THANG CHIN HMUNG

THANG CHIN HMUNG To share the Good New

05/04/2025
ဆီတန်းစီနေရင်း လူတစ်ယောက်ကကြားဖျက်ဝင်ဖို့လုပ်နေမြင်တော့…အော်ငေါက်လိုက်ချင်တာဘောလုံးကန်ရင်း .. ခန္ဓာကိုယ်က အသက်အရွယ်ရမလို...
18/09/2024

ဆီတန်းစီနေရင်း လူတစ်ယောက်ကကြားဖျက်ဝင်ဖို့လုပ်နေမြင်တော့…အော်ငေါက်လိုက်ချင်တာ

ဘောလုံးကန်ရင်း .. ခန္ဓာကိုယ်က အသက်အရွယ်ရ
မလိုက်နိုင်တော့ ..စိတ်တိုနေရင်း …အသင်းဖေါ်တွေအပေါ် စိတ်မရှည်အော်ဟစ်

မီးက မလာ၊ ခြင်ကကိုက် ၊ အညာအပူကရင်ထဲကဒေါသအပူကိုဆွပေးရင်း ညကြီးသန်းခေါင် ဟိုလူကြီးကို
သတိရပြီးထဆဲလိုက်ချင်တာဆို။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးဘားနက် က နေရင်းထိုင်ရင်း စိတ်တိုချင်ရင် မြန်မာပြည်အကြောင်းစဉ်းစားပါမိတ်ဆွေ ဆိုဘဲ။

ဪ ဒီလေးနှစ်တာ ကာလအတွင်း နေ့စဉ်သတင်းတွေ ၊စစ်ပွဲတွေ ၊ သေဆုံးရသူတွေနဲ့အတူတူ ကျွန်တော်တို့တွေလစိတ်ရှည်ခြင်း၊ သည်းခံခြင်းဆိုတဲ့ အကျင့်/ သီလ / ဝိညာဉ်အသီးတွေ ကွယ်ပျောက်လာပါလား။

မေတ္တာသည် စိတ်ရှည်တတ်၏ ဟုကျမ်းစာလာပါသည်။ စိတ်ရှည်ခြင်းသည် သည်းခံခြင်းအားဖြင့်ဖြစ်ပါသည်။ သည်းခံဖို့ရန် မထိုက်မတန်သော်လည်း
မေတ္တာအားဖြင့် စောင့်ပေးနေတာက စိတ်ရှည်ခြင်းဖြစ်ပါသည်။ အခြားသူတစ်ဦး၏ အားနည်းခြင်းကို
ချက်ခြင်းလက်ငင်းတုန့်ပြန်ပြောဆို ဝေဖန်ဆုံးဖြတ်ခြင်းမပြုတာစိတ်ရှည်ခြင်းဖြစ်ပါတယ်။

ကျောင်းသားဘဝတုန်းက ရန်ကုန်မှာဘောလုံးကန်ကြပြီးအပြန် ကျွန်တော် ဦးရွှေဟိန်းကားနဲ့ ( Sui Hingz)
လမ်းကြုံလိုက်ခွင့်ရခဲ့ပါတယ်။ လမ်းအကြောင်းအတိုင်းကားမောင်းနေချိန် မီးပွိုင့်နားရောက်တော့ နောက်ကားက ကားဟွမ်းကို ပွမ်……ပွမ်.ပွမ်….ဆိုအဆက်မပြတ်တီးနေတော့ ကျွန်တော့်မိတ်ဆွေကကားကိုလမ်းဘေးဖက်ချပေးပါတာ…….သူကျွန်တော့်အကြည့်ကို အလိုက်သိစွာဖြင့် ငါတို့အတွက်အိမ်ပြန်ရောက်တာ ၁၀ မိနစ်လောက်နောက်ကျရင်လည်းကိစ္စမရှိပါဘူး။ သူတို့က ခရီးသည်ရဖို့၊ ဂိတ်ကိုအချိန်မှီရောက်ဖို့မောင်းနေကြတာတဲ့လေ။ ကျွန်တော်မေ့မရပါဘူး။ ကျွန်တော်ကားမောင်းရင်၊ ဆိုင်ကယ်မောင်းရင်
နောက်က အလျင်လိုသူတွေကို မြင်တဲ့အခါအတင်းလိုက်
လုပြီးမမောင်းတော့ပါဘူး။

