Bethel Baptist Church

Call Contact the place of worship

Bethel Baptist Church Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bethel Baptist Church, Baptist church, No. 109-B, Mingyi Road, East Ywama, Insein.

01/10/2026

#သင့်ရဲ့ သင်းအုပ်ကို မမုန်းပါနှင့်။

အသင်းတော်တစ်ခုမှာ သင်းအုပ်ဆရာဆိုတာ အမှားမရှိတဲ့ကောင်းကင်တမန်တစ်ပါး မဟုတ်ပါဘူး။

တစ်ဖက်မှာလည်း အသင်းသားတိုင်းရဲ့ စိတ်ကြိုက်ဖြစ်အောင် အမြဲပြောပေးရတဲ့သူလည်း မဟုတ်ပါဘူး။

သူဟာ ကိုယ်ပိုင်အားနည်းချက်တွေရှိနေသေးပေမယ့် ခရစ်တော်၏ အသင်းတော်ကို ပြုစုစောင့်ရှောက်ရန် ခေါ်ယူခံရတဲ့ လူသားတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် သင်းအုပ်ဆရာကို မချစ်နိုင်တော့တဲ့အချိန်၊ တရားဒေသနာကို မကြိုက်တဲ့အချိန်၊ အမှုတော်ဆောင်မှုတစ်ခုအပေါ် မကျေနပ်တဲ့အချိန်တိုင်းမှာ ချက်ချင်းဝေဖန်မယ့်အစား မိမိရဲ့နှလုံးသားကိုလည်း ပြန်စစ်ဆေးကြည့်ကြပါစို့။

#အသင်းတော်ကို ပိုမိုကျန်းမာစေဖို့အတွက် အောက်ပါအချက် (၁၀) ချက်ကို သတိပြုကြရအောင်။

➡၁။ #တရားဒေသနာသည် မိမိစိတ်ကြိုက် ဖျော်စပ်ထားသော ဖျော်ရည်မဟုတ်ပါ။

တရားဟောခြင်းဆိုတာ နားထောင်သူတိုင်း စိတ်ကြိုက်ဖြစ်အောင် အရသာဖျော်စပ်ပေးရတဲ့အရာ
မဟုတ်ပါဘူး။ တရားဟောသူရဲ့
အဓိကတာဝန်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သစ္စာရှိစွာ ကြေညာပေးရန် ဖြစ်ပါတယ်။

တရားဒေသနာတစ်ပုဒ်ကို “မကောင်းဘူး၊ မထိရောက်ဘူး၊
အရသာမရှိဘူး” လို့ မဝေဖန်ခင်
မိမိကိုယ်ကိုလည်း မေးကြည့်သင့်ပါတယ်။

“ကျွန်ုပ်ဟာ ဘုရားသခင်ပြောချင်တဲ့စကားကို နားထောင်ချင်တာလား၊ ဒါမှမဟုတ် ကျွန်ုပ်နားထောင်ချင်တဲ့စကားကိုပဲ ရှာနေတာလား?”

"အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ (၂ တိမောသေ ၄:၃)

➡၂။ #သူ့ရဲ့အချိန်တွေကိုပေးဆပ်နေသူပါ။

​သင်းအုပ်ဆရာတစ်ဦး၏ အမှုတော်သည် တနင်္ဂနွေနေ့ တရားဟောစင်ပေါ်တက်ခြင်းနဲ့ မပြီးပါဘူး။
​အသင်းသားတစ်ဦး နာမကျန်းဖြစ်တဲ့အခါ၊ မိသားစုတစ်ခု အခက်အခဲကြုံတဲ့အခါ၊ နာရေးရှိတဲ့အခါ၊ မင်္ဂလာရှိတဲ့အခါ၊ ဝိညာဉ်ရေးရာအကူအညီလိုတဲ့အခါ သူ့ရဲ့အချိန်၊ အားအင်နဲ့ စိတ်နှလုံးကို အသင်းတော်အတွက် ပေးဆပ်ရပါတယ်။

​ဒါပေမယ့် ဒီအရာဟာ သင်းအုပ်ဆရာက မိသားစုတာဝန်ကို လျစ်လျူရှုသင့်တယ်လို့ မဆိုလိုပါဘူး။ မိမိမိသားစုကို စောင့်ရှောက်ခြင်းသည်လည်း အမှုတော်ဆောင်တစ်ဦး၏ အရေးကြီးတဲ့တာဝန်ဖြစ်ပါတယ်။

​ထို့ကြောင့် မမြင်ရတဲ့နေရာမှာ
အသင်းတော်အတွက် ပေးဆပ်နေတဲ့ သူ၏အချိန်နှင့် အားအင်များကိုလည်း နားလည်ပေးကြပါစို့။

​“ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာစိတ် တိုးပွားသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်းမေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ ငါသည် ကိုယ်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း၊ ကုန်စေခြင်းငှာ အလွန်စေတနာရှိ၏။(၂ ကော ၁၂:၁၅)

➡၃။ #ဧည့်သည်ဆရာများနှင့် သင့်ရဲ့သင်းအုပ်ဆရာကို မနှိုင်းယှဉ်ပါနှင့်။

တစ်ခါတစ်ရံ ဧည့်သည်ဆရာတစ်ဦးသည် ကြိုတင်ပြင်ဆင်ထားသော တရားဒေသနာကောင်းတစ်ပုဒ်ကို လာရောက်ဟောကြားနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့အရာပါ။

ဒါပေမယ့် တစ်ခါတစ်ရံမှ ကြွရောက်လာတဲ့ ဧည့်သည်ဆရာတစ်ဦး၏ တရားဒေသနာနှင့် အသင်းတော်ရဲ့ နေ့စဉ်ဝိညာဉ်ရေးရာ၊ လူမှုရေး၊ အုပ်ချုပ်ရေးနဲ့ အသင်းသားများ၏ အခက်အခဲများကို နေ့စဉ်ရင်ဆိုင်နေရတဲ့ သင်းအုပ်ဆရာရဲ့ အမှုတော်ကို တိုင်းတာနှိုင်းယှဉ်ခြင်း မပြုသင့်ပါဘူး။

ဧည့်သည်ဆရာကိုလည်း လေးစားပါ။ မိမိရဲ့သင်းအုပ်ဆရာကိုလည်း တန်ဖိုးထားပါ။ လူတိုင်းမှာ မတူညီတဲ့ခေါ်ယူခြင်းနဲ့ တာဝန်ရှိပါတယ်။

“သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။
(ဟေဗြဲ ၁၃း၁၇)

➡၄။ #တရားဒေသနာကို အပြစ်မတင်မီ မိမိနှလုံးသားကို စစ်ဆေးပါ။

တရားဒေသနာကို နားထောင်တဲ့အခါ တရားဟောသူကိုပဲ စစ်ဆေးမနေပါနဲ့။ မိမိနှလုံးသားကိုလည်း စစ်ဆေးပါ။

တစ်ခါတလေ ပြဿနာက တရားဒေသနာမှာ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ နားထောင်ပုံမှာ ဖြစ်နိုင်ပါတယ်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မျိုးစေ့ဖြစ်လျှင် မိမိနှလုံးသားသည် ထိုမျိုးစေ့ကျရောက်သည့် မြေဆီလွှာဖြစ်ပါတယ်။

ထို့ကြောင့် သင်တို့သည်
မည်သို့ကြားရသည်ကို
သတိပြုကြလော့။ (လုကာ ၈:၁၈)

