OSC Kengtung

Call Contact the place of worship

OSC Kengtung It's a page where Kengtung Catholic News are to be found.

✝️🌹 “မယ်တော်၏ရင်ခွင်အောက်မှာ တည်ဆောက်ခဲ့သော ယုံကြည်ခြင်းအိမ်တော်”✝️⛪စိပ်ပုတီးသခင်မ ဘုရားကျောင်းနှင့် မယ်တော်ဂူသစ် ဖွင့်ပ...
07/10/2026

✝️🌹 “မယ်တော်၏ရင်ခွင်အောက်မှာ တည်ဆောက်ခဲ့သော ယုံကြည်ခြင်းအိမ်တော်”✝️⛪
စိပ်ပုတီးသခင်မ ဘုရားကျောင်းနှင့် မယ်တော်ဂူသစ် ဖွင့်ပွဲ🎉🎉🎉

🗓️ အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆ ခုနှစ်
📍 ဟွေဟေအထက်ကျေးရွာ၊ တာချီလိတ် စိန်ဂျုဒ် ကက်သလစ်သာသနာအုပ်စု
အောက်တိုဘာလ ၇ ရက်နေ့တွင် တာချီလိတ် စိန်ဂျုဒ် ကက်သလစ်သာသနာအုပ်စု၊ ဟွေဟေအထက်ကျေးရွာ၌ စိပ်ပုတီးသခင်မ ဘုရားကျောင်းသစ်၊ မယ်တော်ဂူသစ်နှင့် ခေါင်းလောင်းစင်သစ် ဖွင့်ပွဲအခမ်းအနားကို အဖဆရာတော်ကြီး John Saw Yaw Han မှ ကောင်းကြီးပေး၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ✝️🙏
အခမ်းအနားမစတင်မီ ဘာသာတူသားသမီးများမှ အဖဆရာတော်ကြီးအား နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး၊ အပြုံးများနှင့်အတူ လက်ဆွဲနှုတ်ဆက်ကာ မေတ္တာဖြင့် ကြိုဆိုခဲ့ကြပါသည်။ ❤️

ထို့နောက် ကျိုင်းတုံဂိုဏ်းအုပ်သာသနာပိုင် အဖဆရာတော်ကြီး John Saw Yaw Han ဦးဆောင်၍ ဘုန်းတော်ကြီးများ၊ စစ္စတာရ်များ၊ ဓမ္မဆရာများနှင့် ဘာသာတူသားသမီးများစွာတို့ ပါဝင်ကာ မစ္ဆားတရားတော်မြတ်ကို ယုံကြည်ခြင်းနှင့် စည်းလုံးခြင်းဖြင့် တင်ပူဇော်ခဲ့ကြပါသည်။

🔔 ခေါင်းလောင်းစင်သစ်နှင့် မယ်တော်ဂူသစ်ကို ဦးစွာ ကောင်းကြီးပေးဖွင့်လှစ်ခဲ့ပြီး၊ ထို့နောက် ဘုရားကျောင်းသစ်ကို ကောင်းကြီးပေး၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Pasquale Sai Yee မှ ဘုရားကျောင်းတံခါးကို ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပြီး၊ အဖဆရာတော်ကြီး၊ ရဟန်းတော်များနှင့် ဘာသာတူသားသမီးများသည် ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ကာ မစ္ဆားတရားတော်မြတ်ကို ဆက်လက်တင်ပူဇော်ခဲ့ကြပါသည်။

🕯 မစ္ဆားတရားတော်မြတ်အတွင်း အဖဆရာတော်ကြီးမှ မစ္ဆားပလ္လင်တော်ကို ကောင်းကြီးပေးခြင်း၊ သန့်ရှင်းမွှေးကြိုင်သော ဆီဖြင့် မင်္ဂလာဆီလိမ်းခြင်း စသည့် အခမ်းအနားများကို ပြုလုပ်ပေးခဲ့ပါသည်။

