အလင်းပြတင်း

အလင်းပြတင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အလင်းပြတင်း, Religious organisation, Baptist Theological College (Senate of Serampore University), Pfutsero.

ခရစ္စမတ်ဟာ လူ့လက်နဲ့လုပ်တဲ့ အပြင်အဆင်ကြားမှာ အံ့မခန်းကြီးကျယ်မှု ၊ တစ်လောကလုံး ဝမ်းမြောက်စေလောက်တဲ့ သတင်းကောင်းပို့ဆောင်မှု...
04/12/2014

ခရစ္စမတ်ဟာ လူ့လက်နဲ့လုပ်တဲ့ အပြင်အဆင်ကြားမှာ
အံ့မခန်းကြီးကျယ်မှု ၊ တစ်လောကလုံး ဝမ်းမြောက်စေလောက်တဲ့ သတင်းကောင်းပို့ဆောင်မှုတွေကို မြင်ယောင်ခံစားဖို့ တစ်စစ မှေးမှိန်လာခဲ့ပြီလား။

အပျိုရည်ပျက်ခဲ့တဲ့ ဧရာဝတီလို ဟိုအရင်တစ်ခါ ရေစိုထမီနဲ့ မိုးရေမှာ လှပခဲ့ဖူးသလို မဟုတ်တော့ ပြီလား။

သိပါတယ် အပြင်အဆင်တွေက ခရစ္စမတ်ကို ပိုပြီး ရသမြောက်စေဖို့။

ဘုရားသခင်ဟာ ဘယ်လောက် ကဗျာဆန်လိုက်သလဲ
ခရစ္စမတ်နဲ့ နှင်း
ခရစ္စမတ်နဲ့ ကြယ်
ခရစ္စမတ်နဲ့ ကောင်းကင်တမန်
စဉ်းစားသာကြည့်
ခရစ္စမတ်ဆိုတာ လူက ထပ်ဖြည့်ရလောက်အောင် အကျည်းတန်နေတာ မဟုတ်ပါဘူး။

သူငယ်တော်ကို ခံစားပါ ၊ကားတိုင်ကိုလည်း မြင်နိုင်ပါစေ။ တံခါးကိုလည်း ဖွင့်ကြို လက်ခံနိုင်ပါစေ။

ကျေးဇူးတင်ပါတယ်
ရှငိုင်ဂျော်(MICT)

30/11/2014

တိတ်ဆိတ်ချိန် လွန်မြောက်ပြီးနောက်

ယာယီသာ

အမြဲတန်းဒီလို ဖြစ်နေတာပဲဆိုသည့် စိတ်၊ ပြဿနာတစ်ခုကို အချိန်အတန်ကြာရင်ဆိုင်လာရသောအခါ အမြဲထိုကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သော စိတ်ဓါတ်ရှိတတ်သည်။

ကျွန်ုပ်တို့အတွက် လောကသည် ယာယီဖြစ်ကြောင်း ရှင်ပေါလုကဆိုသည် (၂ကော၊၅း၁)။ ဆိုလိုသည်မှာ လောကတွင် ကျွန်ုပ်တို့ ကြုံရသောအရာတို့သည် ယာယီသာ ဖြစ်ကြောင်း ရှင်ပေါလုက အသိပေးခြင်း ဖြစ်သည်။

လူမျိုးတော်သည် အနှစ်လေးရာ ကျွန်ခံရစဉ် ဘုရားသခင်ထံမှ အသံတော်မကြားရ၊ ပရောဖက်ပြုသံမကြားရ၊ ဘုရားသခင်ပင် မရှိတော့သကဲ့သို့၊ အဲဂုတ္တုပြည်တွင် ထာဝရပင် ကျွန်ခံရတော့မည်ဟူသည့် စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။ သို့သော် ထိုကာလကျော်လွန်သည်နှင့် လူမျိုးတော်တစ်ရပ်လုံးအတွက် ကျွန်ဘ၀မှ လွတ်မြောက်ရန် လုပ်ငန်းစဉ်ကို မောရှေအားဖြင့် ဘုရားသခင် စတင်ခဲ့သည်။

ဓမ္မဟောင်းနှင့် ဓမ္မသစ်ကြားကာလတွင် ဘုရားသခင်စကားမပြောသော နှစ(် ၄၀၀)ရှိခဲ့သည်။ ဘုရားသခင်၏ တိတ်ဆိတ်သောကာလ ဖြစ်သည်။ သို့သော် ထိုအနှစ်လေးရာ တိတ်ဆိတ်သော ကာလကို ကျော်လွန်သည်နှင့် တစ်လောကလုံးအတွက် ကယ်တင်ခြင်းလုပ်ငန်းစဉ်ကို သခင်ယေရှုအားဖြင့် ဘုရားသခင် စတင်ခဲ့သည်။

လောကတွင် ကျွန်ုပ်တို့အတွက် အစဉ်ထာဝရ ဖြစ်ပျက်နေမည့်အရာ မရှိပါ။ ကျွန်ုပ်တို့အတွက် အစဉ်ထာဝရ တွေ့ကြုံရမည့်နေရာ မှာ ကောင်းကင်နိုင်ငံတော်ဖြစ်သည်။ သင့်အတွက် မနေ့နှင့်ယနေ့၊ မနှစ်နှင့် ယခုနှစ်သည် ကွာခြားမှုမရှိပဲ ဒုံရင်း ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ မနှစ်က ဒီဇင်ဘာတွင်ကြုံတွေ့ရသော ပြဿနာမျိုး၊ ငွေကြေးအခက်အခဲမျိုး ယခုနှစ်တွင်လည်း တွေ့ကြုံချင်တွေ့ကြုံပါလိမ့်မည်။ သို့သော် ထာဝရတော့မဟုတ်ပါ။ သင့်အတွက် လောကတွင် ထာဝရဖြစ်နေမည့် အကြောင်းအရာ တစ်ခုမျှ မရှိပါ။

လောကတွင် အရာအားလုံးတို့သည် သူ့အကန့်အသတ်နှင့်သူ ရှိနေပါသည်။ သင်ရင်ဆိုင်နေရသော ငွေကြေးအခက်အခဲသည်လည်း သင့်အတွက် ယာယီသာဖြစ်ပါသည်။ သင်ရင်ဆိုင်နေရသော နိုင်ငံရေး ၊ စစ်ရေးပြဿနာသည်လည်း သင့်အတွက် ယာယီသာ ဖြစ်ပါသည်။ အနှစ်လေးရာကျွန်ခံစဉ် လူမျိုးတော်သည် ဘုရားသခင်အားအော်ဟစ်ခြင်းကို တစ်ရက်မှ ပျက်ကွက်ခြင်းမရှိခဲ့ပါ။ ဘုရားသခင် တိတ်ဆိတ်တော်မူသော အနှစ်လေးရာကာလတွင်လည်း လူမျိုးတော်သည် မေရှိယသခင် အားမျှော်လင့်ခြင်းကို တစ်နှစ်မှ ရပ်နားခြင်းမရှိခဲ့ပါ။

သခင်ယေရှုသည် လူထုအကြားတွင် ထင်ထင်ပေါ်ပေါ် တရားဟောခြင်းရှိသကဲ့သို့ တစ်ခါတစ်ရံ မိမိတစ်ယောက်တည်း တိတ်ဆိတ်စွာ ဆုတောင်းတတ်သည်။ သခင်ခရစ်တော်၏ တိတ်ဆိတ်တော်မူခြင်းသည် အမှုတော်ဆောင်ရွက်ခြင်းကို ရပ်နားခြင်းမဟုတ်၊ ပိုမိုကြီးမားသောလုပ်ငန်းကိုဆောင်ရွက်ရန် ပြင်ဆင်နေတော်မူခြင်းဖြစ်သည်။ ပေတရု၏ ငါးတစ်ကောင်မျှ ဖမ်းမမိခြင်းသည် လုပ်ငန်းကျဆုံးခြင်းမဟုတ် ပို၍ကြီးမားသော လုပ်ငန်းကိုဆောင်ရွက်ရန်ဖြစ်ပါသည်။