➡၅။ #ဝေဖန်ခြင်းထက် ဆုတောင်းပေးခြင်းကို ဦးစားပေးပါ။

သင်းအုပ်ဆရာတစ်ဦးအတွက် တရားဟောခြင်းသည် စင်ပေါ်မှာ မိနစ်အနည်းငယ်ပြောပြီး ပြီးသွားတဲ့အရာ မဟုတ်ပါဘူး။ ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ပြင်ဆင်ခြင်းနဲ့ ဝိညာဉ်ရေးရာဝန်ထုပ်ကို ထမ်းခြင်းတို့ ပါဝင်ပါတယ်။

ဒါကြောင့် “ဘာကြောင့် ဒီလိုမဟောတာလဲ” လို့ ဝေဖန်မယ့်အစား

“သင်းအုပ်ဆရာ ဒီနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သစ္စာရှိစွာ ဟောနိုင်ဖို့ ကျွန်ုပ် ဆုတောင်းပေးခဲ့ပြီလား?”
လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်ပါတယ်။

"ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊
ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုလည်းကောင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊
ရဲရင့်စွာဟော ပြောမည်အကြောင်းကိုလည်းကောင်း၊ ငါ့အဖို့လည်း ဆုတောင်းကြလော့။"(ဧဖက် ၆:၁၉)

➡၆။ #မောရှေ၏လက်ကို ထောက်ပံ့ပေးသော အာရုန်နှင့် ဟုရကဲ့သို့ ဖြစ်ပါ။

အမှုတော်ဆောင်တစ်ဦးသည် အရာအားလုံးကို တစ်ယောက်တည်း မလုပ်နိုင်ပါဘူး။
ထွက်မြောက်ရာကျမ်း ၁၇ မှာ မောရှေ၏လက်များ ပင်ပန်းလာတဲ့အခါ အာရုန်နဲ့ ဟုရတို့က သူ့လက်ကို ထောက်ပံ့ပေးခဲ့ကြပါတယ်။ အသင်းတော်မှာလည်း ဒီလိုလူတွေလိုပါတယ်။
* သင်းအုပ်ဆရာ ပင်ပန်းတဲ့အခါ အပြစ်ရှာမယ့်သူမဟုတ်ဘဲ အားပေးမယ့်သူ ဖြစ်ပါ။
* သူ ဝန်ထုပ်ကြီးတဲ့အခါ ထပ်မတင်ပေးဘဲ ဝန်ခွဲထမ်းပေးပါ။
* သူ အားနည်းတဲ့အခါ အတင်းအဖျင်း မပြောဘဲ ဆုတောင်းပေးပါ။

သို့ရာတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တစ်ယောက်တစ်ဖက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။ (ထွက် ၁၇း၁၂)

➡၇။ #အကျွမ်းတဝင်ဖြစ်လွန်း၍ ‘နာဇရက်မြို့’ မဖြစ်စေပါနှင့်။

အကျွမ်းတဝင်ဖြစ်လာခြင်းသည် ကောင်းတဲ့အရာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကျွမ်းတဝင်ဖြစ်လွန်းတဲ့အခါ တန်ဖိုးမထားတော့ခြင်း ဖြစ်လာနိုင်ပါတယ်။

နာဇရက်မြို့သားများသည် ယေရှုကို “ဒီလူကို ကျွန်ုပ်တို့သိပါတယ်” ဆိုတဲ့ အမြင်နဲ့ ကြည့်ခဲ့ကြပါတယ်။ ထိုအကျွမ်းတဝင်မှုနဲ့ မယုံကြည်မှုကြောင့် ကိုယ်တော်သည် ထိုနေရာတွင် အံ့ဖွယ်အမှုများစွာ မပြုတော်မူခဲ့ပါ။

#ယနေ့လည်း မိမိသင်းအုပ်ဆရာကို နှစ်ပေါင်းများစွာ သိလာတဲ့အတွက် သူပြောတဲ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးမလျော့စေပါနှင့်။ လူကိုကြည့်ပြီး နှုတ်ကပတ်တော်ကို မပယ်ပါနှင့်။ နှုတ်ကပတ်တော်ကို နားထောင်ပြီး ဘုရားသခင်ကို ရှာပါ။

ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။
(မာကု ၆:၄)

➡၈။ #ဝိညာဉ်ရေးရာဝန်ထုပ်ကို ခွဲထမ်းပါ။

သင်းအုပ်ဆရာတစ်ဦးတည်းက အသင်းတော်တစ်ခုလုံးကို သယ်ဆောင်ဖို့ မလိုအပ်ပါဘူး။ အသင်းတော်သည် ခရစ်တော်၏ကိုယ်ဖြစ်ပြီး အသင်းသားတိုင်းမှာ မိမိတို့ရဲ့ အခန်းကဏ္ဍရှိပါတယ်။
ထို့ကြောင့်
* သင်းအုပ်ဆရာတစ်ဦးတည်း အားလုံးလုပ်ပေးရမယ်လို့ မမျှော်လင့်ပါနှင့်။
* အမှုတော်ရှိရင် ပါဝင်ပါ။
* လိုအပ်ရင် ကူညီပါ။
* ဝန်ထုပ်ရှိရင် ခွဲထမ်းပါ။
* အခက်အခဲရှိရင် ဆုတောင်းပေးပါ။

“ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။ (ဂလာတိ ၆:၂)

➡၉။ #မကျေနပ်ချက်များကို အတင်းအဖျင်းမဟုတ်ဘဲ မေတ္တာဖြင့် ဖြေရှင်းပါ။

သင်းအုပ်ဆရာကို မကျေနပ်တာရှိနိုင်ပါတယ်။ အသင်းတော်ခေါင်းဆောင်မှုအပေါ် အမြင်မတူတာလည်း ရှိနိုင်ပါတယ်။ ဒါဟာ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး။ အရေးကြီးတာက ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါ။

နောက်ကွယ်မှာ ပြောခြင်း၊ အုပ်စုဖွဲ့ခြင်း၊ လူမှုကွန်ရက်ပေါ်မှာ သွယ်ဝိုက်ရေးသားခြင်းထက် မေတ္တာဖြင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းက အသင်းတော်ကို ပိုတည်ဆောက်ပေးနိုင်ပါတယ်။

“ထိုကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကို နားထောင်လျှင် ညီအစ်ကို ကိုရပြီ။ (မဿဲ ၁၈:၁၅)

အမှားကို မဖုံးကွယ်ပါနှင့်။ ဒါပေမယ့် အမှားကို ဖြေရှင်းရာမှာလည်း မေတ္တာနှင့် သမ္မာတရား ကို အတူတကွ ကိုင်စွဲကြပါစို့။

➡၁၀။ #သင်းအုပ်ဆရာ၏ အမှုတော်ကို လေးစားပြီး ဝိညာဉ်ရေးရာခေါင်းဆောင်မှုကို တန်ဖိုးထားပါ။

သင်းအုပ်ဆရာသည် အပြစ်မရှိတဲ့သူ မဟုတ်ပါဘူး။ သူလည်း ဘုရားသခင်၏ ကျေးဇူးတော်ကို လိုအပ်နေတဲ့ လူသားတစ်ဦးပါပဲ။
ဒါပေမယ့် ခရစ်တော်၏ အသင်းတော်ကို ဦးဆောင်ရန် ခေါ်ယူထားသော အမှုတော်ဆောင်တစ်ဦးအဖြစ် သူ၏တာဝန်ကို လေးစားသင့်ပါတယ်။

#လေးစားခြင်းဆိုတာ အမှားအားလုံးကို မှန်တယ်လို့ ပြောခြင်းမဟုတ်ပါဘူး။
#နာခံခြင်းဆိုတာ သမ္မာကျမ်းစာနဲ့ မကိုက်ညီတာကို မျက်စိမှိတ်လိုက်ခြင်းမဟုတ်ပါဘူး။
အမှန်တရားကို မပျောက်စေဘဲ မေတ္တာနဲ့ ပြောနိုင်ခြင်း၊ အမှုတော်ကို မဖျက်ဆီးဘဲ ပြုပြင်ပေးနိုင်ခြင်း၊ သင်းအုပ်ဆရာကို မချိုးဖဲ့ဘဲ ဆုတောင်းပေးနိုင်ခြင်း
ဒါတွေက ကျန်းမာတဲ့အသင်းတော်ရဲ့ အမှတ်လက္ခဏာတွေ ဖြစ်ပါတယ်။

သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။
(ဟေဗြဲ ၁၃:၁၇)

နောက်ဆုံးမှာ ကတော့
* သင်းအုပ်ဆရာက ပြီးပြည့်စုံတဲ့သူ မဟုတ်ပါဘူး။

* အသင်းသူ/သားတွေလည်း ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ပါဘူး။

ကျွန်ုပ်တို့အားလုံးဟာ ခရစ်တော်၏ကျေးဇူးတော်ကို လိုအပ်နေကြတဲ့သူတွေ ဖြစ်ကြပါတယ်။
* ဒါကြောင့် သင်းအုပ်ဆရာကို မုန်းမယ့်အစား ဆုတောင်းပေးကြပါစို့။
* ဝေဖန်မယ့်အစား လိုအပ်တဲ့အခါ မေတ္တာနဲ့ ပြုပြင်ပေးကြပါစို့။
* ဝန်ထုပ်ကို ထပ်တင်မယ့်အစား ခွဲထမ်းပေးကြပါစို့။
* အတင်းအဖျင်းပြောမယ့်အစား မျက်နှာချင်းဆိုင် မေတ္တာနဲ့ ဖြေရှင်းကြပါစို့။
* တစ်ဦးကိုတစ်ဦး ချိုးဖဲ့မယ့်အစား ခရစ်တော်၏ကိုယ်တော်ကို အတူတကွ တည်ဆောက်ကြပါစို့။
အသင်းတော်ဟာ သင်းအုပ်ဆရာတစ်ဦးတည်းရဲ့ အသင်းတော်မဟုတ်ပါဘူး။ အသင်းတော်ဟာ ခရစ်တော်၏ အသင်းတော်ဖြစ်ပါတယ်။
ထို့ကြောင့်—
* သင်းအုပ်ဆရာကို ချစ်ပါ။
* သင်းအုပ်ဆရာအတွက် ဆုတောင်းပါ။
* သင်းအုပ်ဆရာကို အားပေးပါ။
* လိုအပ်တဲ့အခါ မေတ္တာနှင့် သမ္မာတရားဖြင့် ပြုပြင်ပေးပါ။
ပြီးတော့ အရာခပ်သိမ်းကို ခရစ်တော်၏ ဘုန်းတော်အတွက် ပြုကြပါစို့။

သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။ (၁ ကော၁၆:၁၄)

ခရစ်တော်၏အသင်းတော်ကို တစ်ဦးကိုတစ်ဦး ချစ်ခြင်း၊ လေးစားခြင်း၊ ဆုတောင်းခြင်းနှင့် အတူတကွ တည်ဆောက်ကြပါစို့။
Enoch Kyaw Thet
To God alone be the glory.

10/09/2026

အသင်း​​​​တော်၌ တက်ကြွသောအသင်းဝင်များနှင့် နာမည်ခံအသင်းဝင်များ၏ ကွာခြားချက်

#နိဒါန်း
​အသင်းတော်ဆိုတာ ဝတ်ပြုကိုးကွယ်ဖို့ ယုံကြည်သူတွေ စုဝေးတဲ့နေရာတင် မကပါဘူး။ ဘုရားသခင်နဲ့ အခြားသူတွေကို အစေခံဖို့ အသင်းသူ/သား တိုင်းမှာ တာဝန်ကိုယ်စီရှိကြတဲ့ ဝိညာဉ်ရေးရာ မိသားစုလည်း ဖြစ်ပါတယ်။

ယုံကြည်သူတိုင်းကို ဝိညာဉ်ရေးရာ ဆုကျေးဇူးတွေ ပေးထားပြီး ခရစ်တော်ရဲ့ ခန္ဓာတော် တည်ဆောက်ရေးမှာ အခန်းကဏ္ဍတစ်ခုစီ ပါဝင်စေတယ်လို့ သမ္မာကျမ်းစာက သွန်သင်ပါတယ်။

ဒါပေမဲ့ ဘုရားသခင်ရဲ့ အမှုတော်မြတ်မှာ သစ္စာရှိရှိ ပါဝင်ကြတဲ့ တက်ကြွတဲ့ အသင်းတော်ဝင်တွေနဲ့ ပါဝင်မှုနည်းတဲ့ နာမည်ခံ အသင်းဝင်တွေကြားမှာ ကွာခြားချက်ရှိပါတယ်။

​၁။ ကတိကဝတ်ပြုမှု (Commitment)
#တက်ကြွသော အသင်းဝင်များ
- ဘုရားသခင်နဲ့ အသင်းတော်အပေါ် လုံးဝ စိတ်နှစ်မြှုပ်ထားကြတယ်။ ဝတ်ပြုကိုးကွယ်ခြင်းမှာ သစ္စာရှိရှိ တက်ရောက်ကြတယ်၊ ခရစ်တော်အပေါ် သစ္စာစောင့်သိကြပြီး ဘုရားသခင်နဲ့ ဆက်ဆံရေးကို ဦးစားပေးကြတယ်။ (ကောလောသဲ ၃:၂၃)

#နာမည်ခံ အသင်းဝင်များ
- စိတ်ပါဝင်စားမှု အကန့်အသတ်ပဲ ရှိပြီး မိမိအတွက် အဆင်ပြေတဲ့အချိန်မှပဲ ပါဝင်လေ့ရှိကြတယ်။ ပါဝင်ဆောင်ရွက်မှုက မှန်မှန်ကန်ကန် မရှိကြဘူး။

​၂။ ပါဝင်ဆောင်ရွက်မှု (Participation)
#တက်ကြွသော အသင်းဝင်များ
- အသင်းတော်ရဲ့လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ကြပြီး ဘုရားသခင်နဲ့ အခြားသူတွေကို အစေခံဖို့ မိမိတို့၏ ဆုကျေးဇူးတွေကို အသုံးပြုကြတယ်။ (၁ ကော ၁၂:၂၇)

#နာမည်ခံ အသင်းဝင်များ
- ဘုရားကျောင်းတော့ လာကြတယ်(ဒါ​တောင် ပုံမှန်မဟုတ်ဘူး)၊ ဒါပေမဲ့ အမှုတော်ဆောင် အစီအစဉ်တွေမှာ ပါဝင်တာ ဒါမှမဟုတ် ဘုရားရှင်ရဲ့ အမှု​တော်မြတ်အတွက် မိမိတို့ရဲ့ စွမ်းရည်တွေကို အသုံးပြုတာ မရှိသလောက်ပါပဲ။

​၃။ ဝိညာဉ်ရေးရာ ကြီးထွားမှု (Spiritual Growth)
#တက်ကြွသော အသင်းဝင်များ
- ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံခြင်းအားဖြင့် ဝိညာဉ်ရေးရာ ကြီးထွားဖို့ ကြိုးစားကြတယ်။ (၂ ပေတရု ၃:၁၈)

#နာမည်ခံ အသင်းဝင်များ
- ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်ကောင်း ထောင်ကြလိမ့်မယ်၊ ဒါပေမဲ့ ဝိညာဉ်ရေးရာ ရင့်ကျက်မှုနဲ့ ပြောင်းလဲမှုအတွက် စိတ်ပါလက်ပါ မရှာဖွေကြဘူး။

