26/08/2026
★အောက်စဖို့ဒ်ဆရာတော်ဘုရားကြီး၏ တောင်ကိုရီးယားနိုင်ငံ ဓမ္မဒူတခရီးစဉ်★
★အောက်စဖို့ဒ်ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဓမ္မသာမိ၏ တောင်ကိုရီးယားနိုင်ငံ ဓမ္မဒူတခရီးစဉ်အတွင်း ဆရာတော်ဘုရားကြီးအား ဖူးမြော်လိုသူများအနေဖြင့် အောက်ပါအစီအစဉ်များအတိုင်း လာရောက်ဖူးမြော်၊ တရားနာယူနိုင်ပါသည်။
★ ခရီးစဉ်နှင့် အစီအစဉ်များ★
၁။ စက်တင်ဘာလ ၁ ရက်နေ့
နေ့လယ် ၃:၀၀ နာရီ— ဆရာတော်ဘုရားကြီး အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် (Incheon International Airport) သို့ ရောက်ရှိကြွချီပါမည်။
၂။ စက်တင်ဘာလ ၃၊ ၄၊ ၅ ရက်နေ့များ
Dongguk University-တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာစာတမ်းဖတ်ပွဲနှင့် ဂုဏ်ပြုပွဲများသို့ ဆရာတော်ဘုရားကြီး တက်ရောက်ပါမည်။
၃။ စက်တင်ဘာလ ၆ ရက်နေ့ (တနင်္ဂနွေနေ့)
အထူးတရားပွဲကို Dongguk University – Namsan Hall-ခန်းမကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ (နေ့လယ် ၁၂:၀၀ နာရီမှ ၃:၀၀ နာရီအထိ)
၄။ စက်တင်ဘာလ ၇ ရက်နေ့
ညတရားပွဲ
ည ၈:၀၀ နာရီ
နေရာ-Oxford Buddha Vihara South Korea-Pajuကျောင်းတိုက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၅။ စက်တင်ဘာလ ၈ ရက်နေ့
ညတရားပွဲ
ည ၈:၀၀ နာရီ
နေရာ-Oxford Buddha Vihara South Korea – Incheon ကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၆။ စက်တင်ဘာလ ၁၀ ရက်နေ့
ဆရာတော်ဘုရားကြီးသည် တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ကြွချီပါမည်။
★အောက်စဖို့ဒ်ဆရာတော်ဘုရားကြီးအား ဖူးမြော်လိုသူများ၊ တရားတော်များကို နာယူလိုသူများအနေဖြင့် မိမိအဆင်ပြေသည့် အစီအစဉ်များတွင် လာရောက်ဖူးမြော်၊ တရားနာယူနိုင်ကြပါသည်။
★အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။★
ဆက်သွယ်ရန် တာဝန်ခံဆရာတော်များ
🙏 အရှင် ကဝိဓဇ
(OBVK – အင်ချွန်းကျောင်း)
📞 010-2756-9911
🙏 အရှင် သုဇာတ
(OBVK – ဖာဂျူးကျောင်း)
📞 010-4837-2851