သက်သေခံချက်

ကျွန်တော်သည် စပေါ့နှစ်ခြင်းအသင်းတော်တွင် ငါးနှစ်တာမျှ အမှုတော်ထမ်းဆောင်ခဲ့ပါသည်။ ထိုကာလအတွင်း ကျမ်းစာကျောင်းအတူဆင်းခဲ့သော သူငယ်ချင်းအချို့က မာစတာဘွဲ့ရခဲ့ပြီးကြပြီဖြစ်သည်။ တစ်ချို့တက်နေသည်။ ကျွန်တော် အတော်လေးနောက်ကျကျန်ခဲ့ပြီဟု ခံစားခဲ့ရပါသည်။ ကျွန်တော်ကတော့ ငါးနှစ်တာကာလပတ်လုံး ပြည်ပနိုင်ငံတွင် ကျောင်းတက်နိုင်ရန် ဆုတောင်းနေခဲ့ပါသည်။ အချိန်တန်သောအခါ ဘုရားသခင်က ကျွန်တော်၏ ဆုတောင်းသံကို နားညောင်းအဖြေပေးတော်မူခဲ့ပါသည်။ ကျွန်တော်၏ စိတ်ခံစားမှုသည် ယာယီသာဖြစ်ခဲ့ပါသည်။ အိန္ဒိယနိုင်ငရှိံ ကျမ်းစာကျောင်းများတွင် အစိုးရနှင့် ပြင်ပတက္ကသိုလ်အားလုံး အသိအမှတ်ပြုသော ဆရမ်ပူတက္ကသိုလ်၏ ကောလိပ်တစ်ခုတွင် ဓမ္မပညာဆည်းပူးခွင့်ရရှိခဲ့ပါသည်။ ကျွန်တော်စောင့်စားခဲ့သော ငါးနှစ်တာတွင် ဘုရားသခင်က ကျွန်တော့်အတွက် အကောင်းဆုံးကို ပြင်ဆင်ပေးထားတော်မူခဲ့ပါသည်။

ကျွန်တော်ငယ်စဥတ်ုန်းက အုန်းသီးစိပ်၊ ပဲပုပ်၊ ဟင်းသီးဟင်းရွက်၊ အာလူး ၊ မုံညင်းဆီ စသည်တို့ကို ဈေးတကာ၊ အိမ်တကာလှည့်၍ ရောင်းဖူးခဲ့ပါသည်။ ကျွန်တော့် အစ်ကိုကြီးမှာလည်း ခေါင်းဆွဲတစ်ပွဲစားရဖို့အရေး ခေါင်းတုံးပင်ရိတ်ဖူးခဲ့ပါသည် (ခေါက်ဆွဲကို စေတနာသန့်သန့်နှင့် မကျွေးပဲ ခေါင်းတုံးအပြောင်ရိတ်ခိုင်းခဲ့သော ထိုနေ့က အစ်မကြီးတစ်ဦး၏ မျက်နှာကို ယနေ့အချိန်အထိ အာရုံမှ မေ့ဖြောက်၍ မရနိုင်ခဲ့ပါ။)။ ကျွန်တော့်မိခင်သည်လည်း ခင်ပွန်းသည်၏ ကူညီထောက်ပံ့မှုကို မရရှိပဲ တိုဖူးရောင်း၊ အ၀တ်လျှော်၊ ရုံးစာရေး၊ ဂမုန်းကုန်သည် အလုပ်များကို သူတစ်ယောက်တည်း ရုန်းကန်ခဲ့ရရှာပါသည်။ သို့သော် ငယ်စဉ်က ကျွန်တော်ငိုခဲ့သောမျက်ရည်များ၊ သူတပါးအိမ်တွင် အဆင်းရဲမခံနိုင်၍ ထွက်ပြေးသွားသော အစ်ကို့ကို လုပ်ခစားဒညင်းသီးအငှားခူးရန် တောထဲအသွား ၀ါးချွန်စူး၍ အသက်သေဆုံးခါနီးအခြေအနေတွင် အမေနှင့်ကျွန်တော် ရှာတွေ့ခဲ့စဉ် ကျခဲ့သောအမေ့မျက်ရည်များကို ဘုရားသခင်ထိုအချိန်ကတည်းက မြင်တွေ့တော်မူခဲ့ပါသည်။ ယနေ့အချိန်တွင် သာယာသောခရစ်ယာန်အိမ်ထောင်တစ်ခုကို အစ်ကိုတည်ထောင်နိုင်ခဲ့ပါပြီ။ လွန်စွာသိတတ်၊နားလည်ပေးတတ်သော ဇနီးသည်နှင့် မှန်ကြည့်ပြီး Kadai Ta? Kadai Ta? (ဘယ်သူပါလိမ့်) လို့ ပြောတတ်စပြုပြီဖြစ်တဲ့ တစ်နှစ်ကျော်သမီးငယ် ကိုလည်း ရရှိထားပါတယ်။ အမေလည်း မြေးလေးထိန်းပြီး သုခပြည့်နေပါပြီ။ ကျွန်တော်တို့ မိသားစု မခံနိုင်တဲ့ နှောက်ယှက်ခြင်းကို ဘုရားသခင်ပေးတော်မမူခဲ့ပါ။ အရာအားလုံးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင်သာ ရှိကြောင်း သက်သေခံချက်ပင် ဖြစ်ပါတော့သည်။

တိတ်ဆိတ်ချိန်လွန်မြောက်ပြီးနောက်

အနှစ်လေးရာကျော် ကျွန်ခံပြီးနောက် ဘုရားသခင်၏အသံတော်ကို လူမျိုးတော် ကြားခွင့်ရကြသည်။ အနှစ်လေးရာခန့် တိတ်ဆိတ်သည့်နောက်ပိုင်း ဗတ္တိဇံဆရာယောဟန်၏ ပရောဖက်ပြုခြင်းကို လူမျိုးတော် ကြားခွင့်ရကြသည်။ တိတ်ဆိတ်ချိန်လွန်မြောက်သည့်နောက် ဘုရားသခင်၏ ကယ်တင်ခြင်းရောက်ရှိလာပါသည်။ အဲဂုတ္တုပြည်တွင် ကျွန်ခံရာမှ ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသည် အဖိနှိပ်ခံခြင်း ၊ တရာမမျှတမှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ခွဲခြားဆက်ဆံမှု ၊ ဖန်ဆင်းစလူ့အခွင့်အရေးချိုးဖေါက်ခံရမှု အလုံးစုံတို့မှ လွတ်မြောက်စေခြင်းပင် ဖြစ်ပါသည်။ သခင်ခရစ်တော်၏ လူ့ဇာတိခံ ကြွဆင်းလာခြင်းသည်လည်း ရောမအစိုးရလက်အောက်တွင် ချောင်ထိုးခံ ၊ မြေသိမ်းခံ၊ အိမ်သိမ်းခံ၊ ကျွန်ဘ၀မှလွတ်မြောက်ခြင်းကိုပေးရန်သာမကပဲ၊ ယာယီလောကမှ ထာဝရလောကသို့ လွန်မြောက်နိုင်မည့် သတင်းကောင်းကို ပေးရန် ကြွဆင်းလာခြင်းပင်ဖြစ်ပါသည်။ တိတ်ဆိတ်ချိန်တွင် ထမ်းခဲ့ရသော ထမ်းပိုးအားလုံးကို ချိုးဖျက်ရန်ပင် ဖြစ်ပါသည်။