​၄။ အမှုတော်ဆောင်ခြင်း (Service)
#တက်ကြွသော အသင်းဝင်များ
- အစေခံချင်တဲ့ စိတ်နှလုံးရှိကြပြီး ဘုရားသခင်နဲ့ လူတွေကို အစေခံဖို့ မိမိတို့ရဲ့ အချိန်၊ ပါရမီနဲ့ အရင်းအမြစ်တွေကို လိုလိုလားလား အသုံးပြုကြတယ်။ (၁ ပေတရု ၄:၁၀)

#နာမည်ခံ အသင်းဝင်များ
- အခြားသူတွေက မိမိကို ပြန်အစေခံတာကိုပဲ မျှော်လင့်တတ်ကြပြီး အမှုတော်ဆောင်ရာမှာ တာဝန်ယူဖို့ ရှောင်လွှဲတတ်ကြတယ်။ အသင်း​တော်အတွက် ဘာလုပ်မလဲဆိုတာထက် ၊ အသင်း​တော်က​နေ ဘာပံ့ပူးမှုများရမလဲဆိုတာကြီးပဲ အမြဲ​မျှော်လင့်တတ်တယ်။

​၅။ အသင်းတော်နှင့် ဆက်ဆံရေး (Relationship with the Church)
#တက်ကြွသော အသင်းဝင်များ
- အသင်းတော်ကို ဝိညာဉ်ရေးရာ မိသားစုတစ်ခုအဖြစ် မြင်ကြပြီး အခြားယုံကြည်သူတွေနဲ့အတူ မေတ္တာနဲ့ စည်းလုံးစွာ ပူးပေါင်းလုပ်ဆောင်ကြတယ်။ (ဆာလံ ၁၃၃:၁)

#နာမည်ခံ အသင်းဝင်များ
- အသင်းတော်ကို လေးနက်တဲ့ ဆက်ဆံရေး တည်ဆောက်ခြင်းမရှိဘဲ ကောင်းချီး၊ သွန်သင်ချက်နဲ့ ခွန်အားယူစရာ နေရာတစ်ခုအဖြစ်ပဲ အဓိက မြင်ကြတယ်။

​၆။ တာဝန်ယူမှု (Responsibility)
#တက်ကြွသော အသင်းဝင်များ
- ဧဝံဂေလိတရား ဝေမျှခြင်း၊ အခြားသူများကို ကူညီခြင်းနဲ့ အသင်းတော်ရဲ့ သာသနာပြုလုပ်ငန်းတွေကို ကူညီဖို့ တာဝန်ယူကြတယ်။ (မဿဲ ၂၈:၁၉)

#နာမည်ခံ အသင်းဝင်များ
- မိမိတို့ရဲ့ ခေါ်ယူခြင်းကို သတိမမူဘဲ အမှုတော်ဆောင် တာဝန်အများစုကို သင်းအုပ်ဆရာတွေနဲ့ ခေါင်းဆောင်တွေဆီပဲ လွှဲထားတတ်ကြတယ်။ အသင်း​​​တော်အတွက် ဘာတစ်ခုမှ ​ပေးလှူတာမရှိ၊ ပါ၀င်အ​စေခံတာလည်းမရှိဘူး။

​၇။ သဘောထားစိတ္တဇ (Attitude)
#တက်ကြွသော အသင်းဝင်များ
- ဘုရားသခင်နဲ့ အခြားသူများကို အစေခံဖို့ နှိမ့်ချပြီး စိတ်ပါလက်ပါရှိတဲ့ သဘောထား ရှိကြတယ်။ ခရစ်တော်ရဲ့ အစေခံခြင်း စံနမူနာကို လိုက်လျှောက်ကြတယ်။ (မဿဲ ၂၀:၂၆)

#နာမည်ခံ အသင်းတော်ဝင်များ
- အခြားသူများကို အစေခံတာထက် မိမိရဲ့ သက်တောင့်သက်သာရှိမှုနဲ့ အကျိုးကျေးဇူးတွေကိုပဲ ပိုပြီး အာရုံစိုက်တတ်ကြတယ်။

​၈။ ပေးလှူခြင်း (Giving)
#တက်ကြွသော အသင်းဝင်များ
- ဘုရားသခင်ရဲ့အမှု​တော်မြတ်နဲ့ အခြားသူတွေရဲ့ လိုအပ်ချက်အတွက် မိမိတို့ရဲ့ ဘဏ္ဍာ၊ အချိန်နဲ့ စွမ်းရည်တွေကို လိုလိုလားလား ပေးလှူကြတယ်။ (၂ ကော ၉:၇)

#နာမည်ခံ အသင်းဝင်များ
- တစ်ခါတစ်ရံ ပေးလှူကောင်း ပေးလှူကြလိမ့်မယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် အမြဲတမ်း စနစ်တကျ စေတနာစွန့်ကြဲဖို့ ဝန်လေးတတ်ကြတယ်။ ပုံမှန်၀င်​ငွေရတယ်၊ ဒါ​ပေမဲ့ ဘုရားသခင်ကို ပုံမှန်ပြန်မ​ပေးဘူး။

​၉။ သာသနာပြုခြင်းနှင့် ရည်ရွယ်ချက် (Mission and Purpose)
#တက်ကြွသော အသင်းဝင်များ
- မိမိတို့ရဲ့ ရည်ရွယ်ချက်ဟာ ခရစ်တော်အတွက် သက်သေခံသူတွေဖြစ်ဖို့နဲ့ ဧဝံဂေလိဝေမျှခြင်းမှာ ပါဝင်ဖို့ဆိုတာ နားလည်ကြတယ်။ (တမန်တော် ၁:၈)

#နာမည်ခံ အသင်းဝင်များ
- သာသနာပြုခြင်းနဲ့ ဧဝံဂေလိဝေငှခြင်းဟာ သင်းအုပ်ဆရာတွေ ဒါမှမဟုတ် အသင်းတော်ခေါင်းဆောင်တွေရဲ့ တာဝန်ပဲလို့ ထင်မှတ်တတ်ကြတယ်။ မီရှင်နှင့် ဧ၀ံ​ဂေလိလုပ်ငန်းမှာ ကိုယ်တိုင်မပါ၀င်ရုံမက ဆု​တောင်းခြင်းနှင့် ​ပေူကမ်းခြင်းနဲ့လည်း မပါ၀င်ဘူး။

#​နိဂုံး
​တက်ကြွတဲ့ အသင်းဝင်တွေနဲ့ နာမည်ခံအသင်းဝင်တွေကြား ကွာခြားချက်ဟာ ဘုရားကျောင်းတက်ရုံ သက်သက်မဟုတ်ဘဲ ကတိကဝတ်ပြုမှု၊ ဝိညာဉ်ရေးရာ ရင့်ကျက်မှုနဲ့ အစေခံလိုတဲ့ စိတ်ဆန္ဒတို့မှာ ကွာခြားတာ ဖြစ်ပါတယ်။ တက်ကြွတဲ့ အသင်းဝင်တွေဟာ ပါဝင်ဆောင်ရွက်ခြင်း၊ အစေခံခြင်း၊ ပေးလှူခြင်းနဲ့ ခရစ်တော်ရဲ့ သာသနာပြုလုပ်ငန်းကို ပြည့်စုံစေခြင်းအားဖြင့် မိမိတို့ရဲ့ ယုံကြည်ခြင်းအတိုင်း လက်တွေ့အသက်ရှင်ကြတယ်။

