St.Luke's Angalican Church Myawaddy

St.Luke's Angalican Church Myawaddy ရှင်လုကာအသင်းတော်(အင်္ဂလီကန်) မြဝတီမြို့ ဘားအံသာသနာပိုင်နယ်

ဝါတွင်းကာလဆင်ခြင်စရာ12-3-2025📖 မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့...
12/03/2025

ဝါတွင်းကာလဆင်ခြင်စရာ
12-3-2025
📖 မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။ဟေ၄၁:၁၀
♥️ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိသည်။
♥️ဘုရားသခင် ကျွန်ုပ်တို့ကို အမြဲချစ်နေသည်။
♥️ဘုရားသခင်သည် သင့်ရဲ့အပြစ်များအားလုံးခွင့်လွှတ်ပေးနေသည်။
♥️ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမြဲကူညီဖေးမသည်။
🌳ဘုရားသခင်သည် သင့်သေဘေးနှင့်ကြုံနေသောအချိန်၌ စောင်မပေးနိုင်သည်။
🌳ဘုရားသခင်သည် သင့်ပြိုလဲမသွားအောင် အမြဲခိုင်ခံ့စေသည်။
🌳ဘုရားသခင်သည် သင့်၏နာကြင်မှု၊အနာများကိုသက်သာစေနိုင်သည်။
🌳ဘုရားသခင်သည် သင့်အားနေ့ရက်စဉ်တိုင်းကျွေးမွေးကွယ်ကာ ရှောက်လျှောက်ပေးနေသည်။
🍄ဘုရားသခင်သည် ကျွန်ုပ်တို့အား စိုးရိမ်စိတ်မရှိ‌ စေရန်အမြဲပြောနေသည်။
🍄ဘုရားသခင်သည် ယနေ့၊မနေ့နောက်ကာလအစဉ်အမြဲတည်ရှိသောဘုရားဖြစ်သည်။
🌲ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိသောဘုရားဖြစ်သည်။
🌲ထို့ကြောင့် ဘုရားသခင်ကိုမမေ့ကြပါနှင့်
သင့်ဘုရားသခင်ကို စွန့်ပစ်ထားလျှင် ဘုရားသခင်၏ဖြစ်တည်ခြင်းလျော့မသွားပေ။
🌲ဘုရားသခင်သင့်အား စွန့်ပစ်ထားလျှင် သင့်ရဲ့ဘ၀အသက်တာ မှောင်မိုက်ခြင်းနှင့်ကြုံရပေမည်။
🌳ဘုရားသခင်သည် ကျွန်ုတို့ဘက်မှာရှိနေကြောင်းအမြဲသတိရပါ။
✝️ဘုရားသခင်အားဖြင့် သင့်သည်လွှတ်မြောက်သောသူဖြစ်ကြောင့်အစဉ်အောက်မေ့ပါ။
♥️အယောက်ဆီတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။♥️♥️
✝️ဘုန်း/စောဘာဒို✝️

♥️ယုံကြည်သူများရဲ့ မျော်လင့်ခြင်း♥️🎆ဘုရားသခင်အားမျော်လင့်လျက် မိမိကိုယ့်ကိုယ်စောင့်ထိန်းကြလော့၊ကိုယ်ခန္ဓာတပ်မက်ခြင်း၊လော...
18/02/2025

♥️ယုံကြည်သူများရဲ့ မျော်လင့်ခြင်း♥️
🎆ဘုရားသခင်အားမျော်လင့်လျက် မိမိကိုယ့်ကိုယ်စောင့်ထိန်းကြလော့၊ကိုယ်ခန္ဓာတပ်မက်ခြင်း၊လောကီတပ်မက်ခြင်းများကိုငြင်းမယ်ကြလော့၊
မဂ်လာနှင့်ပြည့်စုံသောမျော်လင့်ရာ၊ဘုန်းတော်ထင်ရှားမည်ကိုတောင်းတကား မြင့်မတ်သောဘုရားသခင်ရှေ့တော်၌ မိမိကိုယ်ကိုယ့်စောင့်ထိန်းကြပါစို့။
📖အကြောင်းမူကား၊ မင်္ဂလာရှိသော မြော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခု ဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊
ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ၏။ ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ၎င်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါ၎င်း၊ ကိုယ်ကို ကိုယ် စွန့်ကြဲတော်မူပြီ။
တိတု ၂:၁၁-၁၄
🌲အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းဖို့ရန်အတွက် ယုံကြည်သူများ
မြော်လင့်သောပအားဖြင့်
🌳ဘုရားမဲ့ တရားမဲ့မဖြစ်စေနှင့်။
🌳လောကီတပ်မက်ခြင်းကို ပယ်ရှားကြပါ။
🌳ယခု ဘဝ၌ ဣန္ဒြေစောင့်ခြင်းရှိပါ။
🌳တရားသဖြင့်ကျင့်ကြံအားထုတ်ပါ။
🌳ဘုရားဝတ်၌မွေ့လျှော်ခြင်းရှိကြပါ။
💐ထိုမှသာလျှင် လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းမည်ဖြစ်သည်။
♥️အယောက်ဆီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။♥️♥️
✝️ဘုန်း/စောဘာဒို✝️

