Saya Thianpi - ဆရာရှန်ပီး

Saya Thianpi - ဆရာရှန်ပီး ဘုရားသခင်၏နုတ်ကပတ်တရားတော်သည်သင့်?

24/12/2025

ခရစ်စမတ်

Christmas

အဓိပ္ပါယ်

ခရစ်စမတ် (Christmas) ဆိုတာ ကယ်တင်ရှင်ဘုရားလို ့အဓိပ္ပါယ်ရှိတဲ့ ခရစ်တော် "Christ" နှင့် လူသားအစုအဝေးလို့အဓိပ္ပါယ်ရှိတဲ့ "mass" စကားလုံး နှစ်လုံး ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် ခရစ်စမတ်ဆိုတာ “ဘုရားနှင့်လူသား ပေါင်းစည်းခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ “ခရစ်တော် ဘုရားရှိသော လူအစုအဝေး” ဟုလည်းခေါ်ဆိုလို့ရပါတယ်။

ဖြစ်ပေါ်လာပုံ

ခရစ်စမတ်ဖြစ်ပေါ်လာပုံကတော့ ကယ်တင်ရှင်ခရစ်တော်ဘုရား ဖွားမြင်တဲ့ နေ့ကိုအခြေခံပြီး သတ်မှတ်တာပါ။ ကယ်တင်ရှင်ခရစ်တော်ဘုရား ဖွားမြင်တဲ့ နေ့ကို အတိအကျမသိရပေမဲ့ အေဒီ ၃၅၄ ခုနှစ်မှစပြီး ဒီဇင်ဘာ (၂၅) ရက်နေ့ကို ရောမ သာသနာပိုင်များနှင့် ဘုရင်မင်းမြတ်က ခရစ်စမတ်နေ့အဖြစ် လက်ခံကျင့်သုံးခြင်းမှ အစပြုပြီး ယခုအခါ ကမ္ဘာသူကမ္ဘာသား တစ်ကမ္ဘာလုံးက လက်ခံကျင့်သုံးနေပြီ ဖြစ်ပါတယ်။

အနှစ်သာရ

ကယ်တင်ရှင်ခရစ်တော်ဘုရားဟာ လူဇာတိကို ခံယူ၍ဖွားမြင်တဲ့နေရာမှာ ဂုဏ်ပကာသနနှင့် ပြည့်စုံတဲ့နန်းတော်ကိုမရွေးဘဲ နွားတင်းကုပ်မှာနိမ့်ကျစွာဖွားမြင် လာပါတယ်။ အဲဒါကြောင့်ခရစ်စမတ်ရဲ့အနှစ်သာရဟာ ခရစ်တော်ဘုရားကို ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ်လက်ခံပြီး နှိမ့်ချခြင်း၊ ချစ်မေတ္တာရှိခြင်းဖြင့် အသက်တာကိုတည်ဆောက်ကာ ဘုရားသခင်၏နိုင်ငံတော်ထဲဝင်စားဖို့ ဘုရားသခင်နှင့် ပေါင်းစည်းဖို့ဖြစ်ပါတယ်။

ယခုအခါ စက္ကူပန်း၊ ရောင်စုံမီးလုံးအစရှိ အပြင်အဆင်များဖြင့် မွမ်းမံချယ်သကာ ပျော်ပါးခြင်းပွဲလမ်းသဘင် အသွင်ဆောင်လျက် ခရစ်စမတ်ပွဲကို ကျင်းပလေ့ရှိပါတယ်။ တကယ်တမ်းတွင် ခရစ်စမတ်အနှစ်သာရမှာ အပြင်ပုံပန်းသဏ္ဍာန်ပျော်ရွင်ခြင်း၊ မြူးတူးခြင်းမျိုး မဟုတ်ဘဲ၊ ခရစ်တော်ဘုရားကို လက်ခံပြီး ကယ်တင်ခြင်းရသည်နှင့်အညီ အတွင်းပိုင်းဖြစ်တဲ့ စိတ်နှလုံးတွင် ငြိမ်သက်ပျော်ရွင်ခြင်း၊ ဝိညာဉ်စိတ်ချခြင်းများရှိကာ ဘုရားသခင်နှင့်အတူ လိုက်လျှောက်ခြင်းဘဲ ဖြစ်တဲ့အကြောင်း တင်ပြချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

