Myanmar National Outreach Ministry

Myanmar National Outreach Ministry This is the official page for Myanmar National Outreach. It's a Ministry that focuses on reaching the unreached people groups in Myanmar with the Gospel.

E.B.S First Semester final exam.
12/10/2023

E.B.S First Semester final exam.

13/02/2023
ကျေးဇူးတော်ကြောင့် ကျမ်းစာအုပ် ပြန်မှာထားတာ ရောက်လာပါပြီ။ အရင်တစ်ခေါက် မရလိုက်သူများ ဆက်သွယ်နိုင်ပါတယ်။ လားရှိုးမြို့နဲ့...
27/01/2023

ကျေးဇူးတော်ကြောင့် ကျမ်းစာအုပ် ပြန်မှာထားတာ ရောက်လာပါပြီ။ အရင်တစ်ခေါက် မရလိုက်သူများ ဆက်သွယ်နိုင်ပါတယ်။

လားရှိုးမြို့နဲ့ အနီးတဝှိက်မှ ယုံကြည်သူများ၊ အမှုတော်ဆောင်များနှင့် အသင်းတော်များကို ဦးစားပေးပါမည်။

ဝယ်ယူစရိတ်နဲ့ သယ်ယူစရိတ် မြင့်မားလာသည့်အတွက် ကျမ်းစာအုပ်လာယူမည့်သူများ မိမိ စေတနာ ရှိသလောက် အလှူငွေအားဖြင့် ပါဝင်ပေးပါရန် တောင်းဆိုလိုပါတယ်။

အမှုတော်မြတ်၌
ဆရာ ဂျွန်

သမ္မာကျမ်းစာ ဩဝါဒ၏ အရေးပါပုံ သမ္မာကျမ်းစာနှင့် ပတ်သက်သော ဩဝါဒ လေ့လာခြင်းသည် ယုံကြည်သူတိုင်းအတွက် အလွန်ပင် အရေးပါသည်။ ထို...
30/09/2022

သမ္မာကျမ်းစာ ဩဝါဒ၏ အရေးပါပုံ

သမ္မာကျမ်းစာနှင့် ပတ်သက်သော ဩဝါဒ လေ့လာခြင်းသည် ယုံကြည်သူတိုင်းအတွက် အလွန်ပင် အရေးပါသည်။ ထိုသို့ အရေးပါရခြင်း အကြောင်းရင်းများစွာ ရှိနိုင်သည့်အနက် အဓိက အခြေခံကျသည်ဟု ယူဆရသော အကြောင်းရင်း သုံးခုကို အောက်မှာ ဖော်ပြပါမည်။ ၁။ သမ္မာကျမ်းစာဩဝါဒသည် ဩဝါဒအားလုံး၏ အခြခံအုတ်မြစ်ဖြစ်သည်။ သမ္မာကျမ်းစာအပေါ်၌ ထားရှိသည့် ခံယူချက်က တခြားဩဝါဒနှင့် ပတ်သက်သော ခံယူချက်များအပေါ်၌လည်း အကျိုးသက်ရောက်မှု ရှိစေသည်။ ဥပမာ - သမ္မာကျမ်းစာသည် တချို့နေရာတွေမှာ အမှားပါနိုင်သည်ဟု ခံယူထားပါက ကျမ်းစာထဲက အကြောင်းအရာတော်တော်များများကို သံသယဝင်လာလိမ့်မည်။ သင် နားမလည်နိုင်သည့် အပိုင်းများကို မှားသည်ဟု ယူဆလာနိုင်သည်။ ခရစ်ယာန် ယုံကြည်ချက် အားလုံးသည် သမ္မာကျမ်းစာ၏ သွန်သင်ချက်အပေါ်၌ အခြေခံထားသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ခံယူချက်များ မှန်သည်၊ မှားသည်ဟု တိကျစွာ သိရှိရန်မှာ သမ္မာကျမ်းစာ ဩဝါဒကို လေ့လာခြင်းမှ ရရှိနိုင်သည့် အကျိုးဖြစ်သည်။ …...