🌹 ဘုရားကျောင်းသစ်တစ်လုံး တည်ဆောက်ပြီးစီးခြင်းသည် အဆောက်အအုံတစ်ခု ပြီးမြောက်ခြင်းမျှသာ မဟုတ်ပါ။
၎င်းသည်—
ဘုရားသခင်ကို ပိုမိုနီးကပ်စွာ ရှာဖွေမည့်နေရာ၊
ဆုတောင်းခြင်းဖြင့် စိတ်နှလုံးကို ပြန်လည်ခိုင်မာစေမည့်နေရာ၊
ဝမ်းနည်းသူများ နှစ်သိမ့်မှုရမည့်နေရာ၊
မျှော်လင့်ချက်ပျောက်သူများ အလင်းပြန်တွေ့မည့်နေရာ ဖြစ်ပါသည်။ 🕊

🔔 ခေါင်းလောင်းသံတစ်ချက် ကြားတိုင်း
“ဘုရားသခင်ထံသို့ ပြန်လာကြပါစို့” ဟူသော ဖိတ်ခေါ်သံ ဖြစ်ပါသည်။

🌹 မယ်တော်ဂူရှေ့တွင် ဆုတောင်းသည့် ဒူးထောက်ခြင်းတိုင်း
မယ်တော်မာရိယာ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ခရစ်တော်ထံသို့ ဦးတည်ပို့ဆောင်ပေးသော မေတ္တာကို ကျွန်ုပ်တို့၏ အသက်တာထဲတွင် ပြန်လည်ရှင်သန်စေပါသည်။

⛪️ ဤဘုရားကျောင်းသည် ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားသော အဆောက်အအုံမဖြစ်စေဘဲ၊ ဆုတောင်းခြင်း၊ မေတ္တာနှင့် ယုံကြည်ခြင်းများဖြင့် အသက်ဝင်နေသော ဘုရားသခင်၏ မိသားစုအိမ်တော် ဖြစ်‌စေရန်လိုအပ်ပါသည်။

မစ္ဆားတရားတော်မြတ်အပြီးတွင် ကျောင်းထိုင်ဘုန်းတော်ကြီးမှ ကျေးဇူးတင်ထိုက်သူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ အလှူရှင်မိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။

ထို့အပြင် ဘာသာတူ ရွာသူရွာသားများမှလည်း အဖဆရာတော်ကြီး၊ ဘုန်းတော်ကြီးများနှင့် စစ္စတာရ်များအား မေတ္တာလက်ဆောင်များ ပေးအပ်ကာ ကျေးဇူးတင်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့ကြပါသည်။ ❤️🙏

🌿 ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် တည်ဆောက်ခဲ့သော ဤအိမ်တော်သည် မျိုးဆက်သစ်များအတွက် ယုံကြည်ခြင်း၏ အမွေအနှစ်ဖြစ်ပါစေ။
🔔 ခေါင်းလောင်းသံသည် ဆုတောင်းခြင်းကို ဖိတ်ခေါ်ပါစေ။
🌹 မယ်တော်ဂူသည် နှလုံးသားများကို ခရစ်တော်ထံသို့ ပို့ဆောင်ပေးပါစေ။
✝️ ဘုရားကျောင်းတော်သည် လူတိုင်းအတွက် မေတ္တာ၊ ငြိမ်းချမ်းခြင်းနှင့် မျှော်လင့်ခြင်း၏ အိမ်တော် ဖြစ်ပါစေ။ အာမင်။ 🙏

06/10/2026

ရန်နိုင်ကက်သလစ် သာသနာအုပ်စုပွဲ 🙏✝️💕

05/10/2026

အဖဆရာတော်ကြီး၏ တရားဩဝါဒ 🙏✝️
ရာသက်ပန် ကတိသစ္စာခံယူပွဲ🙏✝️
အောက်တိုဘာလ 5ရက်၊ 2026 ခုနှစ် ကျိုင်းတုံမြို့

✝️🌹 တစ်ဘဝလုံးအတွက် ပြောခဲ့သော “ဟုတ်ကဲ့”ရာသက်ပန်ကတိသစ္စာပြုခြင်း 🙏✝️🌱🕊️“ကျွန်ုပ်၏ဝိညာဉ်သည် ထာဝရဘုရားကို ချီးမွမ်း၏။”— လုက...
05/10/2026

