Kamboja Visesa Vihara Mandalay

Kamboja Visesa Vihara Mandalay Monastic Education Center. To avoid all evil, to cultivate good, and to cleanse one’s own mind-
this is the teaching of the Buddha. Dhp. 183.

စတုတ္ထအကြိမ်မြောက် ကထိန်  အလှူတော်မင်္ဂလာသာသနာတော်နှစ် ၂၅၆၉ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၃ ရက် ...
03/11/2025

စတုတ္ထအကြိမ်မြောက် ကထိန် အလှူတော်မင်္ဂလာ

သာသနာတော်နှစ် ၂၅၆၉ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၃ ရက် တနင်္ဂနွေနေ့ ခရစ်နှစ် ၂၀၂၅ နိုဝင်ဘာ ၂ (3/11/2025)

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ကျေးဇူးတော်ရှင် ပုံလို့တောရ ဆရာတော် ဘဒ္ဒန္တပညာစာရ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ နမ့်လန်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏောဘာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ပေါ်ကြိုဆရာတော် ဒေါက်တာ ဘဒ္ဒန္တဒေဝိန္ဒ (နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ M.A Sri Lanka)တို့ကို ဦးထိပ်ပန်ဆင်ကာ

ကထိန်ကုသိုလ်ရှင်များဖြစ်ကြသော

၁.ဒေါ်နန်းလှယုံ
၂. ဦးစိုင်းစိုးညွန့်+ဒေါ်နန်းလှထွန်း
၃.ဒေါ်နန်းဥမ္မာဦး
၄.ဒေါ်နန်းစောစိန်ဝင်း
၅.ဦးမျိုးညွန့်+ဒေါ်နန်းပုပ်စမ်း
၆.ဦးစိုင်းလိတ်+ဒေါ်နန်းခမ်းမို
၇.ဦးစိုင်းအောင်ခင်+ဒေါ်နန်းခမ်းအုံ
၈.ဒေါ်နန်းဝါဝါထွေး
၉.(ဦးမိုးမိုး)+ဒေါ်နန်းမိုခမ်း
၁၀.ဦးစိုင်းကောင်ခမ်း+ဒေါ် နန်းမြင့်မြင့်မြိုင်
၁၁.ဦးစိုင်းခမ်းရီ+ဒေါ်နန်းရွှေလေး
၁၂.ဦးသိန်းထွဋ်+ဒေါ်ဝတုတ်(ခ)ဒေါ်ခင်မျိုးသန့်
၁၃.ဦးသိန်းလွင်+ ဒေါ်ခင်ထွေး
၁၄.ဒေါ်အေးယာ
၁၅.ဒေါ်နန်းသင်းသင်းထွန်း
၁၆.ဒေါ်နန်းခင်ဝင်း မိသားစုတို့က

ကမ္ဘောဇဝိသေသဝိဟာရကျောင်း၌ ပုရိမဝါမ ထမြောက်ကုန်သော သံဃာတော်အရှင်သူမြတ်တို့အား သဒ္ဓါရွှင်လန်း နိဗ္ဗာန်ရည်မှန်း လှူဒါန်းကာ
ပင့်ကျောင်း ၂၀ ကျောင်းတွင် သံဃာ ၃၁ ပါးတို့အား ကထိန်သင်္ကန်းနှင့်နဝကမ္မဝတ္ထု၊လှူဖွယ် ဝတ္ထု အစုစု ဆက်ကပ်လှူဒါန်း ရခြင်းကုသိုလ်ကောင်းမှူ​​​ကြောင့် ကုသိုလ်ရှင်များအားလုံးကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း ဘေးရန်အန္တရာယ်ဟူသမျှကင်းလွတ်ခြင်း လိုရာဆန္ဒပြည့်စုံခြင်း အစရှိသောကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံနိုင်ကြပါစေ။ နတ်လူသာဓု ခေါ်စေသောဝ်။
နိဗ္ဗာနဿ ပစ္စယော ဟောတု
သာဓု သာဓု သာဓု

သာသနာတော်နှစ် ၂၅၆၉ ခု ကောဇာသက္ကရာဇ် ၁၃၈၇ ခု သီတင်းကျွတ်လပြည့်နေ့          သီလကန်တော့ပွဲနှင့် အာဟာရကုသိုလ်ရှင်   ဦးဝင်းဇေ...
07/10/2025