နာမည်ခံ အသင်းဝင်တွေကတော့ တစ်ခါတ​လေဘုရားကျောင်းတက်ပေမဲ့ ဘုရားသခင်ရဲ့ အမှု​တော်မှာ ပါဝင်မှု နည်းကြတယ်။ ကျမ်းစာက ယုံကြည်သူတိုင်းကို ခရစ်တော်နောက် သစ္စာရှိရှိလိုက်ပြီး အသင်းတော် တိုးတက်ရေးမှာ ပါဝင်ကူညီတဲ့ တက်ကြွသော တပည့်တော်များ ဖြစ်လာကြဖို့ နှိုးဆော်ထားပါတယ်။

တမန်တော်ပေါလု သတိပေးထားတာကို အမြဲ​အောက်​မေ့ကြစို့။ "ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။" (၁ ကောရိန္သု ၁၅:၅၈)

​ယေရှုခရစ်၏အ​စေခံကျွန်
လင်းထွန်း

05/09/2026

Pastor-သင်းအုပ်တစ်ယောက်ဟာ အသင်းတော်ရှေ့မှာရပ်ပြီး လူတွေကိုဆုတောင်းပေးနေသူဖြစ်ပေမယ့် သူ့အတွတ်လည်း ဆုတောင်းပေးဖို့လိုအပ်တယ်။အမှုတော်ဆောင်တစ်ယောက်ရဲ့နောက်ကွယ်မှာ အသင်းသူ/အသင်းသား ရဲ့
ဆုတောင်းခြင်းရှိနေခြင်းက အလွန်တန်ဖိုးရှိပါတယ်။

( ၁ ) ၀ိညာဥ်ရေးရာ ခွန်အားအတွတ်ဆုတောင်းပေးပါ

သင်းအုပ် တစ်ယောက်ဟာ လူများစွာကို ခွန်အားပေးနေရမယ့် သူကိုယ်တိုင်လည်း နေ့စဥ်ဘုရားထံမှ ခွန်အားအသစ်ကိုရရှိဖို့လိုအပ်ပါတယ်။လူတွေရှေ့ ပြုံးပြနေပေမယ့် တစ်ယောက်တည်းရှိတဲ့အချိန်မှာ စိတ်ပင်ပန်းခြင်း၊စိတ်ဖိစီးခြင်း၊ဝမ်းနည်းခြင်းနဲ့ အားနည်းခြင်းတွေကို ရင်ဆိုင်နေရနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ Pastor သင်းအုပ် နေ့စဥ်
" ခွန်အားသစ်ကိုပေးပါ " အမှုတော်မှာ စိတ်မပျက်ဘဲ သစ္စာရှိရှိ ဆက်လက်ရပ်တည်နိုင်ဖို့အတွတ်အမြဲတမ်း ဆုတောင်းပေးပါ။

( ၂ ) ဘုရားထံမှ ညဏ်ပညာရဖို့ ဆုတောင်းပေးပါ

အသင်းတော်ကို ဦးဆောင်ခြင်းဟာ တကယ်လွယ်တဲ့ တာဝန်တော့မဟုတ်ပါဘူး။လူတစ်ယောက်ချင်းစီ၏ စိတ်နေစိတ်ထား ပြဿနာနဲ့လိုအပ်ချက်တွေက မတူညီပါဘူး။တစ်ခါတရံကိုယ့်ရဲ့ မိသားစုအတွတ်လည်း ထည့်စဥ်းစားပေးရတယ်။အသင်းသူ/အသင်းသားတွေရဲ့ စား၀တ်နေရေး၊ကျန်းမာရေး၊အိမ်ထောင်ရေး အစစအရာရာမှာလည်း
လိုက်ဖြေရှင်းပေးရတတ်ပါတယ်။ဒီချိန်မှာ လူ့ညဏ်ပညာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ဒါကြောင့် လူ့အမြင်နောက်မလိုက်ဘဲ ဘုရားပေးတဲ့ ညဏ်ပညာနဲ့ ဆုံးဖြတ်နိုင်ဖို့ဆုတောင်းပေးပါ။

( ၃ ) နှုတ်ကပတ်တော်ကို မှန်ကန်စွာ ဝေဌနိုင်ဖို့ဆုတောင်းပေးပါ

တရားဟောခြင်းဆိုတာ စကားလှလှပြောခြင်းသက်သက်မဟုတ်ပါဘူး။လူတွေရဲ့ အသက်တာထိတွေ့ပြီး ပြောင်းလဲနိုင်စေဖို့ ဘုရားသခင်နှုတ်ကပတ်တော်ကို မှန်ကန်စွာနားလည်ပြီး သစ္စာရှိစွာဝေဌရပါတယ်။သူရဲ့နှုတ်ကထွက်တဲ့
စကားတိုင်းဟာ နားထောင်သူတွေရဲ့ နှလုံးသားကိုရောက်ရှိပြီး အပြစ်ကိုနောင်တရစေခြင်း၊အားနည်းသူကို ခွန်အားပေးခြင်း လမ်းပျောက်သူကို လမ်းပြခြင်းဖြစ်စေဖို့အတွတ် ဆုတောင်းပေးပါ။

( ၄ ) မိသားစုအတွတ် ဆုတောင်းပေးပါ

သင်းအုပ်က အသင်းတော်အတွတ်အချိန်ပေးရတဲ့အခါ မိသားစုကိုအချိန်မပေးနိုင်တဲ့အခါ များစွာရှိတတ်တယ်။
ဒါကြောင့် သင်းအုပ်ရဲ့မိသားစု အိမ်ထောင်ရေးပြဿနာ
ပဋိပက္ခ မဖြစ်စေဖို့ သင်းအုပ်အတွတ်ပါမဟုတ် သူရဲ့မိသားစုဝင်တွေအတွတ်လည်း ဆုတောင်းပေးပါ။အိမ်ထောင်ရေးခိုင်မာဖို့၊သားသမီးများ သခင်ဘုရား၌ကြီးပြင်းလာရန်နှင့် မိသားစုအတွင်း ချစ်ခြင်း၊ငြိမ်သက်ခြင်း၊စည်းလုံးခြင်းရှိဖို့ရန် အတွတ်လည်းနေ့စဥ်ဆုတောင်းပေးပါ။

( ၅ ) ကျန်းမာရေးနှင့် ကိုယ်ခန္ဓာအတွတ် ဆုတောင်းပေးပါ

သင်းအုပ်ဟာ အချိန်မရွေး လူတွေနဲ့တွေ့ဆုံရခြင်း၊ခရီးသွားရခြင်း၊တရားဟောရခြင်း ဆုတောင်းပေးရခြင်းနဲ့ အခြားတာဝန်များစွာရှိပါတယ်။တစ်ခါတလေ ကိုယ်ခန္ဓာအနားယူဖို့
မေ့သွားတဲ့အချိန်တွေလည်းရှိနိုင်တယ်။ဒါကြောင့် သင်းအုပ်ရဲ့ ကျန်းမာရေးအတွတ် အထူးအလေးနက်ထားပြီး ဆုတောင်းပေးပါ။

( ၆ ) စိတ်နှလုံးငြိမ်သက်ခြင်းအတွတ် ဆုတောင်းပေးပါ

Pastor သင်းအုပ်က လူတွေရဲ့ဝမ်နည်းခြင်းတွေကို နားထောင်ပေးရသလို၊ပြဿနာတွေကိုလည်း ဖြေရှင်းပေးရပါတယ်။ဒါကြောင့် လူတစ်ယောက်ရဲ့စကားတစ်ခွန်းက
နှလုံးသားကိုနာကျင်စေနိုင်ပါတယ်။ဝေဖန်မှုတစ်ခုက စိတ်ဓာတ်ကျစေနိုင်ပါတယ်။ဒါကြောင့် လူတွေမမြင်တဲ့ သူ့ရဲ့နှလုံးသားအတွတ် ဆုတောင်းပေးပါ။ဘုရားသခင်က သူ့နှလုံးသားကိုငြိမ်သက်ခြင်းနဲ့ပြည့်စေပြီး လူတွေရဲ့စကားထက်ဘုရားအသံကို နားထောင်တတ်ဖို့ နေ့စဥ်ဆုတောင်းပေးပါ။