အခြားသူတစ်ဦး ရင့်ကျက်လာဖို့ရန်အတွက် သူ့ကိုအချိန်ပေးတာလည်း စိတ်ရှည်ခြင်းပါဘဲလေ။
ကျွန်တော်တို့ရဲ့ အိမ်သူ/ အိမ်သားတွေကိုလည်း
စိတ်ရှည်ခြင်းလက်ဆောင်ကိုပေးကြရအောင်။ စိတ်တိုသောအိမ်ထောင်ကို လူတွေကြောက်ပါသည်၊ စိတ်ရှည်
သောအိမ်ထောင်များမှာသာပျော်ရွှင်မှုတည်တံ့ခိုင်မြဲသလို၊ ငြိမ်သက်ခြင်း( Peace) လည်းရှိပါသည်။
အမြဲရန်ဖြစ်ပြီး၊ တိုက်ပွဲဆင်နွှဲနေသော မိသားစုများသည် သားသမီးများစိတ်ဓါတ်ရာဖြင့် ကြီးပြင်းလာကြရပြီး ပတ်ဝန်းကျင်သို့ အလင်းမဖြစ်နိုင်ပါ။

ပါတ်ဝန်းကျင်ကမှောင်မိုက်ပြီး ဆဲသံဆိုသံ၊ စိတ်မရှည်ခြင်းတွေနဲ့ ပွတ်လောရိုက်နေချိန် စိတ်ရှည်ခြင်း
လက်ဆောင်နဲ့ ပြန်လည်မေတ္တာပြကြပါစို့။

ဆုတောင်းချက်။
အဖဘုရားရှင် ကျွန်တော်ရဲ့အသက်တာမှာ အရာရာ၌ ဇာတိသဘောအားဖြင့်တုန့်ပြန်သူမဟုတ်ဘဲဝိညာဉ်တော်ဘုရားလမ်းပြခြင်းအားဖြင့် ပတ်ဝန်းကျင်ကို စိတ်ရှည်ခြင်းလက်ဆောင်ပေးနိုင်ဖို့ရန် ခွန်အားကိုပေးသနားတော်မူပါ။

ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍လယ်လုပ်သော သူသည်အရင်မိုဃ်း၊ နောက်မိုဃ်းကိုရသည်တိုင်အောင်၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။
သင်တို့သည်လည်း သည်းခံလျက်စောင့် နေကြလော့။ ကိုယ်စိတ်နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။
-ယာ​ကုပ် 5 : 7-8

Give the Gift of Patience
( စိတ်ရှည်ခြင်းလက်ဆောင်ကိုပေးပါ)
Thang Chin Hmung
18.9.2024

“အရာခပ်သိမ်းအတွက်ချီးမွမ်းခြင်းကိုပြုတတ်သောသူ”၁သက် ၅:၁၈“အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့။အကြောင်းမူကား၊ သင်တို့သည်ထို...
27/08/2024

“အရာခပ်သိမ်းအတွက်ချီးမွမ်းခြင်းကိုပြုတတ်သောသူ”

၁သက် ၅:၁၈

“အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့။အကြောင်းမူ
ကား၊ သင်တို့သည်ထိုသို့ကျင့်စေခြင်းငှါ၊ယေရှုခရစ်၌ဘုရား
သခင်အလိုတော်ရှိ၏။”

Nick Vujicic ဆိုသူသည်ခြေ၊ လက်မပါပဲမွေးဖွားခဲ့သူတစ်
ဦးဖြစ်ပါသည်။သူငယ်စဉ်ကသူ့ဘဝဖြစ်တည်မှုအတွက်ဝမ်း
နည်းလျက်မကျေမနပ်ဖြစ်ခဲ့ပါသည်။ သို့သော်သူ၏မစုံလင်
ခြင်းထက်၊ ခရစ်တော်စုံလင်ခြင်းကိုသူသိရှိနားလည်လာ
သောအခါအသက်တာပြောင်းလဲပြီးအမှုတော်မြတ်တွင်ပါဝင်
လာကာနိုင်ငံပေါင်းစုံသို့သွားရောက်လျက်ဘုရားသခင်ကောင်း
မြတ်ခြင်းကိုချီးမွမ်းဝေငှသူဖြစ်လာသကဲ့သို့၊ သူ၏ကိုယ်ပိုင်
ဘဝတွင်လည်းဇနီး၊ သားသမီးများဖြင့်အိမ်ထောင်ကိုပျော်
ရွှင်စွာရပ်တည်ဖြတ်သန်းနေသောသူတစ်ဦးဖြစ်ပါသည်။

