြစ် ဘုရားရှင်ကောင်းကြီးပေးပါစေ။


အခြေပြုကျမ်း။(တရားသူကြီး၊၁၃:၂-၄။ လု၊၂:၁၉။ လု၊၂:၅။ ၂တိ၊၁:၅။ တ၊၁၆:၁-၂။)


Pastor Moses Walter

Sunday Worship Service

MGC (Nay Pyi Taw)

10th May, 2026

BLESSED MAY 2026ဘုရားသခင်ရဲ့အသစ်သောကောင်းကြီးမင်္ဂလာ နှုတ်ကပတ်တော်ခံစားရဖို့ အားလုံးကို နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။SUND...
08/05/2026

BLESSED MAY 2026

ဘုရားသခင်ရဲ့အသစ်သောကောင်းကြီးမင်္ဂလာ နှုတ်ကပတ်တော်ခံစားရဖို့ အားလုံးကို နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။

SUNDAY WORSHIP SERVICE

Pastor Moses Walter
Time: 10:30 AM to 12:30 PM
Date: 10 - May - 2026 ( SUNDAY )

SUNDAY SCHOOL SERVICE

Time: 8:00 AM to 9:30 AM
Date: 10 - May - 2026 ( SUNDAY )

HAPPY MOTHER’S Day
မိခင်များနေ့မှာ မိခင်များကို ဂုဏ်ပြုခြင်းရှိပါမည်။

ဒက္ခိဏသီရိမြို့၊ မဥ္ဇူသကလမ်း၊ ရတီ ၁၅ လမ်းဒေါင့်၊ နေပြည်တော်

“ကောင်းမွန်သောလေထုဖန်တီးအသက်ရှင်ခြင်း”ယုံကြည်သူဘုရားသားသမီးအသက်တာမှာ မိမိရဲ့နှုတ်ကနေပြောဆိုလိုက်တဲ့အရာတွေကို အမှန်တကယ်ကြ...
06/05/2026

“ကောင်းမွန်သောလေထုဖန်တီးအသက်ရှင်ခြင်း”

ယုံကြည်သူဘုရားသားသမီးအသက်တာမှာ မိမိရဲ့နှုတ်ကနေပြောဆိုလိုက်တဲ့အရာတွေကို အမှန်တကယ်ကြုံတွေ့ဖြတ်သန်းရကြောင်းသိထားတယ်ဆိုရင် မိမိရဲ့မိသားစုနှင့်တကွ ဆက်ဆံရတဲ့လူမှုပတ်ဝန်းကျင်အတွက် ကောင်းသောစကားကို ပြောဆိုခြင်းအားဖြင့် သန့်ရှင်းကောင်းမွန်သောလေထု (Clean and nice atmosphere)ကို ဖန်တီးအသက်ရှင်ဖို့ အင်မတန်အရေးကြီးကြောင်း သတိပြုဖို့ လိုအပ်တယ်။

လေထုညစ်ညမ်းခြင်းက လူနှင့်လူ့ပတ်ဝန်းကျင်အတွက် ဆိုးကျိုးသက်ရောက်စေတာဖြစ်တယ်။ညစ်ညမ်းတဲ့လေထုကနေ ငွေ့ရည်ဖွဲ့ပြီး မိုဃ်းရေအဖြစ်ရွာသွန်းခြင်းကလဲ စိုက်ပျိုးသီးနှံတွေကို ပျက်စီးစေတာဖြစ်တယ်။

လေထုညစ်ညမ်းခြင်းရဲ့အရင်းအမြစ်ကိုစစ်မယ်ဆိုရင် လူတွေရဲ့လုပ်ဆောင်မှုနှင့်အသုံးပြုတဲ့ပစ္စည်းတွေကြောင့်ဖြစ်တယ် ဆိုတာကို တွေ့ရတာဖြစ်တယ်။အဲ့လိုပဲ ယုံကြည်သူတွေအသက်တာမှာ မိမိရဲမိသားစုအသိုင်းအဝိုင်းမှာ မသန့်ရှင်းတဲ့လေထုကို ကိုယ်ကလက်ခံထားရင်၊ဖန်တီးနေရင် အသက်တာမှာ မဖြစ်ချင်တဲ့အရာတွေ ရင်ဆိုင်ကြုံတွေ့ရတာဖြစ်တယ်။

