Yangon City Harvest Church, YCHC

Yangon City Harvest Church, YCHC Church

28/10/2024
23/07/2024

♣ အမြင်ကျဉ်းတဲ့ သူဟာ
♣ စကားပြောရင်
♣ ဝါးလုံးရှည်နဲ့ ရမ်းတတ်တယ်။

♣ အမြင်ကျယ်တဲ့ သူက
♣ သူပြောမယ့် နယ်ပယ်ထဲကပဲ
♣ ပြောပါလိမ့်မယ် ။

♣ ဥပမာ....
♣ လက်မ မကောင်းရင်
♣ လက်မအကြောင်းပဲ ပြောပါလိမ့်မယ် ။
♣ လက်ငါးချောင်းလုံး
♣ ရောထွေးပြီး မပြောဘူး။

♣ လောကမှာ...
♣ အမြင်ကျဉ်းတဲ့သူနဲ့
♣ စကားပြောရတာလောက်
♣ လက်ပေါက်ကပ်တာ မရှိဘူး ။

♣ သူမြင်ချင်ရာပဲ မြင်ပြီး
♣ သူကြားချင်ရာပဲ ကြားတတ်တယ်။

♣ အဲလိုလူမျိုးတွေနဲ့ တွေ့ခဲ့ရင်
♣ အတတ်နိုင်ဆုံး
♣ မငြင်းခုန်မိအောင် ရှောင်ပါ။

♣ သင့်အတွက်
♣ ဘာအကျိုးမှ မရှိသလို
♣ သူလဲ ဘာအကျိုးမှ
♣ ရမှာလဲ မဟုတ်ဘူး။

♣ သင်ဘယ်လောက်ငြင်းငြင်း
♣ နိုင်မှာလဲ မဟုတ်သလို
♣ အချိန်ကုန် လူပန်း
♣ စိတ်နွမ်းတာပဲ အဖတ်တင်မယ်။

♣ လူဆိုတာ....
♣ တစ်ခါတစ်ရံ
♣ မှန်မှန်မှားမှား
♣ ဘာမှ မပြောပဲ
♣ နုတ်ဆိတ်နေလိုက်ခြင်းက
♣ ပိုပြီး ကောင်းတယ် ။
♣ ပိုပြီး အကျိုးရှိပါတယ်။
Credit*➳

Church

Happy Blessed Birthday!Ms.Teresa Sein Thar Ling(Worship Leader & Sunday School teacher) for City Harvest Yangon,Thank yo...
10/03/2024

Happy Blessed Birthday!
Ms.Teresa Sein Thar Ling
(Worship Leader & Sunday School teacher) for City Harvest Yangon,

Thank you for your faithful commitment to the Church and for His Kingdom!
May God Richly blessed you, honor you and use you mightily for His Kingdom Expansions in the future coming days from now on ❤️🙏

Happy Blessed Sunday Word - Pastor - Ruth Shin Thang
10/03/2024

Happy Blessed Sunday
Word - Pastor - Ruth Shin Thang

03-03-2024Sunday Service at YCHCWord- Rev.David Mang Thang-Holy Communion Service andAppointing of two Church LeadersMr ...
03/03/2024

03-03-2024
Sunday Service at YCHC
Word- Rev.David Mang Thang

-Holy Communion Service and

Appointing of two Church Leaders
Mr Joseph Mana Mang as Youth Leader and Music of YCHC and
Ms.Teresa Nancy Sein Thar Ling as Worship Leader and Sunday School teacher!

Thank you for joining our respected Leader beloved Rev.Hung Saw and His Wife Syama Gyi Shwe Li
Thank you Jesus🙏

Sunday Worship Service At YCHCWord - Pastor Peter (BHC- Chauk).
18/02/2024

Sunday Worship Service At YCHC
Word - Pastor Peter (BHC- Chauk).

