NBMC Worship Centre

NBMC Worship Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NBMC Worship Centre, Church, Naypyidaw.

Welcome to Our Church Service

9:30Am 12Pm
{ Sunday Service }

3Pm 5Pm
{ Saturday Youth Service }

10Am 12:30Pm
{ Friday Fasting Worship }

5Pm 7Pm
{ Wednesday HomeCell }

Shalom! 👋 August လရဲ့စတုတ္ထအပတ်မှာလည်းယုံကြည်သူများ၊မိသားစုများအားလုံးကိုကြိုဆိုပါတယ်နော်။
22/08/2026

Shalom! 👋
August လရဲ့စတုတ္ထအပတ်မှာလည်းယုံကြည်သူများ၊မိသားစုများအားလုံးကိုကြိုဆိုပါတယ်နော်။





21/08/2026

21.8.2026 🙏 FRIDAY PRAYER SERVICE 🙏



 #သမ္မာကျမ်းစာထဲကအမည်နာမ များ နှင့် ယနေ့  #ခေတ်အခေါ်အဝေါများဣသရေလ                       အစ္စရေးအဲဂုတ္တု                 ...
20/08/2026

#သမ္မာကျမ်းစာထဲကအမည်နာမ များ နှင့် ယနေ့ #ခေတ်အခေါ်အဝေါများ

ဣသရေလ အစ္စရေး
အဲဂုတ္တု အီဂျစ်
အဲသယောပိ အီသီယိုးပီးယား
လိဗု လိဗျား
စပါနိ စပိန်
ဣတလိ အီတလီ
ဗာဗုလုန် ဘေဘီလုံ ( အီရန် )
ရှုရိ ဆီးရီးယား
ရှုရိဖိနိတ် ဆီးလီးယားဖိုနီးရှား
မေသောပေါဘာမိ မက်ဆိုပိုတေးမီးယား
အာရှိ အာရှ
ကုပရု ဆိုက်ပရပ်
ကဲသရိ ဆီဇာရီးယား
နာပေါလိ နေအာပေါလိ
ဥဖရ ယူဖရေးတီး
အာရပ် အာရေဗျ
ယေရုရှလင် ဂျေရုဆလင်
ဒမာသက် ဒမတ်စကပ် (ဆီးရီးယား )
ယေရိခေါ ဂျေရိခေါ
တုရု တိုင်ရာ
ဇိဒုန် ဆီဒုန်
အလေဇနြ္ဒိ အလက်ဇနြ္ဒိယ
အလေဇနြ္ဒု အလက်ဇနြ္ဒိား
ကဲသာ ဆီဇာ
ဟေရောဒူန် ဟေရောဒီအုံ
ဧလိရှဗက် အဲလစ်ဇဘက်
ရှာလုံ ဆလိုမေ
ယုဒရှကာယုတ် ယုဒဣရှကာရုတ်
ယုဒလူမျိုး ဂျူးလူမျိုး
ဟေလသလူမျိုး ဂရိလူမျိုး
ရဗ္ဗိ - ရဗ္ဗုနိ ဂျူးလူမျိူးတို့ဆရာများ
စိန တရုတ်
မာဂေါဂ ရုရှား
ဂေါမာ တူရကီ
မောဘ ဂျော်ဒန်
ပေရသိ ပါရှား ( အီရန် )
မုတ လစ်ဗျာ နိင်ငံ
ဖိလိတ္တိ ပါလတ်စတိုင်း
ဟေလသ ဂရိနိင်ငံ
ရောမ အီတလီ

19/08/2026

#စစ်မှန်သောတပည့်တော်
လု ၁၄း၂၆-၂၇

🌿Tiktok Account
https://vt.tiktok.com/ZSVS7QVB6/

🌿🌿Youtube Channel
https://youtube.com/shorts/7iDh2sSYllA?si=0qOOj32-9EX2Fvi5

🌿🌿🌿 page
https://www.facebook.com/100064911663374/posts/1492363662937342/?app=fbl

#စစ်မှန်သောတပည့်တော်
ယေရှုနောက်လိုက်တဲ့အခါအရာအားလုံးထားခဲ့ပြီးကိုယ်လက်ဝါးကားတိုင်ကိုယ်ထမ်းရမယ်

ကားတိုင်ထမ်းတဲ့အခါ အေးဆေးစွာမသွားနိုင် ညီးတွား ကုန်းပြီး နှိမ့်ချစွာထမ်းသကဲ့သို့ မိမိအသက်တာမှာလဲ နှိမ့်ချစွာ အမှုဆောင်ဖို့လိုတယ်