သာသနာတော်နှစ် ၂၅၆၉ ခု ကောဇာသက္ကရာဇ် ၁၃၈၇ ခု သီတင်းကျွတ်လပြည့်နေ့

သီလကန်တော့ပွဲနှင့် အာဟာရကုသိုလ်ရှင်

ဦးဝင်းဇော်+ဒေါ်စိုးစိုးအေး
သား မောင်တည်ကြည်ဦး ၊ မောင်ညီညီအောင် မိသားစုမှ
သဒ္ဓါရွှင်လန်း နိဗ္ဗာရည်မှန်း သီလကန်တော့ပွဲနှင့်အာဟာရဒါနလှူဒါန်း ပါသည်။

ဤသို့လူဒါန်းရသော ကုသိုလ်ကောင်းမှူကြောင့် ကုသိုလ်ရှင်မိသားစုအားလုံး အနာရောဂါဟူသမျှ ကင်းလွတ်ပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ဘေးအသွယ်သွယ် ရန်အစွယ်စွယ်မှ ကင်းလွတ်ပြီး လောကီချမ်းသာဟူသော ဓနဥစ္စာကြွယ်ဝ တိုးတက် အောင်မြင်ခြင်းစသည့် ကောင်းကျိုး ချမ်းသာ ကျက်သရေ မင်္ဂလာ အဖြာဖြာတို့နှင့်ပြည့်စုံကြပါစေ။ ကုသိုလ်ရှင်တို့အလိုရှိအပ် တောင်းတအပ် သော လောကုတ္တရာချမ်းသာဟူသော မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာမြတ်ကို မျက်မှောက်ဘဝပြုနိုင်ကြပါစေ။ နတ်လူသာဓုခေါ်စေသော်။
နိဗ္ဗာနဿ ပစ္စယော ဟောတု၊
သာဓု သာဓု သာဓု

ၽႆး EPC မွတ်ႇၵွႃႇ​​သေတ တီႈဝတ်ႉၵမ်ႇ​​ပေႃးၸဝိသဵၸ် ၽႆးလႅင်းယူႇ  ယွၼ်ႉပိူဝ်ႈၸဝ်ႈတႃႇၼၽႆးသႅင်လႅတ်ႇၶဝ်လူႇတၢၼ်းဝႆ့ ၸဵမ်မိူဝ်ႈဝၼ်...
06/10/2025

ၽႆး EPC မွတ်ႇၵွႃႇ​​သေတ တီႈဝတ်ႉၵမ်ႇ​​ပေႃးၸဝိသဵၸ် ၽႆးလႅင်းယူႇ
ယွၼ်ႉပိူဝ်ႈၸဝ်ႈတႃႇၼၽႆးသႅင်လႅတ်ႇၶဝ်လူႇတၢၼ်းဝႆ့ ၸဵမ်မိူဝ်ႈဝၼ်းထိ
10/09/2025 ၼၼ်ႉယဝ်ႉ။

လျှပ်စစ် မီးပျက်လဲ
ကျောင်းမှာ မီးလင်းပါတယ်
ဆိုလာ (Solar) မီးကုသိုလ်ရှင်တွေ လူဒါန်းထားလို့

၁.ဒေါ်နန်းလှယုံ
၂. ဦးစိုးညွန့်+ဒေါ်နန်းလှထွန်း
၃. ဦးစိုင်းလိတ်+ဒေါ်နန်းခမ်းမို
၄. ဦးမျိုးညွန့်+ဒေါ်နန်းပုပ်ခမ်း
၅. ဦးစိုင်းအောင်ခင်+ဒေါ်နန်းခမ်းအုံ
၆. ဦးစိုင်းခမ်းယီ+ဒေါ်နန်းရွှေလေး
၇. ဦးသိန်းထွဋ်+ဒေါ်ဝတုတ်(ခ)ဒေါ်ခင်မျိုးသန့်
၈. ဦးသိန်းလွင်+ ဒေါ်ခင်ထွေး
၉. ဒေါ်အေးယာ
၁၀. ဒေါ်နန်းစောစိန်ဝင်း
၁၁. ဒေါ်နန်းဥမ္မာဦး
၁၂. ဦးစိုင်းကောင်ခမ်း+ဒေါ် နန်းမြင့်မြင့်မြိုင်
၁၃. ဦးမိုးမိုး+ဒေါ်နန်းမိုခမ်း
၁၄. ဒေါ်နန်းဝါဝါထွေး
၁၅. ဒေါ်သင်းသင်းထွန်း
၁၆. ဒေါ်နန်းခင်ဝင်း တို့မိသားစုများမှ 10/09/2025
နေ့မှာ Solar မီးတပ်ဆင် သဒ္ဓါရွှင်လန်း နိဗ္ဗာန်ရည်မှန်းလူဒါန်းခဲ့ပါသည်။

စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် ဤသို့ဆိုလာမီးလှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် ကုသိုလ်ရှင်မိသားစုအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ဝပြီးလုပ်တိုင်းအောင် ဆောင်တိုင်းမြောက်၍ ပညာမျက်စိ ဉာဏ်အသိ၏ အားကြီးရာ အထောက်အပံ့ဖြစ်ကာ မိမိကောင်းကျိုး အများကောင်းကျိုး တိုး၍တိုး၍ ဆောင်ရွက်နိုင်ပါစေ
မဂ်ဖိုလ်နိဗ္ဗာန် ရရာရကြောင်း အထောက်အပံ့ဖြစ်ပါစေ။

ဤ ဆိုလာမီး ကုသိုလ်ရှင် မိသားစု ၁၄ စုများသည် တန်ဆောင်မုန်း လဆန်း ၁၃ ရက် (November 02, 2025)လဲ ကထိန်ခင်းမှာဖြစ်ပါသောကြောင့် ပီတိကုသိုလ်ပွားရန် သတင်းကောင်းပါးလိုက်ပါသည်။ နတ်လူသာဓုခေါ်စေသော်။

နိဗ္ဗာနဿ ပစ္စယော ဟောတု
သာဓု သာဓု သာဓု

ၸဝ်ႈၶူးၺႃႇတိၶမ်းႁဝ်းၶႃႈ လူႇတၢၼ်းမႃး‌ တႃႇဝတ်ႉၵမ်ႇ​​ပေႃးၸ ဝိသဵသ် ဝဵင်းတႃႈလိူဝ်ႇ ငိုၼ်းသိပ်းသႅၼ်ၵျၢပ်ႈၶႃႈ​​ဢေႃႈ။ အလူတော်ငွေ...
18/07/2025

ၸဝ်ႈၶူးၺႃႇတိၶမ်းႁဝ်းၶႃႈ လူႇတၢၼ်းမႃး‌ တႃႇဝတ်ႉၵမ်ႇ​​ပေႃးၸ ဝိသဵသ် ဝဵင်းတႃႈ
လိူဝ်ႇ ငိုၼ်းသိပ်းသႅၼ်ၵျၢပ်ႈၶႃႈ​​ဢေႃႈ။

အလူတော်ငွေ ၁၀ သိန်းကျပ်

ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးချင်းခံရသောကျောင်းကို ပြန်လည်ပြုပြင်မွမ်းမံရန် အတွက် အမေရိကန်နိုင်ငံမှာ ပညာရေးသင်ကြားလေ့လာနေသော စဝ်ခူးဉာတိခမ်း (M.A Assumption University M.A USA) ဦးဆောင်သောဓမ္မမိတ်ဆွေများမှ သဒ္ဓါတရားထက်သန်စွာဖြင့် အလူတော်ငွေ ၁၀ သိန်းကျပ်လှူဒါန်းပါသည်။ နတ်လူသာဓု ခေါ်စေသော်။

စဝ်ခူးဉာတိခမ်း နှင့် ဓမ္မမိတ်ဆွေများအားလုံး နေကောင်းကျန်းမာစိတ်ချမ်းသာစွာဖြင့်
သာသနာတော်ကို ဆက်လက်ထောက်ပံ့လှူဒါန်းနိုင်ကြပါစေ။ ပြည်ပသာသနာပြုခရီးလည်း ဘေးမသီရန်မခဘဲ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး ရေရှည်တည်တံ့ပြန့်ပွားစေရန် ဆောင်ရွက်နိုင်သော သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါစေ။

