23/08/2026
သာသနာနှစ်-၂၅၇၀-ခု၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယ၀ါဆိုလဆုပ်(၉)ရက်၊ (၂၃-၈-၂၀၂၆) တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာ၊ မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော်အပါး (၁၃၀၀) ကျော်တို့အား အရုဏ်ဆွမ်း အလှူရှင်ဖြစ်ကြသော ဖခင်ကြီး(ဦးမျိုးကြယ်)+မိခင်ကြီးဒေါ်ခင်သန်းနွယ်တို့အား အမှူးထား၍ ဒေါက်တာခင်မာမျိုး၊ ဒေါက်တာနိုင်+ဒေါ်စန္ဒာမျိုး၊ ဦးကျော်မျိုး+ဒေါ်ကေခိုင်ဇော်၊ ဒေါ်ယဉ်ယဉ်မျိုး နှင့် မြေး Rainbow Kyaw - မိသားစု၊ နေ့ဆွမ်းအလှူနှင့် ဝါဆိုသင်္ကန်းအလှူရှင်ဖြစ်သော သား ရဟန်း အရှင်ဣန္ဒက အား ဦးထိပ်ထားလျှက် ခမည်းတော် ဦးသန့်ဇင်အောင်+မယ်တော် ဒေါ်ဒီဇင်ဘာဝင်း ဒီဇင်ဘာဝင်း အိမ်ခြံမြေ အကျိုးတော်လုပ်ငန်း-မိသားစု မှ သား မောင်မင်းခန့်အောင် ၏ ၂၈-နှစ်ပြည့် မွေးနေ့ကောင်းမှုအလှူဖြစ် အသီးသီး လှူဒါန်းခဲ့ကြပါသည်။
ထို့အပြင်-
၁။ဒေါ်ခင်အုန်းဌေး-ကောင်းမှုအလှူ၊ (20,000) တန်မှ ဖြစ်ပေါ်လာသော ပစ္စည်းလေးပါးအလှူ၊
၂။ကိုထွန်းလွင်+မချိုအုန်း-ငှက်ေပျာရောင်းဝယ်ရေး-မိသားစု ကောင်းမှု၊ (100,000) တန်မှ ဖြစ်ပေါ်လာသော ဆွမ်းပဒေသာပင်အလှူ၊
၃။ဦးဟိန်းနိုင်ဇော်+ဒေါ်လဲ့ရည်ဝင်း သ္မီး-မရွှန်းလဲ့မေ မြခွာညိုစတိုး-မိသားစု ကောင်းမှု၊ (250,000) တန်မှ ဖြစ်ပေါ်လာသော ဆွမ်းပဒေသာပင်အလှူ၊
၄။ကွယ်လွန်သွားကြသော ဖဖ ဦးသောင်းရွှေ+အမိ ဒေါ်စန်းမြင့် ညီမ-မဥမ္မာနွယ်တိုး အား ရည်စူး၍ ဦးခင်ဆွေဦး+ဒေါ်ဝင်းရွှေ-မိသားစု ကောင်းမှု၊ (100,000) တန်မှ ဖြစ်ပေါ်လာသော ပစ္စည်းလေးပါးအလှူ နှင့် သင်္ကန်းခြင်းအလှူ၊
၅။ဦးညွန့်၀င်း+ဒေါ်ခင်နွယ်ထွန်း-မိသားစု ကောင်းမှု၊ (5,000) တန်မှ ဖြစ်ပေါ်လာသော ပစ္စည်းလေးပါးအလှူ၊
၆။ သား ရဟန်း အရှင်ဣန္ဒက အား ဦးထိပ်ထားလျှက် ခမည်းတော် ဦးသန့်ဇင်အောင်+မယ်တော် ဒေါ်ဒီဇင်ဘာဝင်း ဒီဇင်ဘာဝင်း အိမ်ခြံမြေ အကျိုးတော်လုပ်ငန်း-မိသားစု မှ သား မောင်မင်းခန့်အောင် ၏ ၂၈-နှစ်ပြည့် မွေးနေ့ကောင်းမှုအလှူအဖြစ် ဝါဆိုသင်္ကန်း(၁)စုံအလှူ
တို့ကိုအသီးသီး လှူဒါန်းခဲ့ကြပါသည်။
အရုဏ်ဆွမ်း၊ နေ့ဆွမ်းအလှူရှင်မိသားစုများ၊ ပစ္စည်းလေးပါးအလှူရှင်မိသားစုများ နှင့် ဓမ္မမိတ်ဆွေ သူတော် ကောင်း များစုပေါင်း၍ နာယကဆရာတော်ထံမှောက်၌ အလှူရှင်များ သီလဆောက်တည်၍ တရားတော် နာကြားကြပြီး လှူဒါန်းမှုအစုစုတို့ကိုလည်း ရေစက်သွန်းချအမျှဝေခဲ့ကြပါသည်။
သပ္ပုရိသဒါနကောင်းမှုများကြောင့် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာ၊ ဘေးဘယာဝေးကွာကြလျှက် နိဗ္ဗာန်ရွှေ ပြည်မြတ်သို့ အမြန်ရောက်ရှိနိုင်ကြပြီးကြားသိရသူအပေါင်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေသော်။
🙏🙏🙏
#မဟာဝိဟာရကျောင်းတိုက်
#မဟာဝိဟာရမှော်ဘီ
#မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်