09/09/2022
❝ တော်သလင်းလပြည့်နေ့
ဂရုဓမ္မအခါတော်နေ့
ဖြစ်တည်လာပုံ ❞ 💙
💌💌💌💌💌💌💌💌💌💌💌💌
🙏 ဂေါတမမြတ်စွာဘုရား
အလောင်းတော်နုစဉ်ကာလ အိန္ဒိယနိုင်ငံရှိ ကုရုတိုင်း ဣန္ဒပတ္ထမြို့မှာ မင်းအဖြစ် အုပ်ချုပ်တော်မူပါသည်။ တိုင်းသူပြည်သားတို့အား အလှူဒါနများလည်း
မပြတ်ပေးလှူလျက် ရှိတယ်။
🌀 ထိုကုရုတိုင်းမှာ
နေထိုင်ကြတဲ့သူတွေဟာ
လူတိုင်းကိုယ်စီ ငါးပါးသီလလုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် သူတို့တိုင်းပြည်မှာ မိုးလေဝသ မှန်ကန်ကောင်းမွန်ပြီး ကောက်ပဲသီးနှံများ ဖြစ်ထွန်းကာ အစာရေစာ ဝပြောသာယာလျက် ရှိပါတယ်။
🌈 ကုရုတိုင်းမှာ မိုးလေ၀သမှန်ပြီး မိုးရွာသွန်းချိန်မှာ ...
ကာလိင်္ဂတိုင်းပြည်မှာတော့ မိုးခေါင်ပြီး ကောက်ပဲသီးနှံများ ပျက်စီးခြင်း ငတ်မွတ်ခြင်း ရောဂါထူပြောခြင်း
ဟူသော ဘေးကြီးသုံးမျိုး ဆိုက်လို့ နေပါတယ်။ တိုင်းသူပြည်သားများ၏ တောင်းဆိုချက်အရ ကာလိင်္ဂတိုင်းပြည့်ရှင် ဘုရင်မင်းမြတ်လည်း ရှေးမင်းများထုံးတမ်းစဉ်လာအရ မိုးရွာအောင် အလှူဒါနပြုခြင်း၊ ဥပုသ် စောင့်ခြင်းများ ပြုပေမယ့် မိုးမရွာဘဲ ဖြစ်နေပါတယ်။
🌳 ကုရုတိုင်းမှာ မိုးရွာနေတာဟာ အဥ္စနဝဏ္ဏဆင်တော်ကြီးရှိလို့ ဆင်တော် ၏အစွမ်းသတ္တိ တန်ခိုးကြောင့် မိုးရွာတာဖြစ်မယ်လို့ အယူရှိတဲ့အတွက် ဆင်တော်ကိုရအောင်...ကိုယ်စားလှယ်လွှတ်ပြီး ရွှေငွေနှင့်လဲပါလို့
ကုရုဘုရင်ထံ တောင်းဆိုကြတယ်။
🛑 ထိုအခါ ကုရုဘုရင်ကစာနာထောက်ထားပြီး သင်တို့တိုင်းပြည်မှာ မိုးရွာမယ်ဆိုရင် ငါ၏ဆင်တော်ကို ရွှေငွေနဲ့ မရောင်းဘဲ အခမဲ့မေတ္တာလက်ဆောင် ပေးပါမယ် ဆိုပြီး ဆင်တော်ကို ပေးလိုက်ပါတယ်။
👤 ဆင်တော်ကြိီး ရောက်လာတော့လည်း ကာလိင်္ဂတိုင်းပြည်မှာ မိုး မရွာဘဲ
ခေါင်မြဲ ခေါင်နေပါတယ်။ ဒီတော့မှ မိုးရွာမှု မရွာမှုဟာ
ဆင်တော်နှင့် မသက်ဆိုင်ဘူး။ သူတို့တိုင်းသူပြည်သားတွေ ကျင့်သုံးတဲ့ ကုရုဓမ္မကြောင့်သာ ဖြစ်တယ်လို့ သဘောပေါက်ပြီး ကုရုတိုင်းသူပြည်သားများ ကျင့်တဲ့ ကုရုဓမ္မကို ရွှေငွေပြားပေါ်မှာ ကူးယူခဲ့ရမယ်လို့ ...ကိုယ်စားလှယ်ကြီးများကို ထပ်မံ စေလွှတ်ပြန်ပါတယ်။
💝 ကုရုတိုင်းသူတိုင်းသားတွေ ကျင့်တဲ့ ကုရုဓမ္မဆိုတာ ငါးပါးသီလဖြစ်ပါတယ်။
ထိုကူးယူထားတဲ့ ငါးပါးသီလကို ရှင်ဘုရင်ကစပြီး တစ်တိုင်းတစ်ပြည်လုံးကျင့်သုံးကြတဲ့အခါ မိုးတွေရွာသွန်းပြီး ကာလိင်္ဂတိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဘေးဆိုးကပ်ဆိုးကြီးများ
လွတ်ကင်းကာ သာယာဝပြောတဲ့ နိုင်ငံတော်ဖြစ်လာပါတော့တယ်။
သိီလတရားဟာ လူသားများအတွက် အလွန် အရေးကြီးလှပါတယ်။ လူသားအားလုံး သီလတရား လုံခြုံမှသာ ...
လူသားများ မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာလောကကြီးတစ်ခုလုံးဟာလည်း ရေဘေး မိီးဘေး သဘာဝဘေးအန္တရာယ် မှ လွတ်မြောက်ပြီး သာယာဝပြောမှာ ဖြစ်ပါတယ်။
တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့မြတ်မှာ ဥပုသ်နေ့ကုသိုလ် အဖြစ် ရှစ်ပါးသီလ= ဥပုသ်သီလများ ယူကြပါရန် နှိုးဆော်လိုက်ပါတယ်။
photo credit to original uploaded .