မိုယ်းကောင်းကင်ကို နက်သောအဝတ်ကိုဝတ်စေပြီး လျှော်တေနှင့်ခြုံစေ၏လို့ ဘုရားသခင်ပြောထားတာက လူစီဖါကျဆင်းပြီးနောက် သူနှင့်တကွကျဆင်းသောကောင်းကင်တမန်တွေက ဒီလောကကိုအစိုးရသောမင်းအဖြစ်ရှိနေတာကို ဆိုလိုတာဖြစ်တယ်။ဘုရားသခင်အခွင့်ပေးထားလို့ ဒီလောကကိုအစိုးရသောမင်းဆိုတဲ့ စာတန်မာရ်နတ်က လုပ်ချင်သလိုလုပ်ဖို့ အခွင့်ရနေတာဖြစ်တယ်။

မာရ်နတ်က စုံစမ်းသွေးဆောင်ပြီဆိုရင် တကယ်လက်ရှိမှာခံစားဖြစ်ပျက်နေတဲ့အရာအပေါ် အခြေပြုပြီး သွေးဆောင်တာဖြစ်တယ်။ရက်(၄၀)အစာရှောင်ပြီး ဆာလောင်နေတဲ့ သခင်ယေရှုကို သင်ဟာဘုရားသားမှန်ရင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်စေဖို့အမိန့်တော်ရှိပါလို့ စုံစမ်းခဲ့တာဖြစ်တယ်။ သခင်ယေရှုကို ဘုရားသားမှန်ခဲ့ရင်လို့ စာတန်က ဘာကြောင့်သုံးရသလဲဆိုရင် သခင်ယေရှု ဗတ္တိဇံခံပြီး ရေပေါ်ကနေ ထစဉ်မှာ ဤသူကား၊ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဆိုတဲ့ ကောင်းကင်ကအသံတော်ကို စာတန်ကကြားခဲ့လို့ဖြစ်တယ်။

ယုံကြည်သူတွေအသက်တာမှာ မိမိနှုတ်ကနေ ပြောမိလိုက်တဲ့စကားတိုင်းကို ဘုရားသခင်ကကြားသလို၊ဘုရားအခွင့်ပေးထားလို့ ဤလောကကိုအစိုးရသောမင်းတည်းဟူသော ရန်သူစာတန်ကလဲကြားတယ်ဆိုတာ သိထားဖို့ အရမ်းလိုအပ်တယ်။

ကိုယ့်နှုတ်ကနေ ဝန်ခံပြောဆိုလိုက်တဲ့စကားလုံးတွေက ဝိညာဉ်လေထုကို ပြောင်းလဲစေတာဖြစ်တယ်။

အထီးကျန်သိမ်ငယ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊စိတ်ဓာတ်ကျခြင်း၊သူတပါးအပေါ် မကောင်းမြင်အတင်းစကားပြောခြင်း စတဲ့ အနှုတ်လက္ခဏာဆောင်သောစကားတွေကို မိမိနှုတ်ကနှင့်ဝန်ခံမြွက်ဆိုခြင်းဖြင့် လေထုကို ညစ်ညမ်းစေသူ မိမိဖြစ်နေသလားဆိုတာကိုလဲ မိမိအသက်တာကို ပြန်လည်ဆန်းစစ်တတ်တဲ့ ယုံကြည်သူတွေဖြစ်ရမယ်။ညစ်ညမ်းတဲ့လေထုကို ဖယ်ရှားခြင်းမရှိပဲ ဆက်ပြီးလက်ခံထားနေရင် မကောင်းတဲ့အကျိုးဆက်တွေကို ကိုယ်ပဲပြန်ခံစားရမှာဖြစ်လို့ မိမိအသက်တာကို ဆန်းစစ်ပြီးရင် ညစ်ညမ်းတဲ့လေထုတွေကို ဖယ်ထုတ်ရှင်းလင်းဖို့ အရမ်းလိုအပ်တာဖြစ်တယ်။

မိမိရဲ့စိတ်ထဲကရှိတဲ့အတိုင်း မကောင်းတဲ့စကားတွေကို နှုတ်ကနေမြွက်ဆိုပြီး ညစ်ညမ်းသောလေထုတွေဖန်တီးမိခြင်းအတွက် ဘုရားရှင်ထံအပြစ်ဝန်ချဆုတောင်းပြီး လောကကိုအောင်မြင်သောယေရှုဘုရားနာမ၌ ဖယ်ရှားပစ်ကြဖို့လိုအပ်တယ်။