Nick Vujicic ဘာကြောင့်ဝမ်းမြောက်သောအသက်တာကို
ပိုင်ဆိုင်ပါသနည်း။ ဘုရားပေးထားသောသူ၏ဘဝအသက်
တာအတွက်ဘုရားကိုချီးမွမ်းနိုင်သောကြောင့်ပင်ဖြစ်သည်။
လူ့အားဖြင့်မစုံလင်သောကိုယ်လက်အင်္ဂါရှိသောသူဖြစ်
သော်လည်းလူ့ဘဝသည်မည်သည့်အခြေအနေပင်ရှိနေစေ
ကာမူဘုရားပေးသောဆုကျေးဇူးတစ်ခုဖြစ်သည်ကိုခံယူ
လျက်ချီးမွမ်းနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို
ချီးမွမ်းခြင်းသည် မိမိတို့ဘက်မှပြည့်စုံခြင်း၊ ကောင်းကြီး
နှင့်ရှိခြင်းတို့နှင့်မသက်ဆိုင်ပါ။ ဘဝတွင်ဖြစ်နေသည့်ကောင်း
သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ မိမိတို့လူသားတစ်ဦးဖြစ်
ခွင့်ရသည်အတွက်ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်း
တတ်ခြင်းပင်ဖြစ်သည်။ စုံလင်မှချီးမွမ်းမည်ဆိုလျှင်ဘယ်
သောအခါချီးမွမ်းခြင်းကိုပြုတတ်သူဖြစ်လာနိုင်လိမ့်မည်
မဟုတ်ပေ။ ဘုရားသခင်မှလည်းချီးမွမ်းတတ်သောသူ
သည်သူ့၏ဘုန်းကိုထင်ရှားစေသူဖြစ်သည်ကိုသိမှတ်ထား
ပြီးဖြစ်ပါသည်။

ထို့ကြောင့်မိမိဘဝမည်သည့်အခြေအနေတွင်ရှိစေကာ
မူဘုရားသခင်ကိုချီးမွမ်းတတ်သောသူဖြစ်စေပါ၊ အရာခပ်
သိမ်းအတွက်ချီးမွမ်းတတ်သောသူ၏အသက်တာသည်အ
စဉ်အမြဲဝမ်းမြောက်ခြင်းဖြင့်မိမိဘဝရပ်တည်ခြင်းကိုကျေ
နပ်ရောင့်ရဲသူဖြစ်ပါမည့်အကြောင်းမေတ္တာဖြင့်ဖော်ပြလိုက်
ပါသည်။

ဆုတောင်းချက်- စုံလင်သောအဘ၊ ကိုယ်တော်ပြုသည့်
အရာများအားလုံးပေါ်ကျေနပ်သောစိတ်ဖြင့်အစဉ်အမြဲ
ကိုယ်တော်ကိုချီးမွမ်းကြွေးကြော်လျက်ကိုးကွယ်တတ်သော
သူဖြစ်စေပါ။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်
အားဖြင့်ဆုတောင်းပါ၏။ အာမင်။

You may think you cannot do it,but in reality you have forgotten that God can help you. ငါတော့ မလုပ်နိုင်တော့ဘူး ….မကြို...
26/03/2024

You may think you cannot do it,
but in reality you have forgotten that
God can help you.

