အိမ်တော်ရာ စေတီတော်

အိမ်တော်ရာ စေတီတော် Religious organization

၁၃၇၅ - ခုနှစ် ( ၁၆၆ ) နှစ်မြောက် မန္တလေးမြို့  မဟာလောကရံသီအိမ်တော်ရာ စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ကြီး အတွက် နှိုးဆော်စာ
11/10/2013

၁၃၇၅ - ခုနှစ် ( ၁၆၆ ) နှစ်မြောက် မန္တလေးမြို့  မဟာလောကရံသီအိမ်တော်ရာ စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ကြီး အတွက် နှိုးဆော်စာ

ရှင်ကျော်မုနိ ဘုရား
05/05/2013

ရှင်ကျော်မုနိ ဘုရား

စေတီတော်ကြီး၏ မြောက်ဘက် အာရုံခံစောင်းတန်းတွင် ကိန်းဝပ်စပ္ပါယ်တော် မူပါသည်။

05/05/2013
မဟာလောကရံသီ အိမ်တော်ရာစေတီတော် ဂေါပကအဖွဲ့ သီရိဟေမာ အရှေ့ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ ဖုန်း - 02 60845    ...
05/05/2013

မဟာလောကရံသီ အိမ်တော်ရာစေတီတော် ဂေါပကအဖွဲ့
သီရိဟေမာ အရှေ့ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 02 60845
09 444030438

``* မဟာလောကရံသီ အိမ်တော်ရာ စေတီတော် သမိုင်း * ``   မဟာလောကရံသီ အိမ်တော်ရာ စေတီတော်မြတ်ကြီးကို သီရိသုဓမ္မတိလောက ပ၀ရမဟာရာဇာ...
05/05/2013

``* မဟာလောကရံသီ အိမ်တော်ရာ စေတီတော် သမိုင်း * ``

မဟာလောကရံသီ အိမ်တော်ရာ စေတီတော်မြတ်ကြီးကို သီရိသုဓမ္မတိလောက ပ၀ရမဟာရာဇာဓိရာဇာ တံဆိပ်နာမံ ခံတော်မူသည့် အမရပူရ စတုတ္ထနန်းစံ ပုဂံမင်းတရားကြီးသည် ကောဇာသက္ကရာဇ် ၁၂၀၈ ခုနှစ် တပေါင်းလဆန်း (၁၃) ရက် စနေနေ့တွင် ခမည်းတော် ရွှေဘိုမင်း၏ အရိုက် အရာတော်ကို ဆက်ခံစိုးစံတော်မူပြီးနောက် ကောဇာသက္ကရာဇ် ၁၂၀၉ ခုနှစ် နတ်တော်လဆန်း (၃) ရက် ဗုဒ္ဓဟူးနေ့ နံနက် တချက်တီးကျော် ငါးနာရီ နှစ်ပါဒ် တဆယ့်သုံးဗီဇနာ အချိန် ပန်းတိမ်းမြို့ ပန်းဘဲမြို့စား ပန်းဘဲဝန် အတွင်းဝန် သတိုးမင်းကြီး မဟာမင်းလှကျော်သူ အား ကြီးမှူးကြပ်မတ် စေတော်မူလျှက် ရွှေပန္နက် ငွေပန္နက် တို့ကိုချမှတ်ကာ ထိုနေ့ နေ့တချက်တီးကျော် ခြောက်နာရီ နှစ်ပါဒ် တဆယ့်သုံးဗီဇနာ အချိန် မြေပန္နက် ချတော်မူ၍ ထိုနှစ် နတ်တော်လဆန်း (၁၁) ရက် နေ့တွင် မင်းတရားကြီး ကိုယ်တော်တိုင် ရွှေအုဋ္ဌ် ငွေအုဋ္ဌ် ကြေးနီအုဋ္ဌ် တို့ဖြင့် အုဋ္ဌ်မြစ် ပထမစ၍ ချတော်မူပါသည်။ ထိုနှစ် နှောင်းတန်ခူးလဆန်း (၁၃) ရက်နေ့တွင် ပထမ ဋ္ဌာပနာတိုက် ပြီးပြေတော်မူသဖြင့် သိဒ္ဓတ္ထမင်းသား ဘွားမြင်တော်မူသည်မှ ဒေါနပုဏ္ဏား ဓာတ်တော်များကို ဝေငှသည့်တိုင် ရွှေသားဖြင့် ပြုလုပ်သည့် အခန်းပေါင်း (၉၆) ခန်း ရွှေသား ငွေသား ဆင်းတုတော်ပေါင်း (၁၂၀၀) ကျော်နှင့် ရွှေသားဖြင့်ပြုလုပ်ထားသည့် ဘေးလောင်းတော် ဘိုးလောင်းတော် စသည့်တို့၏ ရုပ်ပွားသဏ္ဍာန်တော်များကို ပင့်ဆောင်တော်မူလျှက် နှောင်းတန်ခူးလဆန်း (၁၄) ရက်နေ့တွင် ဆင်းတုတော်များအား အနေကဇာတင်ပြီးနောက် မင်္ဂလာ အခါတော်နှင့်အညီ အချိန်တော်စေ့ရောက်လျှင် မင်းတရားကြီး ကိုယ်တော်တိုင် အရှေ့မျက်နှာမှစ၍ ဋ္ဌာပနာသွင်း အခမ်းအနား ပြုတော်မူပါသည်။ ကောဇာသက္ကရာဇ် (၁၂၀၀) ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် (၆) ရက် ကြာသပတေးနေ့ နေ့နှစ်ချက်တီးကျော် အချိန်တိုင် ဘုံခုနှစ်ဆင့် ရှိသည့် ထီးတော်ကြီးကို ကြီးကျယ်ခန်းနားစွာ တင်လှူတော်မူ၍ အပြီးတိုင် တည်ဆောက် လှူဒါန်းတော်မူခဲ့ပါသည်။

