Fr John Aung Htoi

Fr John Aung Htoi Personal page for religious & social affairs.
ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ ကိုယ်ပိုင်စာမျက်နှာ။

09/09/2026

⚠️နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စစ်ပွဲအကြောင်းပြပြီး တန်ဖိုးရှိတဲ့တိုင်းပြည်ရဲ့ သယံဇာတနဲ့ သဘာဝတရားတွေကို အခွင့်အာဏာရှိတဲ့ အဖွဲ့အစည်းများဟာ ကိုယ်ကျိုးစီးပွါးအတွက် ဒီလိုပဲဖျက်ဆီးတတ်ပါတယ်။

‼️သေနတ်ပြေင်းဝအောက်မှာ ကိုယ်ကျိုးအမြတ်များရင် စစ်ပွဲတွေဟာ “ကြာရှည်လား၊ ရည်တိုလား” ဆိုတာ လက်ခုပ်ထဲမှာပဲ ရှိတတ်ပါတယ်။ အထူးသဖြင့် မြန်မာ့စစ်ပွဲလိုမျိုးတွေပါ။

⛔️မြစ်ဆုံအရေးအတွက် အခွင့်အာဏာရှိပြီး အခွင့်ပေးတဲ့အဖွဲ့စည်းများ၊ အကောက်ခွန်အမြတ်စားတဲ့ အဖွဲ့အစည်းများ၌က အတူတကွပေါင်းစားကာ စနစ်တကျကြံစည်ပြီး လုပ်ဆောင်တယ်လို့ပဲ နားလည်ပါတယ်။ အရပ်ဘက်ပြည်သူတွေဆိုတာ အရာရာမှာ ဓါးစာခံ အသုံးချခံမျှသာ ဖြစ်ပါတယ်။

မြစ်ဆုံ ဧရာဝတီရေကာတာကြီးကြောင့် ကချင်မြေကို ဒုတိယနီပေါ မဖြစ်ပါစေနဲ့🙏မြန်မာနိုင်ငံရဲ့ မြို့ပြအလယ်ဗဟိုကြီးများကြား မြောက်ဘ...
06/09/2026

မြစ်ဆုံ ဧရာဝတီရေကာတာကြီးကြောင့် ကချင်မြေကို ဒုတိယနီပေါ မဖြစ်ပါစေနဲ့🙏

မြန်မာနိုင်ငံရဲ့ မြို့ပြအလယ်ဗဟိုကြီးများကြား မြောက်ဘက်စွန်းမှ တောင်ဘက်သို့ မိုင်ပေါင်း ၁,၃၀၀ ကျော် ရှည်လျားစွာ စီးဆင်းတဲ့ ဧရာဝတီမြစ်ကြီးဟာ ဘယ်အစိုးရကမှ မဖန်တီးပေးတဲ့ နိုင်ငံသူ/သားများနဲ့ လူမျိုး၊ ဘာသာ၊ သာသနာ၊ အသားအရောင်၊ လူတန်းစားမရွေးအား အထောက်အပံ့ပေးနေတဲ့ တစ်ခုတည်းသော သဘာဝအမွေအနှစ် အသက်သွေးကြောမြစ်ကြီး ဖြစ်ပါတယ်။

ပထဝီဝင်နယ်မြေ ဧရိယာကျယ်ပြန့်ပြီး ရေအားလျပ်စစ်ရေကာတာကြီး များစွာတည်ဆောက်လို့ရတဲ့ တာကောကြီးနိုင်ငံ ပြည်နယ်များမှ မြစ်ကြီးများရဲ့စီးဆင်းမှုဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အသက်သွေးကြော ဧရာဝတီမြစ်ကြီးရဲ့ စီးဆင်းမှုနဲ့ အလွန်ကွာခြားလှပါတယ်။

ရေအားလျပ်စစ်လုပ်ငန်းတွေဟာ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြယုံမက ၎င်းဟာ မရှိမဖြစ်တဲ့ အခြေခံလိုအပ်ချက်ပါပဲ။ နိုင်ငံလူဦးရေ သန်း ၅၀ ကျော်သာရှိတဲ့ မြန်မာနိုင်ငံအတွက် တောင်ပေါ်မြေပြန့် မခွဲဘဲ လျပ်စစ်မီးများလုံလောက်စွာ ထုတ်လုပ်နိုင်တဲ့ အခြားမြစ်တွေ၊ ရေတံခွန်ကြီးတွေ၊ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ အခြားလမ်းစဉ်တွေ ပြည်နယ်အလိုက် များစွာရှိပြီး ဖြစ်မှာပါ။

