ဘုရားသားတော် Buddha's son

ဘုရားသားတော် Buddha's son The teachings are shared as knowledge

လုံ့လဝီရိယအားထုတ်ဖို့ရန် မြတ်ဗုဒ္ဓမိန့်ကြားခဲ့သော          သုဝီရသုတ္တန်++++++++++++++++++++++++++++++++++===============...
19/05/2025

လုံ့လဝီရိယအားထုတ်ဖို့ရန် မြတ်ဗုဒ္ဓမိန့်ကြားခဲ့သော
သုဝီရသုတ္တန်
++++++++++++++++++++++++++++++++++
==================================
တစ်ခါတုန်းက မြတ်ဗုဒ္ဓဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေပါတယ်။ အဲဒီအချိန်မှာ
ရဟန်းတော်များကို ရှင်တော်ဗုဒ္ဓဟာ ‘ချစ်သား ရဟန်းတို့’ဆိုပြီး ခေါ်လိုက်ပါတယ်။ ရဟန်းတော် များကလဲ ‘အရှင်ဘုရား’ဆိုပြီး ပြန်ထူးလျှောက်တင်လိုက်တဲ့အခါမှာ မြတ်ဗုဒ္ဓဟာ မိမိဟောကြားလိုသော တရားတစ်ပုဒ်ကို ချီးမြှင့် ဟောကြားတော်မူပါတယ်။

ချစ်သား ရဟန်းတို့...တစ်ခါကပေါ့၊ အသုရာနတ်တွေဟာ သိကြားတို့ နေထိုင်ရာ ဖြစ်တဲ့ တာဝတိံသာကို စစ်ချီလာခဲ့ကြတယ်၊ အဲဒီအချိန် သိကြားမင်းဟာ သုဝီရနတ်သားကို ‘ချစ်သား သုဝီရ! အသုရာတွေ စစ်ချီလာနေကြတယ် ပြန်လည်ခုခံချေလော’လို့ မိန့်ကြားလိုက်လေတယ်၊ သုဝီရနတ်သားကလည်း ‘မှန်လှပါအရှင်မင်းမြတ်’လို့ ဆိုလိုက်တယ်၊

ချစ်သားရဟန်းတို့! သုဝီရနတ်သားဟာ သိကြားမင်းကို အဲဒီလို ဝန်ခံပြောဆိုပြီး မေ့လျော့နေခဲ့တယ်၊ ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း သိကြားမင်းက ပြောပြန်တယ်၊ သုဝီရနတ်သားကလည်း မေ့သွားပြန်တယ်၊ တတိယမ္ပိ-သုံးကြိမ်မြောက်မှာလည်း မေ့သွားခဲ့ပြန်တယ်။ အဲဒီနောက်မှာတော့ နတ်တို့အရှင်သခင် သိကြားမင်းဟာ သုဝီရနတ်သားကို ဂါထာစကားတို့ဖြင့် ပြောဆိုလိုက်ပါတော့တယ်-

ဆက်လက်ဖတ်ရှုပေးပါရန်.......

လုံ့လဝီရိယအားထုတ်ဖို့ရန် မြတ်ဗုဒ္ဓမိန့်ကြားခဲ့သော          သုဝီရသုတ္တန်++++++++++++++++++++++++++++++++++===============...
19/05/2025

လုံ့လဝီရိယအားထုတ်ဖို့ရန် မြတ်ဗုဒ္ဓမိန့်ကြားခဲ့သော
သုဝီရသုတ္တန်
++++++++++++++++++++++++++++++++++
==================================
သုဝီရ ထကြွမှုလုံ့လ မရှိဘဲ အားမထုတ်ရဘဲ ချမ်းသာကို ရနိုင်တဲ့အရပ်ရှိရင် ထိုအရပ်သို့ သင် သွားလော့၊ ငါ့ကိုလည်း ထိုအရပ်သို့သာလျှင် ပို့ပါလော့''
''(အကြင်အရပ်၌ နေသော သူသည်) ပျင်းရိလျက် ထကြွလုံ့လမရှိသူ ဖြစ်ရာ၏၊ အမှုကိစ္စတို့ကိုလည်း မပြုလုပ်ရရာ၊ အလိုရှိသမျှ အားလုံးနှင့် ပြည့်စုံသူ ဖြစ်ရာ၏၊ အရှင်သိကြားမင်း အကျွန်ုပ်အား ထိုမြတ်သော အရပ်ကို ညွှန်ကြားပါလော့''ဟု (သုဝီရ နတ်သားသည်) ဤသို့ ပြောဆို၏။

