Kut Kai Mare J/W Hka Lup Hpung, Kabu Gara Shiga Hte Sasana Dap

Call

Kut Kai Mare J/W Hka Lup Hpung, Kabu Gara Shiga Hte Sasana Dap Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kut Kai Mare J/W Hka Lup Hpung, Kabu Gara Shiga Hte Sasana Dap, Religious organisation, K*tKai Kachin Baptist Church, Kutkai.

Hpung masha nnan bai jat sai. KJH
27/01/2026

Hpung masha nnan bai jat sai. KJH

04/01/2026

"အိပ်မက်အသစ်ကို စတင်ပါ"

လွန်ခဲ့တဲ့နှစ်က တံခါးနှစ်ခုတွဲထားတဲ့ အစိုးရအဆောက်အဦးတစ်ခုဆီသို့ သွားခဲ့ပါတယ်။ တံခါးနှစ်ကြားမှာ (၁၅)ပေ လောက်ခြားထား ပါတယ်။ ပထမတံခါးနားကို ကျွန်တော်ရောက်သွားတဲ့အခါ တံခါးဟာ ပိတ်သွားပါတယ်။ ပထမတံခါးနားမှာပဲ ဆက်နေနမယ်ဆိုရင် ဒုတိယတံခါးက ဘယ်တော့မှပွင့်လာမှာမဟုတ်ဘူး။ ပွင့်လာဖို့ အနားကို လှမ်းသွားရပါတယ်။

အလိုအလျှောက်ပွင့်လာတဲ့တံခါးလိုပါပဲ လူ့ဘ၀အသက်တာမှာ ဖြစ်တည်နေပါတယ်။ သင်စိတ်ဓါတ်ကျခဲ့တဲ့ကိစ္စ၊ သင်ကျရှုံးခဲ့တဲ့ကိစ္စတွေအားလုံးကို ပိတ်သွားတဲ့ပထမတံခါးရဲ့နောက်ကွယ်မှာ ထားခဲ့လိုက်ပါ။ ပြီးသွားတဲ့ကိစ္စကို သင်မတတ်နိုင်တော့ဘူး။ သင်နဲ့လည်းမဆိုင်တော့ဘူး။သင်ဟာအတိတ်မှာမရှိဘူး။ဘုရားသခင်က သင့်အနာဂတ်အတွက်
များပြားစွာသိုထားတယ်ဆိုတာသိမှတ်ပြီးအရှေ့ကိုဆက်လှမ်းလိုက်ပါ။ သင့်ရဲ့အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စကို သင်ဘာမှ မတတ်နိုင်တော့ပါဘူး။ဒါပေမယ့်သင့်ရဲ့အနာဂတ်အတွက် ပိုကောင်းတဲ့အရာကိုရွေးချယ်ဖို့ သင့်မှာ အခွင့်အရေးတွေရှိနေတုန်းပါ။

သင့်ရဲ့နောက်ကျောဘက်မှာ ရှိခဲ့တဲ့အရာတွေထက် သင့်ရဲ့အရှေ့မှာရှိတဲ့ အရာတွေက ပိုအရေးကြီးပါတယ်။ သင် ဘယ်မှာရှိခဲ့တယ်၊ ဘယ်ကနေလာခဲ့တယ်ဆိုတာတွေထက် အခု သင် ဘယ်အရပ်ကို ဦးတည်နေသလဲဆိုတာက ပိုအရေးကြီတယ်။ သင့်မှာ မှန်ကန်တဲ့၊လုံလောက်တဲ့အပြုစိတ်ဓါတ်တွေသာရှိမယ်ဆိုရင် သင် အတိတ်မှာ ဆုံရှုံးလက်လွတ်ခဲ့တဲ့အရာတွေထက်ပိုကောင်းတဲ့ပိုများတဲ့အရာတွေ အနာဂတ်မှာမွေးဖွားလာပါလိမ့်မယ်။အနောက်လှည့်တတ်တဲ့အကျင့်ကိုရပ်လိုက်ပါ။ဒီနေ့
ဟာနေ့ရက်သစ်ဖြစ်တယ်။သင့်ရဲ့အိပ်မက်တွေဟာ ပျက်စီးကုန်ပြီလို့ထင်ရပါတယ်။ဒါပေမယ့်ဘုရားသခင်ကသင့်ရဲ့သေဆုံးသွားတဲ့အိပ်မက်
တွေကို အသက်ပြန်သွင်းပေးဖို့ တတ်နိုင်ပါတယ်။ အသစ်သောအရာတွေကိုအမြဲပေးနိုင်ပါတယ်။ သူဟာ သဘာ၀လွန်ဘုရားဖြစ်တယ်။ "ဖြစ်စေ"အရှင်ဖြစ်တယ်။ "ဖြစ်စေ" မိန့်လိုက်ရင် ဘာမဆိုဖြစ်လာနိုင်တယ်။ ဒါကို သင်ယုံကြည်စိတ်ချမယ်ဆိုရင် အရာခပ်သိမ်းဖြစ်လာနိုင်တယ်။