( ၇ ) ၀ိညာဥ်ရေးရာတိုက်ပွဲအတွတ် ဆုတောင်းပေးပါ

အမှုတော်ကို ဦးဆောင်နေတဲ့ သင်းအုပ်ဆရာတိုင်းက ဝိညာဥ်ရေးရာတိုက်ပွဲနဲ့မကင်းနိုင်ပါဘူး။စိတ်ဓာတ်ကျခြင်း၊မာနထောင်လွှားခြင်း၊ဒေါသ၊မနာလိုခြင်း၊ပြိုင်ဆိုင်ခြင်းနဲ့
အပြစ်ထဲသို့ မကျမရောက်ဖို့ စာတန်ရဲ့လှည့်ဖြားမှုကိုမြန်မြန် သိပြီးအပြစ်ကို ရှောင်ရှား နိုင်စေဖို့ ယုံကြည်ခြင်း၌
ခိုင်မာစွာရပ်တည်နိုင်ဖို့ နေ့စဥ်ဆုတောင်းပေးပါ။

( ၈ ) အသင်းတော်ကို မှန်ကန်စွာ ဦးဆောင်နိုင်ရန် ဆုတောင်းပေးပါ

အသင်းတော်ကို ဦးဆောင်ခြင်းဟာ လူတိုင်းကိုကျေနပ်အောင်လုပ်ပေးခြင်းမဟုတ်ပါဘူး။တစ်ခါတလေ မှန်ကန်တဲ့အရာကို လုပ်တဲ့အခါ လူတိုင်းကနားလည်ချင်မှ နားလည်ကြလိမ့်မယ်။ထိုအချိန်မှာ သင်းအုပ်က လူတွေရဲ့လက်ခုပ်သံနောက်ကိုလိုက်ခြင်းထက် ဘုရားရဲ့အလိုတော်ကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ဒါကြောင့် အသင်းတော်ကိုညဏ်ပညာရှိစွာ၊မေတ္တာနဲ့၊နှိမ့်ချခြင်းနဲ့ ဦးဆောင်နိုင်ဖို့ နေ့စဥ်
ဆုတောင်းပေးပါ။

( ၉ ) ဝိညာဥ်များ ကယ်တင်ခြင်းအတွတ် ဆုတောင်းပေးပါ

သင်းအုပ်ရဲ့ အကြီးမားဆုံးဆန္ဒက အသင်းတော်ကြီးမားဖို့
ထက် လူတွေရဲ့အသက်တာ ဘုရားထံရောက်ရှိလာခြင်း ဖြစ်သင့်ပါတယ်။အပြစ်ထဲ ပျောက်ဆုံးနေသူတွေ ကယ်တင်ခြင်းရရှိရန်၊ယုံကြည်သူတွေ ၀ိညာဥ်ရေးရာ ရင့်ကျက်လာရန်
လူငယ်တွေ ဘုရားသခင်ကို အမှန်တကယ်သိကျွမ်းလာရန်
နေ့စဥ် ဆုတောင်းပေးပါ။

( ၁၀ ) ဘုရားနဲ့ပိုမို နီးကပ်လာရန်ဆုတောင်းပေးပါ

နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ သင်းအုပ်အမှုတော်နဲ့ မနီးစပ်ဘဲ အမှုတော်ရှင် ဘုရားသခင်နဲ့ပိုမိုနီးကပ်ဖို့ဖြစ်ပါတယ်။လူတွေကို ဆုတောင်းပေးပြီး ကိုယ်ကိုတိုင်ဆုတောင်းခြင်းမပျောက်ဖို့၊လူတွေကို နှုတ်ကပတ်တော်သင်ရင်း ကိုယ်ကိုတိုင်လည်း နှုတ်ကပတ်တော်၌အသက်ရှင်စေဖို့
လူတွေကို ခရစ်တော်ကိုချစ်ရန် သင်ပေးပြီး ကိုယ်ကိုတိုင်လည်း ခရစ်တော်ကို ပိုချစ်လာဖို့ နေ့စဥ်ဆုတောင်းပေးပါ။

( Ministry Is Not Easy-အမှုတော်က မလွယ်ကူပါဘူး )ဒါကြောင့်သင့်ရဲ့ Pastor သင်းအုပ်အတွတ်နေ့စဥ်ဆုတောင်းပေးပါ။သူက သင့်အတွတ်ဆုတောင်းပေးနေသလို ချစ်သောမိတ်ဆွေများလည်း သူ့အတွတ်ဆုတောင်းပေးပါ။
God Bless All.God Bless Every Pastor.

( အမှုတော်၌ )
Saya Jedidiah



တရုတ်ပြည်သာသနာပြု ဆရာကြီး ဂျိမ်းစ် ဟပ်ဆန် တေလာ (James Hudson Taylor)  အပိုင်း (၁)__ဘုရားသခင်ပြောင်းလဲစေခဲ့သော နေ့ခင်းတစ်...
07/08/2026

တရုတ်ပြည်သာသနာပြု ဆရာကြီး ဂျိမ်းစ် ဟပ်ဆန် တေလာ (James Hudson Taylor) အပိုင်း (၁)

__ဘုရားသခင်ပြောင်းလဲစေခဲ့သော နေ့ခင်းတစ်ခု နှင့် မိခင်၏ဆုတောင်းခြင်း__

ဟပ်ဆန် တေလာ (Hudson Taylor) သည် တရုတ်နိုင်ငံ သမိုင်းတွင် အကျိုးသက်ရောက်မှု အရှိဆုံး သာသနာပြုပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံတွင် သာသနာပြုခဲ့သည့် ၅၁ နှစ်တာကာလအတွင်း သူ၏ "တရုတ်ပြည်တွင်း သာသနာပြုအဖွဲ့" (China Inland Mission - CIM) သည် သာသနာပြုစခန်းပေါင်း ၂၀ ကို တည်ထောင်ခဲ့ပြီး၊ သာသနာပြု စုစုပေါင်း ၈၄၉ ဦး (၁၉၁၁ ခုနှစ်တွင် ၉၆၈ ဦးအထိ) ကို ခေါ်ယူနိုင်ခဲ့ကာ၊ တရုတ်အမျိုးသား သာသနာပြုလုပ်သား ၇၀၀ ခန့်ကို လေ့ကျင့်ပေးနိုင်ခဲ့သည်။ ထို့အပြင် (ဂျော့ချ် မူလာ၏ ပုံစံအတိုင်း) ယုံကြည်ခြင်းဖြင့် ရန်ပုံငွေ ဒေါ်လာ ၄ သန်းကို ရှာဖွေစုဆောင်းနိုင်ခဲ့ပြီး၊ အသင်းသူ/သား ၁၂၅,၀၀၀ ပါဝင်သော witnessing Chinese church တရုတ်အသင်းတော်ကို တည်ထောင်နိုင်ခဲ့သည်။ အနည်းဆုံး လူ ၃၅,၀၀၀ ခန့်သည် သူကိုယ်တိုင်၏ ဝေငှမှုကြောင့် ခရစ်ယာန်ဖြစ်လာခဲ့ပြီး လူပေါင်း ၅၀,၀၀၀ ခန့်ကို ရေနှစ်ခြင်း မင်္ဂလာ ပေးခဲ့သည်ဟု ဆိုကြသည်။ မိမိတို့၏ ဘဝနှင့် ပိုင်ဆိုင်မှုများကို ခရစ်တော်ထံ ဆက်ကပ်အပ်နှံရန် လူတို့အား နှိုးဆော်စည်းရုံးနိုင်သည့် သူ၏ ဆုကျေးဇူးမှာ အံ့မခန်းပင် ဖြစ်သည်။

