19/06/2024
မဟာဝိဟာရကျောင်းတိုက်(မှော်ဘီမြို့)မှ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်၊ အာဂမနယူပဒေသကျောင်းသို့ ၁၃၈၅-၆ ခုနှစ်တွင်လည်း ရဟန်းတော်များကို အဘိဝံသပညာတော်သင်အဖြစ် ပို့ခဲ့ပါသည်။ ထိုအထဲမှ အရှင်သောဏာလင်္ကာရသည် ယခုနှစ် (၁၃၈၆) ခု၊ ပရိယတ္တိသာသနဟိတအသင်းမှ ၁၁၈-ကြိမ်မြောက် ကျင်းပအပ်သော သီးခြားစာသင်တန်းတွင် အောင်စဉ် ၂(ဒုတိယ)ဖြင့် အောင်မြင်ခဲ့ပါသည်။ ထို့အပြင် ၎င်းရဟန်းတော်သည် ၁၃၈၅-ခု၊ မြင်းခြံမြို့ ပရိယတ္တိသဒ္ဓမ္မပါလအသင်းကြီးက ၇၁-ကြိမ်မြောက် ကျင်းပအပ်သော သီးခြားစာသင်တန်းတွင် အောင်စဉ် ၅ ဖြင့် အောင်မြင်ခဲ့ပါသည်။ ဤကဲ့သို့ အောင်မြင်ခဲ့သော ထိုရဟန်းတော်သောဏာလင်္ကာရကို မဟာဝိဟာရကျောင်းတိုက်စာချဘုန်းကြီးများနှင့် ကပ္ပိယကာရကအဖွဲ့မှ အထူးဂုဏ်ပြုမှတ်တမ်းတင်ပါသည်။ ယင်းကဲ့သို့ အောင်မြင်ဖို့ရန် အစစအရာရာ ကူညီပေးခဲ့ကြသော, ပရိယတ္တိစာပေများကို ပို့ချပေးခဲ့ကြသော မစိုးရိမ်တိုက်ဆရာတော်များနှင့် (အထူးသဖြင့်)အာဂမနယူပဒေသကျောင်းဆရာတော်ကြီးတို့အား အထူးပင် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုပါသည်။