17/08/2026
🚦ဆင်းရဲမှာကြောက်ရင် မနှမြောနဲ့
နှမြောတဲ့သူဟာ ဆင်းရဲတတ်တယ်။
နှမြောတာ့ မပေး၊ မပေးတော့ မရ၊
ဒါ သဘာဝပဲ။ဒါနမရှိသူဟာ ဆင်းရဲတယ်။
🚦ရုပ်ဆိုးမှာကြောက်ရင် ဒေါသမကြီးနဲ့။
ဒေါသကြီးတဲ့သူဟာ ရုပ်ဆိုးတတ်တယ်။
🚦ဘဝအဆင့်နိမ့်မှာကြောက်ရင် မာနမကြီးနဲ့။
မာနကြီးတဲ့သူဟာ အမျိုးနိမ့်ဘဝတို၊
တိရစ္ဆာန်ဘဝတို့ ရောက်တတ်တယ်။
🚦အထီးကျန်မှာကြောက်ရင် မနာလိုစိတ်
မများနဲ့။ မနာလိုစိတ်များတဲ့သူဟာ
အထီးကျန်တတ်တယ်။
🚦ဉာဏ်ထိုင်းမှာကြောက်ရင် မေးဖို့
ဝန်မလေးနဲ့။ မမေးတဲ့သူဟာ မသိဘဲ
ထိုင်းသွားတတ်တယ်။
🚦ရောဂါထူမှာကြောက်ရင် မညှင်းဆဲမနှိက်စက်နဲ့။
သူတပါးကိုညှင်းဆဲနှိပ်စက်တဲ့သူဟာ ရောဂါထူတတ်တယ်။
🚦 အသက်တိုမှာကြောက်ရင် သူများအသက်မသတ်နဲ့။
သူ့တပါးအသက်ကို သတ်တဲ့သူဟာ အသက်တိုတတ်တယ်။
ကျမ်းကိုး- စူဠကမ္မဝိဘင်္ဂသုတ်
(မနာပဒါယီဆရာတော်အရှင်ဝိစိတ္တ)
#တရားတော်များ #နာယူမှတ်သားနိုင်ကြပါစေ🙏🙏🙏 #တရားအသိဖြင့်ဘ၀တွေအေးချမ်းကြပါစေ #ဘေးအန္တရာယ်ကင်းကြပါစေ🙏🙏🙏 #ကြီးပွားတိုးတက်န်ိုင်ကြပါစေ