တေလာကို ခရစ်ယာန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်မှာ ဆေးဝါးကျွမ်းကျင်သူ (ဒေသခံ မက်သဒစ် တရားဟောဆရာ) တစ်ဦးဖြစ်ပြီး၊ ငယ်စဉ်ကတည်းက တရုတ်နိုင်ငံကို စိတ်ဝင်စားခဲ့သူဖြစ်သည်။ တေးလာသည် အသက် ၄ နှစ်အရွယ်တွင် "သား လူကြီးဖြစ်လာရင် သာသနာပြုလုပ်ပြီး တရုတ်ပြည်ကို သွားမယ်" ဟု ခပ်တည်တည် ခပ်ကျယ်ကျယ် ပိုင်ပိုင်နိုင်နိုင် ပြောခဲ့ဖူးသည်။ ဖခင်၏ ယုံကြည်ခြင်းနှင့် မိခင်၏ ဆုတောင်းပေးမှုများသည် အလွန် အဓိပ္ပာယ်ရှိခဲ့သည်။ တေလာ မမွေးဖွားမီကပင် သူတို့သည် တစ်နေ့နေ့တွင် သားဖြစ်သူ တရုတ်ပြည်သို့ သာသနာပြုသွားနိုင်ရန် ဆုတောင်းခဲ့ကြသည်။ သို့သော်လည်း တေလာသည် အသက်ကြီးလာသောအခါ သံသယများပြည့်နှက်ပြီး လောကီဆန်သော လူငယ်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် လက်ရှိဘဝအတွက်သာ အသက်ရှင်ရန် ဆုံးဖြတ်ခဲ့သည်။ အသက် ၁၅ နှစ်တွင် ဒေသခံဘဏ်တစ်ခု၌ စာရေးငယ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ အပေါင်းအသင်းဝင်ဆံ့၍ ပျော်ပျော်နေတတ်သူဖြစ်သဖြင့် ရေပန်းစားသော ဆယ်ကျော်သက်တစ်ဦး ဖြစ်ခဲ့သည်။ လောကီအပေါင်းအသင်းများ၏ ဆွဲဆောင်မှုကြောင့် သူသည် ဘုရားကို လှောင်ပြောင်ပြီး ဆဲဆိုကြိမ်းမောင်းတတ်လာခဲ့သည်။ ထိုနှစ်ဆောင်းရာသီတွင် ဂက်စ်မီးရောင် အလင်းနည်းနည်းနှင့် မီးခိုးငွေ့ထူထပ်သော ပတ်ဝန်းကျင်၌ အလုပ်လုပ်ခဲ့ရသဖြင့် သူ၏မျက်စိများသည် တစ်သက်တာလုံး အမြင်အာရုံ အားနည်းသွားခဲ့ရသည်။ ၁၈၄၈ ခုနှစ်တွင် ဘဏ်အလုပ်မှထွက်ပြီး ဖခင်၏ ဆေးဆိုင်တွင် ဝင်ရောက်ကူညီခဲ့သည်။

သူ၏ ပြောင်းလဲခြင်းဇာတ်လမ်းမှာ အလွန်အံ့ဩဖွယ်ကောင်းလှသည်။ အသက် ၁၇ နှစ်အရွယ် ၁၈၄၉ ခုနှစ် ဇွန်လ မွန်းလွဲပိုင်းတစ်ခုတွင်၊ ဖခင်၏ စာကြည့်တိုက် (အိမ်နှင့်ကပ်လျက် စတိုးဆိုင် သို့မဟုတ် ဂိုဒေါင်) ထဲသို့ ဖတ်စရာစာအုပ် ရှာရန် ဝင်သွားခဲ့သည်။ နောက်ဆုံးတွင် “ဤအမှုပြီးပြီ” (It is Finished) ဟု ခေါင်းစဉ်တပ်ထားသော ဧဝံဂေလိ ဝေစာငယ်တစ်ခုကို ကောက်ယူလိုက်ပြီး စာအုပ်မျက်နှာဖုံးပါ ဇာတ်လမ်းကို ဖတ်ရန် ဆုံးဖြတ်လိုက်သည်။ စာအုပ်ထဲရှိ "ခရစ်တော်၏ ပြီးစီးခဲ့သော အမှုတော်" ဆိုသည့် အသုံးအနှုန်းကို တွေ့သောအခါ "ပြီးပြီ" ဆိုသည့် နှုတ်ကပတ်တော်ကို သတိရသွားပြီး "ဘာများ ပြီးသွားတာပါလိမ့်" ဟု မိမိကိုယ်ကို မေးခွန်းထုတ်မိခဲ့သည်။ အဖြေများက အစီအစဉ်အတိုင်း သဘောပေါက်သွားခဲ့ပြီး သူသည် ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံလိုက်တော့သည်။ ထိုမွန်းလွဲပိုင်း အချိန်တစ်ခုတည်းမှာပင်၊ မိုင် ၇၅ အကွာတွင် ရောက်ရှိနေသော သူ၏မိခင်သည် သားဖြစ်သူ၏ ပြောင်းလဲခြင်းအတွက် ပြင်းပြသောဆန္ဒဖြစ်ပေါ်လာသဖြင့်၊ အခန်းတံခါးကို ဂျက်ထိုးပိတ်ကာ ဆုတောင်းချက် မပြည့်စုံမချင်း ထိုနေရာမှ မထွက်ရန် ဆုံးဖြတ်ခဲ့သည်။ နာရီအနည်းငယ်အကြာတွင် စိတ်နှလုံး၌ စိတ်ချမှုရရှိကာ ထွက်ခွာလာခဲ့သည်။ ၁၀ ရက်အကြာတွင် အိမ်သို့ပြန်ရောက်သောအခါ သားဖြစ်သူက တံခါးဝတွင် ကြိုဆိုပြီး သတင်းကောင်းပြောစရာရှိသည်ဟု ဆိုသည်။ မိခင်က "ငါ သိတယ် သား။ သား ပြောပြမယ့် သတင်းကောင်းအတွက် မေမေ ဝမ်းမြောက်နေတာ ၁၄ ရက်တောင် ရှိပြီ" ဟု ပြန်ပြောခဲ့သည်။ တေလာ၏မိခင်သည် ထိုအကြောင်းကို မည်သည့်လူသားထံမှမျှ ကြားသိခဲ့ရခြင်း မဟုတ်ဘဲ၊ ဘုရားသခင်ကိုယ်တိုင် စိတ်ချမှု ပေးခဲ့ခြင်းဖြစ်သည်။

အပိုင်း ဆက်ရန်ကျန်သေးသည်။

Thousand Talks

https://www.wholesomewords.org/missions/biotaylor2.html

The Life and Ministry of James Hudson Taylor by Ed Reese, Christian Hall of Fame series, no. 36.