Big shout out to my newest top fans! 💎 Samuel Htoo Aung, Nawehkapulue PoeDrop a comment to welcome them to our community...
14/02/2025

Big shout out to my newest top fans! 💎 Samuel Htoo Aung, Nawehkapulue Poe

Drop a comment to welcome them to our community,

❤️ဘုရားသခင်၏မေတ္တာတော်အလွန်ကြီးမားပေသည်။❤️ 📖ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍...
14/02/2025

❤️ဘုရားသခင်၏မေတ္တာတော်အလွန်ကြီးမားပေသည်။❤️
📖ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
ရောမ၅:၈
♥️ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကြီးမားကြောင်း ကျမ်းစာတော်မြတ်အားဖြင့်သိရှိနိုင်ပေမည်။
❤️‍🔥အပြစ်သားကျွန်တော်တို့အတွက် အပြစ်တရားကနေလွှတ်မြောက်ရန်အတွက် ကားတိုင်ပေါ်မှာ အသက်စွန့်၊အသွေးသွန်းကာ ကယ်တင်ပေးခဲ့ပါသည်။
🌋အပြစ်တရား၏အဖိုးအခသေခြင်း၊အပြစ်ကြောင့် ငရဲသွားရမည့်ကျွ‌န်တော်တို့ကို ကယ်တင်ပေးသောမေတ္တာသည်အလွန်ပင်ကြီးမားလှပေသည်။
♥️ထိုမေတ္တာတော်ကိုသိရှိခံစားပြီး ဘုရားသခင်အားနေ့ရက်စဉ်တိုင်း ကျေးဇူးတော်ချီးမွမ်းပါ။♥️ဘုရားသခင်အားအစေခံပါ။♥️ဘုရားသခင်၏တပည့်တော်စစ်အဖြစ်အသက်တာကိုပြင်ဆင်လျှောက်လှမ်းပါ။
♥️ဘုရားသခင်နှစ်သက်သောအသက်တာဖြစ်အသက်ရှင်ပါ။
♥️ဘုရားသခင်၏သွန်သင်ချက်များအား နာခံလိုက်လျှောက်ရင်း ပုံသက်သေကောင်းပြသပါ။
♥️ဘုရားသခင်၏ချစ်ခြင်းမေတ္တာကြီးမားကြောင်း အခြားသူများ တွေ့မြင်နိုင်ရန် သတင်းစကားဝေမျှပါ။
❤️အယောက်ဆီတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။♥️♥️
✝️ဘုန်း/စောဘာဒို✝️

📖သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။ရှင်မသဲ၁၀:၈🫡အဖိုးအခမပေးရသောအရာတွေဟာဘာတွေရ...
26/01/2025

📖သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။
ရှင်မသဲ၁၀:၈
🫡အဖိုးအခမပေးရသောအရာတွေဟာဘာတွေရှိနိုင်သနည်း?
🕍ကျွန်တော်တို့ အလာကားရသောအရာများဘာရှိသနည်း။
💒အခမဲ့ရသော "လေ" နေ့တိုင်းရှုရိုက်အသက်ရှင်ရတယ်။
🕍ဘုရားပေးသောအခမဲ့ကယ်တင်ခြင်း ကျတော်တို့ ဘုရားသခင်ကို စိတ်နှင့်ယုံကြည် နှုတ်ဖြင့်၀န်ခံခြင်းဖြင့် ဘုရားသခင်ကျွန်တော်တို့ကို ကယ်တင်
အခမဲ့ပေးသည်။
⛪ကျွန်တော်တို့ဘုရားဆီကနေ ရရှိထားသောအဘိုးအခမဲ့တွေမြောက်များစွာရှိနိုင်ပေသည်။
🧑‍🎓ထိုအဘိုးအခမပေးရသောအရာတွေအတွက် အဘိုးမခံပဲပြန်လည်ပေးရမည်ကို တခါတရံမေ့နေတတ်ပါသည်။
🌲ထို့ကြောင့် သခင်ယေရှုခရစ်တော်ဘုရားက ပြန်ပြီးသတိပေးနေပါသည်။
💐အဘိုးမပေးရသောအရာတွေအတွက် အခြားသူများကိုလည်းအဘို့မခံပဲပြန်ပေးကြပါ။
🌳အဘိုးမပေးရသော ကျေးဇူးတော်များအတွက် အဘိုးမခံပဲပြန်ပေးနိုင်ကြပါစေ။
♥️အယောက်ဆီတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။♥️♥️
✝️ဘုန်း/စောဘာဒို✝️

