Bo Gyi - A STONE

  • Home
  • Bo Gyi - A STONE

Bo Gyi - A STONE I In Christ, Christ In Me

I'm the chosen oneမင်းတို့ ရဲ့ ယဉ်ကျေးမှု ထဲ မှာအနေအထိုင် မတတ် လို့အသေသတ် ဖို့ကားတိုင် ပေါ်ကားစင် တင် ရင်တောင်ကားတိုင် ဟ...
10/05/2026

I'm the chosen one

မင်းတို့ ရဲ့ ယဉ်ကျေးမှု ထဲ မှာ
အနေအထိုင် မတတ် လို့
အသေသတ် ဖို့
ကားတိုင် ပေါ်
ကားစင် တင် ရင်တောင်
ကားတိုင် ဟာ
ငါ ကိုယ် တိုင် နေချင် လို့
ရောက် နေတာ ပဲ
ဖြစ်လိမ့်မယ်၊

မီးရှို့ရာ ယဇ် အဖို့
ယဇ်ကောင် ပျောက် လို့
အစား ထိုး ရာ
ယဇ်ပလ္လင် ပေါ် မှာ
ရောက် နေရ ရင် တောင်
ဒီ ယဇ်ပလ္လင် ဟာ
ငါ ကိုယ်တိုင် နေချင် လို့
ရောက် နေတာပဲ ဖြစ်လိမ့်မယ်၊

မင်း အနေအစား ချောင် ဖို့
ရောင်းစား ခံ ရရင်တောင်
မင်း အဆင်ပြေ ဖို့
ငါ ကိုယ်တိုင်
ငါ့ ကို ငါ ဈေးဖြတ် တာပဲ
ဖြစ် လိမ့်မယ်၊

လွတ်ခြင်း အခွင့် ရှိလျက်
လွတ်ခြင်း အခွင့် ကို မခံယူ ပဲ
ချုပ်နှောင် ခံရသူ တွေ နဲ့ အတူတူ
ချုပ် နှောင် ခံ နေရ ရင်တောင်
ဒီ အကျဉ်းထောင် ဟာ
ငါ ကိုယ်တိုင် နေချင်လို့
ရောက်နေတာ ပဲ ဖြစ်လိမ့်မယ်၊

အိမ်ရှေ့မင်းသား အရာ နဲ့ လွှဲ လို့
ကျွန် ခံ နေရ တဲ့ သူ တွေ နဲ့ အတူ
ကျွန် ခံရာ နေရာ ကို
ကျွန် ဘဝ နဲ့
ရောက် နေရရင် တောင်
ဒီ ဘဝ ဟာ
ငါ ကိုယ်တိုင်
နေချင် လို့ ရောက် နေတာပဲ
ဖြစ်လိမ့်မယ်၊

ငါ ဟာ
ရွေးချယ် ခံ ရသောသူ ဖြစ်တယ်၊
I'm the Chosen one

A Stone
Bo Gyi - A STONE

ချီးမွမ်းခြင်း ယဇ် နှင့် ဆုတောင်း ပဌနာ
05/05/2026

ချီးမွမ်းခြင်း ယဇ် နှင့် ဆုတောင်း ပဌနာ

01/05/2026

မောရှေ ရဲ့ လက် မှ
စင်ကြယ်သော ဩဝါဒ ကို
ကျောက်ပြား ဖြင့် မြဲမြံ စွာ ခံယူ ကြ ပေမဲ့
မောရှေ ရဲ့ မျက်နှာ ပေါ် က
ဘုန်း အသရေ ကို တော့
မျက်မုန်းကျိုး ကြတယ်၊

တရားတော် ကို နာယူ နေပေမဲ့
ခရစ်တော် ကို မြင်ပြင်းကတ် ကြတယ်၊

ဘုရား စကား ကိုတော့
စိတ်ဝင်စား ပါတယ်၊
စကား ပြောတဲ့ ဘုရား ကိုသာ
စိတ် မဝင်စား တာ၊

မော​ရှေ ရဲ့ မျက်နှာ ကို အုပ် ပြီး
ကျမ်းစာ ဖတ် နေ မှတော့
သေချာပါတယ်..
တနေ့ ၊
ခရစ်တော် ရဲ့ မျက်နှာ ကို လည်း
အိုးမည်း သုတ် ဦးမယ်၊

မောရှေ ကတော့
ငါ ပြောင်းလဲ နေပြီ လို့
သက်သက် ခံ မနေဘူး၊
သူ ဘယ်သူ နဲ့ တွေ့ခဲ့ သလဲ ဆိုတာ
သက်သေ ဖြစ် နေတယ်၊

A STONE

21/04/2026

အဘ ၏ အိမ်ကို မေ့လျော့ ပါ

16/04/2026

မယားကို ရသောသည်
ကောင်းသောအရာ ကို ရ

15/04/2026

လင် ဆိုတာ
မယား ဆိုတာ

14/04/2026

ခရစ်တော် ချိုးဖဲ့ ခံရတာ သတို့သမီး ကို ရဖို့

highlight

11/03/2026

ဥယျာဥ်တော် ၌ နေရာ ချ
Shamayim Zoom

26/02/2026

အိမ်မြောင် တစ်ကောင် အတွက်
အနိမ့် အမြင့် က အရေးမကြီး ဘူး၊

အိမ်မြောင် တစ်ကောင် အတွက် အိမ်ကပဲ အရေးကြီးတယ်။
အိမ်တော် မှာ တွယ်ကပ် နေခြင်း ကသာ အရေး ကြီးတယ်။

ကောင်းကင် က အရေးမကြီး သလို၊
မြေကြီး က လည်း အရေးမကြီး ဘူး၊
ဘုရား ဘယ်မှာ ကိန်း၀ပ်သလဲ ဆိုတဲ့
အိမ်တော် ကသာ
အိမ်မြောင် တစ်ကောင် ရဲ့ စွဲလန်းရာ ဖြစ်တယ်။

A Stone

ပြန်ရှင်ခြင်း အသက် ဆိုတာ အဖြူသုတ် တဲ့ အုတ်ရိုး အတွက်အိပ်မက် ဆိုး တစ်ခုပဲ၊A Stone
17/02/2026

ပြန်ရှင်ခြင်း အသက်
ဆိုတာ
အဖြူသုတ် တဲ့
အုတ်ရိုး အတွက်
အိပ်မက် ဆိုး တစ်ခုပဲ၊

A Stone

Address


Alerts

Be the first to know and let us send you an email when Bo Gyi - A STONE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Bo Gyi - A STONE:

  • Want your place of worship to be the top-listed Place Of Worship?

Share