တပည့်တော်စစ်ရင်ဘုရားဘုန်းတော်ထင်ရှားစေတာဖြစ်တယ်

လောကမှာ ဘယ်အားကစားမဆို နည်းပြရှိရသလိုပဲ နည်းပြအတိုင်းလုပ်ဆောင်ရင်ထူးချွန်မှာဖြစ်သလို
ယေရှူတပည့်တော်ဖြစ်ပီးယေရှုပြောသလို လုပ်ရင် ထူးခြားမည်

လုကာ ၁၄း၃၃-၃၄
မိမိမှာရှိသမျှစွန့် ဆားဆိုတာ ငန်ရမည်

တပည့်တော်၁၂ပါးလုံးခရစ်တော်ရွေးကောက်တဲ့အခါအကောင်းဆုံးတွေဆိုပေမဲ့ စင်းလုံးချောမဖြစ်နိုင်

သခင်ကိုချစ်တယ်ပြောပီး ကိုယ်တိုင်ဟောပြောသောသူ တပည့်တော်လို့ပြောခဲ့ပီး ယေရှု ဒုက္ခထဲရောက်ပီလို့ထင်တဲ့အခါ ထွက်ပြေးသွားတဲ့ တပည့်တော်တွေလို ကိုယ်တိုင်ဖြစ်နေပီလား ဆန်းစစ်ပါ

ယေရှုကို စွန့်ပစ် ရောင်းစားသောသူဖြစ်တာထက် သခင်ကို ငြင်းပယ်ပေမဲ့ စစ်မှန်တဲ့ နောင်တနှင့် ပြန်လာတဲ့ ပေတရုကဲ့သို့ ဖြစ်ကြရအောင်


 #စစ်မှန်သောတပည့်တော်လု ၁၄း၂၆-၂၇ယေရှုနောက်လိုက်တဲ့အခါအရာအားလုံးထားခဲ့ပြီးကိုယ်လက်ဝါးကားတိုင်ကိုယ်ထမ်းရမယ်ကားတိုင်ထမ်းတဲ့...
17/08/2026

#စစ်မှန်သောတပည့်တော်
လု ၁၄း၂၆-၂၇

ယေရှုနောက်လိုက်တဲ့အခါအရာအားလုံးထားခဲ့ပြီး
ကိုယ်လက်ဝါးကားတိုင်ကိုယ်ထမ်းရမယ်

ကားတိုင်ထမ်းတဲ့အခါ အေးဆေးစွာမသွားနိုင်
ညီးတွား ကုန်းပြီး နှိမ့်ချစွာထမ်းသကဲ့သို့
မိမိအသက်တာမှာလဲ နှိမ့်ချစွာ အမှုဆောင်ဖို့လိုတယ်

တပည့်တော်စစ်ရင်ဘုရားဘုန်းတော်ထင်ရှားစေတာဖြစ်တယ်

လောကမှာ ဘယ်အားကစားမဆို နည်းပြရှိရသလိုပဲ
နည်းပြအတိုင်းလုပ်ဆောင်ရင်ထူးချွန်မှာဖြစ်သလို
ယေရှူတပည့်တော်ဖြစ်ပီးယေရှုပြောသလို လုပ်ရင် ထူးခြားမည်

လုကာ ၁၄း၃၃-၃၄
မိမိမှာရှိသမျှစွန့် ဆားဆိုတာ ငန်ရမည်

တပည့်တော်၁၂ပါးလုံးခရစ်တော်ရွေးကောက်တဲ့အခါအကောင်းဆုံးတွေဆိုပေမဲ့ စင်းလုံးချောမဖြစ်နိုင်

သခင်ကိုချစ်တယ်ပြောပီး ကိုယ်တိုင်ဟောပြောသောသူ တပည့်တော်လို့ပြောခဲ့ပီး ယေရှု ဒုက္ခ​ထဲရောက်ပီလို့ထင်တဲ့အခါ ထွက်ပြေးသွားတဲ့ တပည့်တော်တွေလို ကိုယ်တိုင်ဖြစ်နေပီလား ဆန်းစစ်ပါ

ယေရှုကို စွန့်ပစ် ရောင်းစားသောသူဖြစ်တာထက် သခင်ကို ငြင်းပယ်ပေမဲ့ စစ်မှန်တဲ့ နောင်တနှင့် ပြန်လာတဲ့ ပေတရုကဲ့သို့ ဖြစ်ကြရအောင်