သမ္မာကျမ်းစာ ဩဝါဒ၏ အရေးပါပုံ သမ္မာကျမ်းစာနှင့် ပတ်သက်သော ဩဝါဒ လေ့လာခြင်းသည် ယုံကြည်သူတိုင်းအတွက် အလွန်ပင် ...

ဆရာ ရဲထွေးနှင့် မိသားစု၏ ဧဝံဂေလိ လုပ်ငန်းအတွက် လိုအပ်နေတဲ့ ဆိုင်ကယ်ကို ပေးလှူတဲ့ အလှူရှင် အပေါ်မှာသော်လည်းကောင်း ဆရာ ရဲထ...
28/05/2022

ဆရာ ရဲထွေးနှင့် မိသားစု၏ ဧဝံဂေလိ လုပ်ငန်းအတွက် လိုအပ်နေတဲ့ ဆိုင်ကယ်ကို ပေးလှူတဲ့ အလှူရှင် အပေါ်မှာသော်လည်းကောင်း ဆရာ ရဲထွေးတို့ မိသားစုအပေါ်၌သော်လည်းကောင်း ဘုရားသခင် ဆက်လက်ကောင်းကြီးပေးပါစေ။

ဧဝံဂေလိ သတင်းကောင်းအကြောင်း ဖတ်ပေးပြီး သူငယ်ချင်းများအတွက်လည်း share ပေးလိုက်ပါ။
30/04/2022

ဧဝံဂေလိ သတင်းကောင်းအကြောင်း ဖတ်ပေးပြီး သူငယ်ချင်းများအတွက်လည်း share ပေးလိုက်ပါ။

ဧဝံဂေလိ သတင်းကောင်းဟာ ခရစ်ယာန် ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ဧဝံဂေလိ သတင်းကောင်းသာမရှိခဲ့လျှင် .....

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျမ်းစာအုပ်တွေ ပြန်ရောက်လာပါပြီ။ အကြီး (ရွှေရောင်) = 24 အုပ်အလတ် (ငွေရောင်) = 32 အုပ်ကျမ်း...
13/01/2022

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျမ်းစာအုပ်တွေ ပြန်ရောက်လာပါပြီ။

အကြီး (ရွှေရောင်) = 24 အုပ်
အလတ် (ငွေရောင်) = 32 အုပ်

ကျမ်းစာအုပ်များကို အခမဲ့ ဖြန့်ဝေလေ့ရှိပေမယ့် ခေတ်ကာလ အခက်အခဲကြောင့် စျေးနှုန်းတွေ တက်သွားတာကြောင့် ဒီတစ်ကြိမ်တော့ ခါတိုင်းလို လုံးလုံး အခမဲ့ နဲ့ ပေးဖို့ အခက်အခဲ ရှိလာပါတယ်။

ထို့ကြောင့် ကျမ်းစာအုပ်လိုချင်သူများအနေဖြင့် အရေအတွက် အကန့်အသတ်ဖြင့်သာ ရရှိနိုင်မှာဖြစ်ပြီး တစ်အုပ်ကို (အကြီးပဲဖြစ်ဖြစ် အလတ်ပဲဖြစ်ဖြစ်) ၇၀၀၀ ကျပ် (ခုနှစ်ထောင်ကျပ်) နှုန်းဖြင့် အလှူငွေကောက်ခံသွားပါမည်။
ဤကဲ့သို့ အလှူငွေ ကောက်ရခြင်းကလည်း နောက်ထပ် ကျမ်းစာ လိုအပ်သူများအတွက် ကျမ်းစာအုပ်များ နောက် ​ ထပ် ဝယ်ယူနိုင်ဖို့အတွက်ဖြစ်ပါသည်။

လားရှိုးမြို့နှင့် အနီးတဝိုက်မှာ နေထိုင်သော ယုံကြည်သူများ၊ အမှုတော်ဆောင်များ ကျမ်းစာအုပ် လိုအပ်ပါက အောက်ပါ ဖုန်းသို့ ဆက်သွယ်နိုင်ပါသည်။