ဤသို့လှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် စဝ်ခူးဉာတိခမ်းနှင့် ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ဘေးရောဂါမှ ကင်းဝေးလျှက် လောကီလောကုတ္တရာအကျိုးများလဲ တိုးတက်ကြီးပွားနိုင်ကြပါစေ။
နိဗ္ဗာနဿ ပစ္စယော ဟောတု။

ကျောင်းအလှူရှင်တို့၏ကွယ်လွန်ခြင်း ၈ နှစ်ပြည့် ရည်စူးကုသိုလ်တော်ကျောင်းဒါယကာကြီး ခိင်းလွယ်ရွှေကျောင်းအိုက်ဖုန်း + ကျောင်း...
05/07/2025

ကျောင်းအလှူရှင်တို့၏ကွယ်လွန်ခြင်း ၈ နှစ်ပြည့် ရည်စူးကုသိုလ်တော်

ကျောင်းဒါယကာကြီး ခိင်းလွယ်ရွှေကျောင်းအိုက်ဖုန်း + ကျောင်းဒါယိကာမကြီး နိုင်းလွယ်​ရွှေကျောင်းအီဆောင်တို့ ၈နှစ်ပြည့်အား ရည်စူး၍

ကျောင်းထာဝရငွေ ပဒေသာပင် ၅ သိန်း
ဆန် ၁ အိတ်
ပဲဆီသန့် ၁ ပုံး
ခေါက်ဆွဲချောက်ဂျပ်ဖာ ၂ ဖာ

ဒေါ်နန်းအေးလူ (ခ) နန်းဖောင်ခမ်း
သား စိုင်းဂေါင်ခမ်း ၊ စိုင်းဂေါင်ငင်း မိသားစုမှ
သဒ္ဓါရွှင်လန်း နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါသည်။
နတ်လူသာဓုခေါ်စေသော်။

ဤသို့ရည်စူး၍ လှူဒါန်းရသော ကုသိုလ်ကောင်းမှူကြော်င့် ကွယ်လွန်သူ ကျောင်းဒါယကာကြီး ခိင်းလွယ်ရွှေကျောင်းအိုက်ဖုန်း + ကျောင်းဒါယိကာမကြီး နိုင်းလွယ်​ရွှေကျောင်းအီဆောင် တို့သည် ရောက်ရာဘုံဌာနမှ သာဓုခေါ်ဆိုနိုင်ပြီး ပို၍ မြင့်မြတ် သော ဘုံဘဝသို့ရောက်ရှိစံစား ခံစားနိုင်ပါစေ။

ကုသိုလ်ရှင် မိသားစုတို့လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် သာသနာတော်ကို ဆက်လက်ထောက်ပံ့လှူဒါန်းနိုင်ပါစေ။ ကုသိုလ်ရှင်မိသားစုတို့ အလိုရှိအပ် တောင်းတအပ် သော လောကုတ္တရာချမ်းသာဟူသော မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာမြတ်ကို မျက်မှောက်ဘဝပြုနိုင်ကြပါစေ။

နိဗ္ဗာနဿ ပစ္စယော ဟောတု၊
သာဓု သာဓု သာဓု

04/06/2025
သာသနာတော်နှစ် ၂၅၆၉ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လဆုတ် ၃ ရက်(14/05/2025) ရေသန့်ကပ် ကုသိုလ်ရှင်များ             ...
14/05/2025

သာသနာတော်နှစ် ၂၅၆၉ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လဆုတ် ၃ ရက်(14/05/2025)

ရေသန့်ကပ် ကုသိုလ်ရှင်များ

1. ဦးမြင့်ဆောင်+ဒေါ်တင်နွယ် ၅ ကပ်
2. ဦးဘိုထွန်း+ဒေါ်မို့ ၅ ကပ်
3. ကိုအောင်ကို+မမော်မော်အေး ၅ ကပ်
4. စိုင်းသန်းအောင်အားရည်စူး၍ မမော်မော်ဆွေ ၅ကပ်
5. မိုးပွင့် (စားသောက်ကုန်ကြမ်းနှင့် စက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး) မိသားစုမှ ၃၀ ကပ်
စုစုပေါင်း ၅၀ ကပ်လူဒါန်းပါသည်။

စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် သောက်ရေသန့်ဆက်ကပ်လှူဒါန်းရသော ကုသိုလ် ကောင်းမှူကြောင့်
၁။ ကိုယ်စိတ်နှစ်ပါး သန့်ရှင်းစင်ကြယ်ခြင်း
၂။ ဂုဏ်သတင်းကျော်စောခြင်း
၃။ အခြွေအရံပေါများခြင်း
၄။ လျင်မြန်ပေါ့ပါးခြင်း
၅။ ငတ်မွတ်မှု့မရှိခြင်း
၆။ အသက်ရှည်ခြင်း
၇။ အဆင်းလှခြင်း
၈။ ချမ်းသာရခြင်း
၉။ ခွန်အားဗလကြီးမားခြင်း
၁၀။ ဥာဏ်ပညာကြီးမားခြင်း
အစရှိသော ကောင်းကျိုးများ ကုသိုလ်ရှင်မိသားစုတို့အား ကိုယ်စီကိုယ်ငှရရှိခံစားနိုင်ကြကုန်သော ကုသိုလ်ရှင်များဖြစ်ကြပါစေ။
ဤကဲ့သို့ ရေသန့်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှူ၏အဖို့ဘာဂကို ကုသိုလ်ရှင်မိသားစုအားလုံးတို့နှင့်တကွ လူနတ်ဗြဟ္မာသတ္တဝါအားလုံး ကုသိုလ်ရှင်မိသားစုအားလုံးတို့နှင့်အမျှထပ်တူရနိုင်ကြပါစေ။ နတ်လူသာဓုခေါ်စေသော်

နိဗ္ဗာနဿ ပစ္စယော ဟောတု
သာဓု သာဓု သာဓု

နှစ်သစ်ဦး လမ်းကုသိုလ်ရှင်  (ကျောင်းအဝင်ပေါက်သံလမ်း) ဒေါ်တွေးကြည်ကာရည်စူး၍  ဦးဖိုးစိန်(မိသားစု)ကောင်းမှု့ လမ်းလှူရခြင်းအ...
17/04/2025

နှစ်သစ်ဦး လမ်းကုသိုလ်ရှင်
(ကျောင်းအဝင်ပေါက်သံလမ်း)

ဒေါ်တွေးကြည်ကာရည်စူး၍
ဦးဖိုးစိန်(မိသားစု)ကောင်းမှု့

လမ်းလှူရခြင်းအကျိုး (၅)ပါး

၁။မိမိကိုယ်တိုင် သွားချင်တဲ့ လမ်းခရီး နေရာကို အမြန်ရောက်နိုင်တယ်။

၂။ လမ်းခရီးမှာ ဘေးဘယာကင်း ရန်စွယ်ရှင်းပြီး အေးချမ်းစွာ သွားလာရောက်နိုင်တယ်။

၃။လောကဓံကြမ်း ဒုက္ခလမ်းကို ချောမွေ့စွာ ကျော်ဖြတ်နိုင်တယ်။

၄။နောက်နောင်ဘဝတွေမှာ ကောင်းရာသုဂတိဘုံကို ရောက်နိုင်တယ်။

၅။ဘဝချုပ်ငြိမ်း ဒုက္ခသိမ်းရာ နိဗ္ဗူတာ ကောင်းစွာရောက်နိုင်တယ် ။

သို့ပါသောကြောင့် အလှူရှင်များနှင့်အတူတကွ ပါရမီရှင်အပေါင်းတို့သည်
အကျိုးသိမှတ်ကုသိုလ်မြတ်ကို ချိန်ခါမဆိုင်းပြုနိုင်ကြပါစေလို့ ကျေးဇူးတော်ရှင် ပုံလို့ဆရာ တော်ဘုရားကြီး ဘဒ္ဒန္တ ပညာစာရ (အဂ္ဂမဟာကမ္မဌာနာစရိယ)အား ဦးထိပ်ထားလျှက် ကမ္ဘောဇဝိသေသကျောင်းမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်