- ''သုဝီရ အကြင်အရပ်၌ နေသော သူသည် ပျင်းရိလျက် ထကြွလုံ့လ မရှိဘဲ စင်စစ် ချမ်းသာကို ရနိုင်၏၊ ထိုအရပ်သို့ သင် သွားလော့၊ ငါ့ကိုလည်း ထိုအရပ် သို့ပင် ပို့ပါလော့''ဟု ဆို၏။

- ''နတ်တို့ထက် မြတ်သော သိကြားမင်း အကြင်အရပ်၌ အမှုကိစ္စ မပြုလုပ်ရဘဲ ငါတို့သည် ချမ်းသာကိုရကုန်ရာ၏၊ စိုးရိမ်မှု ပင်ပန်းမှု မရှိသော ထိုမြတ်သော အရပ်ကို အကျွန်ုပ်အား ညွှန်ကြားပါလော့''ဟု သင် သုဝီရနတ်သားသည် ရွတ် ဆို၏။

- ''သုဝီရ မည်သည့် အလုပ်ကိုမျှ မပြုလုပ်ရဘဲ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ခုသော အရပ်၌ အသက် မမွေးနိုင်၊ အကယ်၍ ထိုအရပ်မျိုး ရှိသည်ဟု ဆိုလျှင်ကား ထိုအရပ်သည် နိဗ္ဗာန်၏ လမ်းခရီးပင်တည်း၊ သုဝီရ ထို့ကြောင့် ထို အရပ်သို့ သင် သွားလော့၊ (ငါ့ကိုလည်း ထိုအရပ်သို့ပင်လျှင် ပို့ပါလော့)''ဟု ဤသို့ ရွတ်ဆို၏။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းပင် ဖြစ်လျက်လည်း မိမိကောင်းမှု၏ အကျိုးကို မှီ၍ အသက် မွေးကာ တာဝတိံသာဘုံ၌ ဖြစ်ကြရသော နတ်တို့ကို အစိုးရသော အကြီးအမှူးဖြစ်သော မင်းပင် ဖြစ်လျက် ထကြွလုံ့လရှိခြင်းရဲ့ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိဘိသေး၏၊

ရဟန်းတို့ သင်တို့ သင်တို့ဟာလည်း ဤသို့ ကောင်းစွာ ဟောကြားထားသော ဤသာသနာတော်၌ ရဟန်းပြုသူတို့ ဖြစ်ကုန်ရကား ဝီရိယကို တင့်တယ်စေကုန် လော့၊ မရောက်သေးသော တရားသို့ ရောက်စေဖို့ရန် မရသေးသော တရားကို ရဖို့ရန် မျက်မှောက် မပြုရသေး သော တရားကို မျက်မှောက်ပြုနိုင်ဖို့ရန် သင်တို့ အားထုတ်ကုန်လော့၊ စေ့ဆော်ကုန်လော့၊ လုံ့လပြုကုန်လော့ဟု (မိန့်တော်မူပါတယ်)။

Buddha's son

လိုချင်လို့ တောင့်တသော်လည်း ဘယ်တော့မှ မရနိုင်တဲ့ အရာ(၅)မျိုး=ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ=အဆက်၁။ အိုတတ်တဲ့သဘ...
07/12/2024

လိုချင်လို့ တောင့်တသော်လည်း ဘယ်တော့မှ မရနိုင်တဲ့ အရာ(၅)မျိုး
=ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ=
အဆက်

၁။ အိုတတ်တဲ့သဘောတရားကို မအိုပါနဲ့၊
၂။ နာတတ်တဲ့ သဘောတရားကို မနာပါနဲ့၊
၃။ သေတတ်တဲ့ သ‌ဘောတရားကို မသေပါနဲ့၊
၄။ ကုန်တတ်တဲ့ သဘောတရားကို မကုန်ပါစေနဲ့၊
၅။ ပျက်စီးတတ်တဲ့ သဘောတရားကို မပျက်စီးပါစေနဲ့လို့ ဘယ်သူမှ တောင့်တလို့မရဘူး။