07/02/2025

ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်နှင့် ဆက်သွယ်ခြင်း၊ နှုတ်ကပတ်တော်များဖြင့် စကားပြောခြင်း သို့မဟုတ် စိတ်ထဲမှ တိတ်ဆိတ်စွာ ချဉ်းကပ်ခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာတွင် ဆုတောင်းခြင်းသည် ဘုရားသခင်ထံ ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်း၊ အပြစ်ဝန်ခံခြင်း၊ တောင်းလျှောက်ခြင်းနှင့် ကိုယ်တော်နှင့် နီးစပ်စွာ ဆက်သွယ်ခြင်းတို့ပါဝင်သည်။

# # # ဆုတောင်းခြင်း၏ အဓိကအချက်များ
1. **ကျေးဇူးတင်ခြင်း** - ဘုရားသခင်ပေးသော ကောင်းချီးများအတွက် ကျေးဇူးတင်ခြင်း။
2. **ချီးမွမ်းခြင်း** - ဘုရားသခင်၏ ကြီးမြတ်မှုနှင့် ကျေးဇူးတော်အတွက် ချီးမွမ်းခြင်း။
3. **အပြစ်ဝန်ခံခြင်း** - မိမိ၏ အပြစ်များကို ဝန်ခံ၍ ခွင့်လွှတ်ခြင်းတောင်းခံခြင်း။
4. **တောင်းလျှောက်ခြင်း** - မိမိအတွက် သို့မဟုတ် အခြားသူများအတွက် လိုအပ်ချက်များကို တောင်းလျှောက်ခြင်း။
5. **နားထောင်ခြင်း** - ဘုရားသခင်၏ အလိုတော်ကို နားထောင်ရန် စိတ်ရှည်စွာ စောင့်ဆိုင်းခြင်း။

# # # ဆုတောင်းခြင်း၏ ပုံစံ
ဆုတောင်းခြင်းသည် ပုံသေစကားလုံးများဖြင့် မဟုတ်ဘဲ စိတ်ထဲမှ ရိုးသားစွာ ဖော်ပြခြင်းဖြစ်သည်။ ခရစ်တော်က မာတိကာ ၆း၇ တွင် "ဆုတောင်းသောအခါ လူတို့ပြုသကဲ့သို့ စကားများများဖြင့် မဆုတောင်းကြနှင့်" ဟု သွန်သင်ထားသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်ထံ ရိုးရိုးသားသား ချဉ်းကပ်ခြင်းဖြစ်သည်။

# # # ဆုတောင်းခြင်း၏ အရေးပါမှု
- **ဘုရားသခင်နှင့် ဆက်ဆံရေး** - ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် နီးစပ်စွာ ဆက်သွယ်ရန် နည်းလမ်းတစ်ခုဖြစ်သည်။
- **စိတ်ငြိမ်းချမ်းမှု** - ဆုတောင်းခြင်းဖြင့် စိတ်ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ပြီး စိတ်ငြိမ်းချမ်းမှုကို ရရှိစေသည်။
- **ခွန်အားရရှိခြင်း** - ဘုရားသခင်ထံမှ ခွန်အားနှင့် လမ်းညွှန်မှုကို ရယူနိုင်သည်။

ဆုတောင်းခြင်းသည် ဘုရားသခင်ထံ ရိုးရိုးသားသား ချဉ်းကပ်ခြင်းဖြစ်ပြီး ကိုယ်တော်၏ အလိုတော်ကို နားထောင်ရန် နှလုံးသားဖွင့်ထားခြင်းလည်း ဖြစ်သည်။