ဆရာဂျွန်
09250752512

မှတ်ချက် ။ အမှန်တကယ် လိုအပ်သောသူများကို ဦးစားပေးပါမည်။

Christmas သတင်းကောင်း ************************The reason for the seasonChristmas ဟာ ယေရှု မွေးနေ့လို့ အများက သိကြပါတယ်။ ...
01/12/2021

Christmas သတင်းကောင်း
************************
The reason for the season

Christmas ဟာ ယေရှု မွေးနေ့လို့ အများက သိကြပါတယ်။ သို့သော် Christmas နေ့မှာ ယေရှု မွေးဖွားတယ်ဆိုတဲ့ သမိုင်းအထောက်အထားမရှိသလို ခရစ်ယာန် သမ္မာကျမ်းစာကလည်း ဖော်ပြမထားပါဘူး။ သို့စေကာမူ ဤလောကမှာ ယေရှု မွေးလာပြီး ၃၃ နှစ်ကျော် အသက်ရှင်ခဲ့တယ် ဆိုတာကိုတော့ သမိုင်းအထောက်အထား ခိုင်လှုံစွာရှိသလို သမ္မာကျမ်းစာကလည်း အတိအလင်း ဖော်ပြထားပါတယ်။ ထို့ကြောင့် Christmas နေ့ဟာ ယေရှုမွေးနေ့ဟု အတိအကျ ပြောလို့မရပေမယ့် ယေရှုမွေးနေ့ကို အောက်မေ့သောနေ့အဖြစ် သတ်မှတ်လို့ရပါတယ်။

အရာရာတိုင်းမှာ ဖြစ်တည်လာရတဲ့ အကြောင်းရင်းရှိကိုရှိတယ်။ ဘယ်အရာမဆို ဖြစ်စေသောသူရှိမှ ဖြစ်တည်လာရခြင်းဖြစ်သလို ဖြစ်စေသောသူကလည်း တိကျသော ရည်ရွယ်ချက်နဲ့ အရာအားလုံးကို ဖြစ်တည်စေပါတယ်။

အရာအားလုံးကို ဖြစ်တည်စေသောသူဟာ ထာဝရဘုရား ဖြစ်ပါတယ်။ ထိုဘုရားသာ စစ်မှန်သော ဘုရားဖြစ်တယ်။ သူ့အကြောင်းကို သမ္မာကျမ်းစာထဲမှာ ရေးသားဖော်ပြထားပါတယ်။ စစ်မှန်သော ထာဝရဘုရားအကြောင်းကို သမ္မာကျမ်းစာ ဖတ်ရှုခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ သူသည်အရာအားလုံးကို တတ်စွမ်းသောဘုရား၊ အရာအားလုံးကို သိမြင်သော ဘုရား၊ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောဘုရား၊ တရားမျှတသောဘုရား၊ သန့်ရှင်းသောဘုရား ဘယ်တော့မှ မပြောင်းလဲသောဘုရားဖြစ်ပါတယ်။

အရာခပ်သိမ်းကို ဖြစ်တည်စေသော ဘုရားသခင်က လူသားများကိုလည်း ဖြစ်တည်စေပါတယ်။ သိပ္ပံပညာရှင်များပြောသကဲ့သို့ လူသားဟာ သူ့အလိုလို ဆင့်ကဲဖြစ်စဥ်ကြောင့် ​မျောက်မှ တစ်ဆင့်ပြီးတစ်ဆင့် လူအဖြစ်သို့ ကူးပြောင်း ဖြစ်တည်လာတာမဟုတ်ပါ။ အစကတည်းကပင် လူသားဟာ လူသားအဖြစ် ရှိခဲ့သလို မျောက်ဟာလည်း အစကနေ မျောက်အဖြစ် ရှိခဲ့ပါတယ်။ မျောက်ကနေ လူအဖြစ်သို့ ကူးပြောင်းတဲ့သက်သေ ယနေ့ထိ မတွေ့နိုင်သေးပါ။ အကြောင်းရင်းကတော့ မျောက်ကနေလူဖြစ်တယ်ဆိုတာ မရှိသောကြောင့် ဖြစ်ပါတယ်။