✝️🌹 တစ်ဘဝလုံးအတွက် ပြောခဲ့သော “ဟုတ်ကဲ့”
ရာသက်ပန်ကတိသစ္စာပြုခြင်း 🙏✝️🌱🕊️

“ကျွန်ုပ်၏ဝိညာဉ်သည် ထာဝရဘုရားကို ချီးမွမ်း၏။”
— လုကာ ၁:၄၆
🗓️ အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆ ခုနှစ်
🕊 St. Luigi Scrossoppi ပွဲနေ့
📍 ဖြူစင်သော မယ်တော်၏ နှလုံးတော် ဘုရားကျောင်းတော်ကြီး၊ ကျိုင်းတုံမြို့

ယနေ့ နံနက် ၆ နာရီတွင် ကျိုင်းတုံမြို့ရှိ ဖြူစင်သော မယ်တော်၏ နှလုံးတော် ဘုရားကျောင်းတော်ကြီး၌ ရာသက်ပန်ကတိသစ္စာပြုခြင်း မစ္ဆားတရားတော်မြတ်ကို အဖဆရာတော်ကြီးနှင့် ရဟန်းတော်များ ခြံရံလျက် တင်ပူဇော်ခဲ့ကြပါသည်။ ✝️🙏

ဘုရားသခင်၏ ခေါ်တော်မူခြင်းကို တုံ့ပြန်၍ ယနေ့ ရာသက်ပန်ကတိသစ္စာကို ခံယူသော စစ္စတာရ်၏ရှေ့တွင် လမ်းခရီးရှည်တစ်ခု ရှိနေပါသည်။
ပျော်ရွှင်ခြင်းများသာမက ပင်ပန်းခြင်းများ၊ စိန်ခေါ်မှုများ၊ မျက်ရည်များနှင့် မိမိကိုယ်ကို စွန့်လွှတ်ရမည့် အချိန်များလည်း ရှိလာနိုင်ပါသည်။

ထိုအချိန်တိုင်းတွင်—
“ကျွန်မ ဘာကြောင့် ဒီလမ်းကို ရွေးခဲ့တာလဲ” ဆိုသော မေးခွန်းထက်
“အရှင်ဘုရား၊ ကိုယ်တော်ကို ကျွန်မ ရွေးချယ်ခဲ့ပါတယ်” ဆိုသော အစပြုခဲ့သည့် “ဟုတ်ကဲ့” ကို ပြန်လည်သတိရနိုင်ပါစေ။ 🕊

အဖဆရာတော်ကြီးမှလည်း ရာသက်ပန်ကတိသစ္စာခံယူသော စစ္စတာရ်၏ ဘဝခရီးတွင် ရင်ဆိုင်ရမည့် အခက်အခဲများကို သတ္တိရှိစွာ ဖြတ်သန်းနိုင်ရန်နှင့် ဘုရားသခင်အတွက် သားသမီးတစ်ဦးကို ဆက်ကပ်ပေးအပ်ခဲ့သော မိသားစုဝင်များအား ကျေးဇူးတင်ရှိကြောင်း တရားရေအေးဖြင့် အားပေးဟောကြားခဲ့ပါသည်။

🌹 မိသားစုတစ်စုအတွက်လည်း ဒီနေ့ဟာ ဆုံးရှုံးခြင်းမဟုတ်ပါ။
ဘုရားသခင်၏ အမှုတော်အတွက် မိမိတို့၏ သားသမီးတစ်ဦးကို ဝမ်းမြောက်စွာ ဆက်ကပ်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ရာသက်ပန်ကတိသစ္စာဆိုသည်မှာ
တစ်နေ့တာအတွက် မဟုတ်ပါ။
တစ်နှစ်တာအတွက် မဟုတ်ပါ။
ဘဝတစ်လျှောက်လုံး ဘုရားသခင်၏ မေတ္တာတော်ကို သစ္စာရှိစွာ တုံ့ပြန်လျှောက်လှမ်းရန် ဖြစ်ပါသည်။ ✝️