လူဦးရေသန်းပေါင်း ၁,၄၀၀၀ ခန့်ရှိပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ တာကောကြီးနိုင်ငံ အစိုးရမှ ၎င်းတို့နိုင်ငံ ပိုမိုကောင်းစားရေး ဆင်းရဲတဲ့ မြန်မာနိုင်ငံကို အသုံးချဖို့ ကြိုးစားကြတယ်။ သယံဇာတပေါကြွယ်ဝပြီး မြစ်ချောင်း၊ ရေတံခွန်၊ တောတောင်နယ်မြေများ ပေါလှတဲ့ မိမိတို့နိုင်ငံမှ သန်းပေါင်း ၅၀ ကျော်သာရှိတဲ့ ပြည်သူတွေအတွက်လည်း လျပ်စစ်မီးရရှိနိုင်ဖို့ ဆောင်ရွက်နိုင်တဲ့ အခြားနည်းလမ်းတွေ တကယ်မရှိတော့တာ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။

လူဦးရေး သန်း ၁,၄၀၀ ခန့်ရှိပြီး အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်တဲ့ တာကောကြီးနိုင်ငံအတွက် လူဦးရေသန်း ၅၀ ကျော်သာရှိပြီး ဆင်းရဲတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အသက်သွေးကြော ဧရာဝတီမြစ်ကြီးကို ထပ်မံစတေးပေးရမယ်ဆိုတာ မြစ်ဆုံ ဧရာဝတီမြစ်ကြီးနဲ့ ဒေသခံလူထုရဲ့ တန်ဖိုးဟာ ကြက်ဥတစ်လုံးစာလောက်တောင် မရှိတော့တဲ့သဘောများ ဖြစ်နေပြီလား။

မြန်မာ - တရုတ် နယ်နိမိတ်ခြားတာနဲ့ တာကောကြီးနိုင်ငံဘက်က သစ်ပင်တစ်ပင်ရဲ့ ရှင်သန်မှု၊ လုံခြုံမှုနဲ့ ဥပဒေအရ အကာအကွယ်ပေးမှုတွေဟာ မြန်မာဘက်က အခြေအနေများနဲ့ မိုးနဲ့ မြေလို ကွာခြားလွန်းတာ နယ်စပ်ရောက်ဖူးသူတိုင်း သိကြတယ်။ သူတို့ဘက်က အသား ငါး တစ်ကောင်၊ သစ်ပင်တစ်ပင်၊ မြေ တစ်လက်မလောက်တောင် ထိခွင့် မရှိဘူး။ မြန်မာဘက်က သစ်မြှစ်၊ ဆေးမြှစ်၊ သစ်ပင်၊ အသားကောင်၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတတွေကို ဥပဒေမဲ့ စည်းဝါးလွတ် ထုတ်ယူကြတာဟာ မြန်မာဆိုတာ ချိုင်းနားအတွက် လက်ခုပ်ထဲက ရေလောက်သာ ဖြစ်နေပြီလားလို့ အကြိမ်ကြိမ်တွေးမိတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၅၀ ကျော်ထဲက လူဦးရေအများပိုင်းဟာ နိုင်ငံမြို့ပြကြီးများ၊ အထူးသဖြင့် ဧရာဝတီမြစ်ကြီး စီးဆင်းတဲ့ နယ်မြေဧရိယာတစ်လျှောက်မှာ ပိုပြီးနေထိုင်ကြတယ်လို့ ယူဆတယ်။ မြစ်ဆုံ ဧရာဝတီမြစ်ကြီးဟာ နိုင်ငံရဲ့နယ်မြေအစွန်အဖျား လူသူကင်းဝေးတဲ့ နေရာမှာ စီးဆင်းနေတဲ့ မြစ်ကြီး မဟုတ်သလို၊ ရေကာတာကြီး ပြိုကျ ပေါက်ပျက်တဲ့တစ်နေ့ ကြုံတွေ့ရမယ့် ထိခိုက် သေဆုံးမှုနဲ့ ပျက်စီးမှု အနည်းဆုံးဖြစ်နိုင်တဲ့ နယ်မြေဧရိယာမျိုးမှာ စီးဆင်းတဲ့ ဧရာဝတီမြစ်ကြီးလည်း မဟုတ်ပါ။ နိုင်ငံရဲ့ မြောက်ဘက် မြို့ပြကြီးအလယ်ဗဟိုမှ မြန်မာနိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသများအထိ စီးဆင်းနေတဲ့ တစ်ခုတည်းသော မြစ်ကြီးဖြစ်တာ အားလုံးအသိပါပဲ။

