ကောသမ္ဗီပြည် မြို့ဟောင်း နန်းဦးစေတီ ဘုရားနီဘုရားကြီး

  • Home
  • Myanmar
  • Heho
  • ကောသမ္ဗီပြည် မြို့ဟောင်း နန်းဦးစေတီ ဘုရားနီဘုရားကြီး

ကောသမ္ဗီပြည် မြို့ဟောင်း နန်းဦးစေတီ ဘုရားနီဘုရားကြီး အဆုံးအမများ နှလုံးသားထဲ ကိန်းပါစေ။

25/12/2024

" #တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် (၁၇) ချက် "

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း
ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

ဦးစိုင်းနေ ( တောင်ကြီး)

မြစိမ်း​တောင်. ​ရွှေမု​ဌော​ကျောင်းတိုက်ဆရာ​တော်ကြီး
18/11/2024

မြစိမ်း​တောင်. ​ရွှေမု​ဌော​ကျောင်းတိုက်ဆရာ​တော်ကြီး

04/09/2024
ရွှေ​ညောင်​တောင်​လေးလုံး ဘုရားနီ​ကျေးရွာ  ဘုရားနီ  ​ကောသဗ္မီမြို့​ဟောင်းနန်းဦး​စေတီတည်​ဆောက်​နေပါသည်. အလှုကုသိုလ်ပါဝင်လ...
04/09/2024

ရွှေ​ညောင်​တောင်​လေးလုံး ဘုရားနီ​ကျေးရွာ ဘုရားနီ ​ကောသဗ္မီမြို့​ဟောင်းနန်းဦး​စေတီတည်​ဆောက်​နေပါသည်. အလှုကုသိုလ်ပါဝင်လှုဒါန်းနိုင်ပါတယ်. ဥူးကုသလစာရ(095201037)

Address

Heho
Heho

Alerts

Be the first to know and let us send you an email when ကောသမ္ဗီပြည် မြို့ဟောင်း နန်းဦးစေတီ ဘုရားနီဘုရားကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share