📖ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲတည်၏။ ထိုနှုတ်ကပတ်တော်သည်၊သင် တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။၁ပေ၁:၂၅...
25/01/2025

📖ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲတည်၏။ ထိုနှုတ်ကပတ်တော်သည်၊သင် တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။၁ပေ၁:၂၅
♥️ဘုရားသခင်၏စကားအချိန်တိုင်းအတွက် မှီခိုထိုက်ပြီး ကောင်းကင်နိုင်ငံသို့သာအမြဲညွှန်ပြသည်။
⛪ဘုရားသခင်၏နှုတ်ကပတ်တော်ကိုအမြဲဆင်ခြင်ခွန်အားယူပါ။
💒လူတွေရဲ့စကားထက်ဘုရားစကားနားထောင်ပါ။
🗣️လူတွေရဲ့စကားသည် များပြား၍အဓိပွါယ်မဲ့တတ်သည်။ထာ၀ရဘုရား၏စကားကားထာ၀ရတည်သည်။
📖လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။၁ယော၂:၁၇
✝️ဘုရားသခင်၏အလိုတော်နှင့်အညီကျင့်သောသူတိုင်းသည် နောင်တရ၍ ဘုရားသခင်ရှေ့၌မိမိတို့၏အပြစ်ကို၀န်ချတောင်းပန်ပြီး ခွင့်လွှတ်ခြင်းရရှိကာ အသစ်သောအသက်တာပိုင်ဆိုင်ပြီး ကောင်းကင်၌ ခရစ်တော်နှင့်အတူထာ၀ရနေရမည်ဟု အာမခံချက်ရှိသူဖြစ်သည်။
🌌အရာခပ်သိမ်းရွေ့သွားပျောက်ကွယ်တတ်၏ ဘုရားသခင်၏အလိုတော်နှင့်စကားတော်အတိုင်းကျင့်သောသူသည် ထာ၀ရတည်သောအသက်တာကိုရရှိပိုင်ဆိုင်မည်။
🌄ထို့ကြောင့် နှုတ်ကပတ်တော်ကိုအချိန်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေအမြဲတမ်းဖတ်ရှုဆင်ခြင်ကြပါစို့။
♥️အယောက်ဆီတိုင်းအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။♥️♥️
✝️ဘုန်း/စောဘာဒို✝️

📖 ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူ...
22/01/2025

📖 ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။၁တိ၁:၁၅
🌋အပြစ်ရှိသောကျွန်ုပ်ကိုလည်းကယ်တင်ခြင်း ပေးသနားတော်မူသောကြောင့် ကျေးဇူးတော်ချီးမွမ်းပါ၏
🎁အပြစ်ရှိသော သူများ အားလုံး အပြစ်မှာလွတ်ရန်အတွက် သခင်ယေရှုလောကသို့ကြွ လာသည် အမှန်တကယ်ဖြစ်သည်။
🍄အပြစ်ကြောင့်ငရဲသို့သွားရမည်သူများအားလုံးအတွက် သတင်ကောင်းလေးဖြစ်ပါသည်။
💥အပြစ်ကြောင့်ငရဲသို့ မသွားရအောင် သခင်ယေရှုက အပြစ်ရှိသောသူများအားကယ်တင်နေသည်ကို ကျမ်းစာတော်မြတ်က သိကျစွာဖော်ပြပေးနေပါသည်။
🕍လူတိုင်းကယ်တင်ခြင်းရရှိရန် ထို‌သခင်ယေရှုဘုရား ကိုယုံကြည့်လက်ခံခြင်းဖြင့် အပြစ်မှငရဲအစား၊ အပြစ်မှ ကယ်တင်ခြင်းသို့ရရှိမည်ဖြစ်သည်။
✝️ဘုရားရဲ့ကယ်တင်ခြင်းကို ရရှိပိုင်ဆိုင်ကြပါစေ။
♥️အယောက်ဆီတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။♥️♥️
✝️ဘုန်း/စောဘာဒို✝️