ခရစ္စမတ်သည် တိတ်ဆိတ်သောကာလကို လွန်မြောက်ခြင်း

ယေရှုခရစ်တော်သည် သင်၏တိတ်ဆိတ်သောကာလကို အဆုံးသတ်ရန် ကြွဆင်းလာခဲ့ပါပြီ။ သင်၏ ထမ်းရသောထမ်းပိုးကို ဖြည်ချပေးရန် မွေးဖွါးတော်မူခဲ့ပါပြီ။ သင်၏မျက်ရည်၊ ငွေကြေးပြဿနာ၊ ဆိုးသွမ်းသော သားသမီး၊ ခင်ပွန်းသည်၊ ဇနီးသည် တို့သည် ယာယီသာ ဖြစ်ပါသည်။ သင၏် တိတ်ဆိတ်သော အနှစ်လေးရာကာလသည် ခရစ်တော်အားဖြင့် ကုန်ဆုံး၊ အဆုံးသတ်ပြီဖြစ်ပါသည်။ ခရစ္စမတ်တွင် ထိုသခင်နှင့်အတူ ၀မ်းမြောက်ရွှလန်းသောအသက်တာဖြင့် သွားလာရန်ပင် ဖြစ်ပါသည် မိတ်ဆွေ။

ကချင်ဒေသတွင် တိုက်ပွဲများပြင်းထန်နေစဉ်ကာလ ဘုရားသခင်သည် အဘယ့်ကြောင့် တားဆီးတော်မမူပါသနည်း ၊သားတစ်ယောက်၏မိခင် ဒေါ်ရွယ်ကြီးအဓမ္မပြုကျင့်ခံရချိန် ဘုရားသခင်အဘယ့်ကြောင့် အခွင့်ပေးတော်မူခဲ့ပါသနည်း ၊ ချန်းယိန်းသတ်ဖြတ်ခံရချိန် ဘုရားသခင်အဘယ့်ကြောင့် ကယ်တင်တော်မမူပါသနည်း၊ကချင်ဒေသခံများ မိမိနေအိမ်တို့ကိုစွန့်၍ လူတစ်သိန်းကျော် ဒုက္ခသည်ဖြစ်သွားချိန် ဘုရားသခင်အဘယ်မှာရှိတော်မူပါသနည်း။ဘုရားသခင်သည်တိတ်ဆိတ်ချိန်လွန်မြောက်ပြီးနောက်လူမျိုးတစ်ရပ်လုံးအားကယ်တင်တော်မူခြင်းအမှုတော်ကို စတင်လုပ်ဆောင်မည်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ တိတ်ဆိတ်ချိန်လွန်မြောက်ပြီးနောက် ကမ္ဘာသစ်ကိုဖန်ဆင်းတော်မူသည်။ အနှစ်လေးရာကျော် တိတ်ဆိတ်ချိန်လွန်မြောက် ကျွန်ဘဝမှလွတ်မြောက်စေခဲ့ပါသည်။ အနှစ်လေးရာ တိတ်ဆိတ်ချိန်လွန်မြောက် သခင်ယေရှုကြွဆင်းလာပါသည်။ သင်၏တိတ်ဆိတ်ချိန်များ လွန်မြောက်ပြီးနောက် ကယ်တင်ခြင်းအမှုတော်ကို သင်မြင်တွေ့ရမည်ဖြစ်ပါသည်။

တစ်ယောက်စီတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။

ရှငိုင်ဂျော်(MICT)
2013 December 25

27/11/2014

ဆာလံ၊၂၃း၂ “...စိမ်းလန်းသောကျက်စားရာအရပ်၌ငါ့ကိုအိပ်စေတော်မူ၏"

အိပ်စက်ခြင်းသည် ဘုရားသခင်က လူကို ဖန်ဆင်းခြင်းတွင် ထည့်သွင်းထားသော အကြံအစည်တော်ဖြစ်သည်။အိပ်စက်ခြင်းသည် ဘုရားသခင်ဖန်ဆင်းထားသော ကိုယ်ခန္ဓာကို အကောင်းဆုံး ထိန်းသိမ်းခြင်းဖြစ်သည်။သို့သော် စိမ်းလန်းသောကျက်စားရာအရပ်တွင် မစားမသောက်ပဲ
မည်သူ အိပ်စက်နေချင်ပါမည်နည်း။

မြူကိုကလေးများအား နေ့ခင်းတစ်ရေးအိပ်စေရန် ခက်ခဲစွာလုပ်ဆောင်ရသည်ကို မြင်တွေ့ဖူးပါသည်။လောကကြီးသည် အိပ်ချိန်နည်းသော လောကကြီးဖြစ်လို့နေပါပြီ။ အောက်ပါ ခေါင်းစဉ်ငယ် နှစ်ခုအားဖြင့် ခွန်အားယူကြပါစို့

(၁) စိမ်းလန်းသောကျက်စားရာ
(၂) အိပ်စက်ခြင်း အကြောင်းကို ခွန်အားယူကြမည်ဖြစ်သည်။
(၁) စိမ်းလန်းသောကျက်စားရာ မူရင်းဟေဗြဲဘာသာစကားအားဖြင့်စိမ်းလန်းသောကျက်စားရာဟူသည်မှာမြက်ကို ဆိုလိုခြင်း ဖြစ်သည်။ သိုးများသည် ဟောင်းသောမြက်ရင့်ထက် သစ်လွင်သော မြက်ကို ပို၍ ခုံမင် ကြသည်။သိုးထိန်းသည် အခြားသောတရိ စ္ဆာန်များကဲ့သို့ မြက်များကို ရိတ်ကာပုံပေးပြီး အစာကျွေးလေ့မရှိပါ။ကျက်စားရာသို့ ရောက်အောင်ခေါ်ဆောင်သွားပြီးသိုးများကို စားစေပါသည်။ ခရစ်ယာန်အသက်တာသည် စားကျက်ရှိကြောင်း ကြော်ငြာထားရမျှုံဖြစ်သော ဘာသာတရားမဟုတ်ပါ။ ပုံမနှ ၀် တ်ပြုစည်းဝေးတက်ခြင်း ၊ ကျမ်းစာသင်တန်းများတက်ရောက်ခြင်း တို့သည် စားကျက်ကိုမြင်တွေ့ခြင်းသာဖြစ်ြပီး ကိုယ်တိုင်ထိုအရာကို ခံစားခြင်း ၊ အရသာသိခြင်းအဆင့်မရောက်ပါ။
များစွာသောယုံကြည်သူတို့သည်စားကျက်ကိုမြင်ရုံဖြင့် ကျေနပ်ြပီးစားကျက်သည် မည်သို့ရှိကြောင်း၊မည်သည့်နေရာတွင်ရှိကြောင်း ကျယ်ကျယ်လောင်လောင်ပြောဆိုတတ်ကြသည်။ထိုသိုးတို့သည် မည်သည့်အခါမျှအစာဝကြမည်မဟုတ်ပါ။

သခင်ယေရှုသည် ကျွနုပ်တို့အတွက် စိမ်းလန်းသောကျက်စားရာဖြစ်ပါသည်။ ထိုစားကျက်တွင်ကိုယ်တိုင်ဝင်ရောက်ပျော်မွေ့သူဖြစ်ရပါမည်။ယေရှုကို မြင်ရုံ
သိရုံ အဆင့်သည် စားကျက်ကို မြင်ရုံသာရှိသော သိုးအဆင့်သာဖြစ်ပါသည်။ထိုသခင်နှင့်နေ့စဉ်သွားလာသည့်အဆင့်ရှိသော ခင်မင်မှုမျိုးလိုအပ်ပါသည်။ ပြဿနာတိုင်းကို တိုင်ပင်ဆွေးနွေးမှုအဆင့်ရှိသော ဆက်ဆံရေးမျိုးလိုအပ်ပါသည်။ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသစ်သောမြက် (ကျေးဇူးတရားအသစ်) ဖြစ်ပါသည်။သူ့အား နေ့စဉ်စားသုံးခြင်းဖြင့် အစာဝသော ၊ ခွန်အားပြည့်စုံသော သိုးများအဖြစ်လျှောက်လှမ်းကြရမည်ဖြစ်ပါသည်။ကိုယ်တော်သည် သိုးထိန်းဖြစ်သည့်အားလျော်စွာ သိုးများအတွက်အသင့်တော်ဆုံး စားကျက်လွင်ပြင်လည်းဖြစ်ပါသည်။

