Panlong Brethren Church

Panlong Brethren Church A Christ-centered church, teaching God’s Word and sharing His love.

📖 “အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်အကြွေးမျှ မတင်စေနှင့်” — ရောမ ၁၃:၈ယုံကြည်သူတွေဆိုတာ  ခရစ်တော်၌ တစ်ဦးနှင့်တစ်ဦ...
03/10/2026

📖 “အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်အကြွေးမျှ မတင်စေနှင့်” — ရောမ ၁၃:၈

ယုံကြည်သူတွေဆိုတာ ခရစ်တော်၌ တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် အချင်းချင်းအတွက် ကောင်းကျိုးပြုခြင်းတို့နဲ့ပဲ အသက်ရှင်ကြဘို့ ဖြစ်ပါတယ်။
🎙️ Guest Speaker – Saya JD Lut Choi
📅 27 September 2026
⛪ Panlong Brethren Church
🌿 Sunday Worship Service

“မေတ္တာသည် အကြွေးတင်နေစရာမရှိဘဲ အမြဲပေးဆပ်နေရသော အရာဖြစ်သည်။”

📖 “ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့” — ကောလောသဲ ၃:၂၃အမှုတော်ဆောင်ခြင်း၊ အလုပ်လုပ်ခြင်း၊ နေ့စဉ်ဘဝမှာ ပြုသမျှအရာတို...
30/09/2026

📖 “ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့” — ကောလောသဲ ၃:၂၃

အမှုတော်ဆောင်ခြင်း၊ အလုပ်လုပ်ခြင်း၊ နေ့စဉ်ဘဝမှာ ပြုသမျှအရာတိုင်းကို လူမြင်ကောင်းဖို့မဟုတ်ဘဲ သခင်ဘုရားအတွက် စိတ်နှလုံးအကြွင်းမဲ့ ပြုကြစို့။

🎙️ Guest Speaker – Saya Way Thang
📅 27 September 2026
⛪ Panlong Brethren Church
🙏 Combined Worship Service

လာရောက်ပြီးအတူတကွ ကိုးကွယ်ခြင်း၊ နှုတ်ကပတ်တော်နားထောင်ခြင်းနှင့် မိတ်သဟာယပြုခြင်းတွင် ပါဝင်ကြပါစို့။

29/09/2026

တစ်ချိန်က မြန်မာပြည်အနှံ့
ဧဝံဂေလိတရားမှာ ကြီးမားစွာ
ဘုရားအသုံးပြု ခံရတဲ့

ဆရာ ဒေါက်တာ ​​ ပေါလ်ခေးကျိုင်း


ပါမောက္ခတစ်ယောက် ပေးတဲ့အကြံကမ္ဘာကျော် ယေးလ်တက္ကသိုလ် (Yale) ဆင်း ပထဝီနိုင်ငံရေးလေ့လာသုံးသပ်သူ ပညာရှင် ပါမောက္ခ Jiang Xue...
29/09/2026

ပါမောက္ခတစ်ယောက် ပေးတဲ့အကြံ

ကမ္ဘာကျော် ယေးလ်တက္ကသိုလ် (Yale) ဆင်း ပထဝီနိုင်ငံရေးလေ့လာသုံးသပ်သူ ပညာရှင် ပါမောက္ခ Jiang Xueqin ကို
"ကမ္ဘာကြီးမှာ မရေမရာဖြစ်မှုတွေ ပိုများလာတယ်။ ဒီလိုခေတ်၊ ဒီလိုအချိန်မှာ သာမန်လူတစ်ယောက်အနေနဲ့ ဘာလုပ်သင့်သလဲ" လို့
စတီဗင် ဘားတ်လတ် (Steven Bartlett) က မေးခဲ့တဲ့အခါ သူက မထင်မှတ်ထားတဲ့ အဖြေတစ်ခုကို ပေးခဲ့ပါတယ်။

သူ့ရဲ့အဖြေက ရိုးရိုးရှင်းရှင်းလေးပါပဲ -
"သာမန်လူတစ်ယောက်ကို ကျွန်တော်ပေးနိုင်တဲ့ အကောင်းဆုံး အကြံဉာဏ်ကတော့ 'ဘုရားသခင်ကို ယုံကြည်ပါ' ဆိုတာပါပဲ။"

"The Diary of a CEO" အစီအစဉ်မှာ ပါဝင်ခဲ့စဉ်တုန်းက ပါမောက္ခ Jiang က
စစ်ပွဲတွေ၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတွေနဲ့ လူ့ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ကမောက်ကမဖြစ်သွားနိုင်တဲ့ ကာလတစ်ခု ရောက်လာနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့အကြီးမားဆုံး ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်စရာတွေကို ဆွေးနွေးပြီးတဲ့နောက်မှာတော့ သူ့ရဲ့အကြံပြုချက်ဟာ ပုဂ္ဂိုလ်ရေးဆန်ပြီး နက်ရှိုင်းလာခဲ့ပါတယ် -
"ဘုရားသခင်ကို ယုံကြည်ပါ၊ မိသားစုကို အဓိကဂရုစိုက်ပါ၊ အမှန်တရားကိုပဲ ပြောဆိုပါ။"