အမှုတော်ဆောင်ဘဝက လွယ်တယ်များထင်သလား။ Pray for your Pastors🙏သင့်ရဲ့သင်းအုပ်ဆရာများအတွက်ဆုတောင်းပေးပါ🙏သြော်.. သင်းအုပ်ဆရာခ...
17/02/2024

အမှုတော်ဆောင်ဘဝက လွယ်တယ်များထင်သလား။

Pray for your Pastors🙏
သင့်ရဲ့သင်းအုပ်ဆရာများ
အတွက်ဆုတောင်းပေးပါ🙏

သြော်.. သင်းအုပ်ဆရာခမျာ။
OH! POOR PASTOR

သင်းအုပ်အလုပ်သည်တကယ်ဆက်ကပ်သူတယောက်အတွက်အင်မတန် ဂုဏ်ယူစရာကောင်းသောလုပ်ငန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဘုရင်တကာတို့၏ဘုရင် သခင်တကာတို့၏ သခင်ခရစ်တော်ဘုရား၏အမှုတော်ဆောင်များဖြစ်ကြသောကြောင့်ပင်ဖြစ်ပါသည်။ သို့သော်မိမိအသက်မွေးဝမ်းကျောင်းအတွက်အမှုဆောင်သူတယောက်အတွက်မလွယ်ကူလှပေ။

(1) * အသက်ငယ်လွန်း ရင်လည်း နုလွန်းတယ်။ ဘာမှနားလည်မှာ မဟုတ္ဘူး။
* အသက်ကြီးရင်လည်း ခေတ်မမှီတော့ဘူး။ ပင်ဆင်ယူသင့်ပါပြီတဲ့။

(2) * သားသမီးများများရှိရင် အသင်းတော်အတွက်တာဝန်ကြီးတယ်လို့ ညည်းတွား။
* သားသမီးမရှိပြန်ရင်လည်း သူများသားသမီးကိုဘယ်လိုဆုံးမပေးနိုင်မှာလဲဟု ပြောပြန် ။

(3) * တရားဟောချက်သေချာပြင်ဆင်ရင်လည်း ဝိညာဉ်မပါဘူး။ ဦးနှောက်သက်သက်ပါတဲ့။
* မပြင်ဆင်ဘဲဟောပြန်တော့လည်း သူရဲ့အလုပ်တောင်တာဝန်မကျေပြွန်ဘူး။ လူပျင်းတဲ့။

(4) * သာဓကများများထည့်ဟောရင် လောကီဆန်တယ်တဲ့။
* သာဓကထည့်မဟောပြန်ရင်လည်း ဗဟုသုတမရွိဘူးတဲ့။

(5) * အပြစ်တရားအကြောင်းဟောရင်လည်း သူလည်းအပြစ်မရှိဘူးလားတဲ့။
* အပြစ်တရားအကြောင်းမဟောပြန်ရင်လည်းသူများအကြိုက်ကိုသာ ဟောချင်တယ်။ ဖေါ်လံဖါး။

(6) * အဝတ်အစားလှလှပပဝတ်ရင် ရုပ်ရှင်မင်းသားကျနေတာဘဲတဲ့။
* အဝတ်အစားစုတ်စုတ်ပြတ်ပြတ် ဝတ်ပြန်ရင်လည်း ရှက်စရာကြီး။ အသင်းတော်ရဲ့နာမည်ပျက်တယ်တဲ့။

(7) * အသင်းတော်အတွက်ကြိုးစားလုပ်ဆောင်ခဲ့ရင် သူ့မိသားစုကိုဂရုမစိုက်ဘူးတဲ့။
* သူ့မိသားစုကိုဂရုစိုက်ပြန်ရင်လည်း လစာယူပြီးအသင်းတော်ကို ဂရုမစိုက်ဘူးတဲ့။

(8) * ဟာသပြောရင် သူ့မှာသမ္မာတရားဟောစရာဝတၳု မရွိဘူးတဲ့။
* ဟာသမပြောတတ်ပြန်ရင်လည်း ပျင်းစရာကြီး။ အိပ်ငိုက်တယ်တဲ့။

(9) * ခရီးများများထွက်ရင် အသင်းတော်လုပ်ငန်း ဟာတယ်တဲ့။
* ခရီးမထွက်ပြန်လျှင်လည်း တခါတလီခရီးထွက်ရင်ပိုကောင်းမယ်။ ဒီမှာဘဲနေတော့လည်း ငြီးငွေ့စရာကြီး။ ဘယ်သူကမှမဖိတ်ချင်ဘူးထင်တယ်။

(10) * အိမ်ကောင်းကောင်းပိုင်ရင် ငါတို့ဆရာကဘာစီးပွါးရေးလုပ်တာလဲ။ ငါတို့တောင်မသိဘူးတဲ့။
* အိမ်စုတ်ပြတ်ရင်လည်း ငါတို့ဆရာကကောင်းချီးမခံစားဘူး။ ဆုတောင်းအားနည်းတယ်ထင်တယ်တဲ့။