ဘုရားသခင်က သင့်ကိုဘယ်တော့မှ စိတ်ပျက်မှာမဟုတ်ဘူး။ လက် လွှတ်မှာမဟုတ်ဘူး။ သင့်အထဲမှာသူကိုယ်တိုင်ထည့်ပေးတဲ့မျိုးစေ့ရှိတယ်ဆိုတာ သူသိတယ်။ သင့်မှာ ဘယ်သူ့ဆီမှာမှမရှိတဲ့ ပေးလှူစရာ အရည်အချင်းတွေရှိတယ်၊ ပိုင်ဆိုင်ထားတယ်။ ဘုရားသခင်က သင့်အထဲမှာအိပ်မက်ရူပါရုံတွေနဲ့ပြင်းပြနေတဲ့ဆန္ဒတွေကို အသေအချာထည့်သွင်းပေးထားတယ်။မကြာခဏပဲ ကျွန်ုပ်တို့ဟာ ရန်သူတွေနဲ့၊ စိတ်ပျက်စရာတွေကို အသက်တာထဲ ၀င်ခွင့်ပေးတတ်ကြတယ်။ မကြာမီမှာပဲ ကျွန်ုပ်တို့ဟာ အဲဒီစိတ်ပျက်စရာတွေကြောင့် ရှေ့ဆက်မသွားနိုင်တာဖြစ်တယ်လို့ မြင်လာကြတယ်။ ပိုမြင့်တဲ့အရပ်ကို တက်လှမ်းနိုင်တယ်ဆိုတာ မယုံကြည်နိုင်တော့ဘူး။

ဒီနေ့၊ ဆုကျေးဇူးပိုင်ဆိုင်တဲ့သူ၊ အရည်အချင်းရှိတဲ့သူတွေဟာ သူတို့မမျှော်လင့်ထားတဲ့အတွေ့အကြုံတွေနဲ့၊ မမျှတတဲ့ အရာတွေကို ရင်ဆိုင်ရကြတယ်။ အိမ်ထောင်ပြိုကွဲခြင်း၊ အလွဲသုံးစားလုပ်တာခံရခြင်၊ လျစ် လျူရှုပစ်ပယ်ခံရခြင်း စတဲ့ခါးသီးချင်စရာတွေကို ရင်ဆိုင်ရကြတယ်။ အဲသလိုအတွေ့အကြုံမျိုးကို ရင်ဆိုင်ရတဲ့သူအနေနဲ့ ဒီလိုညည်းတွားဖို့လွယ်ကူပါတယ်။
"ဘာဖြစ်လို့ ငါ့ဘ၀မှာ ဒီလိုဖြစ်ရတာလဲ"
"ဒီလိုဖြစ်လာရအောင် ငါ ဘာအမှားတွေ လုပ်ခဲ့လို့လဲ"

