02/08/2026
ဘန်ကောက်မြို့ တွင် ကျင်းပမည့် စတုတ္တအကြိမ်မြောက် On Site လေ့ကျင့်ရေး တရားစခန်း ဖိတ်ကြားလွှာ 🙏
**********************************************
🔅သဲအင်းဂူ တိုက်ခွဲ (၃၂) အောင်လံဆရာတော်ဘုရားကြီး ဥူးစန္ဒိမာ၏ ဩဝါဒခံ ဖြစ်သော ဓမ္မရတနာဝိပဿနာရိပ်သာ ပြည်ပသာသာပြု အဖွဲ့မှ ကျင်းပပြုလုပ်မည့် လေ့ကျင့်ရေး (၂) ရက် တရားစခန်းကို Sep 19 မှ 20 ရက်နေ့အထိ (၂) ရက် တာ တရားစခန်းကို အောက်ဖော်ပြပါလိပ်စာမှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ် . 🙏
🔅သဲအင်းဂူ တိုက်ခွဲအမှတ် (၃၂) ၊ အောင်လံဆရာတော်ကြီးရဲ့ သြဝါဒခံတပည့်ဖြစ်သော ဆရာကြီး ဒေါက်တာဒေါ်ကေသရစာရီ မှ ကြွရောက်ပြီး အခြေခံအာနာပါန တရားထိုင်နည်း နဲ့ ရှုကွက်ရှင်းတမ်းများကို ကို စနစ်တကျ သင်ကြားပြသပေးသွားမှာဖြစ်ပါတယ် ..
🔅တရားထိုင်ဖူးသည် ဖြစ်စေ ၊ မထိုင်ဖူးသည် ဖြစ်စေ မည်သူမဆို ဝင်ရောက်နိုင်ပြီး အခြေခံတရားထိုင်နည်း နှင့် ရှုနည်းစနစ်ကို (၁၀) မိနစ် ၊ (၁၅) မိနစ်မှ စတင်ပြီး အဆင့်ဆင့် သင်ကြားပေးမှာဖြစ်ပါတယ် .
🔆 ညအိပ်တရားစခန်း ဖြစ်တာကြောင့် Sep (18) ရက်နေ့ ည (၇) နာရီ နောက်ဆုံးထားပြီး တရားစခန်း ဖွင့်လှစ်မည့် ကျောင်းသို့ လာရောက်ရပါမည် ။ (ဘန်ကောက်မြို့တွင်း စုရပ်များတွင် ကြိုပို့ကားများ စီစဉ်ပေးပါမည် )
🔅ကျောင်းထိုင်ဆရာတော်ကြီး နှင့် စေတနာရှင် အလှူရှင်များကလည်း တရားထိုင်သည့် ယောဂီများ အဆင်ပြေစေရန် တရားထိုင် ခန်းမ ၊ ညအိပ်တည်းခိုရန် နေရာ ၊ အာရုံဆွမ်း ၊ နေ့ဆွမ်း စသည်တို့ကို နေ ၊ စား ငြိမ်း ပြည့်စုံစွာ စီစဉ်ထားရှိပါတယ် 😍
🔆 တရားစခန်း ဝင်မည့် ယောဂီများ မိမိတို့ အိပ်ယာ ၊ စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံးများ ယူဆောင်လာရန် လိုအပ်ပါသည် ။
ထိုင်းနိုင်ငံရောက် မြန်မာမိတ်ဆွေများ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် တရားထိုင်နိုင်ကြောင်း ဖိတ်ကြားအပ်ပါတယ် ရှင့် .. 🙏
💁🏻♀️ တရားထိုင်မည့်သူများ Page CB မှ တဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်.
❇️နေရာအကန့်အသတ်ရှိပါသဖြင့် အမှန်တကယ် တရားထိုင်ချင်သော ယောဂီများ မနစ်နာစေဖို့ . အချိန်ပြည့် ၊ ရက်ပြည့် ဝင်နိုင်မှသာ စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံပါတယ်
❇️ ဆရာကြီးနှင့် တရားစခန်းဝင် ယောဂီများအား အာရုံဆွမ်း ၊ နေ့ဆွမ်း ၊ အချိုပွဲ အစရှိသည်တို့ လှူဒါန်းလိုပါကလည်း လှူဒါန်း နိုင်ပါတယ် 🙏
နေ့ရက် - 2026, Sep 19 & 20 (Sat & Sun)
အချိန် - Sep 18 ရက်နေ့ ည (၇) နာရီ လာရောက်ပြီး Sep 20 ရက်နေ့ ညနေ (၄) နာရီ ပြန်ရပါမည် ။ (ဘန်ကောက်မြို့တွင်း စုရပ်များမှ ကြို/ ပို့ကား စီစဉ်ပေးပါမည် )
နေရာ - Wat chak Daeng Buddish Temple, Samuprakan District, Bangkok, Thailand
https://maps.app.goo.gl/TrPcDSVSc5mjKQe98?g_st=ic
Ph: 0660801768 ( Sep 12 နောက်ပိုင်းမှ ဆက်လို့ရပါမယ်ရှင့်)
#တိုက်ခွဲ၃၂