သို့ပေမဲ့ မင်းကြီး အကြားအမြင် ဗဟုသုတနည်းတဲ့ ပုထုဇဉ်တွေဟာ ဒီတရားတွေနဲ့ ရင်ဆိုင်တွေ့လာရတဲ့အခါ ''အော် အိုတယ်, နာတယ်, သေတယ်, ကုန်တယ်, ပျက်စီးတယ်ဆိုတာ ငါ့တစ်ယောက်တည်းမှာပဲ ရွေးပြီး ဖြစ်နေတာမဟုတ်ဘူး၊
တကယ်တော့ ဒီဘဝမှာ ရောက်နေတဲ့သူတွေ, ဒီဘဝကဘဝတစ်ပါး ပြောင်းသွားတဲ့သူတွေကစပြီး သတ္တဝါမှန်သမျှမှာလဲ ဒီသဘောတရားတွေ ဖြစ်နေကြတာပဲ၊ အဲဒီလို သတ္တဝါအားလုံးမှာ ဖြစ်နေရဲ့သားနဲ့ ငါတစ်ယောက် တည်းပဲ ပူဆွေးနေမယ်၊ ငိုကြွေးနေမယ်၊ ပင်ပမ်းနေမယ်၊ ရင်ဘတ်ထု အော်ဟစ်နေမယ်၊ တွေဝေ မိန်းမောနေမယ်ဆိုရင် ငါ့မှာ စားချင်သောက်ချင်စိတ်လည်း ရှိတော့မှာမဟုတ်တော့ဘူး၊ အလုပ်လုပ်ချင်စိတ်လည်း ရှိတော့မှာမဟုတ်တော့ဘူး၊ ငါ့ရုပ်ဟာလည်း ကြည့်လို့ရှုလို့ မကောင်းနိုင်တော့ဘူး၊ ငါ့ရန်သူတွေလည်း ဝမ်းမြောက်ဝမ်းသား ဖြစ်ကုန်ကြတော့မှာပဲ၊ ငါ့မိတ်ဆွေတွေလည်း ဝမ်းနည်းပက်လက်ဖြစ်ကုန်ကြတော့မှာပဲ'' လို့ ဒီလို အမှန်အတိုင်း မဆင်ခြင်နိုင်ကြဘူး။

ဒီလိုမဆင်ခြင်နိုင်တော့ ဒီတရား(၅)မျိုးနဲ့ တွေ့ကြုံရတဲ့အခါ ပူဆွေးတယ်၊ ငိုကြွေးတယ်၊ ပင်ပမ်းတယ်၊ ရင်ဘတ်ထုပြီး အော်ဟစ်တယ်၊ တွေဝေမိန်းမောတယ်။ မင်းကြီး ဒီလို အကြားအမြင်ဗဟုသုတနည်းတဲ့ ပုထုဇဉ်မျိုးကို အဆိပ်ပြင်းတဲ့ သောကဆူးတစ်ချောင်းစူးခံထားတဲ့သူ၊ မိမိကို မိမိ ပူလောင်အောင် လုပ်နေတဲ့သူလို့ ဆိုရမယ်။

အကြားအမြင် ဗဟုသုတများတဲ့ ပုထုဇဉ်ကျတော့ အဲဒီလိုမဟုတ်ဘူး ဇာတိအစရှိတဲ့ တရားတွေနဲ့ ကြုံတွေ့လာတဲ့အခါ ခုနားက ပြောခဲ့သလိုမျိုး အမှန်အတိုင်း ဆင်ခြင်နိုင် သည်းခံနိုင်တယ်။
အဲဒီလို အမှန်အတိုင်းအတိုင်း ဆင်ခြင်နိုင် သည်းခံ နိုင်တော့ သောကဆူး မစူးတော့ဘူး သောကဆူးကို နှုတ်ပစ်နိုင်သွားတယ်၊ မိမိကိုယ်ကို မပူလောင်စေပဲ အေးအေးချမ်းချမ်း နေသွားနိုင်တယ်။
မင်းကြီး လောကမှာ သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ လုံးဝတောင့်တလို့ မရနိုင်တဲ့ အရာ(၅)မျိုးဆိုတာ အဲဒီတရား(၅)မျိုးပါပဲ။

အရှင်နာရဒက ဒီလိုဟောလိုက်တော့ ဘုရင်မုဏ္ဍက ‘အရှင်ဘုရား.. ဒီတရားဒေသနာကို ဘယ်လိုတရား ဒေသနာ မျိုးလို့ ခေါ်ပါသလဲ ဘုရား’ လို့ မေးလိုက်တဲ့အခါ အရှင်နာရဒက ‘မင်းကြီး သောကဆူးကို နှုတ်ပစ်တတ်တဲ့ တရားဒေသနာ မျိုးပါ’လို့ မိန့်လိုက်တယ်။ မှန်လိုက်တာဘုရား တပည့်တော် ဒီဒေသနာကို နာကြားရတဲ့အတွက် သောက ဆူးကို နှုတ်နိုင်ခဲ့ပြီ’လို့ ပြောပြီး ပြန်သွားတယ်။
ဘုရင်မုဏ္ဍဟာ နန်းတော်ကို ပြန်ရောက်တော့ သူ့ရဲ့ ဘဏ္ဍာစိုးကို ခေါ်ပြီး ပြောလိုက်တယ် ‘မိတ်ဆွေ ပိယက ဘဒ္ဒါမိဖုရားရဲ့ အလောင်းကို မီးသင်္ဂြိုဟ်လိုက် ပြီးရင် အရိုးဂူလေးတစ်ခုလုပ်လိုက်ပါ၊ ဒီနေ့ကစပြီး ငါ ရေချိုးတော့မယ်၊ အမွှေးနံ့သားတွေလည်း လိမ်းတော့မယ် ထမင်းလည်းစားတော့မယ် တိုင်းရေးပြည်ရေးတွေကိုလည်း ဆောင်ရွက်တော့မယ်’...

#အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မုဏ္ဍရာဇဝဂ္ဂ၊ နာရဒသုတ္တန် #

လိုချင်လို့ တောင့်တသော်လည်း ဘယ်တော့မှ မရနိုင်တဲ့ အရာ(၅)မျိုး=ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ=         ရှေးတုန်း...
24/11/2024

လိုချင်လို့ တောင့်တသော်လည်း ဘယ်တော့မှ မရနိုင်တဲ့ အရာ(၅)မျိုး
=ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ=

ရှေးတုန်းက ပါဋိလိပုတ်ပြည်မှာ မုဏ္ဍလို့ ဆိုတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်ခဲ့တယ်၊ အဲဒီဘုရင်မှာ သူအမတန် ချစ်မြတ်နိုးတဲ့ ဘဒ္ဒါလို့ ခေါ်တဲ့ မိဖုရားတစ်ပါးရှိတယ်၊ တစ်နေ့မှာ သူချစ်လှတဲ့ မိဖုရားဘဒ္ဒါဟာ သူ့ကို ခွဲခွာသွားခဲ့တယ်၊

သူအမတန် ချစ်မြတ်နိုးတဲ့ မိဖုရားဘဒ္ဒါ ကွယ်လွန်သွားတော့ ဘုရင်မုဏ္ဍမှာ ရေလဲမချိုး၊ အမွေးနံ့သာမလိမ်း၊ မစားမသောက်၊ တိုင်းရေးပြည်ရေးတွေကိုလည်း မစီမံဘဲ နေ့ရောညပါ မိဖုရားဘဒ္ဒါရဲ့ အလောင်းနားမှာ မှိုင်တွယ်ပြီးထိုင်နေလေ့ရှိတယ်၊

အဲဒီလို အစွဲလန်းကြီး စွဲလန်းနေတာကြောင့် ဘုရင်မုဏ္ဍဟာ ဘဏ္ဍာစိုးပိယကကို ခေါ်ပြီး 'ပိယက! ဘဒ္ဒါရဲ့ အလောင်းကို သံခေါင်းတစ်ခုထဲမှာ ထည့်ပြီး ဆီနဲ့စိမ်၊ ပြီးတော့ သံခေါင်းတစ်ခုနဲ့ အုပ်ထားလိုက်၊ အဲဒီလိုဆိုရင် ဒီအလောင်းကို ငါတို့ အကြာကြီး ကြည့်နိုင်လိမ့်မယ်'လို့ အမိန့်ရှိတယ်။

ဘဏ္ဍာစိုးလည်း ဘုရင်ပြောတဲ့အတိုင်း လုပ်ရတာပေါ့၊ ဒီလို ဆီစိမ်ရင်း သူ့မှာ အကြံတစ်ခုပေါ်လာတယ်'ဒီဘုရင်ဟာ ဒီအတိုင်းဆိုရင် ခက်လိမ့်မယ်၊ ဒီတော့ သူ့မှာ စူးဝင်နေတဲ့ သောကလို့ဆိုတဲ့ ဆူးကို နှုတ်နိုင်တဲ့သူဆီကို ခေါ်သွားဦးမှပဲ'လို့ အကြံဖြစ်တယ်၊

အဲဒီအချိန် ပါဋလိပုတ်ပြည်မှာ နာရဒမထေရ်မြတ်ဟာ ပညာရှိတယ်၊ တရားဓမ္မနဲ့ ပတ်သက်လို့ ကျွမ်းကျင်လိမ္မာတော်မူတယ်၊ ထက်မြတ်တဲ့ဉာဏ်ရှိတယ်၊ ဗဟုသုတလည်းရှိတယ်၊ တရားအဟောအပြောလည်းကောင်းတယ်၊ ဝေဖန်စိစစ်တတ်တဲ့ ဉာဏ်လည်းရှိတယ်၊ အသက်သိက္ခာလည်း ကြီးတယ်၊ ရဟန္တာလည်းဖြစ်တယ်လို့ အလွန်လူသိများထင်ရှားတယ်။ ဒါ့ကြောင့် ပိယကဟာ အရှင်နာရဒမထေရ်မြတ်ထံ သွားပြီး ဘုရင်မုဏ္ဍအကြောင်းအလုံးစုံကို လျောက်ထားကာ မနက်ဖန်မုဏ္ဍဘုရင်ရဲ့ စူးဝင်နေတဲ့ ဆူးကို နှုတ်ပေးဖို့ရန်လည်း လျောက်ထားပြီး ပြန်လာခဲ့တယ်။