ထာဝရဘုရားက လူကို ထူးခြားစွာ ဖန်ဆင်းထားတယ်။ တိရစ္ဆာန် တို့ထက် အဆပေါင်းများစွာ သာလွန်အောင် ဖန်ဆင်းထားပါတယ်။ အသိဥာဏ်၊ အမှားအမှန် ပိုင်းခြားတတ်ခြင်း၊ နောင်ဘဝအကြောင်း အသိတရားရှိခြင်း၊ လွတ်လပ်စွာ ရွေးချယ်နိုင်ခြင်း၊ ခံစားချက်များ ဖော်ပြနိုင်ခြင်း၊ မသေနိုင်သော ဝိညာဥ်ရှိခြင်း စသည်တို့က လူကို အထူးခြားဆုံး သတ္တဝါ ဖြစ်စေတယ်။

ပထမဆုံး လူသားဖြစ်သော အာဒံနှင့်ဧဝတို့ကို ဘုရားသခင်က ထိုကဲ့သို့ ထူးခြားစွာ ဖန်ဆင်းထားပါတယ်။ သူတို့ကို ဖန်ဆင်းပြီးနောက် လိုလေသေးမရှိတဲ့နေရာ ဧဒင်ဥယျဥ်မှာ သူတို့ကို ထားတယ်။ ထိုဥယျဥ်ထဲ၌ သူတို့အတွက် ခန္ဓာပိုင်းဆိုင်ရာ လိုအပ်သည့်အရာအားလုံး ရှိတယ်။ စားဝတ်နေရေး အတွက် လုံးဝ ပူပင်စရာမလိုသည့် နေရာဖြစ်ပါတယ်။

ဘုရားသခင်က ပထမဆုံးလူသားကို ထူးခြားစွာ ဖန်ဆင်းရခြင်းဟာ သူ့ကို သိ၍ ချစ်တတ်၊ နာခံတတ်ဖို့ ဖြစ်ပါတယ်။ မည်သူမဆို မိမိဖန်ဆင်းထားတဲ့အရာကို ကိုယ့်အလိုအတိုင်း နေစေချင်မှာ သေချာပါတယ်။ ဘုရားသခင်လည်း ထိုနည်းတူပါဘဲ။ သူဖန်ဆင်းထားတဲ့လူကို သူ့အလိုအတိုင်း အသက်ရှင်စေလိုတယ်။ သို့သော် လူသားကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် ဖန်ဆင်းထားတဲ့အတွက် လူသားဟာ သူ့အလိုအလျောက် ဘုရားသခင်ကို နာခံဖို့၊ ချစ်ဖို့ ရွေးချယ်ရမည်။

ထို့ကြောင့် ဘုရားသခင်က ပထမဆုံးဖန်ဆင်းထားတဲ့ လူသားဖြစ်သော အာဒံနှင့် ဧဝတို့ဟာ သူတို့၏ ရွေးချယ်ပိုင်ခွင့်ကို မှန်ကန်စွာ အသုံးပြုမလား မပြုဘူးလား သိရှိနိုင်ရန် သူတို့ နေထိုင်သည့် ဧဒင်ဥယျဥ်၏ အလယ်မှာ သူတို့ မစားသင့်သော အပင်တစ်မျိုးနှင့် စားသင့်သော အပင်တစ်မျိုး စိုက်ပေးထားတယ်။ သူတို့ စားသင့်သော အပင်ကို အသက်ပင်ဟုခေါ်၍ မစားသင့်သောအပင်ကို ကောင်းမကောင်း သိကျွမ်းရာအပင်ဟုခေါ်သည်။ ဘုရားသခင်က ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို မစားရန် ဘုရားသခင်ကလည်း သူတို့ကို မိန့်မှာထားတယ်။ သူတို့၏ ရွေးချယ်ပိုင်ခွင့်ကို မှားမသုံးမိစေရန် သတိပေးခြင်း ဖြစ်ပါတယ်။ အကယ်၍ သူတို့က မှားယွင်းတဲ့ ရွေးချယ်မှုကြောင့် မစားသင့်တဲ့အသီးကို စားပါက ဘုရားသခင်နှင့် အဆက်အသွယ် ပြတ်သွားမှာဖြစ်ပြီး နောက်ဆုံးမှာ ခန္ဓာသေခြင်းနဲ့လည်း ကြုံရမှာဖြစ်ပါတယ်။