အခမ်းအနားအပြီးတွင် စစ္စတာရ်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ အသင်းဂိုဏ်း၏ မိသားစုအတွင်းသို့လည်း နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။
🙏 ယနေ့ပြောခဲ့သော “ဟုတ်ကဲ့” သည်
ဘဝတစ်လျှောက်လုံး မပျောက်ဆုံးသော “ဟုတ်ကဲ့” ဖြစ်ပါစေ။
ဘုရားသခင်၏ ခေါ်တော်မူခြင်းအပေါ် သစ္စာရှိစွာ လျှောက်လှမ်းနိုင်ပါစေ။
အခက်အခဲများကြားတွင် ခွန်အားရရှိပါစေ။
မိသားစု၏ ဆုတောင်းခြင်း၊ အသင်းဂိုဏ်း၏ မေတ္တာနှင့် ခရစ်တော်၏ ကျေးဇူးတော်တို့ဖြင့် ရာသက်ပန်ခရီးကို အောင်မြင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။

🌹 St. Luigi Scrossoppi — ဆုတောင်းပေးပါ။
✝️ အရှင်ယေဇူး — သူမ၏ “ဟုတ်ကဲ့” ကို ဘဝတစ်လျှောက်လုံး ခွန်အားပေးတော်မူပါ။
🙏 အာမင်။

05/10/2026

တစ်သက်သစ္စာခံပွဲ

အသိပေးကြေငြာခြင်း 🙏🙏🙏
04/10/2026

အသိပေးကြေငြာခြင်း 🙏🙏🙏

✝️🌿 ရိုးရှင်းခြင်းထဲက သန့်ရှင်းခြင်း — စိန့်ဖရန်စစ်အာစီးစီ 🌿✝️🗓️ အောက်တိုဘာလ ၄ ရက်၊ ၂၀၂၆ ခုနှစ်📍 တာချီလိတ်မြို့၊ ရန်ကုန်...
04/10/2026

✝️🌿 ရိုးရှင်းခြင်းထဲက သန့်ရှင်းခြင်း — စိန့်ဖရန်စစ်အာစီးစီ 🌿✝️
🗓️ အောက်တိုဘာလ ၄ ရက်၊ ၂၀၂၆ ခုနှစ်
📍 တာချီလိတ်မြို့၊ ရန်ကုန်ရွာ၊ ရန်နိုင်သာသနာအုပ်စု

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် တာချီလိတ်မြို့၊ ရန်ကုန်ရွာရှိ ရန်နိုင်သာသနာအုပ်စု တွင် စိန့်ဖရန်စစ်အာစီးစီ ပွဲတော်နေ့မြတ် ကို ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပခဲ့ကြပါသည်။ 🙏✝️

အဆိုပါ ပွဲတော်နေ့မြတ်တွင် အဖဆရာတော်ကြီး ဦးဆောင်၍ ရန်နိုင်သာသနာအုပ်စု၏ ကျောင်းထိုင်ဘုန်းတော်ကြီး၊ သာသနာအသီးသီးမှ ရဟန်းတော်များ၊ စစ္စတာရ်များနှင့် ဘာသာတူသားသမီးများ အတူတကွ စုဝေးကာ မစ္ဆားတရားတော်မြတ်ကို တင်ပူဇော်ခဲ့ကြပါသည်။

တရားတော်မြတ်အတွင်း အဖဆရာတော်ကြီးမှ စိန့်ဖရန်စစ်အာစီးစီ၏ ရိုးရှင်းသော ဘဝနေထိုင်ပုံ၊ ခရစ်တော်နောက်သို့ အပြည့်အဝ လိုက်လျှောက်ခဲ့သော သူ၏ဘဝနှင့် ရသေ့ဘဝအကြောင်း ကို ဝိညာဉ်ရေးရာအလင်းဖြင့် ဟောကြားပေးခဲ့ပါသည်။