11/11/2024

❗မအိပ်ခင်အဖြေမှန်လေးရွေးကြည့်ပါ

(1) Who restored Paul’s sight after the Lord blinded him?
A. Peter
B. Luke
C. Ananias
D. Matthew

(2) How did Paul escape Damascus when the Jews were trying to kill him?
A. He was let down from the city walls in a basket
B. An angel lifted him out
C. An earthquake created the means of escape
D. Silas came to his rescue

(3)Where was Paul stoned?
A. Melita
B. Damascus
C. Galilee
D. Lystra

(4)Where was an altar erected “to the unknown God”?
A. Athens
B. Capernaum
C. Thessalonica
D. Jericho

(5) What Athenian judge was converted under Paul’s preaching?
A. Eunice
B. Candace
C. Eubulus
D. Dionysius

(6) What was Paul’s occupation?
A. Carpentry
B. Tentmaking
C. Stonemasonry
D. Fishing

(7) Prior to raising Eutychus from the dead, Paul preached a lengthy sermon. At what hour did he end his sermon?
A. Early morning
B. Mid afternoon
C. Late evening
D. Midnight

(8) What does Paul say is the fulfillment of the law?
A. Righteousness
B. Patience
C. Faith
D. Love

08/11/2024

❗ မအိပ်ခင်အဖြေမှန်လေးရွေးကြည့်ပါ

(1) What was the first of the ten plagues in Egypt?
A. Frogs
B. Water turned into blood
C. Plague of lice
D. Darkness

(2)Where was Moses buried?
A. In Canaan
B. In a cave
C. In the valley of Moab
D. In the desert

27/05/2024

ညဆုတောင်း

ငါ သည် စိတ် နှ လုံး ထဲ မှာ ဒု စ ရိုက် ကို ငဲ့ ကွက် လျှင်၊ ဘု ရား ရှင် သည် နား ထောင် တော် မ မူ။ (ဆာလံ 66:18 ယုဒသန်)

အဖဘုရားသခင်၊ ကျွန်တော် ဝန်ခံပါ၏။
ကျွန်တော်သည် ဒုစရိုက်ကိုနှလုံးသားထဲမှာ စွဲမြဲနေရာပေးခဲ့မိပါသည်။အကျွန်ုပ်သည် စိတ်နှလုံးထဲ၌ အပြစ်ကို သိမ်းဆည်းထားသည်ကို ကြာမြင့်စွာ ဝန်ခံပါ၏။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၏နက်နဲမှုကိုလိုက်လျှောက်မည့်အစား၊ ကျွန်တော် ၏မာနနှင့်ဆန္ဒများကို စွဲကိုင်ထားခဲ့ပါသည်။ ယနေ့တွင်၊ နောင်တရသော စိတ်နှလုံးဖြင့် ရှေ့တော်၌ ကျွန်တော်သည် ကိုယ်တော့်အလိုတော်အတိုင်း အပ်နှံပြီး ကျွန်တော်၏အပြစ်များကို ကိုယ်တော်ထံ ဝန်ခံပါသည်။ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ကျွန်တော့်ကို လက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်၏ငြိမ်သက်ခြင်းသည် ကျွန်တော်အား လွှမ်းခြုံနိုင်ပါစေ၊ ကျွန်တော်သည် ဒုစရိုက်အပြစ်မှ ပြောင်းလဲသွားစေရန်အတွက် ကျွန်ုပ်အား အသစ်သော အသက်တာပေးပါစေကြောင်း ဆုတောင်းပါသည်။

ယေရှုခရစ်၏နာမတော်၊ အာမင်။

ပူဇော်သက္ကာ“ပူဇော်သက္ကာ” (ဟေဗြဲ. ကော်ဘန်-corban) ဆိုသောဝေါဟာရမှာ “အနီးအပါးသို့ချဉ်းကပ်ခြင်း” ဟုအဓိပ္ပာယ် ရှိပါသည်။ ထို့က...
21/01/2024