(၂) အိပ်ခြင်း

သိုးများသည်နွားများကဲ့သို့ မတ်တပ်ဖြင့်မအိပ်တတ်ပါ။လဲလျောင်းကာသာ အိပ်စက်တတ်ြကသည်။သိုးထိန်းသည် သိုးအတွက် အခြားသောစားကျက်များစွာ ကိုတွေ့ရထှိားသူဖြစ်ပါသည်။ ထို့ကြောင့်စားကျက်တစ်နေရာတွင်သာ ကျက်စားရန်အလိုတော်မရှိပါ။ ဆိုလိုသည်မှာ ကောင်းကြီးပုံစံတစ်မျိုးတည်းဖြင့်သာ ပို့ဆောင်ခြင်းငှါ ကိုယ်တော်အလိုတော်မရှိပါ။

အသက်တာတွင် အတွေ့အကြုံအမျိုးမျိုးဖြင့် ကိုယ်တော်အားခံစားစေရန် အလိုတော်ရပှိါသည်။ထို့ကြောင့်သိုးထိန်းသည် စားကျက်ပြောင်းခါနီးသောအခါ သိုးများအားထိုစားကျက်တွင် ၀စွာစားစေပြီး အိပ်စက်စေပါသည်။အိပ်စက်ခြင်းသည် စားကျက်မှမြက်ကို စား၍၀ခြင်းသဘောဖြစ်ပါသည်။
အာဟပ်မင်းလက်ထက် ဣသရေလနိုင်ငံတော်တွင် သုံးနှစ်ခြောက်လပတ်လုံး မိုးခေါင်ခြင်းဖြစ်စေသောအခါ ပရောဖက်ဧလိယအား ခေရိတ်ချေင်းတွင် ပုန်းရှောင်စေပြီး ချောင်းရေကိုသောက်စေသည်။ ကျီးအတို့အား ကျွေးမွေးရန်မှာထားခဲ့သည်။ဧလိယသည် မိုးခေါင်သည့်ကာလပတ်လုံးထိုသို့ အေးဆေးစွာနားနေမည်အလိုရှိသော်လည်း ဘုရားသခင်က သူ့အတွက် အခြားသောနေရာတွင် နောက်ထပ်ကောင်းကြီးတစ်ခု (ဘုရား၏လက်ရာတော်နောက်တစ်ခု) ပြင်ဆင်ထားရှိပါသည်။ဇရတ္တမြို့ရှိမုဆိုးမထံသို့စေလွှတ်ခဲ့သည်။ထိုမုဆိုးမအိမ်တွင် ဘုရားသခင်ပြင်ဆင်သော အသစ်သော စားကျက်ကို ခံစားရသည်။ထို့နောက် အာဟပ်မင်းထံသို့ သွားစေပြန်သည် (၃ဓမ္မ၊၁၇)။

ကျွနုပ်တို့သည်ကားကိုဆီတစ်ခါထညရ့်ုံဖြင့်တစ်သက်စာမောင်းနငှ်၍မရပါ။ကျွန်ု့တို့၏ အိပ်စက်နားနေခြင်း (အဆင်ပြေစွာဖြင့်နေထိုငန် ငိုခြင်း) ကို အကန့်အသတ်ဖြင့်ထားရှိကြောင်း ကျွနုပ်တို့ နားလည်ရမည်ဖြစ်ပါသည်။ တံငါသည်ဘ၀ဖြင့်တစ်သက်လုံး အေးအေးချမ်းချမ်းရှိနေသော ပေတရုကိုထိုအလုပ်မှ နောက်တော်သို့လိုက်ရန် ခေါ်ယူခဲ့သည်။ အခွန်ခံဘ၀ဖြင့် စားသာနေသော မဿဲကိုလည်း နောက်တော်သို့လိုက်စေခဲ့ပါသည်။တံငါသည်ဘ၀ထက် နောက်တော်လိုက်သောဘ၀တွင် ဘုရား၏အြံ့သဖွယ်လက်တော်ကို ပို၍မြင်တွေ့ ခံစား နိုင်ခဲ့သည်။

ဘုရားသခင်တွင် ကောင်းကြီးအလုံးစုံရှိပါသည်။ထိုကောင်းကြိးအလုံးစုံကို သိမြင်ခံစားရန်အလိုငှါ သိုးထိန်းကြီးသည် စားကျက်နေရာကို ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဖြစ်ပါသည်။အိပ်ချိန်တွင်အိပ်စက်ြပီး ၊ စားကျက်ပြောင်းချိန်တွင် လမ်းလျှောက်ကြရမည် ၊ တောင်ကုန်းအထပ်ထပ်တက်ကြရမည် ၊ လျှိုမြောင်အသွယ်သွယ် ဆင်းသက်ကြရမည်ဖြစ်သည်။သို့သော်ထိုသို့သော လမ်းခရီးတွင် သိုးထိန်းကြီး၏မေတ္တာကို ယခင်ကထက်ပိုမို ထိတွေ့ခံစားလာမည်ဖြစ်ပါသည်။

ဆာလံ၊၂၃း၂ “သာယာသောမြစ်နားသို့လမ်းပြတော်မူ၏။”

သိုးထိန်းသည် သာယာသောမြစ်နားသို့ ခေါ်ဆောင်လာသည်ဟု ဒါဝိဒ်ကပြောပါသည်။ဤအချက်၌ပင် ကျွန်ုသည်လွန်စွာခွန်အားရမိပါသည်။ သိုးထိန်းသည် သိုးများအား ရေစီးသန်သော ၊ ရေနက်သော နေရာသို့ သိုးများအားမည်သည့်အခါမျှခေါ်ဆောင်လာမည် မဟုတ်ကြောင်း သေချာစေသောကြောင့်ဖြစ်ပါသည်။
သိုးများအတွက် ရေဆင်းသောက်ရန်အကောင်းဆုံးမှာ ရေစီးညငှ်သာသော ၊ ရေတိမ်သော မြစ်ချောင်းပင်ဖြစ်သည်။ရေစီးသန်ပါက သိုးများရေဆင်းမသောက်နငိုြ်ကပါ။ ရေစီးကိုတောင့်ခံ၍ ရပ်တညန် ငို်စွမ်း သိုးများ၌ မရြှိကပါ။

ကျွန်တော်က ကလေးများကိုချစ်ပါသည်။ကလေးတစ်ယောက်ကို ကျွန်တော်ပွေ့ချလီိုက်သောအခါသူကရေအိုးရရှိာသို့လက်ညှိုးညွှန်သောကြောင့် ရေတစ်ခွက်တိုက်သောအခါ အငမ်းမရသောက်ပါသည်။ထိုကလေး၏ဖခင်ကို ပြောပြသောအခါ ဆီးသွားလွန်း၍ရေမတိုက်တာ ဟုပြောပါသည်။ကလေးခမျာ သနားဖို့ကောင်းလှပါသည်။ သိုးထိန်းသည် သိုးများအတွက် သာယာသောမြစ်ရေကသိုာ ရွေးချယ်၍
ပ့ေို ဆာင်ပေးတတ်ပါသည်။ထိုသို့သွားစဉ်အခါ အားငယ်သောသိုးတို့ကို သိုးထိန်းက သူနှင့် အနီးကပ်ဆုံးတွင်ထားတတ်သည်။အားကြီးသောသိုးတို့သည် ရှေ့ မသွှားမည်ဆိုလျှင် အားငယ်သောသိုးများက တိုးဝှေ့နိုင်စွမ်းမရြှိကပါ။ ထို့ကြောင့် သိုးထိန်းက သိုးများကိုဦးဆောင်သွားစဉ်အခါ အားငယ်သော ၊ ခြေမသန်သော ၊ ဖျားနာသော သိုးများကို သူနငှ့်အနီးကပ်ဆုံးတွင် ထားပြီး ဦးစွာရေဆင်းသောက်စေပါသည်။
သင်သည် အားငယ်သော သိုးဖြစ်သည်ဟု မိမိကိုယ်မိမိယူဆပါသလား။သင့်ရှေ့မှ တားဆီးနေသော သူများကို တိုးဝှေ့ခြင်းငှါ အားနည်းသူဖြစ်နေပါသလား။