ဤကုသိုလ်ကောင်းမှူကြောင့် ကွယ်လွန်သွားသော ဒေါ်တွေးကြည်ကာလဲ ကောင်းရာသုဂတိဘုံဘဝမှာ စံစားခံစာနိုင်ပါစေ။

"မြန်မာနှစ်သစ်ကူး(၁၃၈၆-၈၇)ဆုတောင်း မေတ္တာပို့" မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊နှစ်သစ်အချိန်ခါသမယမှစ၍ ကမ္ဘ...
17/04/2025

"မြန်မာနှစ်သစ်ကူး(၁၃၈၆-၈၇)ဆုတောင်း မေတ္တာပို့"

မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊နှစ်သစ်အချိန်ခါသမယမှစ၍ ကမ္ဘာသူကမ္ဘာသားအားလုံး မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအန္တရာယ်အပေါင်း သဘာဝဘေးအန္တရာယ်အပေါင်းတို့မှ ကင်းဝေးကြပါစေ ကျန်းမာချမ်းသာကြပါစေ။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းပါစေ၊ငြိမ်းချမ်းပါစေလို့ ကျေးဇူးတော်ရှင် ပုံလို့ဆရာ တော်ဘုရားကြီး ဘဒ္ဒန္တ ပညာစာရ (အဂ္ဂမဟာကမ္မဌာနာစရိယ)အား ဦးထိပ်ထားလျှက် ကမ္ဘောဇဝိသေသကျောင်း(မန္တလေး) မှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်

မသိုးသင်္ကန်းကပ်လူပူဇော်ခြင်းသာသနာတော်နှစ် ၂၅၆သက္ကရာဇ် ၁၃၈၆ ခုနှစ်  တန်ဆောင်မုန်းလပြည့်နေ့  လောကဝိဇယ (လောကမုနိ) ဗုဒ္ဓရုပ...
16/11/2024

မသိုးသင်္ကန်းကပ်လူပူဇော်ခြင်း

သာသနာတော်နှစ် ၂၅၆သက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့

လောကဝိဇယ (လောကမုနိ) ဗုဒ္ဓရုပ်ပွားတော်အား

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ကျေးဇူးတော်ရှင် နမ့်လန်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဉာဏောဘာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ကျေးဇူးတော်ရှင် ပုံလို့တောရ ဆရာတော် ဘဒ္ဒန္တပညာစာရ (အဂ္ဂမဟာကမ္မဌာနာစရိယ) အမှူးထား၍

ဦးစိုင်းသိန်းထွေးနှင့်ဦးစိုင်းလိတ်တို့မှ ဦးစီးဦးဆောင်၍ ကျောင်းတိုက်၌ ဗုဒ္ဓရုပ်ပွားတော်များတို့အား တန်ဆောင်းမုန်းလပြည့်နေ့ ဆရာနှင့်ဒကာ/မများ မသိုးသင်္ကန်းကပ်လူ ပူဇော်ပါသည်။
နတ်လူသာဓု ခေါ်စေသော်
သာဓု သာဓု သာဓု

ယနေ့ 11/11/2024 အရုဏ်ဆွမ်း ကုသိုလ်ရှင်        ဦးကြင်ဆွေ+ဒေါ်ခင်အေးလွင်  ကိုငြိမ်းချမ်း+မနှင်းမိုးလှိုင် မိသားစုတို့မှဆက်...
11/11/2024

ယနေ့ 11/11/2024 အရုဏ်ဆွမ်း ကုသိုလ်ရှင်

ဦးကြင်ဆွေ+ဒေါ်ခင်အေးလွင်
ကိုငြိမ်းချမ်း+မနှင်းမိုးလှိုင် မိသားစုတို့မှဆက်ကပ်လှူဒါန်းပါသည်။

ဤသို့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းရသောကုသိုလ်ကောင်းမှုအစုစုတို့ကြောင့် ကုသိုလ် ရှင်မိသားစုအား ကိုယ်ကျန်းမာ စိတ်ချမ်းသာကာ ဘေးရန်အန္တရာယ်ခပ်သိမ်းကင်း ငြိမ်းကြပါစေ။ နိဗ္ဗာန်၏ရောက်ရာရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေ။

