21/08/2026
🙏ယနေ့ အရုဏ်ဆွမ်းအလှူရှင်🙏
ဦးတင်မြိုင် +ဒေါ်စန်းညွန့် တို့အား
ရည်စူးအမှူးထား၍
မောင်ဆန်းဘို(ခ) Bo Bo Florist ၏
မွေးနေ့ကုသိုလ်အဖြစ်
မကွေးမြို့၊ မဟာဝိသုတာရာမတိုက်သစ်
ဘုရားအမှူးရှိသော
စာချစာသင်သံဃာတော်အပေါင်းအား
မွန်မြတ်လှစွာသော
အရုဏ်ဆွမ်းနှင့် နဝကမ္မတို့ကို
သဒ္ဓါရွှင်လန်း
ဆက်ကပ်လှူဒါန်းကြပါသည်။
🙏🙏🙏
🙏ဤကောင်းမှုသည် မွေးနေ့ရှင်နှင့်တကွ မိဘဘိုးဘွားဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား အသက်ရှည်ကြာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းမှုမင်္ဂလာဖြစ်ခြင်းနှင့်တကွ
ဒုက္ခငြိမ်းရာနိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေသော်။🙏
မြင်,ကြားသိသူ၊ များဗိုလ်လူလည်း၊ ကုသိုလ်ရှင်နှင့်၊ ညီတူညီမျှ၊ ထပ်တူရ၍၊ နှလုံးစိတ်ဝမ်း၊ အေးချမ်းကြသည်၊ ဖြစ်ကြပါစေသော်ဝ်။
၁၃၈၈-ခုနှစ်၊ ဝါခေါင်လဆန်း (၈)ရက်
သောကြာနေ့။
21.8.2026