ကိစ္စမရပှိါ။သိုးထိန်းသည် သူနှင့် အနီးကပ်ဆုံးတွင် သင့်အား နေရာချပေးမည်ဖြစ်ပါသည်။ ဇက္ခဲသည် သူ့ထက်အရပ်ရညှ်သော သူများကိုတိုးဝှေ့ကာ ယေရအှုားကြည့်ဖ့ရို န် မတတ်စွမ်းနငို်သောကြောင့် သင်္ဘောသဖန်းပင်ပေါ်တက်၍ ကြည့်ရပါသည်။သို့သော် ယေရှုက သူ့အားခေါ်၍ သူ၏အိမ်သို့ လည်ပတ်ခဲ့ပါသည်။ပေရကု မိမိသည် အပြစ်များသောသူဖြစ်သောကြောင့် ယေရှုနှင့် နီးကပ်စွာ ပေါင်းဖေါ်သွားလာရန်
မဖြစ်နိုင်ဟု ယူဆခဲ့သော်လည်း ယေရှုက သူနှင့် အနီးကပ်ဆုံးတွင် ခေါ်ယူကာ တမန်တော်အဖြစ်ရွေးချယ်ခဲ့ပါသည်။

သိုးထိန်းသည် သာယာသောမြစ်ရေရရှိာသို့ ပ့ေို ဆာင်ကြောင်းကိုသာ ဖေါ်ပြထားပါသည်။ သင်၌စောဒက တက်နိုင်ပါသည်။အဘယ့်ကြောင့် ပင်လယ်သို့ ၊ ရေတံခွန်သို့ ခေါ်ဆောင်ခြင်းမပြုပါသနည်း။ပင်လယ်သည် မြစ်ရေထက် ပိုမိုကျယ်ပြော၍ ကမ်းခြေသည်လည်း ပျောရ် စွှ ရာကောင်းလှပါသည်။သဲသောင်ပြင်တွင် ပြေးလွှားဆော့ကစားရသည်မှာ စွဲမက်စရာကောင်းလှပါသည်။သို့သော် သိုးထိန်းသည် ပင်လယ်ပြင်သို့ ခေါ်ဆောင်မသွားပါ။အကြောင်းမှာ ပင်လယ်ပြင်သည် ကျယ်ပြောသော်လည်း သိုးများအတွက် ရေငတ်ပြေစေသောအရာမဟုတ်ပါ။

ကျွန်တော်သည် ကျေးဇူးတော်ကြောင့် ချောင်းသာသို့ သူငယ်ချင်းများနှင့်
ရောက်ဖူးပါသည်။ သူငယ်ချင်းများနှင့် ပင်လယ်ပြင်တွင် ရေကစားရသည်မှာ မေ့မရနိုင်အောင် ပျော်စရာကောင်းလှပါသည်။ သဲသောင်ပြင်တွင် ကင်မရာသမားများနှင့် ဘော်လုံး ကန်ကြသည်ကို ယနေ့တိုင် အမှတ်ရနေမိပါသည်။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စုက သဲသောင်ပြင်တွင် ဘော်လုံးကစားကျင့် မရှိသောကြောင့် (၇းဝ)နှင့် ရှုံးကြသည်။ ထိုပွဲတွင် ကျွန်တော် ဂိုးဖမ်းခဲ့ပါသည်။ ထို့နောက် သူငယ်ချင်းတစ်ယောက်နှင့် ညီအစ်မကျွန်းသို့ သွားကြပါသည်။ တည်းခိုရာဟိုတယ်မှ တစ်နာရီနီးပါးမျှ လမ်းလျှောက်ရသည်။ သွားစဉ်ကတော့ နှစ်ယောက်သား လမ်းလျှောက်ရင်း စကားတစ်ပြောပြောနှင့် မောမှန်းမသိပါ။ သို့သော် အပြန်တွင်မူ ရေဆာလာပါသည်။ ပတ၀် န်းကျင်တွင် အိမ်လည်းမရှိပါ။ ဆိုင်လည်းမရှိပါ။ ရေဆာလွန်း၍ အာခေါင်များခြောက်ကပ်လာသည်။ လာမိတာမှားပြီဟု နှစ်ယောက်သား မတိုင်ပင်ပဲ အတူတကွ ၀န်ခံကြသည်။ တဖြေးဖြေးနှင့် ခြေလှမ်းများလည်း လာခဲ့စဉ်က သွက်လက်မှုမျိုးမဟုတ်တော့ပါ။ ညနေစောင်းကာမှ ဟိုတယ်သို့ပြန်ရောက်လာခဲ့ကြသည်။ ပြန်ရောက်ရောက်ချင်းပင် ရေကို အငန်းမရ တစ၀် ကြီးသောက်ခဲ့ကြပါသည်။နောင်တွင် ထိုအကြောင်း ပြန်ပြောကြသောအခါ သူငယ်ချင်းက “ရေဆာတယ်ဆိုတာ ဘာလဲဆိုတာကို အဲဒီနေ့မှ သိလိုက်ရတယ်”ဟု ပြောပါသည်။ ပင်လယ်ပြင်သည် ပျော်စရာကောင်းလှသော်လည်း သူငယ်ချင်းနှစ်ယောက်အား ရေငတ်မပြေစေခဲ့ပါ။

သိုးထိန်းသည် သိုးများအား ပျော်ပါးခြင်း၌သာ အချိန်ကုန်ြပီး နောက်ဆုံးတွင် ရေငတ်မပြေစေသော အဖြစ်မျိုးနငှ့် မကြုံတွေ့စေလိုပါ။လောကသည် ကျယ်ပြောသော ပင်လယ်ပြင်ြကီးနှင့်တူပါသည်။ သို့သော် လောကသည် ဘုရားသားသမီးများအတွက် ရေငတ်ပြေစေသောအရာမဟုတ်ပါ။ ထာဝရအတွက် အသက်စမ်းရေကို ပေးစွမ်းသူမှာ ခရစ်တော်သာဖြစ်ပါသည်။

ထို့အတူ ရေတံခွန်သည်လည်း ရှုမျှော်ခင်းများနငှ့် ကြည်နူးစရာကောင်းပါသည်။သို့သော် သိုးများအတွက် ရေသောက်ရန်အဆင်မပြေစေပါ။အထက်မှ အရှိန်ပြင်းစွာ ကျသောရေသည် သိုးများအတွက် ရေကိုအ၀သောက်ရန် အခက်အခဲဖြစ်စေပါသည်။ ရေတံခွန်သည် ဘုရားထံမှ အြံ့သဖွယ်ကောင်းကြီးမင်္ဂလာများ စဉ်ဆက်မပြတ်ခံစားလိုသော ကျွန်ုပ်တို့၏ဆန္ဒနှင့်တူပါသည်။ ယုံကြည်ခြင်းအားကြီးလေလေ ပြဿနာကင်းလေလေ ၊ အဆင်ပြေလေလေဟု ယုံကြည်သူများ ခံယူမှားတတ်ကြသည်။ဆုတောင်းတိုင်း သိန်းတစ်ထောင်တန် ကျောက်စိမ်းအောင်ရန် ဆုတောင်းတတ်သော သင်းထောက်တစ်ပါးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပါသည်။သူတောင်းသော သိန်းတစ်ထောင်ထက် သူ့အားရေငတ်ပြေစေမည့် အသက်မွေးလောက်သောအစာကို သိုးထိန်းက ပြင်ဆင်ပေးနေသည်ကို သူအသိအမှတ်မပြုခြင်းပေလော။ သူသာမဟုတ်ကျွနပု်တို့လည်း ထိုကဲ့သို့ဖြစ်တတ်ပါသည်။

သိုးထိန်းက သိုးများအတွက် ပြင်ဆင်ပေးသော သာယာသောမြစ်ရေကို သောက်သုံးဖို့ရန်လိုပါသည်။ ပင်လယ်ပြင်သို့ထွက်ခွါသွားရန် ၊ ရေတံခွန်ရရှိရာသို့ လမ်းချော်သွားရန်မဟုတ်ပါ။ကိုယ်တော်တည်းဟူသော သာယာသောမြစ်ရေသည် ကျွန်ုပ်တို့အဖို့ လုံလောက်ပေသည်။သင်သည် အားငယ်သူဖြစ်သည်ဆိုလျှင် အားငယ်သောသိုးများက မြစ်ရေကို ဦးစွာသောက်သုံးခွင့် ရရှိမည်ဖြစ်ပါသည်။