NAYPYITAW BAPTIST MISSION CHURCH

Shalom!ဩဂတ်လရဲ့တတိယအပတ်ထိတိုင်ပို့ဆောင်ပေးသောဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီအပတ်ထဲမှာလည်းဘုရားရဲ့ကောင်းမြတ်ခြင်း...
15/08/2026

Shalom!
ဩဂတ်လရဲ့တတိယအပတ်ထိတိုင်ပို့ဆောင်ပေးသောဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။

ဒီအပတ်ထဲမှာလည်းဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုအတူတကွပြန်လည်ချီးမွမ်းရင်း၊ နှုတ်ကပတ်တော်ကိုအတူတကွဆင်ခြင်ရင်း၊ မိတ်သဟာရဖွဲ့နိုင်ရန်အားလုံးကိုလာရောက်ဖို့ဖတ်ခေါိပါတယ်နော်။

အစီစဉ်မှူး - Daw Yin Kat
ချီးမွမ်းကိုးကွယ်ခြင်း ဦးဆောင် - Yin Yie Mi
ကျမ်းစာသင်ကြားခြင်း - Saya. Tuang Bawi
နှုတ်ကပတ်တော်ဝေငှခြင်း - Ps. Khine Khine Moe

အချိန်။ 10:00AM - 12:30PM
နေရာ။ မြတ်လေး(၁)လမ်း၊ဇဝနသိဒ္ဓိရပ်ကွက်၊ဥတ္တရသီရိမြို့၊နေပြည်တော်။






14/08/2026

14.8.2026 🙏 FRIDAY PRAYER 🙏



10/08/2026

ဧမာနွေလအနက်ကား #ကျန်ုပ်တို့နှင့်အတူရှိသူ
တေးရေး/တေးဆို ~ ဦးဖိလစ်

🌿 Tiktok Account
https://vt.tiktok.com/ZS4WLJYfa/

🌿 Youtube Channel
https://youtube.com/shorts/b7aSZo0bxDE?si=62QoMnj6_gjkiXW2



#𝑵𝒂𝒚𝒑𝒚𝒊𝒕𝒂𝒘

SUNDAY WORSHIP SERVICE ~~~~~~~~~~~~~~~~~~Rev. SuiThang { BCMC Meiktila }၁ကော ၁၃:၁၃ |  #အခြေပြုကျမ်းယခုတွင် #ယုံကြည်ခြင်း...
09/08/2026