မြစ်ဆုံ ဧရာဝတီရေကာတာကြီး ပေါက်ပျက်၊ ပြိုကျ၊ ပျက်စီးနိုင်တဲ့ အကြောင်းတရားများမှ ၇.၇ အဆင့်ရှိတဲ့ စစ်ကိုင်းပြတ်ရွှေ့ ငလျင်ကြောနဲ့ နီးစပ်ခြင်း၊ မေခနဲ့ မလိခမြစ်ဖျားပိုင်း သယံဇာတများအား ဥပဒေမဲ့စွာ အလွန်အကျွံတူးဖော် ထုတ်ယူမှုနဲ့ သစ်တောဖြုန်းတီးမှုတွေကြောင့် ရေကြော၊ မြေကြောများ ခိုင်ခိုင့်မှု မရှိဘဲ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ကြီးမားတဲ့တောင်ပြို ကမ်းပြိုမှုအန္တရယ်ရှိခြင်း၊ ဧရာဝတီ မြစ်ပေါ်က ဧရာမရေကာတာကြီး (Mega Dam) ကြောင့် စင်ကပူနိုင်ငံအရွယ်ရှိ ပေပေါင်း ၅၀၀ ခန့် နက်တဲ့ ရေလှောင်ကန်ကြီးတည်ရှိခြင်း စသည်တို့၌က လူထုအတွက် ကြီးမားတဲ့ အန္တရယ်ပါပဲ။

ဧရာမ ရေကာတာကြီး အချိန်မတန်ခင် ပေါက်ပျက်၊ ပြိုကျ၊ ပျက်စီးမယ့် မြေကြီးလက်ခတ်မလွဲ အန္တရယ်သာမကဘဲ ရေကာတာကြီးတည်ရှိခြင်းကြောင့် မေခနဲ့ မလိခမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံသဘာဝအမွေအနှစ်ဟာ အစားထိုးမရအောင် ပျက်စီးဆုံးရှုံးခြင်း၊ ကချင်ပြည်မြောက်ဘက်ခြမ်း မြစ်ဆုံအထက် မလိခူးမဂျွယ်၊ ခရန်ခူးမဂျွယ်ခေါ်တဲ့ ခါ့ခူးဒေသရဲ့ သမိုင်းအမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်၊ ဘာသာရေးအမွေအနှစ်၊ အမျိုးသားရေးလက္ခဏာများ၊ ဇီဝမျိုးစိပ်များ၊ စိုက်ပျိုးရေး၊ လယ်ယာမြေ၊ လမ်းပန်းဆက်သွယ်ရေးများ၊ တောရိုင်းတရိစ္ဆာန်များ စတဲ့ အဖိုးတန်ရတနာများ ထိခိုက်ပျက်စီး ဆုံးရှံးခြင်းတွေကို ခံစားကြရမှာပါ (ဒါ မြစ်ဆုံအောက်ပိုင်း ဧရာဝတီမြစ်ကြီးတစ်လျှောက်ရဲ့ ထိခိုက်နှစ်နာ ဆုံးရှုံးမှုများ မပါဝင်သေးပါ)။ မြစ်ဆုံစီမံကိန်းမှ အိမ်ရှင်မြန်မာလူထုများ ရရှိမယ့်အကျိုးဟာ မပြောပလောက်တဲ့ ခေါင်းဘုံဖြတ် လှည့်ကွက်အကျိုးမျှသာဖြစ်ပြီး ရေကာတာကြီးကြောင့် အိမ်ရှင်နိုင်ငံမှ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများကိုသာ ရေတွက်မကုန်နိုင်အောင် နှစ်ကာလကြာရှည် ခံစားကြရမှာပါ။

မြစ်ဆုံ ဧရာဝတီစီမံကိန်းအတွက် ကြံစည်ဖန်တီးထားတဲ့ နားဝင်ချိုသော နည်းပညာအချက်အလက်တွေကို သိသာမြင်သာအောင် ချပြကောင်း ချပြနိုင်လိမ့်မယ်။ သို့သော် မြစ်ဆုံ ဧရာဝတီရေကာတာကြီးကြောင့်လည်းကောင်း၊ ၎င်းရေကာတာကြီး အချိန်မတန်ခင် ပေါက်ပျက်၊ ပြိုကျ၊ ပျက်စီးတဲ့တစ်နေ့ မိဘပြည်သူတွေ ရင်ဆိုင်ရမယ့် သေကြေမှု၊ ထိခိုက်နှစ်နာ ဆုံးရှုံးမှုကြီးဟာ ဘယ်အရာနဲ့မှ မတားဆီးနိုင်အောင် ကြီးမား များပြားနေမှာလည်း မြေကြီးလက်ခတ်မလွဲပါပဲ။ နှစ် ၁၀၀၀ ခန့် အာမခံကြောင်း လူထုအား စည်းရုံးပြီး ဆောက်လုပ်တဲ့ ဆည်ကြီးတွေ အချိန်တိုအတွင်း ပေါက်ပျက် ပြိုကျကာ ရေကြီးရေလျှံမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက် နှစ်နာ ဆုံးရှုံးမှုများ ကြုံရတဲ့ တာကောကြီးနိုင်ငံရဲ့ ဖြစ်ရပ်တွေဟာ လုံလောက်တဲ့ သာဓကတွေပါပဲ။ ဘုရားရှင်သည်လည်း မြစ်ဆုံရကာတာကြီး ထာဝရမြဲအောင် ထိန်းသိမ်းပေးမှာ မဟုတ်ပါ။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေမှာ ဘေးဒဏ်တွေကြုံရတဲ့အခါ လူမှုကယ်ဆယ်ရေးလုပ်ငန်းများပြင်လျင် အတားအဆီးမရှိ လွတ်လပ် လျင်မြန်စွာ ဆောင်ရွက်ဖို့ ခက်ခဲတာလည်း လူတိုင်းအသိပါပဲ။ မြစ်ဆုံ ဧရာဝတီ ရေတာကာကြီးကြောင့် အရပ်ဘက်လူထုများ ရင်ဆိုင်ကြရမယ့် ဘေးဒဏ်တွေဟာ ပြန်လည်ကုစားဖို့ခက်တဲ့ နှစ်ရှည်ဘေးဒဏ်တွေ ဖြစ်သွားမှာပါ။ တဖက်မှာ မြစ်ဆုံ ဧရာဝတီစီမံကိန်းကြောင့် ကချင်ပြည်ဟာ ရန်ကုန်တိုင်း၊ မန်းလေးတိုင်းကြီးနဲ့ နေပြည်တော်မြို့ပြကြီးတွေလို ဖြစ်လာမှာလည်း မဟုတ်ပါ။ နိုင်ငံရဲ့ ရှည်လျှားတဲ့ စစ်မက်များနဲ့ အကြပ်အတည်းများကြား ဧရာဝတီမြစ်ကြီးဟာ နိုင်ငံသူ/သားများအတွက် လက်ရှိချိန်အထိ သဘာဝအတိုင်း အသက်သွေးကြောသဖွယ် စီးဆင်းပေးရင်း အကျိုးပေးမှု၌က ပိုပြီးတန်ဖိုးကြီးမားလှပါတယ်။