ဆက်ရန်
ရှငိုင်ဂျော်(MICT)

27/11/2014

ကြာခဲ့ပါပြီ လူပြောများတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ

အဝတ်ခပ်နွမ်းနွမ်းနဲ့ ကောင်လေးတစ်ယောက် အအေးဆိုင်ထဲ ဝင်ထိုင်တယ်။ စားပွဲထိုး အမျိုးသမီးက ရေတစ်ခွက်ချပေးတယ်။

"သီးစုံ အိုက်စခရင်က ဘယ်လောက်ပါလဲ ခင်ဗျာ" ကောင်လေးကမေးတော့
"ဆင့် ငါးဆယ်ပါ" စားပွဲထိုးကပြန်ဖြေပါတယ်။

ကောင်လေးက ဘောင်းဘီအိတ်ထဲက ကြွေစေ့တွေ နှိုက်ထုတ်ပြီး ရေတွက်ကြည့်တယ်။ ခေါင်းခါ လိုက်တယ်။ ပြီးတော့ ပြန်မေးတယ်။

"ရိုးရိုးကျတော့ရော"

အဲဒီအချိန်မှာပဲ ဆိုင်ထဲမှာ လူတွေဝင်လာနေပါတယ်။ အင်တင်တင် ဖြစ်နေတဲ့ ကောင်လေးကို စားပွဲထိုးအမျိုးသမီးက စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။

"ရိုးရိုးဆိုရင်တော့ ဆင့်သုံးဆယ်ကျမယ်"

ကြွေစေ့တွေကို ပြန်တွက်ကြည့်ပြီး ကောင်လေးက အိုက်စခရင်ရိုးရိုးကိုပဲ မှာလိုက်တယ်။ စားပွဲထိုးအမျိုးသမီးက ဘောက်ချာနဲ့တကွ လာချပေးပါတယ်။ ခဏအကြာ စားပြီးတဲ့နောက် အအေးဆိုင်ကနေ ကောင်လေး ထွက်သွားပါပြီ။

စားပွဲထိုးအမျိုးသမီးက စားပွဲရှင်းဖို့လာတော့ ဆိုင်အပြင်ဘက်ကိုလှမ်းကြည့်ရင်း မျက်ရည်ဝဲမိပါတော့တယ်။ ကောင်လေးဟာ အိုက်စခရင်ပန်းကန်ဘေးမှာ ဆင့်သုံးဆယ်နဲ့ ငါးပဲနိ ချပေးထားခဲ့ပါတယ်။ ကောင်လေးဟာ စားပွဲထိုးအမျိုးသမီးကို ဘောက်ဆူးပေးဖို့ မလောက်မှာစိုးတာနဲ့ သီးစုံ အိုက်စခရင်ကို မမှာပဲ ရိုးရိုးအိုက်စခရင်ကိုသာ မှာခဲ့တာပါ။

27/11/2014

မသက်သာတဲ့အမှန်တရားတစ်ခုက ကျွန်တော်တို့ဟာ အကြမ်းဖက်မှုတွေနဲ့ ကမ္ဘာ္ဘထဲမှာ အသက်ရှင်နေထိုင်နေကြတယ်ဆိုတာပါ။ ဆိုတော့ အကြမ်းဖက်မှုဆိုတာ ဘာပါလဲ။ လွယ်လွယ်နဲ့ တိုတိုပြောရရင် ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံး သဟဇာတဖြစ်နေတာကို နှောက်ယှက်ဖျက်ဆီးမှုမှန်သမျှဟာ အကြမ်းဖက်မှု ပါပဲ။ ပြောရရင်တော့ ဆန်ကိုရေဆေး ထမင်းအိုးထဲထည့် ရေဖြည့်ပြီးချက်မယ်လုပ် မီးခလုတ်ကိုဖွင့်လိုက်ခါမှ မီးပျက်သွားတာမျိုးကိုတောင် စာရင်းသွင်းလို့ ရသွားပါတယ်။ မီးမပျက်ခင်အထိတော့ အိမ်ရှင်မလေးမှာ သီချင်းလေးတအေးအေး သနပ်ခါးလေးအဖွေးသားနဲ့ပေါ့။ မီးပျက်သွားတော့ သီချင်းသံရပ်သွားတယ် လျှပ်စစ်ဌာနကိုဆဲတယ် ပြီးတော့မီးသွေးထုခွဲ အလုပ်စရှုပ်တော့တာပေါ့။ ဒါနဲ့ ရုံးကပြန်လာတဲ့ ခင်ပွန်းသည်ကို ပြုံးပြဖို့ အတော်ခက်သွားတယ်။ ပြည်သူလူထုကို လစဉ်မီတာကြေးကောက်ခံပြီး မီးမှန်မှန်မပေးတာက အကြမ်းဖက်မှု ရောက်သွားတယ်။ ဟုတ်တယ်လေ ဒါက ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံး သဟဇာတမဖြစ်ဖို့ကို နှောက်ယှက်ဖျက်ဆီးနေတာကိုး။ ဒီဥပမာက အကြမ်းဖက်မှုဆိုတာကို အသေခံဗုံးခွဲခြင်းကနေ သးသေးလေးကအစ မြင်တတ်ဖို့လိုတယ်လို့ ကျွန်တော် ဆိုလိုတာပါ။

25/11/2014

ဆာလံ၊၂၃ တစ်ပိုဒ်ချင်းလေ့လာခွန်အားယူခြင်း

ဆာလံ၊၂၃း၁ “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။”
သင်၏သိုးထိန်းသည် ဘုရားသခင်ဖြင်ပါသည်။လူတွေက ဘုရားသခင်ရှိတာကိုတော့ယုံပြီး ဘုရားသခင်နဲ့အတူရှိနေတယ်ဆိုတာကိုတော့ ယုံကြည်နိုင်ဖို့အားနည်းကြပါသည်။ ယုံကြည်သူများ၏သိုးထိန်းသည် သိုးများ၏လိုအပ်သမျှကိုပေးစွမ်းသူဖြစ်ပါသည်။

အဘယ့်ကြောင့် ဘုရားသခင်က ဒီလောက်တာဝန်ကျေရတာပါနည်း။ ဒါကသူ၏မူရင်းသဘာဝဖြစ်သောကြောင့်ဖြစ်ပါသည်။လူသားကို သူ၏အကျိုးအတွက် ဖန်ဆင်းခြင်းမဟုတ်ပဲ လူအားကောင်းကျိုးပြုရန် ဖန်ဆင်းခြင်းပင်ဖြစ်ပါသည်။ အကယ်၍ သင်၏သိုးထိန်းသည် စစ်ဗိုလ်ကြီးဖြစ်နေမည်ဆိုလျှင် သင့်အား စစ်မြေပြင်တွင်ရှိနေသည်ကိုသာ လိုချင်မည်ဖြစ်ပါသည်။ သင်၏သိုးထိန်းသည် ဘော်လုံးနည်းပြတစ်ဦးဆိုလျှင် သင်အကောင်းဆုံး ခြေစွမ်းပြသည်ကိုသာ လိုချင်မည်ဖြစ်သည်။ သင်၏သိုးထိန်းသည် စီးပွါးရေးလုပ်ငန်းရှင်မျိုးဖြစ်လျှင် သင့်ဆီက မည်သညအ့် မြတ်အစွန်းမျိုးရရှိနိုင်မည်ကိုသာ စဉ်းစားနေမည်ဖြစ်သည်။ သို့သော် ယုံကြည်သူများ၏သိုးထိန်းသည် ထိုကဲ့သို့သောသိုးထိန်းမျိုးမဟုတ်ပဲ သိုးတို့အဖို့အလိုငှါ အသက်ကိုစွန့်သော သိုးထိန်းဖြစ်ပါသည်။
ယခုခေတ်တွင် ၀န်ဆောင်မလှုပ်ငန်းများ ပေါလှပါသည်။ သင်နှင့် အသင့်တော်ဆုံးကို သင်ရွေးချယ်ပြီး တာဝန်ပေးအပ်နိုင်ပါသည်။ သို့သော် ၀န်ဆောင်မှုလုပ်ငန်းများက သင့်ကိုရွေးချယ်မည် မဟုတ်ပဲ သင်ကသာ သင့်အားဝန်ဆောင်မှုပေးမည့် ကုမ္ဗဏီကို ရွေးချယ်ရမည်ဖြစ်သည်။ သင်က အကောင်းဆုံးရွေးချယ်မည်ဖြစ်သော်လည်း လွဲချော်မှုတွေရှိနိုင်ပါသည်။သို့သော် သိုးနှင့်သိုးထိန်းအကြားဆက်ဆံရေးမှာ သိုးက သိုးထိန်းကိုရွေးချယ်သည်မဟုတ်ပဲ သိုးထိန်းကသာ သိုးကို ရွေးချယ်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အား ဘုရားသခင်ကရွေးချယ်ထားပြီးဖြစ်သောကြောင့် သင်သည် သိုးထိန်းအရွေးမှားမည်ကို စိုးရိမ်စရာမလိုတော့ပါ။သိုးထိန်းသည် လမ်းပြရှင်မဟုတ်ပါ။ပို့ဆောင်သောအရှင်ဖြစ်ပါသည်။

