21/02/2021
မင်းဘုရားတောင်၊ ချမ်းသာကြီး မြတ်စွာဘုရား
_______________________________
မင်းဘုရားတောင် ချမ်းသာကြီးမြတ်စွာဘုရားသည်
မိုးကုတ်မြို့ အနီးရှိ ထင်ရှားသော သမိုင်းဝင်ဘုရား ဖြစ်သည်။
မိုးကုတ်မြို့၏ အရှေ့မြောက်ဘက် တောင်ကုန်းပေါ်တွင်ရှိပြီး
ရှေးပုဂံမင်းလက်ထက် ကတည်းကတည်ထားသော
ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်ပါသည်။ ထိုဘုရားကို ရှေးက
ဆုတောင်းပြည့်စေတီ ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ သက္ကရာဇ် ၁၂၃၃ ခုတွင်
မိုးကုတ်စို့သူကြီး နေမျိုးသီရိမင်းလှမင်းထင် မဏိရာဇာ သည်
၎င်းဆုတောင်းပြည့်ဘုရားတွင် ဆုတောင်း၍ ဦးကောက် ကို တိုက်ယူရာ
အောင်မြင်သောကြောင့် ၎င်းစေတီတော်ကြီးကို ပြုပြင်မွမ်းမံ ပြင်ဆင်၍
အနောက်ဘက်တွင် ရန်အောင်မြင်ဘုရားကို တည်ထားခဲ့လေသည်။
(ထို ရန်အောင်မြင်ဘုရားကို ယနေ့တိုင် ဖူးမြော်နိုင်ပါသည်။ )
ထို့ကြောင့် ၎င်းတောင်ကိုလည်း မင်းဘုရားတောင် ဟု ခေါ်တွင်ခဲ့ပါသည်။
သက္ကရာဇ် ၁၂၆၈ သို့ရောက်သောအခါ စေတီတော်နှင့် ရုပ်ပွားတော်မျာ
း ပျက်စီးယိုယွင်းနေသည်ကို တွေ့သဖြင့် မိုးကုတ်မြို့ရှိ ဂုဏ်သရေရှိ
လူကြီး ၂၈ ဦးတို့က ကမကထလုပ်၍ ထပ်မံပြီး ဖိနပ်တော်ကို
အတောင် (၅၀) ခန့် ချဲ့ထွင်မွမ်းမံခဲ့သည်။ ၁၂၇၀ ခုနှစ်တွင်
ကျောက်သားစေတီတော်ကြီးကို အပြီးသတ်ပြင်ဆင်ပြီးစီးခဲ့၍
ပိန်းနဲတိုင်စိုက်ထူပြီး ထီးတော်တင်ခဲ့ပါသည်။ ၁၂၇၄ ခုနှစ် ပြာသိုလဆန်း
(၅) ရက်နေ့တွင် မိုးကုတ်မြို့ လယ်ဦးရပ် ဦးရင်မောင် ဒေါ်ခန်းဆာတို့က
ကျောက်လှေခါးထစ်ပေါင်း (၉၀)ကျော်ရှိသော တန်ဆောင်းကြီးကို
ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ၁၃၀၈ ခု တော်သလင်းလဆုတ် (၂)
ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်တွင် ငလျင်ကြီးလှုပ်ရာ စေတီတော်ကြီး
ပြိုပျက်ခဲ့ရသည်။၎င်းကို ရွှေဂူကြီးဘုရားဥပါသကာများနှင့်