ဧရာဝတီမြစ်ကြီးပေါ်မှ အမြင့်ပေ ၅၀၀ ခန့်ရှိတဲ့ ရေကာတာကြီးကြောင့်ဖြစ်ပေါ်လာတဲ့ စင်ကပူနိုင်ငံအရွယ်အစားရှိ ရေအိုင်ကြီးကြောင့် ကမ္ဘာလှည့်ခရီးသည်များကိုပြင် ဆွဲဆောင်နိုင်တဲ့ ကချင်ပြည်ရဲ့ထင်ရှားတဲ့ သမိုင်းဝင် သဘာဝအမြွေအနှစ်ပြယုဒ်၊ မေခနဲ့ မေလိခမြစ်တို့ ပေါင်းဆုံရာ “မြစ်ဆုံ” ဆိုတာ ပထမဆုံး ဧရာမ ရေအိုင်ကြီးထဲ နှစ်မြှပ်ပျောက်ကွယ် ပျက်စီးသွားမှာဖြစ်ပြီး နိုင်ငံရဲ့သဘာဝအမြွေအနှစ်၊ ယဉ်ကျေးမှုအမြွေအနှစ်တွေဆိုတာ ပြည်မတွေဆီကိုပဲ မျက်နှာမူ ဗဟိုပြုကြရတော့မှာပါ။

မြစ်ဆုံ ဧရာဝတီရေကာတာကြီး တည်ဆောက်
ခြင်းရဲ့နောက်ကွယ်မှာ အချို့သော အဖွဲ့အစည်းများအတွက် အဓိကအားဖြင့် နိုင်ငံရေးနဲ့ စစ်ရေးအကျိုးအမြတ်တွေ ရရှိကောင်း ရရှိနိုင်ပေလိမ့်မယ်။ ၎င်း အကျိုးအမြတ်သက်သက်နဲ့ မြစ်ဆုံ ဧရာဝတီမြစ်ကြီးကို အသုံးချပြီး အများလူထုရဲ့ အသက်အိုးအိမ်အတွက် ကြီးမားတဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို ပြင်ဆင်ပေးခြင်းဟာ ကမ္ဘာ့သမိုင်းဆိုးဖြစ်ရပ်ကို ဖန်တီးပေးခြင်းသာ ဖြစ်သွားနိုင်ပါတယ်။ မြစ်ဆုံ ဧရာဝတီ ရေကာတာကြီးကြောင့် ဒေသခံလူထုများကို လူလုပ်ဘေးဒဏ်သင့်တဲ့ ဒုတိယနီပေါ သမိုင်းဆိုးစာမျက်နှာမျိုးထဲ မကျရောက်ပါစေနဲ့လို့ ဆန္ဒပြုပါတယ်။