🌿 စိန့်ဖရန်စစ်၏ ဘဝသည် ကျွန်ုပ်တို့အား မေးခွန်းတစ်ခု ချန်ထားခဲ့ပါသည်—
လောကကြီးက ပိုမိုပိုင်ဆိုင်ဖို့ သင်ပေးနေချိန်မှာ
ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပိုမိုပိုင်ဆိုင်ရန် အသက်ရှင်နေကြသလား။
လောကကြီးက ကိုယ့်အတွက် ပိုမိုစုဆောင်းဖို့ ပြောနေချိန်မှာ ကျွန်ုပ်တို့သည် အခြားသူများအတွက် ပိုမိုမျှဝေပေးနေကြသလား။
စိန့်ဖရန်စစ်သည် ရိုးရှင်းခြင်းကို ရွေးချယ်ခဲ့သည်။
ဆင်းရဲခြင်းကို လက်ခံခဲ့သည်။
ဖန်ဆင်းခြင်းအားလုံးကို ဘုရားသခင်၏ လက်ဆောင်အဖြစ် ချစ်မြတ်နိုးခဲ့သည်။
ထိုထက်ပို၍ ခရစ်တော်ကို မိမိဘဝ၏ အလယ်ဗဟိုအဖြစ် ထားရှိခဲ့သည်။ ❤️✝️

ထို့အပြင် ယနေ့ မစ္ဆားတရားတော်မြတ်အတွင်း ပထမကိုယ်တော်မြတ် ခံယူမည့် ကလေးငယ် ၈ ဦး လည်း ပါဝင်ခဲ့ကြပါသည်။ 🙏🕊
ကလေးငယ်များ၏ ဖြူစင်သောနှလုံးသားများဖြင့် ခရစ်တော်ကို ပထမဆုံးအကြိမ် လက်ခံယူခြင်းသည် ယနေ့ပွဲတော်နေ့ကို ပိုမိုအဓိပ္ပာယ်ပြည့်ဝစေခဲ့ပါသည်။

ကလေးငယ် ၈ ဦး၏ နှလုံးသားထဲတွင် စတင်ခဲ့သော ခရစ်တော်နှင့်တွေ့ဆုံခြင်းသည် တစ်သက်တာလုံး မပျောက်ကွယ်သော ယုံကြည်ခြင်းခရီး ဖြစ်ပါစေ။ ✝️❤️

မစ္ဆားတရားတော်မြတ်အပြီးတွင် ကျောင်းထိုင်ဘုန်းတော်ကြီးမှ ပွဲတော်နေ့မြတ် ဖြစ်မြောက်အောင် ပါဝင်ကူညီပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ အဖဆရာတော်ကြီး၊ ရဟန်းတော်များနှင့် စစ္စတာရ်များအား ကျေးဇူးတင်လက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ 🙏

ထို့အပြင် ရန်နိုင်သာသနာအုပ်စုတွင် အမှုတော်ထမ်းဆောင်မည့် ဓမ္မဆရာသစ် ၃ ဦး အားလည်း ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

🌿 အမှုတော်ဆောင်ခြင်းဆိုသည်မှာ ရာထူးတစ်ခုရရှိခြင်း မဟုတ်ပါ။
ခရစ်တော်၏ မေတ္တာကို မိမိဘဝဖြင့် သက်သေခံရန် “ဟုတ်ကဲ့” ဟု ပြန်လည်ဖြေကြားခြင်း ဖြစ်ပါသည်။
ဓမ္မဆရာသစ် ၃ ဦး၏ ခြေလှမ်းအသစ်များသည်
သာသနာ့လယ်ကွင်းထဲတွင် မျှော်လင့်ခြင်းဖြစ်ပါစေ။
သူတို့၏ စကားများသည် အားငယ်သူများအတွက် ခွန်အားဖြစ်ပါစေ။

စိန့်ဖရန်စစ်အာစီးစီ — ကျွန်ုပ်တို့အတွက် ဆုတောင်းပေးပါ။ 🙏✝️

03/10/2026

မင်္ဂလာရှိသောနေ့
ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း၏ မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော ပွဲ ၁၈၅၉ ခုနှစ်မှ စတင်ခဲ့ကာ ယနေ့ အောက်တိုဘာလ ၂ရက်နေ့တွင် ၁၆၇ နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ် Happy Feastday ပါ စစ္စတာရ်များ 🙏🎉🎉