ငါတော့ မလုပ်နိုင်တော့ဘူး ….မကြိုးစားချင်တော့ဘူးဆိုပြီး
ဘဝကို အရှုံးပေးတော့မလား
ကြိုးစားနေတာကို ရပ်တန့်တော့မလား …

တကယ်တော့ ဘုရားကကျွန်တော့်ကို သင့်ကို
အဲဒီအခက်အခဲတွေ တံတိုင်းတွေထဲကနေ ကူညီနိုင်တယ်
လွတ်မြောက် စေနိုင်တယ်ဆိုတာကို မေ့သွားတဲ့ အခိုက်အတန့်လေးမှာ အဲဒီစိတ်တွေကနေရာယူလာတာပါ ။
——•—•—•—•—

ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
-သုတ္တံကျမ်း။ 3 : 5-6

သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့်တော်မူ၏။
-ရှင်ယောဟန် 16 : 33

မာဂုပညာရှိများ မာဂုပညာရှိ - ဆေးပညာကျွမ်းကျင်သူ၊ နက္ခတ်တာရာကျွမ်းကျင်သူ၊ သိပ္ပံပညာတတ်ကျွမ်းသူ၊ ငွေကြေးကြွယ်ဝချမ်းသာသူ၊ တပ...
16/02/2024

မာဂုပညာရှိများ

မာဂုပညာရှိ - ဆေးပညာကျွမ်းကျင်သူ၊ နက္ခတ်တာရာကျွမ်းကျင်သူ၊ သိပ္ပံပညာတတ်ကျွမ်းသူ၊ ငွေကြေးကြွယ်ဝချမ်းသာသူ၊ တပည့်တပန်းပေါများသူ၊
နိုင်ငံရေးမှာလွှမ်းမိုးနိုင်သူ။

အထက်ပါ မာဂုပညာရှိများ၏ အရည်အချင်း၊ ဂုဏ်အ
ဆင့်အတန်းကိုကြည့်ခြင်းအားဖြင့် ယေရှုခရစ်တော်ကို
သွားရျ် ဖူးမျှော်ဖို့ရန် ထွက်လာချိန် မှာ ကျွန်၊ အစောင့်
အရှောက်များ ( လမ်းခရီးမှာ ဓါးပြရန်မှကာကွယ်ရန်)
လည်းပါဝင်နိုင်ပြီး ကျွန်တော်တို့အများစုယူဆ သလို ပညာရှိ သုံးယောက်မဟုတ်ဘဲ သုံးယောက်ထက်
လည်း ပိုများနိုင်ကြောင်း၊ ပညာရှိများ၏
လက်ဆောင်သုံးခုကိုကြည့်ပြီး သုံးယောက်လို့မှားယွင်း
စွာ ကျွန်တော် တို့ထင်မိတတ်ကြပါတယ်။

မာဂုပညာရှိတွေဘယ်ကဖြစ်နိုင်လဲ?

ဒံယေလဟာ ပါရှားပြည်မှာ ကျွန်ခံရစဉ်တွင် နေဗုခဒ်နေဇာမင်းကြီး သည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထားတော် မူ၏ လို့ -ဒံ​ယေ​လ 5 : 11 မှာဖေါ်
ပြထားပါတယ်။

ဒါ့အပြင် -တော​လည် 24 : 17 မှာ ကြယ်တလုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့်မည် လို့ဖေါ်ပြထားပါတယ်။
ဒါကြောင့် ကျမ်းတတ်ဆရာအများစုက ထိုမာဂုပညာ
ရှိများဟာ ပါရှားပြည်က ဒံယေလတို့တွေ
ဟောပြောခဲ့ သက်သေခံခဲ့တာတွေကို တစ်ဆင့်စကား
ကြားပြီး၊ ဖတ်ပြီး ယုဒလူမျိုးများ၏သမ္မာကျမ်းစာကို
လေ့လာရာမှ ခရစ်တော်ပေါ်ထွန်းလာမှာကို သိရှိပြီး
လာရောက်ရှာဖွေ ကြသူတွေဖြစ်မယ်လို့ မှတ်ယူကြပါတယ်။

