14/03/2026
ဂျပန်မှာလဲ ရှောင်စရာ ရှားစရာတွေနဲ့ ပြည့်နေပါလားကွယ်🤨
(၁) Japanမှာ BANK Card လျောက်တော့မယ်ဆိုရင် MUFG (UFJ Bank Card)ကိုရှောင်။ စာမလာ သတင်းမကြားပဲ သူပိတ်ချင်သလိုတွေ ပိတ်နေကြတယ်တဲ့။
(၂) ရထားစီးတော့မယ်ဆိုရင် ကိုယ့်နောက်မှာ အဖိုးအဖွားတွေ ရှိရင်ရှောင်။ စိတ်မထင်လို့ နောက်က တွန်းချလိုက်လို့ ရထားလာတာနဲ့ တိုးသွားရင် မာလကီးယား သွားနိူင်တယ်။
(၃) ရထားထဲမှာ ကြောင်တောင်တောင် လူတွေ့ရင်
ရှောင်။ အရူးစိတ်ပေါက်ပီး ဒယ်မြှောင်နဲ့ ဆော်
လိုက်လို့ 119ကို ခေါ်နေရမယ်။
(၄) အိမ်ကိုလာဖို့ ချိန်းထားတာလဲမရှိပဲနဲ့ ဘဲလာတီးတာတွေ ရှိရင်ရှောင်။ ဘာသာရေး မြူဆွယ်တာလိုလို၊ NHK ကြော်ငြာတာလိုလိုနဲ့ ဘုမသိ ဘမသိ ပိုက်ဆံတွေ ပါများမယ်။ (ဘာပဲလာပြောပြော နိဟွန်းဂေါ့ ဝါကာလိမာဆန်လို့ ပြန်ပြောလိုက်)
(၅) Shibuya, Shinjuku, Ikebukuro, Namba, Tennoji အစရှိတဲ့နေရာတွေသွားရင်း နောက်က စကားလိုက်ပြောတဲ့ ယောက်ကျားလေး၊ မိန်းခလေးတွေ ရှိရင် တစ်နည်းနည်းနဲ့ ရအောင်ရှောင်။ အကောက်ကြံတဲ့ သူတွေ အများကြီးပဲ။
(၆) ကုန်တိုက်ထဲဝင်သွားလို့ ကြော်ငြာတာတွေ ဝယ်ခိုင်းတာတွေနဲ့ တွေ့ရင်ရှောင်၊ လတိုင်း BANK CARD ထဲက Auto ဖြတ်သွားမယ်။
(၇) ကိုယ်ကိုင်ထားတဲ့ နေထိုင်ခွင့်၊ သတ်မှတ်အလုပ်လုပ်ခွင့် နဲ့ လွဲနေတဲ့ အလုပ်တွေ မလုပ်မိအောင်ရှောင် တော်ကြာ သတင်မှာပါလာမယ်။
(၈) ရထားထဲမှာ လူတစ်ယောက်ကို မသိပဲနဲ့ သေချာ ဓာတ်ပုံရိုတ်တာကိုရှောင်၊ အခန့်မသင့်ရင် အရှက်တကွဲဖြစ်လိမ့်မယ်။
ဟူး ဒါတောင် ရှောင်စရာ ရှားစရာတွေ အများကြီး ကျန်သေးတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားအုံးမယ်🤨