ထိုထက်ပို၍ပြောရလျှင် ကျွနုပ်တို့သွားရမည့်လမ်းခရီးကို ဦးစွာအလျှင်သွားခဲ့ပြီးသူဖြစ်ပါသည်။သင်သွားရမည့်လမ်းကို ဦးစွားသွားသူ။သင်ခံရမည့်ဆင်းရဲကို ကိုယ်စားအရင်ခံပေးသူ၊ သင်ရင်ဆိုင်ရမည့်ကျိန်ခြင်းကို ဦးစွာခံပေးသူဖြစ်သောကြောင့် သိုးထိန်းနှင့်အတူသွားလာသော သိုးတို့သည် လမ်းမှားလမ်းချော် ဖြစ်မည်ကို စိုးရိမ်စရာမလိုတော့ပါ။သင်၏သိုးထိန်းသည် သင့်ထံမှ အမြတ်အစွန်းကိုလိုချင်သော စီးပွါးရေးလုပ်ငန်းပိုင်ရငှ်မဟုတ်ပါ။ သင်၏သိုးထိန်းသည် သင်အကောင်းဆုံးခြေစွမ်းပြမည်ကိုသာ မျှော်လင့်နေသော ဘော်လုံးနည်းပြမဟုတ်ပါ။ သူ၏အသက်ကို ကာကွယ်ပေးရန်သာ အလိုရှိသော စစ်ဗိုလ်တစ်ယောက်မဟုတ်ပါ။ သင်၏သိုးထိန်းမှာ ထာဝရဘုရားသခင်ဖြစ်ပါသည်။ သင့်ကိုချစ်သော၊ သင့်ကိုကယ်တင်သော၊ သင်နှင့်အတူရှိသော ထာဝရဘုရားသခင်ဖြစ်ပါသည်။မိတ်ဆွေ ယနေ့သင်သည်သိုးထိန်းနှင့်အတူရှိပါသလား.......။ရှိပါသည်။သင်က အသိအမှတ်မပြုသည့်တိုင်အောင် သင်နှင့်အတူရှိသောသိုးထိန်းဖြစ်ပါသည်။

ဆာလံ၊၂၃း၁ “ငါသည် ဆင်းရဲမခံရ။”

ဆာလံ၊၂၃ ၏အဓိက ဖေါ်ပြလိုသော သတင်းစကားမှာ သိုးထိန်းနှင့်သိုး၏ ဆက်ဆံရေးအဆင့် ဖြစ်သည်။ သိုးသည် သိုးထိန်းနှင့်အတူရှိသောအခါ ကျန်သောအရာများမှာ ဒုတိယ ဦးစားပေးအဆင့်သာ ဖြစ်သည်။ဒါဝိဒ်ကတော့ သိုးထိန်းနဲ့အတူရှိတဲ့ဘ၀ဟာ ဆင်းရဲမခံရဟု ဆိုထားပါသည်။အင်္ဂလိပ်ကျမ်းစာတွင်မူ လိုအပ်ချက်မရှိဟု ဘာသာပြန်ပါသည်။သို့သော် ဆင်းရဲမခံရဟု ဆိုခြင်းမှာ သင်၏လိုအင်ဆန္ဒအားလုံးကို ပြီးပြည့်စုံစေခြင်း ဟူသောအဓိပ္ဗါယ်မသက်ရောက်ပါ။

သိုးသည် စိမ်းလန်းသောကျက်စားရာသို့မသွားမှီ ၊ သာယာသောမြစ်ရေရှိရာသို့ ခြေဦးမလှည့်မှီ ၊ ခွက်ဖလားပြည့်လျှံခြင်းမရှိမှီ ဦးစွာပထမ သိုးထိန်းနှင့်အတူရှိနေဖို့လိုအပ်ပါသည်။ ကျွန်ုပ်တို့က ကျွနု်ပ်တို့၏လိုအပ်မှုများကို ဦးစွာဖြည့်ပေးသည်ကို လိုချင်တတ်ကြသည်။ဒါဝိဒ်က ဘုရားသခင်နှင့်အတူ ရှိသောကြောင့် ငွေကြေး၊ကျန်းမာရေး၊လုံခြုံမှု အလုံးစုံပြီးပြည့်စုံကြောင်းမဖေါ်ပြပါ။ဆင်းရဲမခံရဟုသာ ဆိုပါသည်။

ကလေးငယ်များသည် သူရထားသောမုန့်ဖိုးကို မပျောက်စေရန် ဘောင်းဘီအိပ်ထောင် အနက်ဆုံးသို့ထိုးထည့်တတ်သည်။သို့သော် လုံခြုံမှုမရှိဟု ခံစားသည်။ထို့ကြောင့် သူ၏မုန့်ဖိုးမပျောက်မပျက်ရန် အကောင်းဆုံးနည်းမှာ ဖခင်၊သို့မဟုတ် မိခင်ထံအပ်နှံထားခြင်းဟု ခံယူပြီး ယုံကြည်စိတ်ချစွာ အပ်နှံတတ်ကြသည်။ကျွနုပ်တို့က မိမိတို့၏ပိုင်ဆိုင်မှုလေးကို အလုံခြုံဆုံး ဘဏ်များသို့အပ်နှံထားတတ်ကြသည်။ အကောင်းဆုံးမှာ ဘုရားထံအပ်နှံထားလိုက်ခြင်းဖြစ်ပါသည်။ အသက်တာတစ်ခုလုံးကိုလည်း မိမိကိုယ်ကိုမိမိတာဝန်ယူဖြေရှင်းသွားခြင်းမဟုတ်ပဲ သိုးထိန်းထံလုံဝအပ်နှံအသက်ရှင်ခြင်းနည်းလမ်း သည်သာ ဆင်းရဲမခံရသောနည်းလမ်း ဖြစ်ပါသည်။သိုးတွင်ချိုရှိပါသည်။ သို့သော်မိမိကိုယ်ကိုမကာကွယ်တတ်ပါ။ မျက်လုံးရှိပါသည်။ သို့သော်ဝေးဝေးမမြင်နိုင်ပါ။အာဒံသည် ကြီးစွာသောအိပ်ခြင်းနှင့် အိပ်စက်သောအခါ သူနှင့်အသင့်တော်ဆုံး အထောက်အမကိုရရှိခဲ့ပါသည်။ ကျွနုပ်တို့သည် ကြီးစွာသောအိပ်ခြင်း အသက်တာဖြင့် အသက်ရှင်ရမည်ဖြစ်ပါသည်။