စိတ်မကောင်းစရာပါပဲ။ ရန်သူက သင့်အထဲမှာဘာရှိသလဲဆိုတာကို သိနေတယ်။ လောကကြီးမှာ သင် ဘယ်လိုအကျိုးအမြတ်ကြီးတဲ့အမှုတွေကို စွမ်းဆောင်မလဲဆိုတာကို သူကသိနေတယ်။ ဒါကြောင့် သူတတ်နိုင်သလောက်သင့်ထဲမှာရှိတဲ့မျိုးစေ့ကိုအမြစ်မတွယ်နိုင်အောင်နှောင့်ယှက် ဟန့်တားမှာဖြစ်တယ်။ သင့်မှာရှိတဲ့ ဆုကျေးဇူးတွေနဲ့ စွမ်းရည်တွေကို ဖွံဖြိုးကြီးထွားလာမှာ သူမလိုလားဘူး။ သင့်အိပ်မက်တွေ အကောင်းအထည်ပေါ်လာမှာ သူမလိုလားဘူး။ သင့်ကို သာမန်အညတရဘ၀မျိုးနဲ့ပဲ အသက်ရှင်စေချင်တယ်။ ဒုတိယတန်းစားအဆင့်မှာပဲ ရှိစေချင်တယ်။

ဒါပေမယ့်ဘုရားသခင်ကတော့ သင့်နဲ့ကျွန်ုပ်အထဲမှာ အလွန်တန်ဖိုးကြီးတဲ့ရတနာကို မထည့်ပေးဘဲနဲ့ မဖန်ဆင်းခဲ့ပါဘူး။ ဘ၀မှာ ရုန်းကန်ရတာ
တော့ရှိမှာပဲ။ စိတ်ပျက်စရာတွေနဲ့သင့်ကိုဆွဲချဖို့ ရန်သူက ကြိုးစားမှာ ပဲ။ သာမန်အားဖြင့်တော့သင်ဟာ ပိုမြင့်တဲ့အရပ်ဆီဘယ်လိုတက်လှမ်းလို့ရနိုင်မလဲဆိုတာကို မသိနိုင်ပါဘူး။ ပျော်ရွှင်တဲ့ဘဝကို ဘယ်လိုပိုင်ဆိုင်ရမလဲဆိုတာ သင်မမြင်နိုင်ဘူး။ သင့်ဖနှောင့်ကိုဆောင့်ပြီး ဒီလိုကြွေးကြော်လိုက်ပါ။
"ငါ့အထဲမှာ ဘာရှိသလဲဆိုတာ ငါသိတယ်"
"ငါဟာ အမြင့်ဆုံးမှာ စိုးစံတဲ့ ဘုရားသခင်ရဲ့သားဖြစ်တယ်"
"ငါ့မှာ အရာရာကို ကျော်လွှားနိုင်တဲ့ ခွန်အားရှိတယ်"
"ငါ့ကို ဘုရားသခင် ဖြစ်စေချင်တဲ့အတိုင်းဖြစ်လာဖို့ အရှေ့ကို ဆက်လှမ်းမယ်"

အပျက်သဘောနဲ့ပြည့်တဲ့သူတွေပြောတဲ့ အပျက်စကားလုံးတွေကို ၀န်မခံပါနဲ့။ သင့်အထဲမှာ ဘုရားသခင်ထည့် ပေးတဲ့ ကောင်းတဲ့အရာတွေရှိနေတုန်းပါ။ အခု သင့်အပိုင်းကို
သင်လုပ်ဖို့ ၊ တူးဖော်ဖို့ စတင်လိုက်ပါ။အာမင်။


:ကျော်သူဇင်(မိုင်းဖြတ်)ဘာသာပြန်

04/01/2026
04/01/2026
04/01/2026

"သင့်ပြဿနာကိုမချဲ့ကားပါနဲ့ ဘုရားရဲ့ကြီးမြတ်ခြင်းကို
ချဲ့ကားပါ"

"ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏" (၁ယော ၄း၄)။

သမ္မာကျမ်းစာက ကျွန်တော်တို့ဘက်မှာရှိတဲ့သူဟာ လောကဘက်မှာရှိတဲ့သူထက် သာ၍ကြီးတယ်လို့ ဖော်ပြထားပါတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ဘက်မှာရှိတယ်။ ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းအကြောင်းကို ကျွန်တော်တို့ အသက်တာထဲမှာ ဆင်ခြင်ခွန်အားယူဖို့ဖြစ်ပါတယ်။