ထိုအချိန်မှာ နတ်ဆိုးတို့၏ ခေါင်းဆောင်ဖြစ်တဲ့ စာတန်က ဧဝအား မစားသင့်သော အသီး စားအောင် လှည့်ဖျားလိုက်တယ်။ ဧဝကလည်း စာတန်၏ လှည့်စားခြင်းကို သတိမထားမိဘဲ မစားသင့်တဲ့အသီးကို ခူးစားကာ အာဒံကိုလည်း စားစေတယ်။ ထိုသို့ နှစ်ယောက်စလုံး ဘုရားသခင်က မစားရန် တားမြစ်ထားတဲ့အသီးကို စားဖို့ ရွေးချယ်သောကြောင့် ဘုရားသခင်နဲ့ အဆက်အသွယ် ပြတ်သွားတယ်။ သူတို့က သူတို့ကို ဖန်ဆင်းတဲ့သူ ဘုရားသခင်၏ စကား နားမထောင်ဘဲ နတ်ဆိုးတို့၏ ခေါင်းဆောင် စာတန်၏ စကားကို နားထောင်သောကြောင့် ဘုရားသခင်နဲ့ မတည့်နိုင်တော့ပါ။ လူသားဟာ ဘုရားသခင်၏ ရန်သူဖြစ်သွားတယ်။ ထို့ကြောင့် ဘုရားသခင် ပြောထားသည့်အတိုင်း နောက်ဆုံးမှာ ခန္ဓာ သေခြင်းနှင့် ကြုံရမှာဖြစ်သလို ဘုရားသခင်နဲ့လည်း ထာဝရ ခွဲခွာရတော့မှာဖြစ်တယ်။

ယနေ့လူသားအားလုံးဟာ အာဒံနှင့်ဧဝအားဖြင့် ဆင်းသက်လာကြသူများဖြစ်ပါတယ်။ အာဒံနဲ့ ဧဝဟာ သူတို့၏ မနာခံမှုကြောင့် ဘုရားသခင်နဲ့အဆက်အသွယ်ပြတ်သွားသကဲ့သို့ ယနေ့လူသားအားလုံးသည်လည်း ဘုရားသခင်နဲ့ အဆက်အသွယ် ပြတ်ပြီး မွေးလာကြတယ်။ နောက်ဆုံးမှာ ခန္ဓာ သေခြင်းနှင့်လည်း ရင်ဆိုင်ရတယ်။ ထို့ပြင် တမလွန်ဘဝမှာ ဘုရားသခင်နဲ့ ထာဝရ ခွဲခွာရမှာဖြစ်တယ်။

ဘုရားသခင်က စာတန်နှင့် သူ၏ နောက်လိုက်များအတွက် ပြင်ဆင်ထားတဲ့ အပယ်ငရဲဆိုတာရှိတယ်။ အပယ်ငရဲဟာ ထာဝရ မငြိမ်းနိုင်တဲ့ မီးအိုင်ကြီးဖြစ်ပါတယ်။ စာတန်၏ နောက်ကို လိုက်သွားတဲ့ လူသားဟာလည်း နောင်တမလွန်ဘဝမှာ စာတန်နဲ့အတူ အပယ်ငရဲသို့ သွားရမယ်။