📖 ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြ...
18/01/2025

📖 ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။ဟေဗြဲ၁၂:၂
🕍သခင်ယေရှုကိုသာ စေ့စေ့ကြည့်ပါ🕍
🌄မိမိအသက်တာမှာ လောကအရာကိုလည်းမကြည့်နဲ့
လောကအရာတွေကသင်ရဲ့ဝိညာဉ်ရေးကို ဆွဲချတတ်သည်။
🌄မိမိရဲ့အသက်တာမှာ အခြေအနေကိုမကြည့်နဲ့ အခြေအနေရဲ့အထက်ကိုကြည့်ပါ။ အခြေအနေက ရာသီဥတုအလိုက်ပြောင်းလဲနေမည်ဖြစ်သည်။
📸မိမိရဲ့အသက်မှာ ယေရှုခရစ်တော်ကိုပဲကြည့်ပြီး အသက်ရှင်လျှောက်လှမ်းပါ။
🎁ယေရှုခရစ်တော်ကိုသာစေ့စေ့ကြည့်ပြီး ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေသောသူဖြစ်သည်။
🌼ယေရှုခရစ်တော်ကိုသာကြည့်ပြီး အဆီးအတားအာလုံးကို အောင်နိုင်ခွင့်ရှိမည်။
🕵️ယေရှုခရစ်တော်ကိုသာကြည့်ပါ သင့်ကိုခံနိုင်ရည် စွမ်းအားတန်ခိုးပေးပါလိမ့်မည်။
🌳ယေရှုခရစ်တော်ကိုသာကြည့်ပါ သင့်ကို၀မ်းမြောက်ခြင်း၊ရွှင်လန်းခြင်းနှင့်လွတ်မြောက်ခြင်းကိုပေးပါလိမ့်မည်။
🍄အသက်တာမှာ အခြားအရာများထက် ယေရှုခရစ်တော်ကိုစေ့စေ့ကြည့်ပြီးအသက်ရှင်နိုင်ကြပါစေ။
♥️အယောက်ဆီတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။♥️♥️
✝️ဘုန်း/စောဘာဒို✝️

18/01/2025

♥️တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆုတောင်းမေတ္တာပို့ကြပါ။
💐အပြစ်လွတ်ကြပါ။
💐မာန်မာနတရားတွေလျော့ကြပါ
💐အားပြိုင်မှုတွေ၊ငြင်းခုံမှုတွေလျော့ကြပါ။
💐ဒေါသ၊မောဟလျော့ကြပါ
💐သင့်မြတ်မှုနှင့်အတူ မိမိ၏အပြစ်ကိုရိုးသားစွာ၀န်ခံပြီး အချင်းချင်းအတွက်ဆုတောင်းပေးကြရအောင်။

📖အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။
ယာကုပ်၅:၁၆

📖သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက် ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။၁တိ၂:၈
🕍တစ်ယောက်နှင့်တစ်ယောက်ကိုယ်အပြစ်အတွက်ဖော်ပြတောင်းပန်ကြပါ။ အချင်းချင်းအတွက်ဆုတောင်းပေးကြဖို့ ကျမ်းစာတော်မြတ်ကဖော်ပြနေပါသည်။
♥️အယောက်ဆီတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။♥️♥️
✝️ဘုန်း/စောဘာဒို✝️

📖 အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။ လူအချို့တို့သည်ငွေကို တပ်မက်သော...
17/01/2025

📖 အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။ လူအချို့တို့သည်ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။၁တိ၆:၁၀
♥️ငွေကိုတပ်မက်ခြင်းဟာမကောင်းသောအမူအပေါင်းတို့တွင် မူလအမြစ်ဖြစ်သည်။
♥️လောကမှာ ငွေရှိမှမျက်နှာရသလို
🧨ငွေကြောင့် မျက်နှာပျက်ရတယ်
♥️ငွေကြောင့်ချစ်ခင်သူပေါသလို့
🧨ငွေကြောင့်အပေါင်းအသင်းနည်းကြတယ်
❤️ငွေရှိမှ ဆွေမျိုးတော်ချင်ကြသလို
🧨ငွေရှိမှ အမျိုးတွေရန်သူဖြစ်ကြတယ်
♥️ငွေရှိမှ ဂုဏ်ရှိတယ်
🧨ငွေရှိမှ ဘ၀ပျက်ကြတယ်
🕵️တချို့က ငွေကို ဒုတိယ ဘုရားလို တင်စားကြတယ်။
🕍လူ့အချို့ ငွေကိုတပ်မက်မှုကြောင့် ယုံကြည်ခြင်းတရားလွဲကြတယ်။
🌳ထို့ကြောင့် ကျမ်းစာတော်မြတ်ကတော့ ငွေကိုတပ်မက်ခြင်းကင်းဖို့ ခွန်းအားပေးနေပါတယ်
🍄ငွေကိုရှာပါ ဘ၀ရပ်တည်ဖို့အတွက် ငွေဟာကိုယ်ရဲ့သခင်မဖြစ်စေနဲ့
🌋ငွေမရှိမဖြစ် ငွေရှိတဲ့အခ အပြစ်ကင်းကြပါစေ။
❤️အယောက်ဆီတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်❤️❤️
✝️ ဘုန်း/စောဘာဒို✝️