ပူဇော်သက္ကာ

“ပူဇော်သက္ကာ” (ဟေဗြဲ. ကော်ဘန်-corban) ဆိုသောဝေါဟာရမှာ “အနီးအပါးသို့ချဉ်းကပ်ခြင်း” ဟုအဓိပ္ပာယ် ရှိပါသည်။ ထို့ကြောင့် ဣသရေလယုံကြည်သူများသည် ပူဇော်သက္ကာအားဖြင့် ဘုရားသခင်၏အနီးအပါးသို့ချဉ်းကပ်ပြီးမိတ်သဟာယဖွဲ့ခြင်း၊ ကောင်း၊ချီးမင်္ဂလာများခံစားရခြင်းအခွင့်ကိုရရှိနိုင်ပါသည် (န. ဆာ ၇၃:၂၈)။

(၁) ၁: – ၇: တွင် မီးရှို့ရာယဇ် (၁:၃-၁၇)၊

ဘောဇဉ်ပူဇော်သက္ကာ (၂:၁-၁၆)၊

မိတ်သဟာယယဇ် (၃:၁-၁၇)၊

အပြစ်ဖြေရာယဇ် (၄:)၊

ဒုစရိုက်ဖြေရာယဇ် (၅:၁၄ – ၆:၇၊ ၇:၁-၇)၊

ပူဇော်သက္ကာငါးမျိုးအကြောင်းကိုဖော်ပြထားပါသည်။

(၂) ဝတ်ပြုသူများသည် ယုံကြည်ခြင်းနှင့်ချီးမွမ်းခြင်း၊ မိတ်သဟာယကိုအသစ်ဖြစ်စေခြင်း၊ ဘုရားသခင်ကိုပို၍နက်နဲစွာဆက်ကပ်ခြင်း၊ သို့ အပြစ်ခွင့်လွှတ်ခြင်းကိုတောင်းခံခြင်းစသည်တို့ကို ပူဇော်သက္ကာအားဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ ပူဇော်သက္ကာအားဖြင့် ဘုရားသခင်ထံသို့ဆုတောင်းခြင်းပင်ဖြစ်ပါသည် ။

(နယ. ဆာ ၁၁၆:၁၇။ ဟော ၁၄:၂ ။ ဟေဗြဲ ၁၃:၁၅)။

(၃) ပူဇော်သက္ကာကိုပြုလုပ်သည့်အခါတိုင်းတွင် ယဇ်ပူဇော်ခြင်းအားဖြင့်တိရစ္ဆာန်တို့၏အသက်များကိုစတေးရပါသည်။

(၄) ပူဇော်သက္ကာအားဖြင့် ဣသရေလလူမျိုးများအား

(က) လူများတို့သည် အပြစ်သားဖြစ်ခြင်းကြောင့် သေခြင်းကိုရင်ဆိုင်ရခြင်းဖြစ် ၊

(ခ) အသွေးသွန်းခြင်းမရှိဘဲ အပြစ်လွတ်ခြင်းမရှိနိုင်ကြောင်း (၁၇:၁၁။ ဟေဗြဲ ၉:၂၂)၊

(ဂ) အ အပြစ်ဖြေခြင်းကိုအစားထိုးခြင်းအားဖြင့်သာပြု
လုပ်ရ မည်ဖြစ်ကြောင်း (:၄၊ ၁၇:၁၁)၊

(ဃ) ဘုရားသခင်၏သန့်ရှင်းခြင်းသည် လူတို့၏အသက်တာအား ပြင်ဆင်လမ်းပြခြင်းကိုပြုနိုင်ကြောင် ၁၀:၃)၊ (နယ (င) ဘုရားသခင်သည် လူယောက်ျား၊ မိန်းမတို့နှင့်မိတ်သဟာယဖွဲ့ရန် သူတို့၏အပြစ်များကိုကျေးဇူးတော်အားဖြင့်ခွင့်လွှတ်လ ဘ်လိုသောဆန္ဒရှိရှင်ရန် သွန်သင်လိုက်ခြင်းဖြစ်ပါ