(11) * ဒီဂရီဘွဲ့ရရင် ပညာမာနရှိတယ်။ ဝိညာဉ်မပါဘူးတဲ့။
* ဘွဲ့မရပြန်တော့လည်း ငါတို့ဆရာကတော့ ငါတို့လောက်တောင် မတော်/မတတ္ဘူးတဲ့။

(12) * ဆက်ဆံရေးကောင်းပြီးဖေါ်ရွေရင် နှာဘူးထတဲ့ ဆရာတဲ့။
* ခပ်တည်တည်နှင့်နေပြန်တော့လည်း မာနကြီးဆရာတဲ့။

(13) * အသင်းသားများအိမ်ခဏခဏရောက်ရင် Love gift လိုချင်လို့တဲ့
* မရောက်ပြန်ရင်လည်း သိုးနို့ကိုသောက်ပြီးမှသိုးများကိုမထိန်းကျောင်း မကျွေးမွေးဘူးတဲ့။

(14) * အိမ်ထောင်ရေးပြဿနာများတွင် ဖြန်ဖြေရင်လည်း သူနဲ့မသက်ဆိုင်ဘူးတဲ့။
* မပါဝင်ပြန်ရင်လည်း သင်းအုပ်တယောက်ရဲ့တာဝန်မကျေဘူးတဲ့။

#သင်းအုပ်ဆရာ/မများသည်ဤကဲ့သို့ဝေဖန်ခြင်းကိုခံရခြင်းအားဖြင့် အပြု သဘောဖြင့်ခံယူတတ်ကာ အကောင်းဆုံးသစ္စာရှိသောငယ်သားကောင်းဖြစ်ဘို့အသစ်တဖန်ဆက်ကပ်ဘို့လိုပါသည်။

#အသင်းသူ/သားများလည်း သင်းအုပ်ဆရာဟူသည်မှာသင်ကဲ့သို့ပင်လူထဲကလူတယောက်ဖြစ်ကြောင်း။ သူတို့၏ အားနည်းချက်ကို နားလည်ပေးကာ အတတ်နိုင်ဆုံးဆုတောင်းပေးပြီး ဝိုင်းဝန်း ကူညီပံ့ပူးကြရန်လိုပါသည်။

"မောရှေသည်လက်ကိုချီသောအခါ ဣသရေလလူတို့သည်နိုင်ကြ၏။ လက်ကိုချသောအခါ အာမလက်လူတို့သည်နိုင်ကြ၏။ သို့ရာတွင်မောရှေ၏လက်သည် ညောင်းသောကြောင့် သူတို့သည်ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင် အာရုံနှင့် ဟုရတို့သည် တယောက်တတက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍နေဝင်သည်တိုင်အောင်သူ၏ လက်တို့ သည်အမြဲနေလေ၏။"

(ထွက် ၁၇း၁၁-၁၂)

Rev. Lam Cin Thang (19 Aug, 2017)


Sunday Worship ServiceWord Pastor Judah Naing Kui
11/02/2024

Sunday Worship Service
Word Pastor Judah Naing Kui

Sunday Worship Service At YCHCWord - Pastor Deborah Hnin Thang
04/02/2024

Sunday Worship Service At YCHC
Word - Pastor Deborah Hnin Thang

Sunday Worship Service At YCHCWord - Rev.Ruth Shing Thang
28/01/2024

Sunday Worship Service At YCHC
Word - Rev.Ruth Shing Thang

ဒီနေ့ပွဲရလဒ်ကတော့The Lion 2:1 YCHC-JYT ဖြစ်ပါတယ်။ချစ်ကြည်ရေး ဖိတ်ခေါ်ကစားပေးပါသော The Lion လူငယ်အဖွဲ့ကိုလည်းအထူးကျေးဇူးတ...
25/01/2024

ဒီနေ့ပွဲရလဒ်ကတော့
The Lion 2:1 YCHC-JYT ဖြစ်ပါတယ်။
ချစ်ကြည်ရေး ဖိတ်ခေါ်ကစားပေးပါသော The Lion လူငယ်အဖွဲ့ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

Today Sunday Worship Service at YCHC!Word - Pastor Judah Naing Kui
21/01/2024

Today Sunday Worship Service at YCHC!
Word - Pastor Judah Naing Kui

Address

Naypyitaw
Naypyidaw

Alerts

Be the first to know and let us send you an email when Yangon City Harvest Church, YCHC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Yangon City Harvest Church, YCHC:

Share