02/10/2026

အဖဆရာတော်ကြီး၏တရားဩဝါဒ

✝️🌹 ကျေးဇူးတော် ၁၆၇ နှစ် — ဆက်ကပ်ခြင်းဖြင့် ရှင်သန်နေသော ခရီး 🌹✝️🗓️ အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆ ခုနှစ်📍 ကျိုင်းတုံမြို့ယနေ့ ...
02/10/2026

✝️🌹 ကျေးဇူးတော် ၁၆၇ နှစ် — ဆက်ကပ်ခြင်းဖြင့် ရှင်သန်နေသော ခရီး 🌹✝️
🗓️ အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆ ခုနှစ်
📍 ကျိုင်းတုံမြို့
ယနေ့ အောက်တိုဘာလ ၂ ရက်နေ့သည် ကျိုင်းတုံမြို့တွင် တည်ရှိသော ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း ၏ ပွဲနေ့မြတ်နှင့် ကိုယ်စောင့်သိကြား ပွဲတော်နေ့ ကို ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းတို့ဖြင့် ကျင်းပသည့် မင်္ဂလာရှိသောနေ့ ဖြစ်ပါသည်။ 🙏✝️

၁၈၅၉ ခုနှစ်မှ စတင်ခဲ့သော ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း၏ ကျေးဇူးတော်ခရီးသည် ယနေ့တွင် ၁၆၇ နှစ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

နှစ်ပေါင်းများစွာအတွင်း
ခေတ်အဆက်ဆက် ပြောင်းလဲခဲ့သော်လည်း
ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသော နှလုံးသားများ၊ ဆုတောင်းခြင်းနှင့် အမှုတော်ဆောင်ခြင်းတို့သည် မပြောင်းလဲဘဲ ဆက်လက်ရှင်သန်နေခဲ့ပါသည်။ 🌿

ဤမင်္ဂလာရှိသော ပွဲနေ့တွင် အဖဆရာတော်ကြီးမှ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းအတွက် ပျော်ရွှင်ခြင်း၊ မင်္ဂလာနှင့် ကျေးဇူးတော်အပေါင်း ပြည့်စုံသော ပွဲနေ့မြတ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ နှုတ်ခွန်းဆက်သခဲ့ပါသည်။

🌹 မယ်တော်ဂူရှေ့တွင်…
အဖဆရာတော်ကြီး John Saw Yaw Han နှင့် ဘုန်းတော်ကြီးများ ခြံရံလျက်၊ ဆပ်ဖြေခြင်းသီလရှင်များ၊ ကျောင်းအသီးသီးမှ ဘော်ဒါကျောင်းသား/သူများနှင့် ဘာသာတူသားသမီးများ အတူတကွ ပါဝင်ကာ မစ္ဆားတရားတော်မြတ်ကို တင်ပူဇော်၍ ကျေးဇူးတော်ချီးမွမ်းခဲ့ကြပါသည်။

မယ်တော်၏ ရင်ခွင်အောက်တွင်
အတူတကွ စုဝေးဆုတောင်းကြသော ထိုအချိန်သည်
နှစ်ပေါင်း ၁၆၇ နှစ်တာ ဘုရားသခင်၏ ကျေးဇူးတော်ကို ပြန်လည်အမှတ်ရပြီး၊ ရှေ့ဆက်မည့် ခရီးအတွက် ကျေးဇူးတော်ကို ပြန်လည်တောင်းခံသည့် အချိန်လည်း ဖြစ်ပါသည်။ 🕊

အဖဆရာတော်ကြီး John Saw Yaw Han မှ သြဝါဒတရားတော်တွင် ကိုယ်စောင့်သိကြားများ၏ အကြောင်းနှင့် ကျွန်ုပ်တို့၏ အသက်တာလမ်းခရီးတွင် ကိုယ်စောင့်သိကြားများက ဘုရားသခင်၏ အလိုတော်အတိုင်း လမ်းမှားမသွားစေရန် ကာကွယ်စောင့်ရှောက်ပေးခြင်း အကြောင်းကို ဝိညာဉ်ရေးရာအလင်းဖြင့် ဟောကြားပေးခဲ့ပါသည်။ 👼✝️