(၅) ဘုရားသခင်လက်ခံဖွယ်ရာဖြစ်သော ဆက်ကပ်ခြင်းအားဖြင့် ပြုလုပ်ရမည် (၂၃:၂၇-၂၉။

စစ်မှန်သောနောင်တရလျက် ဖြောင့်မတ်ခြင်းနှင့်ကောင်းမွန်စွာအသက်သည် (ထွ S (ထွ ၃၄:၆-၇)။

ပူဇော်သက္ကာကိုပြုလိုလျှင် ဟေရှာ ၁:၁၁-၁၇။ မိ ၆:၆-၈)

01/12/2023

Happy Sweet December 2023

သင့်ဘ၀၌ ဘုရားသခင်က စွန့်ပစ်သည့်အလားခံစားလာပါက လက်ရှိခံစားနေရသည့်အရာကို ခဏဘေးဖယ်ထားပြီး အတိတ်က ဘုရားသခင်ပြုတော်မူခဲ့သော ကျေးဇူးတရားများကို တစ်ခုပြီးတစ်ခုရေတွက်ကြည့်လိုက်ပါ။ ချီးမွမ်းစရာ တစုံတစ်ခုကို သင်ရှာတွေ့နိုင်လိမ့်မည်။

ဗျာ ဒိတ် တော် အ ချက် ဟူ မူ ကား ကြည့် ရှု လော့။ သ တို့ သ မီး က ညာ သည် ပ ဋိ သန္ဓေ စွဲ ယူ ၍ သား ယောက်ျား ကို ဘွား မြင် လ တံ့။ ထို သား ကို ဧ မာ နွေ လ အ မည် ဖြင့် မှည့် ရ ကြ လ တံ့ ဟု လာ သ တည်း။ ဧ မာ နွေ လ အ နက် ကား၊ ငါ တို့ နှင့် အ တူ ရှိ တော် မူ သော ဘု ရား သ ခင် ဟု ဆို လို သ တည်း။(မဿဲ 1:23 ယုဒသန်)

မိမိ၏အမှားကို ၀န်ခံရန်ငြင်းဆန်ခြင်း သည် ဘုရားသခင်ထံမှ ခွင့်လွှတ်ရန် အခွင့်အရေးကို ဆုံးရှုံးသည်။ကမ္ဘာဦးကျမ်း ၄:၇ #သင်သည်က...
28/11/2023

မိမိ၏အမှားကို ၀န်ခံရန်ငြင်းဆန်ခြင်း သည် ဘုရားသခင်ထံမှ ခွင့်လွှတ်ရန် အခွင့်အရေးကို ဆုံးရှုံးသည်။

ကမ္ဘာဦးကျမ်း ၄:၇
#သင်သည်ကောင်းမွန်စွာပြုလျှင်အခွင့်မရလော။

14/11/2023

ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။(သုတ္တံကျမ်း။ 1:33 ယုဒသန်)

28/10/2023

ဆုတောင်းပါ။

ဘုရားသခင်၊
ကျနော်ကို ဘယ်တော့မှ ထားမသွားဘူးလို့ ကတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်ရဲ့ အလားအလာကို မြင်ပြီး ရဲရင့်ပြီး ရဲရင့်တဲ့ဘဝနဲ့ နေထိုင်ဖို့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယနေ့၊ ကျေးဇူးပြု၍ ကျွန်ုပ်အား ကြောက်ရွံ့ထိတ်လန့်မှု သို့မဟုတ် စိတ်ဓာတ်မကျစေရန် ကူညီပေးပါ။ အဲဒီအစား၊ ကျွန်ုပ်အတွက် ကိုယ်တော် ရှိထားတဲ့ ကတိတွေ နဲ့ အစီအစဥ်တွေဆီ ခြေလှမ်းလှမ်းဖို့ ကျွန်ုပ်ကို ကူညီပေးပါ။ ယေရှုနာမ၌ အာမင်။

Address

Burma

Alerts

Be the first to know and let us send you an email when Saya Thianpi - ဆရာရှန်ပီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Saya Thianpi - ဆရာရှန်ပီး:

Share