ဤကဲ့သို့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းရသောကုသိုလ်ကောင်းမှူ၏အဖို့ဘာဂကို ကုသိုလ်ရှင်မိသားစုအားလုံးတို့နှင့်တကွ လူနတ်ဗြဟ္မာသတ္တဝါအားလုံး ကုသိုလ်အမျှ ထပ်တူထပ်မျှရနိုင်ကြပါစေ။နတ်လူ သာဓု ခေါ်စေသော်။

နိဗ္ဗာနဿ ပစ္စယော ဟောတု
သာဓု သာဓု သာဓု

ပညာပါရမီနှင့် ကျောင်းတိုက်ထာဝရငွေပဒေသာပင် ကုသိုလ်ရှင် 1. ကွယ်လွန်လေပြီးဖြစ်ကြသော နှစ်ဖက် အဖိုးအဖွားများနှင့် နှစ်ဖက်မိခင...
09/11/2024

ပညာပါရမီနှင့် ကျောင်းတိုက်ထာဝရငွေပဒေသာပင် ကုသိုလ်ရှင်

1. ကွယ်လွန်လေပြီးဖြစ်ကြသော နှစ်ဖက် အဖိုးအဖွားများနှင့် နှစ်ဖက်မိခင်များဖြစ်ကြသည့် (ဒေါ်နန်းမြအေး) (ဒေါ်နန်းခင်ထွေးမြိုင်) အစ်ကိုဖြစ်သည့် (ဦးစိုင်းထွန်း မင်ဦး) တို့အား ရည်စူး၍ နှစ်ဖက်ဖခင်ဖြစ်ကြသည့် ဦးစိုင်းသိန်းထွေး ၊ဦးကျော်မင်းတို့အား အမှူးထား၍
စိုင်းကောင်ခမ်း+နန်းမင်းမင်းမြိုင် (ထာဝရငွေ ပဒေသာပင်) 2,420,000
2. အစ်ကို ဖြစ်သည့် (ဦးစိုင်းထွန်းမင်းဦး) အားရည်စူး၍
စိုင်းကောင်ခမ်း+နန်းမင်းမင်းမြိုင် ပညာပါရမီ) 1,000,000
3. စိုင်းထွန်းလှိုင်+နန်းရွှေယု (ထာဝရငွေပဒေသာပင်) 50,000
4. ဦးအောင်မြင့်+ဒေါ်နန်းခမ်းလိတ် လားရှိူးမြို့ ပညာပါရမီ 100,000
5. ဦးစိုင်းပေါင်း+ဒေါ်နန်းအုန်းခင် ပညာပါရမီ 500,000
6. ဦးစိုင်းခမ်းယီ+ဒေါ်နန်းရွှေလေး
သင်္ကန်းတစ်စုံနှင့် ထာဝရငွေပဒေသာပင်) 200,000

ဤသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းရသော ပညာပါရမီနှင့် ကျောင်းတိုက်ထာဝရငွေပဒေသာပင်၏ကုသိုလ်ကောင်းမှုကြောင့် အလှူရှင် မိသားစုအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်ကြပါစေ၊ဘေးရန်ခပ် သိမ်းကင်းဝေးကြပါစေ၊ ရောဂါခပ်သိမ်းကင်းလွတ်ပါစေ၊ လိုရာခပ်သိမ်းပြည့်စုံကြပါစေ၊ ဓနဥစ္စာရတနာ ဟူသမျှတို့လည်း နေစဉ်နေ့တိုင်းတိုး၍ အလိုရှိတဲ့အတိုင်း အောင်မြင်ကြပါစေ၊ ကုသိုလ်ရှင် မိသားစုတို့ အလိုရှိအပ် တောင်းတအပ် သောလောကုတ္တရာ ချမ်းသာဟူသော မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာမြတ်ကို မျက်မှောက်ဘဝပြုနိုင်ကြပါစေ။ နတ်လူသာဓုခေါ်စေသော်။
နိဗ္ဗာနဿ ပစ္စယော ဟောတု၊
သာဓု သာဓု သာဓု

Address

Bet: 46th & 47 St, 123 Street, Pyi Gyi Tagon Tsp
Mandalay

Alerts

Be the first to know and let us send you an email when Kamboja Visesa Vihara Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Kamboja Visesa Vihara Mandalay:

Share