လောကအသက်တာကို လျှောက်လှမ်းနေစဉ်
ကျွန်ုပ်တို့ မမြင်နိုင်သောနေရာများတွင်ပင်
ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်းသည် ကျွန်ုပ်တို့နှင့်အတူ ရှိနေပါသည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ မသိလိုက်ဘဲ
အန္တရာယ်တစ်ခုမှ လွတ်မြောက်ခဲ့ရခြင်း၊
လမ်းမှားတစ်ခုကို မရွေးချယ်မိခြင်း၊
စိတ်အားငယ်နေချိန်တွင် ပြန်လည်ခွန်အားရရှိခြင်းတို့သည်—
ဘုရားသခင်၏ မမြင်ရသော ကျေးဇူးတော်နှင့် ကာကွယ်စောင့်ရှောက်ခြင်း၏ အမှတ်အသားများ ဖြစ်နိုင်ပါသည်။ 🕊

🌿 ဆက်ကပ်ခြင်းသည် တစ်ရက်တာ မဟုတ်ပါ…
ယနေ့တိုင် ဘုရားသခင်ထံ ဆက်ကပ်၍
ဆုတောင်းခြင်း၊ အမှုတော်ဆောင်ခြင်းနှင့်
လူသားတို့အတွက် မေတ္တာဖြင့် အသက်ရှင်ပေးနေကြသော ဆပ်ဖြေခြင်းသီလရှင်များအတွက်
ကျွန်ုပ်တို့လည်း အထူးကျေးဇူးတင်ကြရပါမည်။
အဖဆရာတော်ကြီးမှ ယနေ့တိုင် သစ္စာရှိစွာ ဆက်ကပ်အမှုတော်ဆောင်နေကြသော စစ္စတာရ်များအတွက် လက်ဝါးကားတိုင်လက်ဆောင် ကို စစ္စတာရ်ကြီးထံ ပေးအပ်ခဲ့ပါသည်။ ✝️

လက်ဝါးကားတိုင်သည် ဆုတောင်းခြင်းအတွက် အမှတ်တရတစ်ခုသာ မဟုတ်ပါ။
ခရစ်တော်၏ မေတ္တာ၊ ပေးဆပ်ခြင်းနှင့်
“သစ္စာရှိစွာ ဆက်လက်လျှောက်လှမ်းပါ” ဟူသော ခေါ်တော်မူခြင်းကို ပြန်လည်သတိပေးနေသော အမှတ်အသားတစ်ခု ဖြစ်ပါသည်။ ❤️✝️

ထို့နောက် စစ္စတာရ်ကြီးမှ ပွဲနေ့မြတ်ဖြစ်မြောက်အောင် ကူညီပေးခဲ့ကြသူများနှင့် ပါဝင်ဆုတောင်းပေးခဲ့ကြသော ဘာသာတူသားသမီးများအားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

🙏 ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း၏ ၁၃၁ နှစ်တာ ကျေးဇူးတော်ခရီးသည် နောင်လာမည့်မျိုးဆက်များအတွက်လည်း ယုံကြည်ခြင်း၏ အလင်းတစ်စင်း ဖြစ်ပါစေ။

ဆက်ကပ်ထားသော အသက်တာများ ပိုမိုတောက်ပပါစေ။
ဆုတောင်းခြင်းများ ပိုမိုနက်ရှိုင်းပါစေ။
အမှုတော်ဆောင်ခြင်းများ ပိုမိုအသီးအပွင့် ဖြစ်ထွန်းပါစေ။
မယ်တော်မာရိယာ၏ အကာအကွယ်နှင့် ကိုယ်စောင့်သိကြားများ၏ စောင့်ရှောက်ခြင်းအောက်တွင်
ဆပ်ဖြေခြင်းသီလရှင်များ၏ အမှုတော်ခရီးသည်
ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အစဉ်ရှင်သန်တိုးပွားပါစေ။ 🕊🌹
Happy Feast Day! 🎉🎉🎉
Deo Gratias! ဘုရားသခင်အား ကျေးဇူးတင်ပါ၏။ 🙏✝️
OSC Kengtung ✍️

Address

RCM Compound
Kengtung
06231

Telephone

+959254436808

Website

Alerts

Be the first to know and let us send you an email when OSC Kengtung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to OSC Kengtung:

Shortcuts

Share