မြန်မာလူထုများစွာအတွက် ခေတ်အဆက်ဆက်ရဲ့ အသက်သွေးကြောသဖွယ် တည်ရှိပေးတဲ့ ဧရာဝတီမြစ်ကြီးဟာ လူထုရဲ့ နေ့စဉ်ဘဝအတွက် စိုက်ပျိုးမွေးမြူရေး၊ စားဝတ်နေရေး၊ စက်မှုလက်မှု၊ ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွှတ်ရေး၊ ယဉ်ကျေးမှုနဲ့ အနုပညာ စတဲ့ အရေးပေါင်းများစွာအတွက် တန်ဖိုးဖြတ်မရတဲ့ အကျိုးအမြတ်များ ပေးနေတဲ့ ကျေးဇူးရှင် မိခင်မြစ်ကြီးပါ။ ဒီလိုအခြေအနေမှာ နိုင်ငံရေးနဲ့ စစ်ရေးအကျိုးအမြတ်အား အသာစီးရယူနိုင်ရေး မြစ်ဆုံ ဧရာဝတီမြစ်ကြီးကို တာကောကြီးနိုင်ငံအတွက် စတေးပေးရမယ်ဆိုတာ လွန်စွာမတရားရာ သက်ရောက်န်ုင်ပါတယ်။

မြစ်ဆုံ ဧရာဝတီရေကာတာကြီးအရေး အောင်မြင်ဖို့/ တရားဝင်စေဖို့ ဝါဒမိုင်းတိုက်တဲ့ စည်းရုံးရေးတွေ ဘယ်လောက်ဘဲလုပ်လုပ်၊ အခြားနည်းပညာအကြောင်းပြချက်တွေ ဘယ်လောက်ဘဲ ချပြချပြ၊ ၎င်းဟာ သူများလင်/ သူများမယားကို စည်းရုံးပြီး အကြောင်းပြချက်တွေ ချပြကာ အပိုင်စီးဖို့ ကြံစည်တဲ့ မဖြစ်နိုင်သော လုပ်ရပ်မျိုးကဲ့သို့ ပါပဲ။

သဘာဝတရား၊ အရှိတရားအရ မလုပ်ကောင်း၊ မပြုကောင်းတဲ့အရာတွေကို လူတွေရဲ့ ကြံစည်ဖန်တီးမှုနဲ့ တရားဝင်အောင် အကြောင်းပြပြီး ပြုလုပ်ယုံနဲ့ မရပါဘူး။ သဘာဝတရားကို လူတွေ ဘယ်တော့မှ စိန်ခေါ်လို့ မရပါ။ မြစ်ဆုံ ဧရာဝတီမြစ်ကြီး သဘာဝအရ ဒီတိုင်းလွတ်လပ်စွာ စီးဆင်းနေခြင်း၌က စီမံကိန်းမှ မပြောပလောက်တဲ့ (၁၀/၂၀ %) နုန်းထက် မိမိတို့ အိမ်ရှင်နိုင်ငံသူ/သားများအား အကျိုးအမြတ်ပေါင်း အဆတစ်ရာမက ရရှိစေပြီး ဖြစ်ပါတယ်။ တနည်းအားဖြင့် မြစ်ဆုံ ဧရာဝတီမြစ်ကြီးဟာ ကချင်ပြည်မှ ကမ္ဘာကျော် ကျောက်စိမ်းထုကြီးနဲ့ မြေရှားသတ္တုများထက် သာမန်ပြည်သူတွေကို တိုက်ရိုက်အကျိုးအမြတ်ပေးနေတဲ့ အကြီးမားဆုံးသော သဘာဝသယံဇာ အမွေအနှစ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။

မြစ်ဆုံ ဧရာဝတီမြစ်ကြီးအရေးဟာ အထက်မှာတင်ပြသလို နိုင်ငံရေးနဲ့ စစ်ရေးအကျိုးအမြတ်ထက် အဆပေါင်းများစွာ အရေးပါပြီး နိုင်ငံသူ/သားတိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အရေး၊ လူသားအရေးနဲ့ သဘာဝတရားရေး ဖြစ်တာမို့ မည်သည့်အစိုးရ၊ မည်သည့်အဖွဲ့အစည်းမျိုးမဆို အများလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်တဲ့ သဘောထားများအား လေးစားတန်ဖိုးထားဖို့ ပြည်သူတစ်ဦးအနေနဲ့ တင်ပြခြင်းသာ ဖြစ်ပါတယ်။

မှတ်ချက်။ ဤ post ဟာ မိမိတစ်ဦးတည်းရဲ့ သဘောထားသာဖြစ်ပြီး မည်သည့် အသင်းအဖွဲ့နဲ့မျှ မသက်ဆိုင်ပါ။

👉photos credit

ဧရာဝတီ မြစ်ဆုံရေကာတာကြီးဟာ ကချင်ပြည်သူအတွက် နုူကလီးယားဗုံးကြီး မဖြစ်ပါစေနဲ့ 🙏 မြစ်ဆုံဧရာဝတီဆိုတာ တောင်တန်းတွေများကြားမှ ...
27/08/2026