SUNDAY WORSHIP SERVICE
~~~~~~~~~~~~~~~~~~
Rev. SuiThang { BCMC Meiktila }

၁ကော ၁၃:၁၃ | #အခြေပြုကျမ်း
ယခုတွင်
#ယုံကြည်ခြင်း၊
#မြော်လင့်ခြင်း၊
#ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။
ဤသုံးပါးတို့တွင် #ချစ်ခြင်းမေတ္တာသည်
အမြတ်ဆုံးဖြစ်သတည်း။

✍️(၁)ဘုရားစိတ်တော်နှင့်တွေ့သော
ယုံကြည်သူဖြစ်ဖို့လိုတယ်
(၂)လူတယောက်ကမျှော်လင့်ခြင်းမရှိတော့ရင်
အားမရှိတော့ဘူး

၁နဲ့ ၂ဟာ မြေကြီးပေါ်မှာပဲ လိုပါတယ်

(၃)ချစ်ခြင်းမေတ္တာဟာ အမြတ်ဆုံး
နံပတ် ၃ ဟာ
မြေကြီးမှာရော ကောင်းကင်တိုင်တည်ရှိမည့် ထာဝရတည်မည့်အရာဖြစ်ပါတယ်

၁ယော ၄:၁၂
#ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဖူး သို့သော်လည်း၊ #အချင်းချင်းချစ်ကြလျှင်ဘုရားသခင်သည်ငါတို့၌ #တည်တော်မူ၍၊ #ငါတို့သည်ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံလျက်ရှိကြ၏။

✍️သု ၁၅:၁၇
ဆူအောင်ကျွေးသော နွားတကောင်လုံး အချင်းချင်းအငြိုးထားသော စိတ်တှင့် စားရသည်ထက်ဟင်းရွက်တနပ်စာကပိုကောင်းမေတ္တာ မရှိပဲ စားရတာဟာ ပျော်စရာမကောင်းဘူး။

သု ၁၇:၁
ယဇ်ပူဇော်ပွဲမှာ ရန်တွေ့သောစိတ်နှင့်စားရတာထက် ငြိမ်သက်ခြင်းနှင့်ယှဥ်သော မုန့်တလုတ်စာက ပိုကောင်း

ချစ်ခြင်းမေတ္တာနှင့်တည်ဆောက်သော အိမ်ဟာ သဘာဝဘေးနှင့် ဘာဘေးကမှ ဖျက်စီးလို့မရသလို
အိမ်ကောင်းကောင်းမှာနေပီး ချစ်ခြင်းမပါရင် ဆင်းရဲတဲ့အိမ်ပဲအိမ်မကောင်းပေမဲ့ ချစ်ခြင်းပါရင် ချမ်းသာသူပဲ

လောကစည်းစိမ်ချမ်းသာထက် ချစ်ခြင်းမေတ္တာ ချမ်းသာဖို့ ပိုအရေးကြီးတယ်

လိုအပ်တာလဲမပြည့်စုံ ချစ်ခြင်းတ္တောလဲမရှိ တဲ့အိမ်ထောင်ဟာ လောကငရဲပဲ

မြင်လို့မရတဲ့ နံဝိညာဥ်ဘုရားဟာ မြင်လို့ရတဲ့လူတွေအသက်တာဖြင့် ဖော်ပြပေးတာဖြစ်တယ်

ယောဟန်ဟာ ဘုရားရဲ့ချစ်ခြင်းမေတ္တာကိုအများဆုံးရေးသူဖြစ်တယ်၊ဒါကြောင့်ယောဟန်သည် သခင်ယေရှုရဲ့ နှလုံးခုန်သံကိုသိသောသူဖြစ်တယ်
၁ယော ၄:၇ အချင်းချင်းချစ်
၁ယော ၄:၂၀ မိမိညီအစ်ကို မုန်းရင်ဘုရားကိုချစ်တယ်ဆိုတာမဖြစ်နိုင်

ကျမ်းစာမဖတ် ဆုမတောင်း ဘုရားဆီမမျှော်လင့်အချိန်မပေးပဲဘုရားကိုချစ်တယ်လို့ ပြောလို့မရဘူး

✍️ဆာ ၆၃ း ၅
အိပ်ယာပေါ်မှာဘုရားကိုအောက်မေ့ဆင်ခြင်တာဟာ အသားကောင်းစားရတာထက်ပိုဝ၍ရွှင်လန်းတဲ့ ဒါဝိဒ် အသက်တာ

ဆာ ၁ း ၂ တရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မဂ်လာ ရှိ၏

ဘုရားနဲ့အတူနေလေလေ ခွင့်မလွှတ်နိုင်တဲ့အရာတွေကို ခွင့်လွှတ်နိုင်လာတယ်
ဘုရားနဲ့ချဥ်းကပ်လေ ဘုရားနဲ့တူလေလေ

✍️ဇက္ခဲအသက်တာ
ဇက္ခဲဆိုတဲ့သူဟာ အခွန်ခံဖြစ်ပါတယ်။
လူတွေကမကြိုက်ဆုံးသူခရစ်တော်နှင့်တကယ်တွေ့ချင်ရင်ဘုရားက တကယ်အတွေ့ခံတယ်လူကိုကြည့်ပီးအသက်ရှင်ရင်လေ ဘုရားကိုမတွေ့နိုင်လူကိုကျော်ပီးတွေ့ချင်စိတ်ရှိရမယ်

အားနည်းတဲ့ ကျနော်/ ကျမတို့ကို ပစ်မထားသူယေရှု
အပြစ်ရှိလျှက်နဲ့ ဘုရားဆီလာပါ ဘုရားကခေါ်တယ်အတွေ့ခံတယ်

ယေရှုစိတ်သဘောဟာ ဇက္ခဲထဲဝင်လာတဲ့အခါ ယေရှုတွေးသလိုတွေးလာတယ်

ယေရှုကိုတကယ်ချစ်တယ်ဆိုရင်
ယေရှုဘုရားနဲ့အချိန်ယူပါ
ဒါဟာ သင့်ရဲ့ဆာငတ်မှုကို ပြသနေတာဖြစ်ပါတယ်

၁ကော ၁၃:၁-၅

မြေကြီးပေါ် မှာပဲ မဟုတ်ပဲ ကောင်းကင်ဘုံအထိ အမြတ်ဆုံးအဖြစ် တည်နေမည့် #ချစ်ခြင်းကိုပြုစုသောသူ ဖြစ်ကြရပါမယ်။




Address

Naypyidaw
09407100062

Alerts

Be the first to know and let us send you an email when NBMC Worship Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to NBMC Worship Centre:

Shortcuts

Share

Category