ပါမောက္ခ Jiang က ဘုရားသခင်ကို စပြီးယုံကြည်လာခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံကိုလည်း မျှဝေခဲ့ပါတယ်။
အရင်တုန်းက ကမ္ဘာကြီးကို ရုပ်ဝတ္ထုအမြင်နဲ့ပဲ ကြည့်မြင်ခဲ့ဖူးကြောင်းနဲ့
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ ဘုရားသခင်နဲ့ ပတ်သက်တဲ့ သူ့ရဲ့နားလည်မှု၊ ဘဝရဲ့ အဓိပ္ပာယ်တွေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

ရှေ့ဆက် ဘာတွေဖြစ်လာမလဲ၊ အနာဂတ်ဆိုတာ ကြောက်လန့်တကြားနဲ့ ယှဉ်ပြိုင်နေထိုင်ဖို့ လိုတယ်ဆိုတာတွေကို ပြောမယ့်အစား ပါမောက္ခ Jiang က ပိုပြီး အခြေခံကျတဲ့ အရာတွေကို ညွှန်ပြခဲ့ပါတယ် -
ဒါတွေကတော့ ဘုရားသခင်၊ မိသားစု နဲ့ အမှန်တရား တို့ပဲ ဖြစ်ပါတယ်။

ယုံကြည်သူတွေအတွက်ကတော့ ပါမောက္ခ Jiang ရဲ့ စကားတွေဟာ သမ္မာကျမ်းစာက နှစ်ပေါင်းထောင်ပေါင်းများစွာတည်းက ဟောကြားခဲ့တဲ့ အမှန်တရားကို ရောင်ပြန်ဟပ်နေပါတယ်။
"တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။" - ရှင်ယောဟန်ခရစ်ဝင် ၁၄:၁

နိုင်ငံရေးအပြောင်းအလဲတွေ၊ ပဋိပက္ခ၊ ငွေကြေးဆိုင်ရာ ကမောက်ကမတွေနဲ့ အနာဂတ်မရေမရာဖြစ်မှုတွေ ပြည့်လွှမ်းနေတဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ အရေးကြီးဆုံးမေးခွန်းက
"ကမ္ဘာကြီးမှာ ဘာတွေဆက်ဖြစ်လာမလဲ" ဆိုတာ မဟုတ်ပါ။

တကယ် အရေးကြီးတဲ့ မေးခွန်းကတော့ -
"မင်းရဲ့ဘဝကို ဘယ်လို အုတ်မြစ်ပေါ်မှာ တည်ဆောက်ထားသလဲ" ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ဘုရားသခင်ကို ယုံကြည်ပါ။ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှာဖွေပါ။
မိသားစုကို ချစ်ပါ။ အမှန်တရားကို ပြောပါ။ ရည်ရွယ်ချက်ရှိရှိ ရပ်တည်နေထိုင်ပါ။

"ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။" - သုတ္တံကျမ်း ၃:၅



“ကိုးကွယ်ယုံကြည်သူမဖြစ်ဘဲ၊ ယုံကြည်ကိုးကွယ်သူ ဖြစ်ပါစေ”ခရစ်ယာန်ယုံကြည်ခြင်းဟာ ဘာကိုယုံကြည်နေမှန်း၊ ဘယ်သူ့ကိုကိုးကွယ်နေမှန...
28/09/2026

“ကိုးကွယ်ယုံကြည်သူမဖြစ်ဘဲ၊ ယုံကြည်ကိုးကွယ်သူ ဖြစ်ပါစေ”

ခရစ်ယာန်ယုံကြည်ခြင်းဟာ ဘာကိုယုံကြည်နေမှန်း၊ ဘယ်သူ့ကိုကိုးကွယ်နေမှန်း သိရှိခြင်း နဲ့ သက်ဆိုင်ပါတယ်။

ပဋိညာဉ်ဟောင်းမှ ပဋိညာဉ်တရားသစ် သို့—
ဘုရားသခင်က မိမိ၏တရားတော်ကို ကျောက်ပြားပေါ်တွင်သာမက လူတို့၏နှလုံးသားပေါ်တွင် ရေးသားပေးတော်မူသော တရားသစ် ဖြစ်ပါတယ်။ ထိုတရားသည် အပြင်ပန်းလိုက်နာရုံမျှမဟုတ်ဘဲ၊ ယုံကြည်သူ၏အတွင်းစိတ်နှင့် အသက်တာကို ပြောင်းလဲစေသော ဘုရားသခင်၏အမှုတော်ဖြစ်ပါတယ်။