ဧရာဝတီ မြစ်ဆုံရေကာတာကြီးဟာ ကချင်ပြည်သူအတွက် နုူကလီးယားဗုံးကြီး မဖြစ်ပါစေနဲ့ 🙏

မြစ်ဆုံဧရာဝတီဆိုတာ တောင်တန်းတွေများကြားမှ စီးဆင်းတဲ့ မလိခနဲ့ မေခမြစ်တို့ ပေါင်းဆုံတဲ့ မြစ်ကြီးဖြစ်ပါတယ်။

မလိခနဲ့ မေခမြစ်ဖျားတစ်လျှောက်မှာ အလွန်အကျွံရွှေတူးတာ၊ သစ်ထုတ်တာ၊ တောတောင်ဖြုန်းတီးမှုတွေနဲ့ မြေရှားတူးဖော်ခြင်းတွေရှိနေတဲ့ အရပ်ဒေသတွေဆိုတာ ကချင်ပြည်သူတွေ သိကြတယ်။

ရာသီဥတုဖောက်ပြန်/ ပြောင်းလဲမှုနဲ့ ရေကြီးရေလျှံဖြစ်မှုတွေကြောင့် နှစ်စဉ်ဆိုသလို လယ်ယာမြေများပျက်စီးခြင်း၊ နေအိမ်များနှစ်မြုပ်ခြင်းတွေကို ကြုံနေကြရတယ်။ မြစ်ကြီးနားမြို့သည်လည်း နှစ်စဉ်ရေကြီးရေလျှံဖြစ်တဲ့ ရေဘေးဒဏ်နဲ့ ရင်ဆိုင်ကြရတယ်။

မလိခမြစ်နဲ့ မေခမြစ်ဖျားပိုင်းက တောင်တန်းတွေကြား အခြားမြစ်ချောင်းတွေ များစွာရှိသေးတယ်။ ဥပဒေမဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကြောင့် မလိခနဲ့ မေခမြစ်တို့ဟာ ၂၄ နာရီ ရေထုညစ်ညမ်းမှုတွေ၊ အချိန်အခါမသင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပျက်လေ့ရှိတယ်။

၎င်း မလိခနဲ့ မေခမြစ်တို့ ပေါင်းဆုံရာ ဧရာဝတီမြစ်ကြီးပေါ် ပေပေါင်း ၅၀၀ မြင့်တဲ့ ဧရာမ ရေကာတာကြီး ဆောက်လုပ်ကာ သဘာဝအရ အလွန်အင်အားပြင်းတဲ့ ဧရာဝတီမြစ်ကြီးကို တားဆီးပိတ်လှောင်ပြီး စင်ကပူနိုင်ငံအရွယ်ရှိတဲ့ ဖိအားပြင်းလွန်းတဲ့ ရေထုကြီးကို အချိန် ဘယ်လောက်ကြာကြာ သိုလှောင်ထားနိုင်မှာလဲ။ မြန်မာအတွက် ယုံကြည်စိတ်ချလို့ရတဲ့ အကောင်းဆုံးသော ချိုင်းနားမိတ်ဆိုတာ ဘာများရှိပါသလဲ၊

ဧရာမ Mega Dam ကြီး ဆောက်လုပ်မယ့် ဧရာဝတီမြစ်ကြီးရဲ့ တည်နေရာဟာ ရန်ကုန်၊ မန်းလေးတို့လို ရေစီးမတန်တဲ့ လွင်ပြင်ကြီးမှာ စီးဆင်းနေတာ မဟုတ်ဘူး ဆိုတာကိုလည်း ကချင်ပြည်သူတိုင်း သိပြီးဖြစ်ပါတယ်။

အမြင့်ပေပေါင်း ၅၀၀ ဆိုတာ ကချင်ပြည်မှာဆောက်လုပ်တဲ့ အိမ်တွေ အလုံး ၄၀ ခန့်ကို အပေါ်ထပ်ဆင့်တင်ထားတဲ့ အမြင့်ပေနဲ့ ညီမျှပါတယ်။ အေးလောက်ကြီးပြီး မြင့်မားတဲ့ ရေကာတာမှ အင်အားပြင်းသိုလောင်ရေဟာ ရေကာတာ ကွဲပျက်၊ ပေါက်ပျက်၊ ကျိုးပျက်တဲ့အခါ လိပ်ကြီး လမ်းလျှောက်သလို စီးနေမှာ မဟုတ်တာလည်း လူတိုင်းအသိပါပဲ။

ဧရာမ Mega Dam ကြီး ဆောက်လုပ်မယ့် ဧရာဝတီမြစ်ကြီးတစ်လျှောက် မြစ်ကြီးနားသို့ ၂၇ မိုင်ခန့်ဟာ တောင်တန်းတွေကြား စီးဆင်းနေတာဖြစ်သလို၊ မလိခနဲ့ မေခမြစ်ဖျားတို့သည်လည်း မြင့်မားတဲ့ တောင်တန်းတွေကြားမှာ အင်အားပြင်းစွာ စီးဆင်းနေကြတာ ဖြစ်ပါတယ်။