ဒီလိုနဲ့ ဘုရင်မုဏ္ဍဟာ အရှင်နာရဒမထေရ်မြတ်ထံ ရောက်တဲ့အခါ အရှင်နာရဒက ဒီလိုမိန့်တော်မူတယ်၊ မင်းကြီး လောကမှာ သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ လုံးဝတောင့်တလို့ မရနိုင်တဲ့ အရာ(၅)မျိုးရှိတယ်။

ဆက်ရန်

ကာကွယ်ဆေး========    ရောဂါကို ကြောက်ရင် ရောဂါ မဖြစ်ခင်ကတည်းက ကာကွယ်ဆေး ထိုးထားပါ ဒါဟာ အကုန်အကျနည်းပြီး လူလည်း သက်သာတယ်။ ...
09/09/2024

ကာကွယ်ဆေး
========

ရောဂါကို ကြောက်ရင် ရောဂါ မဖြစ်ခင်ကတည်းက ကာကွယ်ဆေး ထိုးထားပါ ဒါဟာ အကုန်အကျနည်းပြီး လူလည်း သက်သာတယ်။

ရောဂါဖြစ်လာပြီးမှ ဆေးကုတာကတော့ အကုန်အကျများပြီး မသက်သာဘူး၊ ရောဂါကောင်းချင်မှ ကောင်းတာ၊ ရောဂါကောင်းသွားရင်တောင် သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး ဒဏ်တွေကိုလည်း ခံရနိုင်သေးတယ်။

အမုန်းဒဏ်ကြောင့် မပြိုလဲချင်ရင် အစကတည်းက မချစ်မိအောင် သတိထားပါ၊ ဒါဟာ ကာကွယ်ဆေး ထိုးလိုက်တာပဲ၊
ချစ်မိသွားခဲ့ပြီးဆိုရင်တော့ အမုန်းဒဏ်ကြောင့် မပြိုလဲခဲ့ရင်တောင် မင်းဘဝ နလန်ထူဖို့ ခက်ခဲသွားမှာ တော့ သေချာတယ်...။

🌿💕သတ္တဝါအနန္တ ဘေးရန်ကင်းကွာစေ......ကျန်းမာ ချမ်းသာကြပါစေ.....💕🌿
02/06/2024

🌿💕သတ္တဝါအနန္တ

ဘေးရန်ကင်းကွာစေ......

ကျန်းမာ ချမ်းသာကြပါစေ.....💕🌿

အာနန္ဒာ အစကတည်းက ငါဘုရားပြောခဲ့တယ် မဟုတ်လားရုပ်နာမ်တရားကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေဟာ ကိုယ် ချစ်ခင် မြတ်နိုးတဲ့သူတွေနဲ...
29/05/2024

အာနန္ဒာ အစကတည်းက ငါဘုရားပြောခဲ့တယ် မဟုတ်လား
ရုပ်နာမ်တရားကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေဟာ ကိုယ် ချစ်ခင် မြတ်နိုးတဲ့သူတွေနဲ့ တစ်နေ့ကျရင် သေကွဲ ရှင်ကွဲ အမျိုးမျိုးကွဲကွာရလိမ့်မယ်လို့။

Ananda, I told you from the beginning,
The beings who possess the physical and spiritual law will be separated from their loved ones one day.

27/05/2024

သတ္တဝါအနန္တ ဟူသမျှ ဗုဒ္ဓ ဓမ္မလိုက်နာစေ...
မေတ္တာ အေးဓာတ် လွှမ်းခြုံလျှက် မပြတ် တောာင်းဆုခြွေ....

27/05/2024

မြတ်ဗုဒ္ဓ၏ မေတ္တာတော်ကြောင့်
လောကသတ္တဝါ အပေါင်း ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြစေသေ်

Address

Bago
Bago

Telephone

+959788661821

Website

Alerts

Be the first to know and let us send you an email when ဘုရားသားတော် Buddha's son posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ဘုရားသားတော် Buddha's son:

Share