မကောင်းတဲ့လေထုကို ဖယ်ရှားဖို့အတွက်

၁။ဆုတောင်းပါ။

ဆုတောင်းတဲ့အခါ ဘုရားရှင်က နားညောင်းပြီးအဖြေချက်ခြင်းပေးပေမယ့် ဘုရားပေးတဲ့အဖြေကိုယ့်ဆီကို ချက်ခြင်းမရောက်လာရခြင်းကို ဒံယေလရဲ့ဆုတောင်းချက်အဖြေကို သယ်ဆောင်လာပေးတဲ့ ကောင်းကင်တမန် ဂါဗြေလကို လမ်းမှာဆီးတားတဲ့ ပေရသိပြည်ကို အစိုးရသောမင်းဆိုတဲ့ စာတန်က ဟန့်တားနေတယ်ဆိုတာကို သိရှိထားတဲ့ ယုံကြည်သူတွေဖြစ်ရမယ်။ဘုရားပေးတဲ့အဖြေကို တားဆီးပိတ်ဆို့နေတဲ့ စာတန်ကို ဖယ်ရှားပေးဖို့ ကောင်းကင်တမန်မိက္ခေလရဲ့အကူအညီကို တောင်းယူတတ်သူတွေဖြစ်ဖို့လဲ လိုအပ်တယ်။

ပြဿနာဖြစ်စေသောလေထုကို အသက်တာမှာ လက်ခံမိရင်၊ဖန်တီးမိရင် အဲ့ဒီလေထုက ကိုယ့်အသက်တာ၊

ကိုယ့်ရဲ့လူမှုဝန်းကျင်ကို လွှမ်းမိုးအုပ်စိုးထားတာကို ဝိညာဉ်ရေးရာအမြင်နှင့်မြင်တတ်တဲ့ ယုံကြည်သူတွေဖြစ်ကြရမယ်။

ယုံကြည်သူတွေအသက်တာမှာ ကိုယ်ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ရန်သူက မျက်မြင်ရတဲ့၊အသွေးအသားရှိတဲ့ ရန်သူတွေမဟုတ်ပဲ အထွဋ်အမြတ်၊အာဏာစက်၊လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်း၊မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတွေနှင့် ဆိုင်ပြိုင်တိုက်လှန်နေရတာဖြစ်ကြောင်းသိထားပြီး သတိရှိစွာအသက်ရှင်တတ်ဖို့သိပ်ကိုလိုအပ်တာဖြစ်တယ်။



၂။ကောင်းသောစကားဖြင့် ပရောဖက်ပြုမြွက်ဆိုပါ။

ဘုရားသခင်က ပရောဖက်ယေဇကျေလကို အရိုးနှင့်ပြည့်တဲ့ချိုင့်ကို ခေါ်သွားပြီး အသက်ရှင်နိုင်သလားလို့မေးခဲ့တယ်။ယေဇကျေလက ကိုယ်တော်သိတော်မူတယ်လို့ ပြန်လျှောက်ထားချိန် ဘုရားသခင်က ပရောဖက်ပြုတဲ့စကားကို မြွက်ဆိုခိုင်းတဲ့တယ်။

ယေဇကျေလက ပရောဖက်ပြုမြွက်ဆိုချိန်မှာ သွေ့ခြောက်နေတဲ့အရိုးစုတွေက အသံမြည်လှုပ်ရှားပြီး တစ်ခုနှင့်တစ်ခု ချဉ်းကပ်ကြတယ်။အကြောတွေပေါ်လာတယ်။အသားတွေတက်လာတယ်။အသားပေါ်မှာ အရေတွေထုံးလွှမ်းပြီး ခန္ဓာကိုယ်အဖြစ်ပုံပြောင်းလာပေမယ့် အသက်မရှိသေးဖူးဖြစ်တယ်။ အဲလိုအနေအထားမှာ ဘုရားသခင်က လေကို “အိုလေ၊အရပ်လေးမျက်နှာတို့မှလာ၍ ဤ အသေကောင်တို့သည် အသက်ရှင်မည်အကြောင်း မှုတ်လော့”လို့ ပရောဖက်ပြုဆင့်ဆိုဖို့ခိုင်းတဲ့အတိုင်း ပရောဖက်ယေဇကျေလက ပရောဖက်ပြုမြွက်ဆိုတဲ့အချိန်မှာ အသက်ဝင်လာကြပြီး အလွန်များသော ဗိုလ်ခြေအဖြစ် ပြောင်းလဲသွားစေခဲ့တာကို တွေ့ရတယ်။