အထက်မှာပြောထားသလို မလိခနဲ့ မေခမြစ်ဖျားတစ်လျှောက်ဟာ သယံဇာတ အလွန်အကျွံ တူးဖော်မှုတွေ၊ သစ်တောဖြုန်းတီးမှုတွေကြောင့် ရေကြော၊ မြေကြောတွေ များစွာထိခိုက် ပျက်စီးနေပြီဆိုတာ သိရှိနိုင်ပါတယ်။

ဘူမိဗေသပညာရှင်များရဲ့ ပြောကြားချက်အရ ဧရာဝတီမြစ်ဆုံဟာ အင်အား ၇.၇ ရှိတဲ့ ငလျင်ကြောနဲ့ နီးကပ်လျက်ရှိတာကိုလည်း သိပြီးဖြစ်ကြတယ်။ အထူးသဖြင့် ပေပေါင်း ၅၀၀ မြင့်တဲ့ ရေကာတာကြီးကြောင့်ဖြစ်တည်လာတဲ့ ဖိအားကြီးမားတဲ့ စင်ကပူနိုင်ငံအရွယ်ရှိ အင်အားပြင်း ဧရာမ ရေလှောင်ကန်ကြီးတည်ရှိခြင်း၌က ကချင်ပြည်သူများအား အစုလိုက် အပြုံလိုက် သေကြေ ပျက်စီးစေနိုင်တဲ့ နုူကလီးယားဗုံးကြီး ထောင်ထားပေးသလိုပါပဲ။

လတ်တလော (၂၀၂၆/ ၀၈/ ၂၆ ရက်) စိတ်မကောင်းစရာဖြစ်တဲ့ နီပေါမှာဖြစ်ပျက်တဲ့ ရုတ်တရက်ရေကြီးမှုဟာ တောင်တန်းတွေကြားမှာ စီးဆင်းတဲ့ မြစ်ချောင်းတွေရဲ့ ဘေးဒဏ်တစ်မျိုးလို့ ယူဆနိုင်ပါတယ်။ မိမိတို့ အိမ်နီးချင်းနိုင်ငံတွေမှာ ရေကာတာနဲ့ ဆည်များ ကျိုးပေါက်ကာ ရေကြီးရေလျှံဘေးဒဏ်ကြောင့် လူ့အသက်ပေါင်းများစွာ သေကြေမှုတွေ၊ ထိခိုက်နှစ်နာ ဆုံးရှုံးမှုတွေကို မကြာခဏ မြင်တွေ့ကြရတယ်။

ကချင်ပြည်သူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာရဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ စစ်ပွဲများကြောင့် ဝေဟင်၊ မြေပြင်တိုက်ခိုက်မှုကို ကြုံတွေ့ကြရပြီး အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ စစ်ဘေးရှောင်ဘဝကို လက်ရှိချိန်ထိ ရင်ဆိုင်နေဆဲပါပဲ။ ဒါတင်မက အခြေခံပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံလူမှုစီးပွါးရေးဆုံးရှုံးမှုတွေ၊ မူးယစ်ဆေးဝါးအား လက်နက်သဖွယ် ကျင့်သုံးမှုကြောင့် မူးယစ်ဆေးဝါးဘေးဒဏ်သင့်ကာ လူ့အသက်ပေါင်းများစွာနဲ့ မိသားစု ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်း တစ်နေ့တခြား တိုးပွါးလျက်ရှိတယ်။

၎င်းအခြေအနေတွေမှာ ဧရာမ မြစ်ဆုံဧရာဝတီရေကာတာကြီးဟာ ကချင်ပြည်သူတွေအတွက် အနုနည်းနဲ့ လွယ်လွယ်ကူကူ အစုလိုက် အပြုံလိုက် သေကြေပျက်စီး၊ ထိခိုက်နှစ်နာ ရှုံးဆုံးနိုင်မယ့် နုူကလီးယားဗုံးကြီး မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုပါတယ်။

မြစ်ဆုံဧရာဝတီဆိုတဲ့ သဘာဝတရားကြီးဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး စတဲ့ အရေးပေါင်းများစွာအတွက် ပြည်သူအယောက်တိုင်းနဲ့ သက်ဆိုင်တဲ့ လူသားအရေးလို့ မြင်ပါတယ်။

မှတ်ချက်၊ မိမိတစ်ဦးတည်းရဲ့ သဘောထားတာ ဖြစ်ပါတယ်။

👉 photos credit

26/08/2026

အသက်လုပြေးမယ့် အချိန်တောင်
မရှိလောက်အောင်ဖြစ်တဲ့ နီပေါရဲ့ ရေဘေးဒဏ်မျိုး ကချင်ပြည်မှာ ဘယ်တော့မှ မကြုံရပါစေနဲ့ 🙏