ဒါကြောင့် ပြဿနာကိုချဲ့ကားမပြောပါနဲ့။ ဘုရာသခင်ရဲ့ကြီးမြတ်ခြင်းအကြောင်းကိုပဲ ချဲ့ကားပြောပါ။ ကျွန်တော်တို့က သဘာဝအားဖြင့် ကျွန်တော်တို့ရဲ့ပြဿနာတွေကို ပုံကြီးချဲ့တတ်ကြပါတယ်။ သင့်ပြဿနာအကြောင်းကို တွေးမယ်၊ ပြောမယ်ဆိုရင် အဲဒီပြဿနာက ပိုကြီးလာတယ်။ အဲဒီပြဿနာက သင့်ကိုလွှမ်းမိုးသွားပြီး ဘုရားသခင်ရဲ့တတ်နိုင်မှုက သင့်အသက်တာထဲမှာ သေးငယ်သွားတယ်လို့ သင်မြင်မိမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့တတ်နိုင်မှုကိုလည်း သင်ယုံကြည်နိုင်မှာမဟုတ်တော့ပါဘူး။

ဒါကြောင့် ကျွန်တော်တို့ရဲ့အသက်တာထဲမှာ ပြဿနာကို ချဲ့ကားမပြောဆိုဖို့ အင်မတန်အရေးကြီးပါတယ်။ သင် ဘုရားအကြောင်းကိုတွေးမယ်၊ ဘုရားသခင်ဘယ်လောက်ကြီးမြတ်ကြောင်းစဉ်းစားမယ်။ "ဘုရားသခင်ဟာ ကမ္ဘာ မိုးမြေ၊ စကြဝဠာကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်။ ငါ့ပြဿနာလောက်တော့ ဘာမို့လို့လဲ။ ဘုရားသခင်တတ်နိုင်တယ်"ဆိုပြီး ဘုရား သခင်ရဲ့တန်ခိုးကြီးခြင်း၊ ကြီးမြတ်ခြင်းအကြောင်းတွေကို ချဲ့ကားပြောဆိုမယ်၊ စဉ်းစားဆင်ခြင်းမယ်ဆိုရင် သင့်ပြဿနာက ဘာမှမဟုတ်တော့ဘူး၊ ပါမွှားလေးပဲဖြစ်သွားမယ်ဆိုတာကို သင်ခံစားမိမှာဖြစ်ပါတယ်။

သမ္မာကျမ်းစာထဲမှာ ဒါဝိဒ်က ဂေါလျတ်ရဲ့ကြီးမားခြင်းအကြောင်းကို မစဉ်းစားပါဘူး။ မတွေးပါဘူး။ ဒါဝိဒ်က ဘုရားရဲ့ကြီးမြတ်ခြင်း၊ ကြီးမားခြင်းအကြောင်ကိုပဲစဉ်းစားတယ်။ ဒါကြောင့် သူ့အသက်တာထဲမှာ ဂေါလျတ်ဆိုတဲ့ ဘယ်သူမှမတိုက်ခိုက်ခဲရဲ့၊ ကြောင်နေရတဲ့လူ့ဘီလူးကြီးကို အနိုင်ယူသွားနိုင်တယ်ဆိုတာ တွေ့ရတယ်။

ဒါကြောင့် မိတ်ဆွေ၊ သင့်ရဲ့အသက်တာထဲမှာ သင့်ရဲ့ပြဿနာက ဘယ်လောက်ကြီးလဲ၊ သင့်ရဲ့ကြွေးမြီးတွေက ဘယ်လောက်များလဲ၊ သင့်မိသားစုက ဘယ်လောက်ခက်ခဲလဲ စတဲ့ပြဿနာတွေအကြောင်းကိုပဲ ချဲ့ကားပြီးမပြောပါနဲ့။ သင့်ရဲ့အသက်တာထဲမှာ ဘုရားရဲ့ကြီးမြတ်ခြင်းအကြောင်းကိုချဲ့ကားလိုက်ပါ။ ဘုရားသခင်က သဘာဝထက်လွန်တဲ့ဘုရားဖြစ်ပါတယ်။ ဘုရားသခင်က အရာခပ်သိမ်းကိုတတ်နိုင်တဲ့ဘုရားရှင်ဖြစ်ပါတယ်။ အခုချိန်မှာ ဘယ်လောက်ပဲခက်ခဲနေပါစေ "ဘုရားသခင်က ငါ့ကိုအကောင်းဆုံးပြင်ဆင်ပေးထားတယ်၊ ငါ့ရဲ့အသက်တာကိုမစမယ့်ဘုရား၊ ကမ္ဘာကြီးကိုတောင်ဖန်ဆင်းတဲ့ဘုရား၊ ငါ့အသက်ဝိညာဉ်ကိုတောင်ပိုင်သတဲ့ဘုရား၊ အင်မတန်မှ နက်နဲ့ကျယ်ပြန့််တဲ့ စကြဝဠာကြီးကိုတောင်ဖန်ဆင်းတဲ့ဘုရားက ငါ့ပြဿနာကို ဖြေရှင်းပေးနိုင်တယ်" အရာခပ်သိမ်းကို ဘုရားတတ်နိုင်တယ်ဆိုတာ သင့်ရဲ့အသက်တာထဲမှာ စဉ်းစားဆင်ခြင်မယ်ဆိုရင် သင်ဟာ အောင်မြင်သောသူ ဖြစ်ပါလိမ့်မယ်။

