26/01/2026
#ပုရေဇာတပစ္စည်းသဘောနဲ့ နေထိုင်ခြင်းဆိုတာ အနာဂတ်အတွက် လက်ရှိမှာကောင်းမွန်တဲ့ အကြောင်းတရားတွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်က ကောင်းမွန်တဲ့ မြေဆီလွှာအဖြစ် အရင်ရှိနေပေးခြင်းအားဖြင့် တခြားသူတွေရဲ့ ဘဝမှာ #ပန်းတွေပွင့်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ ကိုယ်က #အရင်ဆုံးမေတ္တာရှိနေပေးခြင်း၊ အရင်ဆုံး ခွင့်လွှတ်ပေးခြင်း၊ အရင်ဆုံး ပြင်ဆင်ထားခြင်းတွေဟာ ဘဝကို #အနှစ်သာရပြည့်ဝစေပါတယ်။
အရာရာကို #အကျိုးတရားနောက်ကနေ လိုက်မနေဘဲ ကိုယ်တိုင်ကကောင်းမွန်တဲ့ “အကြောင်းတရား” အဖြစ် အရင်ဆုံး တည်ရှိနေပေးခြင်းဟာလည်း မြင့်မြတ်တဲ့ လူသားဆန်မှု တစ်ခုလည်းပဲ ဖြစ်ပါတယ်။
အဲဒီလို နေထိုင်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ #အမြဲတမ်းအဆင်သင့်ရှိနေတဲ့၊ အားကိုးထိုက်တဲ့၊ အေးချမ်းတဲ့ ရပ်ဝန်းငယ်တစ်ခုဖြစ်နေမှာ အသေအချာဖြစ်ပါတယ် လို့ ကျယ်ဝန်းလှတဲ့
#ပဌာန်းတရားတော်ထဲက တစိတ်တဒေသလေးမျှဝေရင်း နိဗ္ဗာန်ဆော်ဩပါရစေ
#လေးစားရပါသောဓမ္မမိတ်ဆွေ သူတော်စဥ်များခင်ဗျား ဂျပန်နိုင်ငံ စိုင်းတမခရိုင် ဆာတိုးရိဝိဟာရ ကျောင်းဝင်းအတွင်း ဆာတိုးရိဆရာတော်မှ ဦးစီး၍ မြန်မာနိုင်ငံ သား၇ရက်သားသမ္မီးများ အတွက် ကုသိုလ်လည်းရစေ မြန်မာ့ ယဥ်ကျေးမှု့ နှင့် ဗုဒ္ဓဓမ္မ များ ဖြန့်ဝေရာဌာနီလည်းဖြစ် ပြည်ပသာသနာပြု အထိမ်းအမှတ်လည်းဖြစ်စေ ပြီး မြန်မာဓလေ့ မြန်မာ့ယဥ်ကျေးမှု့ အတွက်ဂုဏ်ယူစရာဖြစ်စေရန် မတည်အလှူရှင်များ နှင့် ၇ ရက်သားသမီးများ၏ အလှူ ငွေသဒ္ဒါတရားတို့ ဖြင့် ပေါင်းစည်း ပြီး #အာလောကောဥဒပါဒိစေတီတော်မြတ်ကြီး ကို တည်ထားခဲ့သည်မှာ ယခုအခါ နောက်ဆုံး အဆင့် ပြီးစီးလုနီးပါး အခြေအနေ နောက်ဆုံးအဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
ယခုအခါရင်ပြင်တော်ပါတ်လမ်းနှင့် စေတီလှိုင်ဂူအတွင်း နေပူခံ ကြွေပြားများခင်းရန်အတွက် #ကျသင့်ငွေပေးချေရန်လိုအပ်လျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ #ကာလဒါနအမှန်တကယ်လိုအပ်သော အချိန်အခါနှင့် အမှန်တကယ် လိုအပ်သောအလှူ လည်းဖြစ်သည့်အပြင် စေတီ ၏ မြေပြင်တည်ရှိရာ #အောင်ဓါတ်ပါသော လောကီအလိုအရ ခိုင်မာမှု့ပါဝင်သော #မြေဓါတ်သဘော လည်းဖြစ် တိုင်းတပါးရပ်ခြားတွင်နေထိုင်ရသော မိမိတို့ အတွက် ရပ်တည်မှု့အထောက်အပံ့လည်းဖြစ်စေတတ်သော မြေအလှူလည်းဖြစ်စေသည့် အခင်းကြွေပြား အလှူများကို ပါဝင်လှူဒါန်းပေးကြပါရန် နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်အပ်ပါသည် ။
ကြွေပြားအချပ်ရေ ၇၀၄ ချပ်သာဖြစ်ပါသည် အချပ်ရေဖြင့် သာ အတိအကျ သတ်မှတ် ကောက်ခံပါသည်၊
#စေတီအပြင်ပါတ်လမ်း ကြွေပြားတစ်ချပ် ယန်း 35000 ( #ယန်းသုံးသောင်းငါးထောင်တိတိ)
#စေတီလှိုင်ဂူအတွင်း ကြွေပြား တစ်ချပ် ယန်း 50000 ( #ယန်းငါးသောင်းတိတိ)
#ကိုရဲ+ #မသဲသဲ (Takadanobaba
#ရာမညမြန်မာထမင်းဟင်း ဘူဖေးစားသောက်ဆိုင်) : 080-3516-9815
#ဦးရဲငြိမ်း + မနှင်းမှုံ : 080-5675-0900
#အန်တီသက်သက်ခင် : 070-4482-2597
#ဦးသိန်းထွန်းအောင် : 070-2422-6780
Dr. Wit Yee Wint (မချန်) : 080-9697-3738
ကိုသက်မောင်မောင် : 080-8015-3943
မခင်မို့မို့လွင် : 070-4388-3877
မနွေးနွေးဇင် : 080-6070-1259
ကိုဝေဖြိုးဟံ : 080-7520-9991
ကိုရဲထက်သူဆွေ : 090-2682-2059
埼玉県東松山市上唐子1330番地1,
Higashimatsuyama-shi, Saitama, Japan 080-8015-3943
ကျောင်းသို့လာရောက်၍သော်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
အာလောကောဥဒပါဓိစေတီတော် မြတ်
ရံပုံငွေရှာဖွေရေးကော်မတီ