မြို့နယ်လူထုတို့ပူးပေါင်းပြီး အသစ်တစ်ဖန် ထပ်မံတည်ထားကိုးကွယ်ခဲ့ပါသည်။
“၁၃၀၈ ခုနှစ်၊ တော်သလင်းလဆုပ် ၂ ရက်၊ ည ၉ နာရီ ၄၃ မိနစ်အချိန်တွင်
မိုးကုတ်မြို့၌ ငလျင်ကြီးလှုပ်ပြီး စေတီတော်ကြီး ပြိုပျက်ရာ
အတွင်းမှ တွေ့ရှိရသော ကြေးပုရပိုဒ်တစ်ခု၏ မူရင်း”
ချမ်းသာကြီးဘုရား ကြေးပုရပိုဒ်
ထိုစေတီတော်ကြီး၊ ပုဂံပြည်ဘုရင် ဓါတုယမမင်းခေါင်သည်
ပတ္တမြားမျက်ရှင်ကို ပင့်ယူရန် ကြွလာသောအခါ အမြဲကိုးကွယ်ပါလာသေ
ာ ဓာတ်တော်ဆူရေ ၃၀ ကျော်ကို ဌာပနာ၍ ဆုတောင်းပြည့်
ချမ်းသာကြီးဘုရားစေတီတော်ကို သာသနာတော် ၂၄၁၅၊ ကောဇာ ၁၂၃၃ ခုနှစ်၊
နေမျိုးသီရိမင်းလှမင်းတင် မဏိရာဇာမင်းဘုရားက ပြည်သူများနှင့်
ထပ်မံပြုပြင်လေသည်။ သာသနာတော် ၁၄၅၀၊ ကောဇာ ၁၂၆၈
မိုးကုတ်မြို့အသရေရှိလူကြီးများ ၂၈ ယောက်အသင်း ဖွဲ့၍
မူလထက်ချဲ့ထွင်လျှက် ဖိနပ်တော် အတောင် ၅၀ ခန့် ကျောက်ခဲ နှင့်
ပြင်ဆင်ရာ ဒုတိယပစ္စယံတစ်ဝက်မျှနှင့် အလုပ်ဖြတ်ထားသည်။
သာသနာတော် ၂၄၅၂ ကောဇာ ၁၂၇၀၊ ဝါခေါင်လ၌
ဗုဒ္ဓရက္ခိတရဟန်းတော် ဦးအာစရအမိန့်အရ ဇရပ်တကာ ဦးအောင်ပုံ
ဘုရားတကာ ကိုဘိုးအုံ၊ ဘုရားတကာ ဦးမောင်ကြီး၊ ဇရပ်တကာ ဦးဝ၊
ဘုရားတာ ဦးသိန်း၊ ဦးသိုက်တို့နှင့်တကွ မြို့၊ နယ်ကုန်
သူတော်ကောင်းအများတို့ ညှိနှိုင်းတိုင်ပင်လျှက် မိမိသဒ္ဒါတရားအလျှောက်
လှူဒါန်းထောက်ပံ့ကြ၍ အပြီးသတ်သည်နှင့် ပိန်းနဲတိုင်
စိုက်ရာကျောက်သားစေတီတော် အတွင်း ဌာပနာတိုက်တွင်
ရွှေကြုပ်၊ ငွေကြုပ်၊ ရွှေတောင်၊ ငွေတောင်၊ ရတနာဗောဓိပင်၊
တံခွန်တိုင်၊ ရုပ်ပွားတော်၊ စေတီတော်တို့ပါ
နဝရတ်ကိုးပါးစီချယ်တင့်တယ်စွာ ပြုလုပ်ပြီးလျှင်
ဘုရားဓာတ်တော်ဆူရေ ၁၂၅၀ ၊ ရဟန္တာဓာတ်တော်ဆူရေ ၁၂၀၀ တို့ကို
အများဒါယကာ၊ ဒါယိကာမ တို့က ၁၂၇၀ ၊ တန်ဆောင်မုန်း လပြည့်နေ့
ပူဇော်ပွဲကြီးပြု၍ ဌာပနာသွင်း လှူဒါန်းပူဇော်ကြသော
ကောင်းမှုနိဗ္ဗန်ဆု၊ သာဓုနတ်လူခေါ်စေသော်။
Wikipedia မှ ....