07/08/2026

သိရမှာက

ချမ်းသာတဲ့ တရားဟောဆရာတွေ
ချမ်းသာခြင်းအကြောင်းပြောတဲ့သူတွေ မရှိလို့
သာသနာက ဘာမှ မဖြစ်သွားပါဘူး။

ဧဝံဂေလိဆရာတွေ မရှိရင်တော့ သာသနာပျက်
ပါလိမ့်မယ်။
စစ်မှန်တဲ့သင်းအုပ်ဆရာတွေ မရှိရင်တော့
အသင်းတော် ပျက်ပါလိမ့်မယ်။

သာသနာမှာ
အရမ်းချမ်းသာတဲ့ တရားဟောဆရာတွေ
ရှိသလို
ငွေကြေးချို့တဲ့ တဲ့ ဧဝံဂေလိဆရာတွေ ရှိတယ်၊ ငွေကြေး မပြည့်စုံတဲ့ သင်းအုပ်ဆရာတွေ ရှိတယ်။

တချို့တွေက
ငွေကြေးအတွက် အမှုတော်ဆောင်တာဖြစ်ပြီး

တချို့တွေကတော့ ပျောက်ဆုံးဝိညာဉ်အတွက်၊
အသင်းတော်အတွက် နိုင်ငံတော်အတွက်

အမှုတော်ဆောင်တာ ဖြစ်တယ်။

#ရဲကျော်သူ
—————————

တိုင်းပြည် တပြည်မှာ ဝင်ငွေများသူ
ဝင်ငွေ နည်းသူတွေ ရှိတယ်။

နိုင်ငံတခုရဲ့ အနိမ့် အမြင့်ဟာ ငွေကြေးကြောင့်
ခြားနားသွားတာ မဟုတ်ဘဲ
ပညာကြောင့် ခြားနားသွားတာ ဖြစ်တယ်။

ပြည့်တန်ဆာတစ်ယောက်ရဲ့ ဝင်ငွေဟာ
ကျောင်းဆရာမ တစ်ယောက်ရဲ့ ဝင်ငွေထက်
အဆမတန် များနိုင်တယ်။

သိရမှာက
ပြည့်တန်ဆာကြောင့် တိုင်းပြည်တိုးတက်တယ်ဆိုတာ မရှိပါဘူး။

ပညာသင်ပေးတဲ့ ဆရာ ဆရာမတွေ မရှိရင်တော့
ပြည့်တန်ဆာ နိုင်ငံ ဖြစ်သွားမှာပါ။

ပြည့်တန်ဆာ ဆိုတာ
ငွေကြေးအတွက် အလုပ် လုပ်တာဖြစ်ပြီး

ကျောင်းဆရာ ဆရာမဆိုတာ
နိုင်ငံအတွက် အလုပ် လုပ်တာဖြစ်တယ်။

သာသနာမှာ
အရမ်းချမ်းသာတဲ့ တရားဟောဆရာတွေ ရှိသလို ငွေကြေးချို့တဲ့ တဲ့ ဧဝံဂေလိဆရာတွေ ရှိတယ်၊ ငွေကြေး မပြည့်စုံတဲ့ သင်းအုပ်ဆရာတွေ ရှိတယ်။

တချို့တွေက
ငွေကြေးအတွက် အမှုတော်ဆောင်တာဖြစ်ပြီး

တချို့တွေကတော့ ပျောက်ဆုံးဝိညာဉ်အတွက်၊
အသင်းတော်အတွက် နိုင်ငံတော်အတွက်
အမှုတော်ဆောင်တာ ဖြစ်ပါတယ်။

သိရမှာက ချမ်းသာတဲ့ တရားဟောဆရာတွေ
ချမ်းသာခြင်းအကြောင်းပြောတဲ့သူတွေ မရှိလို့
သာသနာက ဘာမှ မဖြစ်သွားပါဘူး။

ဧဝံဂေလိဆရာတွေ မရှိရင်တော့ သာသနာပျက်
ပါလိမ့်မယ်။
စစ်မှန်တဲ့သင်းအုပ်ဆရာတွေ မရှိရင်တော့
အသင်းတော် ပျက်ပါလိမ့်မယ်။

ပြည့်တန်ဆာ ဝင်ငွေကောင်းလို့ ကျောင်းဆရာမထက် သာတယ်လို့တွေးပြီ ဆိုကတည်းက

ပညာမဲ့ခြင်းရဲ့ လက္ခဏာ ပြည့်တန်ဆာသာသာပါပဲ။

ဟိုဆရာက ချမ်းသာလို့ ဧဝံဂေလိဆရာတွေထက်
ဘိသိတ်ရှိတယ်တွေးကတည်းက
အတွေးအခေါ်က လမ်းဘေးသာသာပါပဲ။

ငွေကြေး ဘယ်လောက်ကြွယ်ဝသလဲ ဆိုတာထက်
တိုင်းပြည်အတွက် ဘယ်လောက် အကျိုးပြုသလဲ
ကြည့်ရမှာ ဖြစ်သလို

အမှုတော်ဆောင်တစ်ယောက် ဘယ်လောက်ချမ်းသာသလဲ ဆိုတာထက်
သာသနာအတွက် ပျောက်ဆုံးဝိညာဉ်တွေအတွက်
အသင်းတော်အတွက် ဘယ်လောက် အကျိုးပြုသလဲဆိုတာ ဆင်ခြင်ရပါမယ်။

တိုင်းပြည်မှာ ပြည့်တန်ဆာဆိုတာ မရှိလို့ရတယ်။
ဆရာ ဆရာမတွေ ဆရာဝန် သူနာပြုတွေဆိုတာ မရှိလို့ မရ။

သာသနာမှာ စင်ပေါ်မှာ အော်နေတဲ့ တရားဟောဆရာတွေ မရှိလို့ ရတယ်။
ဧဝံဂေလိ ဆရာတွေ၊ စစ်မှန်တဲ့ သင်းအုပ်ဆရာတွေ
မရှိလို့ မရပါဘူး။

ပြည့်တန်ဆာ ဝင်ငွေ ဘယ်လောက်ကောင်းကောင်း တိုင်းပြည် ဂုဏ် မရှိသလို
တရားဟောဆရာ တစ်ယောက်ရဲ့ ဝင်ငွေဟာ
သာသနာရဲ့ ဂုဏ် အသင်းတော်ရဲ့ ဂုဏ် မဟုတ်ပါ။

ပျောက်ဆုံးဝိညာဉ်များကို ရှာသော ဧဝံဂေလိဆရာ
အသင်းတော်ကို ပြုစုတတ်သော သင်းအုပ်ဆရာများကသာ သာသနာနဲ့အသင်းတော်ကို တိုးတက်စေမှာဖြစ်တယ်ဆိုတာကို သိစေခြင်တာ ရင်ထဲက ဆန္ဒပါ။

အယောက်ဆီတိုင်း ဆင်ခြင်လျှက် ပြင်ဆင်ကြဘို့ပါ။

နားရှိသောသူမည်သည်ကား ကြားပါစေ။

နာမတော်မြတ်၌

#ရဲကျော်သူ

29Aug2025
07:40 am

28/06/2026

Bethel Children Home မှ ၁၂ တန်း ကို သမီး Kim Boih တစ်ယောက်ဖြေဆိုပီး တစ် ယောက်အောင်မြင် သောကြောင့် ၁၀၀% အောင်မြင်မှု ပေးသော ဘုရားသခင်ရဲ့ ကျေး ဇူးတော်ကို ချီးမွမ်းရပါ၏

21/06/2026

Father’s Day at Bethel Baptist Church

21/06/2026
21/06/2026
Happy Father’s Day ဖခင်များနေ့မှာ ဖခင်များအားလုံးကို ဂုဏ်ပြုပါတယ်။ ဖခင်များအားလုံး ဘုရားသခင်ထံမှ ပြည့်ဝစုံလင်သော ကောင်းခ...
21/06/2026

Happy Father’s Day
ဖခင်များနေ့မှာ ဖခင်များအားလုံးကို ဂုဏ်ပြုပါတယ်။ ဖခင်များအားလုံး ဘုရားသခင်ထံမှ ပြည့်ဝစုံလင်သော ကောင်းချီး သုခမဂ်လာအဖြာဖြာ ခံစားရပါစေ။

Address

No. 109-B, Mingyi Road, East Ywama
Insein

Telephone

+959261559669

Website

Alerts

Be the first to know and let us send you an email when Bethel Baptist Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Bethel Baptist Church:

Shortcuts

Share

Category