ဝိသာခါ - မိတ္ထီလာ

ဝိသာခါ - မိတ္ထီလာ သီလရှင်များအတွက် ဘက်စုံလှူဒါန်းကူညီမှုအသင်း

-ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဆရာ၊ဒကာ လက်တွဲညီစွာ တာဝန်ကိုယ်စီ ထမ်းဆောင်လာခဲ့ကြရာ ယခုအခါ နှစ်ပေါင်း ၂၅၅၆ ခုနှစ်တိုင်အောင် ခိုင်ခံ့တည်တံ့ထွန်းလင်းတောက်ပလျက် ရှိပေသည်...။

" ရဟန်းတော်များရဲ့အစ ပဉ္စ၀ဂ္ဂီငါးဦးက"
" ရဟန်းမတို့ရဲ့အစ ဂေါတမီက" စခဲ့ကြရာ
- ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ယခုအခါ ဘိက္ခုနီသာသနာ ရဟန်းမများကိုယ်စားပြု သာသနာ့နွယ်ဝင် သီလရှင်များက ပရိပတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ တည်းဟူသော သာသနာတော်(၃)ရပ်ကို ကျင့်ကြံကြိုးကုတ်အားထုတ်ပြီး ထိန်းသိမ်းစောင့်ရှောင်လျက်ရှိကြသည်ကို ဗုဒ္ဒဘာသာနွယ်ဝင် သူတော်စင်အပေါင်းတို့ သိရှိပြီးဖြစ်ပါသည်...။
- သာသနာ့နွယ်ဝင်သီလရှင်များမှာ ပစ္စည်းလေးပါးမပြည့်စုံဘဲ လိုအပ်လျက်ရှိနေကြပါသည်။ တစ်ပတ်စာမျှတရုံသာ ရကြသည်ကို သိရှိရပါသည်။ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် မပြည့်မစုံ ရုန်းကန်နေထိုင်လျက်ရှိကြပါသည်...။
- ထိုသို့သော အကြောင်းကိစ္စများကို မိတ္ထီလာမြို့၊ ရွှေမြင်တင်ဘုရားကြီးကျောင်းတိုက် ပဓာနနာယက "မြတ်နိုးပီတိ" လူမှုကူညီရေးအသင်းကြီ၏ နာယကဆရာတော် အရှင်ပညိနြ္ဒိယ(ခ) ဦးဇင်းဝင်းမှ သတိပြုဆင်ခြင်သုံးသပ်မိပါသည်...။
- သို့ပါ၍ ယုံကြည်ချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်ခြင်း တူညီကြသူများ၊ သဒ္ဒါတရားထက်သန်သူများနှင့် ညှိနှိုင်းတိုင်ပင်ကာ သာသနာ့နွယ်ဝင် သီလရှင်များအား ဘက်စုံလှူဒါန်းရေးနှင့် လူမှုကူညီရေးအသင်း " ၀ိသာခါအဖွဲ့ကြီး" ကို တပည့်ဒကာမများဖြင့် ဖွဲ့စည်းတည်ထောင်လိုက်ပါသည်...။

- ဗုဒ္ဓသာသနာအတွက် သင်တတ်နိုင်သော တစ်ထောင်တစ်နေရာမှ ပါဝင် လှူဒါန်း နိဗ္ဗာန်သို့ လှမ်းနိုင်ပါစေရန် နှိုးဆော်လိုက်ရပါသည်...။

Address

Meiktila

Telephone

+43186744

Website

Alerts

Be the first to know and let us send you an email when ဝိသာခါ - မိတ်ထီလာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share