ယုံကြည်သူတွေအသက်တာမှာ သွေ့ခြောက်သောအရိုးကဲ့သို့ဖြစ်နေတဲ့ကဏ္ဍတိုင်းကို ပြန်လည်ရှင်သန်လာစေဖို့အတွက် ကောင်းသောစကားတွေကို ယုံကြည်ခြင်းဖြင့်မြွက်ဆိုခြင်းဖြင့် အသက်ရှင်စေသော ထာဝရဘုရားရဲ့လေကို ခေါ်ဖိတ်ပြီး ပရောဖက်ပြုဖို့လိုအပ်တယ်။ထာဝရဘုရားရဲ့အသက်လေအားဖြင့် ဘဝရဲ့သွေ့ခြောက်သောအရိုးစုတိုင်းကို ပြန်လည်ရှင်သန်စေတတ်သော ယုံကြည်သူတွေဖြစ်ဖို့ လိုအပ်တာဖြစ်တယ်။

လက်ရှိအခြေအနေက လူတွေရဲ့မှန်းဆချက်ထဲမှာ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိပဲနေပါစေ၊ ဘုရားမတတ်နိုင်တဲ့အရာ တစ်ခုမှ မရှိဖူးဖြစ်တယ်။

မိမိရဲ့အသက်တာ၊မိသားစု၊အသင်းတော်နှင့် လူမှုပတ်ဝန်းကျင်မှာ ကောင်းသောလေထုကို ဖန်တီးအသက်ရှင်မယ်ဆိုရင် လောကကိုအောင်မြင်သော သခင်ယေရှုအားဖြင့် အားနည်းသောသူက ငါအားကြီးသည်(Let the weak say I am strong)ပြောဆိုရတဲ့အခွင့်ရရှိပိုင်ဆိုင်မှာဖြစ်တယ်။

ညစ်ညမ်းသောလေထုကိုလက်ခံသူ၊ဖန်တီးသူမဖြစ်ပဲ ကောင်းသောစကားကို ယုံကြည်ခြင်းဖြင့်မြွက်ဆိုကာ ကောင်းသောလေထုကိုဖန်တီးတည်ဆောက်အသက်ရှင်ခြင်းဖြင့် ဘုရားသခင်ကို ချီးမွမ်းစရာအကြောင်းဖြစ်စေသော ယုံကြည်သူတွေဖြစ်ကြပါစို့။

အခြေပြုကျမ်း။(ဟေရှာယ၊၅၀:၃။ ယော၊၁၂:၃၁။ မ၊၄:၃။ မ၊၃:၁၆-၁၇။ ဒံယေလ၊၁၀:၁၂-၁၄။ ဧ၊၂:၁-၂။ ဧ၊၆:၁၂။ ယေဇကျေလ၊၃၇:၇-၁၁။ ယောလ၊၃:၁၀။)

Pastor Moses Walter

Sunday Worship Service

MGC (Nay Pyi Taw)

3rd May, 2026.

DIAMONDS SERVICE လရဲ့ပထမအပါတ် Sunday နေ့မှာ Diamonds Service ရှိပအသည်။Time: 1:30 pm to 4:30 pm  Naypyitaw   3/2026
06/05/2026

DIAMONDS SERVICE

လရဲ့ပထမအပါတ် Sunday နေ့မှာ Diamonds Service ရှိပအသည်။

Time: 1:30 pm to 4:30 pm

Naypyitaw
3/2026

SUNDAY SCHOOL SERVICE Arrow Class & Starts Youth Time: 8:00 am to 9:30 am  Naypyitaw  /3/2026
06/05/2026

SUNDAY SCHOOL SERVICE

Arrow Class & Starts Youth
Time: 8:00 am to 9:30 am

Naypyitaw
/3/2026

Address

မဥူသကလမ်းနှင့်ရတီ ၁၅လမ်းထောင့် ဒက္ခိဏသီရိ, , Mazutaka Street , Yadi 15 Street , Dakhinathiri
Naypyidaw

Opening Hours

Wednesday 09:00 - 17:00
18:30 - 20:30
Sunday 10:30 - 12:30

Website

Alerts

Be the first to know and let us send you an email when Myanmar Grace Church Naypyitaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share