💥မလုပ်နိုင်ဘူးလို့ မပြောတော့ပါ💥🧨ဘ၀အသက်ရှင်စဉ်အခါ ကိုယ်စွမ်း၊ညာဏ်စွမ်းနှင့် ကြိုးစားရုန်းကန်ရင်း တခါတရံ ခဲခက်သောပုစ္ဆာပြသ...
16/01/2025

💥မလုပ်နိုင်ဘူးလို့ မပြောတော့ပါ💥
🧨ဘ၀အသက်ရှင်စဉ်အခါ ကိုယ်စွမ်း၊ညာဏ်စွမ်းနှင့် ကြိုးစားရုန်းကန်ရင်း တခါတရံ ခဲခက်သောပုစ္ဆာပြသနာနဲ့ကြုံတွေ့သောအခါ ငါမလုပ်နိုင်တော့ဘူးလို့ တွေးထင်တတ်ကြပါသည်။
🎁ဘ၀ကို လွယ်လွယ်နဲ့ အဆုံးပေးချင်လာတဲ့အခါ ခရစ်တော်အားဖြင့် ငါလုပ်နိုင်တဲ့ဆိုတာကိုသတိယပါ။
💐ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတဲ့ခရစ်တော်ရှိတယ်ဆိုတာကို ယုံကြည့်လိုက်ပါ။
❤️အဲ့ဒီခွန်အားနဲ့အရာရာကိုကျော်ဖြတ်နိုင်တယ်။ ♥️ဘ၀ရဲ့ပုစ္ဆာပြသနာတွေကိုဖြေရှင်းနိုင်တယ်။
📖ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။ဖိလိပ္ပိ၄:၁၃
ထိုကြောင့် ငါမလုပ်နိုင်ဘူးလို့ မပြောမိအောင်ကျမ်းစာတော်မြတ်ကခွန်အားပေးနေပါသည်။
♥️အယောက်ဆီတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်♥️♥️
✝️ ဘုန်း/စောဘာဒို✝️

14/01/2025

🌳တန်ဖိုးရှိသော ခန္ဓာကိုယ်🌳
🎁ဘုရားဖန်ဆင်းထားသော မြေခန္ဓာဟာ ဘုရားသခင်၏ ဝိညာဉ် ကျိန်း၀ပ်သောအခါ အလိုလိုတန်ဖိုးရှိလာသည်။
💐ထို့ကြောင့် ဘုရားပေးထားသော မြေ ခန္ဓာကို တန်းဖိုးရှိစွာ၊ သန့်ရှင်စွာ၊ ထိန်းသိမ်းရန်လိုအပ်ပေသည်။
🌋ဘုရားဘုန်းထင်ရှားရန်လိုပေသည်။
📖"အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှားစေကြလော့"။
၁ကော ၆:၁၉-၂၀
🍄ဘုရားဖန်ဆင်းသော ‌မြေခန္ဓာကိုယ် ဟာ ဘုရားသခင်ရဲ့ ဗိမာန်တော်လို့ ကျမ်းစာတော်မြတ်ကဖော်ပြပေးပါသည်။
📖" သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့် မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။"၁ကော၃:၁၆-၁၇
🌄တန်ဖိုးရှိလှသော ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကိုယ့် ပျက်စီးအောင်မလုပ်မိဖို့ရန် သတိထားရမည်ဖြစ်သည်။
🍄ကျွန်တော်တို့၏ ခန္ဓာကိုယ်ကိုလည်း ဘုရားသခင်ပိုင်သောမှုကြောင့် သိရှိရပေမည်။
🌌မြေမှုန့်မှာလာ‌ သော သူ မြေမှုန့်သို့ပြန်မသွားခင် ဘုရားပေးထားသောမြေခန္ဓာကို တန်းဖိုးထားပြီး ဘုရားသခင်အတွက်ပြန်လည်အသုံးတော်ခံနိုင်ကြပါစေ။
♥️အယောက်ဆီတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်♥️♥️
✝️ဘုန်း/စောဘာဒို✝️

Address

Myawadi
13051

Alerts

Be the first to know and let us send you an email when St.Luke's Angalican Church Myawaddy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share