ချစ်သောမိတ်ဆွေ

မာဂုပညာရှိ များဟာ သင်နှင့်ကျွန်တော့်လို
ခရစ်တော်မွေးဖွါးမည့် သတင်းကောင်း
နှုတ်ကပါတ်တော်ကို ကြားပြီး ၊ သိပြီး ……
မလိုက်လျှောက်၊ နားမထောင်တာမဟုတ်ဘဲ ……..
နှုတ်ကပါတ်တော်ကို ကြားပြီး
ထိုနှုတ်ကပါတ်တော်အတိုင်းနာခံလျက်
မတွေ့မချင်း လိုက်ရှာခဲ့တာဖြစ်ပါတယ်။

မာဂုပညာရှိများဟာ သူတို့ရဲ့ပညာ၊ အဆင့်အတန်း
ကိုကြည့်ပြီး အင်မတန် အလုပ်များတဲ့သူတွေဖြစ်မယ်
ဆိုတာ သိန်ိင်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ခရစ်တော်ကိုတွေ့နိုင်ဖို့ သူတို့အလုပ် ၊မိသားစု၊
စီးပွါးရေး တွေကိုထားခဲ့တာနော်။

ဘုရားကျောင်းကဝေးလိုက်တာလို့ ကျွန်တော်တို့
စဉ်းစားချိန်မှာ မာဂုပညာရှိတွေ ကန္တာရသဲပြင်မှာ
ခရီးနှင်ခဲ့တာပြန်ခွန်အားယူကြအုန်းစို့။

မာဂုပညာရှိတွေက ခေတ်က သံလိုက်အိမ်မြှောင်တွေ
မရှိသေးပါဘူး။ ဒါပေမဲ့ သဲကန္တာရမှာ လမ်းမပျောက်
အောင် ဘုရားရှင်က ကောင်းကင်မှ ကြယ်ကြီးအားဖြင့်
လမ်းပြနေသလို ၊ အတူရှိပေးခဲ့သလို…….
သင်နဲ့ကျွန်တော် ဒုစရိုက်၊လောဘ၊မောဟ၊ဒေါသတွေနဲ့ ပြည့်နှက်နေသောဒီလောကကြီးထဲမှာ
လမ်းမပျောက်စေဖို့ ခရစ်တော်တည်းဟူသော
ထိုကြယ်ကြီးကအသက်လမ်းကိုပြသခဲ့ပြီး ၊
နေ့ရက်တိုင်းအတူရှိနေသောဧမာနွေလဘုရား
ဖြစ်ပါတယ်။

လမ်းမပျောက်ဖို့ မာဂုပညာရှင်တွေကြယ်ကို ကြည့်ဖို့ဘဲလိုအပ်ခဲ့တာပါ ။
ကြယ်ဆိုတာ ဘုရင်ကမြင်နိုင်သလို၊
အဆိုတော်၊သဌေးကလည်းမြင်နိုင်ပြီး
အနိမ့်ဆုံးဆင်းရဲသား၊သူတောင်းစားကလည်းမြင်နိုင်
ပါတယ် ။။။။။ အဓိကက ကြည့်ဖို့ပါဘဲ။

မောရှေရဲ့ တောမှာ မြောက်ထားတဲ့ ကြေးဝါမြွေရုပ်
ကို ကြည့်တဲ့လူတိုင်း အနာသက်သာခဲ့သလို
ကားတိုင်ပေါ်မှာ အသေခံသော ထိုသားတော်ကို
ယုံကြည်ခြင်းနဲ့ မျှော်ကြည့်သောသူတိုင်း
ကျ်လောကမှာ လမ်းမဆုံးစေဘဲ ထာဝရအသက်ကို ထိုသားတော်ယေရှုခရစ်ကပေးခဲ့တာပါ။

မိတ်ဆွေ ………

မာဂုပညာရှိတွေ အသွားလမ်းနဲ့ အပြန်လမ်း မတူတော့ပါဘူး။
M. M Thomas ဆိုတဲ့ဆရာကြီးကို ခရစ်တော်ဆိုတာ
ဘယ်သူလဲလို့ ရှင်းပြပါလို့မေးကြတော့ ????? သူက
Jesus is the One who can change everything လို့ပြန်ပြောပါတယ်။

ခရစ်တော်နဲ့တွေ့ခဲ့တဲ့ လူ တွေ
ခရစ်တော်ဝင်သွားခဲ့တဲ့လာဇရုရဲ့အိမ် အခြေအနေတွေ ပြောင်းလဲကုန်ပါတယ် ။ အသွားလမ်းအပြန်လမ်းမတူတော့ပါဘူး။