* အတိုင်းအတာပမာဏ*

စေတီတော်ကြီး၏ ဖိနပ်တော်မှာ အချင်းသံတောင် ခြောက်ဆယ့်နှစ်တောင်နှင့် နှစ်မိုက်ဖြစ်ပါသည်။ စေတီတော်ကြီး၏ အရပ်တော်မှာ ငါးဆယ့်ကိုးတောင် ဖြစ်ပါသည်။ ထီးတော်မှာ အရပ်ကိုးတောင်တမိုက်၊ ထီးတော်ဝ လေးတောင်၊ ဘုံအားဖြင့် ခုနှစ်ဆင့် ဖြစ်ပါသည်။
(ကျောက်စာမူ၊ ဂေါပကအဖွဲ့)

ပွင့်တော်မူ ရုပ်ပွားဆင်းတုတော်
05/05/2013

ပွင့်တော်မူ ရုပ်ပွားဆင်းတုတော်

* ပွင့်တော်မူ ရုပ်ပွားဆင်းတုတော် *

စေတီတော်ကြီး၏ မြောက်ဘက်စောင်းတန်း အနီးရှိ ဂန္ဓကုဋီတိုက်တော်တွင် ကိန်းဝပ်စပ္ပါယ်တော်မူပါသည်။ ရုပ်ပွားဆင်းတုတော်မှာ မူလက အင်္ဂတေမံဘုရားဖြစ်ပြီး (၁၃၄၄) ခုနှစ်၊ ၀ါခေါင်လဆန်း (၂) ရက်နေ့တွင် ရေသပ္ပါယ် သန့်ရှင်းရေး ပြုလုပ်ရာမှ ရွှေရောင်အဆင်းရှိသော ကြေးဆင်းတုတော်အဖြစ် ပွင့်ထွန်းလာသဖြင့် “ပွင့်တော်မူဘုရား” ဟု ရွှေဘွဲ့တံဆိပ်တော် ကပ်လှူပူဇော်ကိုးကွယ်တော်မူကြပါသည်။ ပွင့်တော်မူဘုရား ဆင်းတုတော်တွင် အံ့ဘွယ် (၉) ပါး သွင်ပြင်လက္ခဏာများ ပါရှိသော ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။

* အတုလမုနိ မဟူရာ ရုပ်ရှင်တော် *စေတီတော်ကြီး၏ စနေထောင့် မဟူရာ ဓမ္မာရုံကြီးအတွင်း ကိန်းဝပ်စပ္ပါယ်တော်မူပါသည်။ မဟူရာကျောက်သား...
05/05/2013

* အတုလမုနိ မဟူရာ ရုပ်ရှင်တော် *

စေတီတော်ကြီး၏ စနေထောင့် မဟူရာ ဓမ္မာရုံကြီးအတွင်း ကိန်းဝပ်စပ္ပါယ်တော်မူပါသည်။ မဟူရာကျောက်သားအစစ် ဆင်းတုတော် တစ်ဆူဖြစ်ပါသည်။
ဘကြီးတော်ဘုရားလက်ထက် မဇ္ဇျိမဒေသ၊ မဟာဗောဓိပင်အရပ်မှ ပင့်ဆောင်ခဲ့ပြီး အင်းဝမြို့တော်တွင် တည်ထား ကိုးကွယ်တော် မူခဲ့ပါသည်။ ၁၂၄၉ ခုနှစ်တွင် မိုးကောင်းတိုက် ဆရာတော်ကြီးနှင့် အုတ်ဝန် သံတော်ဆင့် ဦးဖိုးကြီး တို့က မန္တလေးမြို့၊ အိမ်တော်ရာစေတီတော်သို့ ပင့်ဆောင်ပူဇော်ကိုးကွယ်တော်မူခဲ့ပါသည်။

05/05/2013

မဟာလောကရံသီ စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်၊ အင်္ဂါထောင့်၊ စနေထောင့်၊ ရာဟုထောင့် နေရာတို့တွင် တည်ထားကိုးကွယ်တော်မူသော အရံစေတီတော်များပုံ

မဟာလောကရံသီ စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်၊ အင်္ဂါထောင့်၊ စနေထောင့်၊ ရာဟုထောင့် နေရာတို့တွင် တည်ထားကိုးကွယ်တော်မူသော အရံေ...
05/05/2013

မဟာလောကရံသီ စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်၊ အင်္ဂါထောင့်၊ စနေထောင့်၊ ရာဟုထောင့် နေရာတို့တွင် တည်ထားကိုးကွယ်တော်မူသော အရံစေတီတော်များပုံ

အိမ်တော်ရာစေတီတော် မြတ်ကြီး၏ ပရ၀ုဏ် အတွင်းရှိ အများပြည်သူ ကုသိုလ်ရှင်များ ဆောက်လုပ်လှူဒါန်းထားသော စောင်းတန်း၊  ဓမ္မဗိမာန်...
04/05/2013

အိမ်တော်ရာစေတီတော် မြတ်ကြီး၏ ပရ၀ုဏ် အတွင်းရှိ အများပြည်သူ ကုသိုလ်ရှင်များ ဆောက်လုပ်လှူဒါန်းထားသော စောင်းတန်း၊ ဓမ္မဗိမာန်၊ ပြသာဒ်၊ အာရုံခံ၊ ဓမ္မာရုံနှင့် ဇရပ်များပုံ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when အိမ်တော်ရာ စေတီတော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share