ဒါကြောင့်—

ယုံကြည်သူမှန်လျှင်
ဘာကိုယုံကြည်မှန်း သိရမယ်။
ဘယ်သူ့ကို ကိုးကွယ်မှန်း သိရမယ်။
ယုံကြည်ခြင်းနဲ့ ကိုးကွယ်ခြင်းဟာ ခွဲခြားလို့မရဘဲ
“ယုံကြည်ကိုးကွယ်သူ” ဖြစ်ရပါမယ်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့လည်း
“ဘာကိုယုံကြည်နေမှန်း မသိ၊ ဘာကိုကိုးကွယ်ရမှန်း မသိ” ဖြစ်နေကြသလားဆိုတာ ပြန်လည်ဆင်ခြင်ကြည့်ကြပါစို့။

📖 2 Corinthians 3:3–6

🎙️ Guest Speaker – Saya Chaing Mana
📅 27 September 2026
⛪ Panlong Brethren Church
🌙 Sunday Night Worship Service

🙏 ယုံကြည်ရုံမျှမက၊ ယုံကြည်ကိုးကွယ်သူများ ဖြစ်ကြပါစို့။






#ယုံကြည်ကိုးကွယ်သူ
#ပဋိညာဉ်တရားသစ်

“ချိုမြိန်ခြင်းသာမက ခါးသီးခြင်းကိုလည်း ဘုရားသခင်နှင့်အတူ ဖြတ်သန်းပါ”ခရစ်ယာန်အသက်တာဆိုတာ ကောင်းမွန်ချိုမြိန်တဲ့ အချိန်တွေ...
27/09/2026

“ချိုမြိန်ခြင်းသာမက ခါးသီးခြင်းကိုလည်း ဘုရားသခင်နှင့်အတူ ဖြတ်သန်းပါ”

ခရစ်ယာန်အသက်တာဆိုတာ ကောင်းမွန်ချိုမြိန်တဲ့ အချိန်တွေကိုသာ ခံစားရခြင်းမဟုတ်ပါ။ တစ်ခါတစ်ရံ ခါးသီးခြင်း၊ နာကျင်ခြင်း၊ စမ်းသပ်ခြင်း တွေကိုလည်း ဖြတ်သန်းရတတ်ပါတယ်။

ထွက်မြောက်ရာကျမ်း ၁၂:၈ မှာ အစ္စရေးလူမျိုးတွေဟာ အဲဂုတ္တုပြည်မှ ထွက်မြောက်မယ့်ညမှာ သိုးသူငယ်၏အသားကို ခါးသောအရာများနှင့်အတူ စားကြရပါတယ်။

ခရ်ယာန်အသက်တာမှာ ချိုမြိန်ခြင်းရှိသလို ခါးသီးခြင်းကိုလည်း ဖြတ်သန်းရပါတယ်။

ခါးသီးတဲ့အချိန်မှာ ဘုရားသခင်ကို မစွန့်ပါနဲ့။
စမ်းသပ်ခြင်းထဲမှာလည်း ယုံကြည်ခြင်းကို မလွှတ်ပါနဲ့။

ခါးသီးခြင်းကိုပင် ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာအတွက် အသုံးပြုနိုင်ပါတယ်။

📖 Exodus 12:8
🎙️ Guest Speaker – Saya Nawn Thang (Am Swe)

🗓️ 27 September 2026

⛪ Panlong Brethren Church
🌙 Sunday Night Worship Service

“ချိုမြိန်တဲ့နေ့တွေမှာ ကျေးဇူးတော်ချီးမွမ်းပါ။
ခါးသီးတဲ့နေ့တွေမှာလည်း ဘုရားသခင်ကို ယုံကြည်ပါ။”


Blessed Birthday, Salai Law Naing! 🎂✨May God bless your business and use you continuously as a reliable young servant in...
26/09/2026

Blessed Birthday, Salai Law Naing! 🎂✨

May God bless your business and use you continuously as a reliable young servant in His ministry. Have a blessed day! 🙏❤️
​(Psalm 37:4)



24/09/2026

ပညာလိုရင် ဘုရားသခင်ဆီ တောင်းပါ

Rev. Dr. Zaw Min



 #အဝေးရောက်နေသူတွေသတိရလွမ်းနိုင်ဖို့ #အသင်းတော်မှာကျန်ခဲ့တဲ့အဘိုးဘွားတွေကိုသတိရခြင်းများစွာဖြင့် #အမိမြေကိုလွမ်းနိုင်ကြပ...
20/09/2026

#အဝေးရောက်နေသူတွေသတိရလွမ်းနိုင်ဖို့
#အသင်းတော်မှာကျန်ခဲ့တဲ့အဘိုးဘွားတွေကိုသတိရခြင်းများစွာဖြင့်
#အမိမြေကိုလွမ်းနိုင်ကြပါစေ



20/09/2026

#သူတို့တွေဘာလုပ်ကြတာလဲ

Address

YatDuk Village, Southern Chin State
Chin State

Website

Alerts

Be the first to know and let us send you an email when Panlong Brethren Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category