26/08/2026

⚠️ဧရာဝတီ မြစ်ဆုံအရေး ပြောဆိုကြတိုင်း ရေဘေး၊ ငလျင်ဘေး၊ တောင်ပြို ကမ်းပြိုတဲ့ သဘာဝဘေးတွေ တဆက်တည်း ဖြစ်ပျက်လျက် အသိပေးတာဟာ လူထုကို အကြောက်တရား သွင်းနေခြင်း မဟုတ်ပါဘူး။ လူ့အသက်ပေါင်းများစွာ ထိခိုက်ပျက်စီး နှစ်နာဆုံးရှုံးသွားနိုင်မယ့် ကမ္ဘာကျော် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဘေးဒဏ်ကြီးအန္တရယ်အား အသိတရားနဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူတွေကို ကြိုတင်အသိပေးတဲ့ ခေါင်းလောင်းသံတွေပဲ ဖြစ်ပါတယ်။ လူတွေဖန်တီးတဲ့ ဘေးဒဏ်ကြီးမှ ကင်းဝေးပါစေ‼️
https://www.facebook.com/share/v/1M7ZiG9Prf/?mibextid=wwXIfr

ဒီလိုဖြစ်ရပ်မျိုးဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ ထောင်ချောက်တစ်ခုလို့ ပြောလို့ရပါတယ်။ “ပြည်သူတွေကိုယ်တိုင် တာဝန်မဲ့ပြီး စည်း...
25/08/2026

ဒီလိုဖြစ်ရပ်မျိုးဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ ထောင်ချောက်တစ်ခုလို့ ပြောလို့ရပါတယ်။ “ပြည်သူတွေကိုယ်တိုင် တာဝန်မဲ့ပြီး စည်းကမ်းမဲ့ပါတယ်” ဆိုတဲ့ သတင်းစကား ရယူနိုင်ဖို့ဖြစ်တာမို့ ၎င်းအစား ပြည်သူတွေဟာ တာဝန်ယူတတ်ပြီး စည်းကမ်းပြည့်ဝတဲ့ နိုင်ငံတော်ရဲ့ အမိ အဖတွေ ဖြစ်ကြောင်း သက်သေပြရပါမယ်။

https://www.facebook.com/share/p/18HoK7njUX/?mibextid=wwXIfr

22/08/2026

ကမ္ဘာ့အသေးဆုံးနိုင်ငံထဲက တစ်ခုဖြစ်တဲ့ San Marino 🇸🇲 နိုင်ငံဆီ ပုပ်ရဟန်းမင်းကြီးရဲ့ တမန်တော်ခရီးကြွရောက်ခြင်း မြင်ကွင်းဖြစ်ပါတယ်။

အီတလီနိုင်ငံအတွင်းမှာ လွှတ်လပ်ပြီး အချုပ်အခြာအာဏာနဲ့ အုပ်ချုပ်တဲ့ နိုင်ငံငယ် (၂) ခု ရှိပါတယ်။

San Marino 🇸🇲 နိုင်ငံနဲ့ အတူ ဗာတိကန်ကန်မြို့ပြနိုင်ငံ (Vatican City State🇻🇦) တို့ဟာ အီတလီနိုင်ငံရဲ့ ပထဝီဝင်နယ်နိမိတ်အတွင်း တည်းခြားနိုင်ငံတွေအဖြစ် တည်ရှိကြပါတယ်။

https://www.facebook.com/share/r/183w8DWeip/?mibextid=wwXIfr

19/08/2026

ဂျပန်လူငယ်တစ်ယောက်ရဲ့ အသိအမြင် စိတ်သဘောထား ကြီးမားပုံကို နားထောင်ကြည့်ပါ။

⚠️လွန်ခဲ့တဲ့အချိန် ဂျပန်မှ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက် လက်ရှိအချိန်မှာ စစ်လျှော်ကြေးအဖြစ် သွယ်ဝိုက်နည်းနဲ့ မြန်မာကို အများကြီးကူညီနေပြီ ဖြစ်ပါတယ် (ဂျပန်အခြေစိုက် လူသားချင်းစာနာမှုနဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ အပါ)။

⚠️စစ်တိုက်တယ်ဆိုတာ လူစိတ်ကင်းမဲ့ပြီး တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့ လူသတ်ပွဲ သက်သက် မဟုတ်ရပါ။

https://www.facebook.com/share/r/1CMFZ9CYVk/?mibextid=wwXIfr

18/08/2026

စစ်ပွဲအတွက် အပြန်အလှန် လက်စားချေရန် အပြစ်မဲ့အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဓါးစာခံပြု သွေးကျဲစေခြင်းဟာ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ စစ်သွေးကြွ လုပ်ရပ်သာ ဖြစ်ပါတယ်။

Indirizzo

Rome

Sito Web

Notifiche

Lasciando la tua email puoi essere il primo a sapere quando Fr John Aung Htoi pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Contatta Il Luogo Di Culto

Invia un messaggio a Fr John Aung Htoi:

Scelte rapide

Condividi