ထိုအရာကို လူတိုင်းက သိနေတယ်။ ထို့ကြောင့်လည်း ဘာသာတရားအားဖြင့် အဖြေရှာနေကြပါတယ်။ မိမိကုသိုလ်ကိုအားကိုးပြီး အပယ်ငရဲမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေကြပါတယ်။ သို့သော် ထိုဘာသာတရားတွေမှာ အဖြေမရှိပါဘူး။ လိုအပ်နေတဲ့တစ်ခုတည်းသော အဖြေဟာ ဖန်ဆင်းရှင် ထာဝရ ဘုရားနဲ့ အဆက်အသွယ်ပြန်လုပ်နိုင်ဖို့ဖြစ်တယ်။ အကယ်၍ လူသားနဲ့ ဘုရားကြားမှာ ပြန်လည် တည့်မတ်နိုင်ပါက ​နောင်တမလွန်ဘဝမှာ လူသားဟာ စာတန်အတွက် ပြင်ဆင်ထားတဲ့ အပယ်ငရဲမှာ သွားစရာမလိုဘဲ ဘုရားသခင်ကိုယ်တိုင် နေတဲ့ ကောင်းကင်ဘုံမှာ ဘုရားနှင့်အတူ နေခွင့်ရလိ့်မ်မည်။

ဘုရားသခင်နှင့် ပြန်တည့်နိုင်ဖို့ လူသားဘက်ကနေ ကြိုးစားလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ကို နာမခံတဲ့ လူသား၏ နည်းလမ်းကို ဘုရားသခင်က လက်မခံနိုင်ဘူး။ ထို့ကြောင့် လူသားနှင့် ဘုရားကြားမှာ ပြန်လည်အဆင်ပြေနိုင်ရန် ဘုရားကိုယ်တိုင်က အစပြုမှရမယ်။

ထို့ကြောင့် လူသားများကို ချစ်တဲ့စိတ်နဲ့ ဘုရားသခင်ဘက်က လမ်းကြောင်း ပြင်ဆင်လိုက်တယ်။ ထိုလမ်းကြောင်းဟာ ဘုရားသခင်၏ သားတော် ယေရှုကို လူ့လောကမှာ လူသားအဖြစ် မွေးဖွားစေပြီး လူသားများ ခံရမယ့် ပြစ်ဒဏ်ဖြစ်တဲ့ သေခြင်းကို ခံပေးခြင်းအားဖြင့် လူသားအပေါ်၌ရှိသော ဘုရားသခင်၏ အမြတ်ဒေါသကို ပြေစေ၍ လူသားနှင့် ဘုရားကြားမှာ ပြန်လည် သင့်မြတ်စေ​ခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် ဘုရားသခင်က သားတော်ယေရှုအား လူသားအဖြစ်ကို ခံယူစေပြီး လူသားများ ခံရမည့်အပြစ်ဒဏ်ကို ခံယူစေရန် ဤလောကသို့ စေလွှတ်လိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ဝန်းကျင်မှာ ယေရှုသည် ဤလောကသို့ ကြွလာပြီး လူသားများ၏ အပြစ်အတွက် ကားတိုင်​ေပမှော အသေခံပေးခဲ့သည်။
သူ၏ အသေခံပေးခြင်းကြောင့် ဘုရားသခင်က လူသားများကို ပြန်လည် လက်ခံဖို့ အဆင်သင့်ဖြစ်ပြီ။ ယေရှု၏ ကိုယ်စား အပြစ်ဒဏ်ခံပေးခြင်းကို အားကိုးပြီး ဘုရားသခင်ထံသို့ ပြန်လှည့်လို့ရပြီ။ ယနေ့မှာ သင်သည် ယေရှုပြုပေးတဲ့ ကိုယ်စား အသေခံပေးခြင်းကို လက်ခံပါက ထာဝရ ဘုရားသခင်နှင့် နောင်တမလွန်ဘဝမှာ ကောင်းကင်ဘုံ၌ နေခွင့်ရလိမ့်မည်။
ယေရှုသည် သင်ခံရမယ့် အပြစ်ဒဏ်မှ သင့်ကို ကယ်တင်သောသူဖြစ်ပါတယ်။

ဤအကြောင်းကြောင့် Christmas ဆိုတာ ရှိလာရခြင်းဖြစ်ပါတယ်။

24/09/2021

Address

Chan May Thayar 3 Street , Block 7, Quarter 1
Lashio

Alerts

Be the first to know and let us send you an email when Myanmar National Outreach Ministry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share