သင့်ပြဿနာဘယ်လောက်ကြီးသလဲဆိုတာ ဘုရားကိုမပြောပါနဲ့။ ဘုရားသခင်ဘယ်လောက်ကြီးသလဲဆိုတာကိုပဲ သင့်ပြဿနာကို ပြန်ပြောလိုက်ပါ။ သင့်ပြဿနာဘယ်လောက်ကြီးမားကြောင်းကို လူတွေကိုမပြောပါနဲ့။ ဘုရားသခင်ကိုလည်း သွားပြီးတင်ပြစရာမလိုပါဘူး။ ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းအကြောင်းသာ သင့်ပြဿနာကို ပြန််ပြောလိုက်ပါ။

သင်ဟာ သင့်ရဲ့ပြဿနာကို ချဲ့ကားပြောမယ်ဆိုရင်တော့ သင့်ရဲ့အသက်တာထဲမှာ ဘုရားသခင်ရဲ့ကြီးမြတ်ခြင်း အကြောင်းကို သင်မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။ ဘုရားက သေးငယ်နေမှာဖြစ်တယ်။ဒါကြောင့် သင့်ရဲ့ရောဂါအကြောင်း ကို မတွေးပါနဲ့၊ သင့်ရဲ့ပြဿနာအကြောင်းကို ပုံကြီးမချဲ့ပါနဲ့။ သင့်မိသားစုအခက်အခဲကို ပုံကြီးချဲ့ပြီးတော့ မစဉ်းစားပါနဲ့။ သင် နေ့စဉ် စဥ်းစားရမဲ့အရာက ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းအကြောင်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကြီးမြတ်ခြင်းအကြောင်းကို စဉ်းစားဆင်ခြင်ပြီး အောင်မြင်သောသူများအဖြစ် အသက်ရှင်နိုင်ကြပါစေ။ အာမင်။

#ဆရာမြတ်နေ
:ခဲယဥ်းဆိုးယုတ်သောကာလ၌မင်္ဂလာဖြစ်ခြင်း

KJH, KS Dap, Sakse Hkam Komiti ni a shaning nnan Kanawn Mazum lamang hpe Hpung shang wa ai Hpung masha ningnan hte rau E...
04/01/2026

KJH, KS Dap, Sakse Hkam Komiti ni a shaning nnan Kanawn Mazum lamang hpe Hpung shang wa ai Hpung masha ningnan hte rau Edin Daw , Sr Kaba Nawng hta kabu gara galaw sa wa lu sai.

K*t Kai Mare J/W Hka Lup Hpung, KS Dap Machyi Kaba hkrum nga ai Srn Gawlu Roi San kaw sa du kawan da lu sai..
07/04/2025

K*t Kai Mare J/W Hka Lup Hpung, KS Dap Machyi Kaba hkrum nga ai Srn Gawlu Roi San kaw sa du kawan da lu sai..

Address

K*tKai Kachin Baptist Church
K*tkai
KUTKAI

Telephone

+959403745278

Website

Alerts

Be the first to know and let us send you an email when Kut Kai Mare J/W Hka Lup Hpung, Kabu Gara Shiga Hte Sasana Dap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share