20/05/2026
တရားကျင့်တယ်ဆိုတာ "သူတော်ကောင်း" တစ်ယောက် ဖြစ်လာဖို့ မဟုတ်ဘဲ
ချည်နှောင်မှုကနေ လွတ်မြောက်ဖို့ဖြစ်တယ်။
"ငါ သူတော်ကောင်းတစ်ယောက် လုပ်မယ်" ဆိုတဲ့ အတွေးကို စွဲကိုင်လာတဲ့အခါ
ကမ္ဘာကြီးကို ကောင်းမှုနဲ့ မကောင်းမှု၊
အမှားနဲ့ အမှန် ခွဲခြားဆက်ဆံမှုထဲ ကိုယ် ကျရောက်သွားပြီ ဖြစ်ပါတယ်။
"ကောင်းတာလုပ်နေတယ်" ဆိုတဲ့ အတွေးနဲ့ ကောင်းတာလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ကရုဏာသက်မှု ပါနေတယ်။ ဒီအတွေးက သိမ်မွေ့တဲ့အတ္တတစ်ခုဖြစ်တယ်။
လူတွေက တရားကျင့်တာကို ခက်ခဲပင်ပန်းတယ်လို့ မြင်ကြပေမယ့် တကယ့် အခက်ခဲဆုံးက "ငါ တရားကျင့်နေတယ်" ဆိုတဲ့ အတွေးကို လွှတ်ချနိုင်ဖို့ဖြစ်တယ်။
ကြာပန်းက ရွှံ့ထဲ ပေါက်ပေမယ့်
ရွှံ့အစွန်းအထင်း မရှိသလို
တရားကျင့်သူကလည်း လောကမှာနေထိုင်ပေမယ့် လောကီရေးရာ စိုးရိမ်ပူပန်မှုတွေကို မတွယ်တာတာဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တဲ့ တံဆိပ်တစ်ခု တည်ဆောက်တာ မဟုတ်ဘဲ
တံဆိပ်တွေကို တဖြည်းဖြည်း လွှတ်ချတာဖြစ်တယ်။
ကောင်းမှုနဲ့ မကောင်းမှု၊
အမှားနဲ့ အမှန်က
စိတ်က ဖန်တီးတဲ့ ခွဲခြားမှုတွေသာ ဖြစ်တယ်။
ဒီအစွဲတွေ တစ်လွှာပြီး တစ်လွှာ ခွာချသွားမှ နဂိုမူလ ဖြူစင်တဲ့ စိတ်နှလုံးကို မြင်နိုင်မှာဖြစ်တယ်။
အဲဒီစိတ်နှလုံးက
တိုးလည်း မတိုး၊ လျော့လည်း မလျော့၊
ညစ်ညမ်းတာလည်း မဟုတ်၊
စင်ကြယ်တာလည်း မရှိဘဲ
သူ့ပင်ကိုယ်အတိုင်း ပြည့်စုံနေပါတယ်။
အစွဲကို ကိုင်စွဲထားတဲ့အခါ ပြင်ပမှာ ရှာဖွေပြီး
ဉာဏ်အလင်းရတဲ့အခါ ကိုယ်ဘာမှ မဆုံးရှုံးကြောင်း သဘောပေါက်လာပါတယ်။
တရားကျင့်တယ်ဆိုတာ
အဲဒီ နဂိုမူလ စိတ်နှလုံးထဲ ပြန်လာတာပဲဖြစ်ပါတယ်။
-- ဘာသာပြန် မျှဝေပါတယ်
💌
#နိုင်းနိုင်းစနေ