ချစ်သောမိတ်ဆွေ ၂၀၂၃ခုနှစ်ခရစ်စ္စမတ်သည်
သင့်အတွက် အခက်အခဲတွေအများကြီးကြားက
ခရစ်တော်ကိုဖူးတွေ့ခဲ့သော မာဂုပညာရှိများကဲ့
သို့ ခရစ်တော်နှင့်တွေ့ဆုံနိုင်သောသူများဖြစ်နိုင်
ပါစေလို့ ဆန္ဒပြုလျက်

ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။
ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါ တို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။
-မဿဲ 2 : 1-2

Thang Chin Hmung

တစ်ယောက်နဲ့ တစ်ယောက်သတ်ဖြတ်ခဲ့ကြတဲ့ ကာက္ကနနဲ့အာဗေလ တို့ညီအစ်ကိုသားဦးအရာတွက် အမုန်းပွါးခဲ့ကြသော ဧသောနဲ့ ယာကုပ်အဖေရဲ့အချစ်...
16/02/2024

တစ်ယောက်နဲ့ တစ်ယောက်သတ်ဖြတ်ခဲ့ကြတဲ့ ကာက္ကနနဲ့အာဗေလ တို့ညီအစ်ကို
သားဦးအရာတွက် အမုန်းပွါးခဲ့ကြသော ဧသောနဲ့ ယာကုပ်
အဖေရဲ့အချစ်ပိုခြင်းခံခဲ့ရလို့ အစ်ကိုတွေ ရောင်းစားတာ
ခံခဲ့ရတဲ့ ယောသပ်
ယာကုပ်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် သောကကိုယ်စီရှိခဲ့ကြတဲ့ လေအာ နဲ့ ရာခေလ ညီအစ်မ နှစ်ယောက် ။
သမ္မာကျမ်းထဲမှ အမုန်းများစွာနဲ့ မောင်နှမများ ။

မိဘတွေမတူကြသော်လည်း ဒါဝိဒ် နဲ့ ယောနသန်ကြားက
သူငယ်ချင်း သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာ။

သူငယ်ချင်း ယောနသန် သေဆုံးသွားသည့်တိုင်အောင်
ဒါဝိဒ်ဘုရင်ဖြစ်လာတဲ့အချိန်မမေ့မလျော့
အချစ်ဆုံးသူငယ်ချင်းယောနသန်ရဲ့သား မေဗိဗောရှက်ကို
ပြန်လည်ပြုစုစောင့်ရှောက်ခဲ့တာ ….. သင်ယူစရာတွေပါ။

“ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဘို့ရှောလုပိုင်သမျှသော မြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ်ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊
-၂ ရာ 9 : 7”

တစ်ခါတလေ ကျွန်တော်တို့ မိတ်ဆွေကောင်း ၊ သူငယ်ချင်း
ကောင်းကိုလိုချင်ကြတယ် ။ ဒါိဆို မိတ်ဆွေကိုယ်တိုင်ကော သူငယ်ချင်းကောင်းဖြစ်ပြီလား။

A friend in need is a friend indeed တဲ့ဗျာ။
တကယ်လိုအပ်ခဲ့တဲ့
အချိန်မှာ ကူညီခဲ့သူတွေက မိတ်ဆွေကောင်းတွေပါတဲ့။
ဒီနေ့ သင်လောကဓံကြားမှာ နစ်မွန်းခဲ့တဲ့အချိန် ကူညီခဲ့
ကျေးဇူးပြုခဲ့သူတွေကို ဖုန်းခေါ်ဖို့ ၊ စာတိုလေးရေးပြီး
ဆက်သွယ် ကျေးဇူးတင်ဖို့ မမေ့နဲ့နော် ။

အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။
ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။
-သုတ္တံကျမ်း။ 17 : 17

Thang Chin Hmung
9.1.2024

Address

Youth Village, Si Thu Street
Monywa

Telephone

+959777522216

Website

Alerts

Be the first to know and let us send you an email when THANG CHIN HMUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to THANG CHIN HMUNG:

Share