ကြီးစွာသောအိပ်ခြင်းသည် မိမိကိုယ်ခန္ခာကို ဘုရားသခင့်စိတ်ကြိုက်အသုံးပြုရန် စိတ်ချစွာအပ်နှံထားခြင်းပင်ဖြစ်ပါသည်။ ကြီးစွာသောအိပ်ခြင်းသည် မိမိအသက်တာကို သိုးထိန်းစိတ်ကြိုက် လမ်းပြရန် ယုံကြည်စွာအပ်နှံထားခြင်းပင်ဖြစ်ပါသည်။ ကြီးစွာသောအိပ်ခြင်းသည် မိမိစီးပွါးရေးလုပ်ငန်းများအား ဘုရားသခင်ထံ လုံးဝအပ်နှံကာလုပ်ဆောင်ခြင်းပင်ဖြစ်ပါသည်။ထိုအခါ ငါသည်ဆင်းရဲမခံရဟု သင်ကြွေးကြော်နိုင်ပါလိမ့်မည်။များစွာသောငွေကြေး ၊ လုပ်ငန်း ၊ ဆိုးမိုက်သောသားသမီး ၊ ဆိုးသောကျန်းမာရေး ၊ စိတ်ပျက်စရာများ စသည့်အရာများသင့်ထံတွင်ရှိနေခြင်းသည် သင့်အတွက်ပြဿနာ မဟုတ်ပါ။ ထိုအချင်းအရာများက သင့်အားစိုးမိုးနေခြင်း ၊တနည်းအားဖြင့် ထိုအရာများအပေါ်တွင်သာ သင်စိတ်စွဲလန်းနေခြင်းကသာ ပြဿနာဖြစ်ပါသည်။

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ကလေးငယ်ထံတွင် မုန့်ဖိုးရှိသည်က ပြဿနာမဟုတ်ပါ။ ထိုမုန့်ဖိုးကို လုံလုံခြုံခြုံရှိစေရန် သူ၏ကြိုးပမ်းမှုများကသာ သူ့အတွက်ပြဿနာဖြစ်ပါသည်။ ထိုအရာကို မိဘထံအပ်နှံလိုက်သောအခါ သူသည် ဆင်းရဲမခံရတော့ပါ။ ယုံကြည်သူများအသက်တာတွင် မိမိတို့ကိုယ်တိုင်တာဝန်ယူဖြေရှင်းနေသောအရာများ ၊ မိမိကိုစိုးမိုးထားသောအရာများအားလုံးကို သိုးထိန်းထံတွင် အပ်နှံကာအသက်ရှင်ခြင်းသည် ဆင်းရဲမခံရသော အသက်တာကိုခံစားကြရမည်ဖြစ်ပါသည်။

ဆက်ရန်
ရှငိုင်ဂျော်(MICT)

၂၀၀၈ ဥပဒေကို အကုန်မကျင့်သုံးသေးပဲ ပြင်ဖို့ပြောနေတာ အဆင့်ကျော်နေပါတယ်။အမျိုးသား ပညာရေး ဥပဒေကို အကုန်မကျင့်သုံးသေးပဲ ပြင်ဖ...
19/11/2014

၂၀၀၈ ဥပဒေကို အကုန်မကျင့်သုံးသေးပဲ ပြင်ဖို့ပြောနေတာ အဆင့်ကျော်နေပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို အကုန်မကျင့်သုံးသေးပဲ ပြင်ဖို့ပြောနေတာ အဆင့်ကျော်နေပါတယ်။

တရုတ်မုန့်ကို အကုန်မစားဖူးသေးပဲ အန္တရာယ်ရှိတယ်လို့ပြောတာ အဆင့်ကျော်နေပါတယ်။

တကယ်တော့ မြန်မာနိုင်ငံသားအားလုံး အဆိပ်ခွက်ကို သောက်ပြီးမှသာ တကယ်သေမသေ အဖြေရှာသင့်ကြပါတယ်။

ဒါမှသာ မိအေးနှစ်ခါနာစရာမလိုတော့ပါ။ တစ်ကြိမ်တည်းနဲ့ ဇီဝိန်ကြွေဖို့ ဖြစ်သွားမှာပါ။

17/11/2014

ဟုတ်ပါရဲ့လား

ဆရာ။ သူကကျွန်တော့်အားဖြင့် ပြောင်းလဲတာပါ။
ပြောင်းလဲသူ။ ကျွန်တော်က အဲဒီဆရာအားဖြင့်ပြောင်းလဲတာပါ။

17/11/2014

အင်ဒိုနီးရှားနိုင်ငံ၏ ခရစ်ယာန်နှင့် မွတ်ဆလင် ပဋိပက္ခများ

ခရစ်ယာန်သာသနာအစ

အင်ဒိုနီးရှားတွင် ခရစ်ယာန်သာသနာကို အစပြုမိတ်ဆက်သူမှာ ပေါ်တူဂီ ရိုမန်ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီးများဖြစ်သည်။ ၁၅၁၁ တွင် ပေါ်တူဂီတို့ မလက္ကာ(ယခု မလေးရှား)ကို သိမ်းပိုက်အောင်နိုင်ပြီးနောက် ယင်းတို့သည် နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းတွင်ရှိသော အင်ဒိုနီးရှားသို့ ခြေဆန့်လာခဲ့ကြသည်။ ထို့နောက် ပေါ်တူဂီ ကက်သလစ်ဘုန်းတော်ကြီးများသည် ပေါ်တူဂီလူမျိုး ကုန်သည်များနှင့် လိုက်ပါကာ အင်ဒိုနီးရှားသို့ ခရစ်ယာန်သာသနာကို ယူဆောင်လာခဲ့သည်။ ၁၅၃၄ တွင် Mamya မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူက ပထမဆုံး ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာခဲ့သည်။ သို့သော် ၁၅၇၀ တွင် ဒေသခံခေါင်းဆောင် Hariun of Ternate ကို ပေါ်တူဂီလူမျိုးတို့က လုပ်ကြံသတ်ဖြတ်လိုက်သဖြင့် အစ္စ္စလာမ်နှင့် ခရစ်ယာန်ပဋိပက္ခ ဖြစ်ပေါ်ခဲ့သည်။ ခရစ်ယာမ်များစွာကို အစ္စ္စလာမ်ဘာသာသို့ အတင်းအကြပ် ကူးပြောင်းစေခဲ့ကြသည်။

အစပိုင်းတွင် ပေါ်တူဂီခရစ်ယာန်သာသနာပြုများနှင့် ဒေသခံအစ္စ္စလာမ်တို့မှာ နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးအကျိုးအမြတ်ကိုသာ ရှေးရှုပြီး သင့်မြတ်စွာ နေထိုင်ခဲ့ကြသည်။ ၁၅၃၄မှ ပေါ်တူဂီ ကက်သလစ်ဘုန်းတော်ကြီးများသည် ခရစ်ယာန်ဘာသာသို့ကူးပြောင်းရေး အားကြိုးမာန်တက် လုပ်ဆောင်လာခဲ့ကြသည်။ ဤသို့ဖြင့် ၁၆ရာစု အကုန်တွင် တောင်ပိုင်း Moluccas ဒေသခံများမှ ၂၀%ခန့်မှာ ကက်သလစ်အသင်းတော်ဝင်များ ဖြစ်လာခဲ့သည်။

သို့သော် ဒတ်ခ်ျကုန်သည်များက အင်ဒိုနီးရှားသို့ ခြေဦးလှည့်လာကြပြီး ၁၉ရာစုတွင် အင်ဒိုးနီးရှားရှိ ပေါ်တူဂီများကို အောင်နိုင်လိုက်ကြသည်။ ၁၉၆၅တွင် Netherlands Missionary Society (Nederlandsch Zendeling Genootschap) နှင့် ဂျာမနီမှ Rhenish Missionary Society (Rheinische Missionsgesellschaft) တို့ အင်ဒိုနီးရှား Halmahara ကျွန်းသို့ရောက်ရှိလာကြသည်။ သို့သော် သာသနာပြု ၁၉၀၀ မျှ ဖြန့်ကြက်ပြီး လုပ်ဆောင်သော်လည်း တိုးတက်မှုမှာ ရာစုနှစ်တစ်ခုမျှ အလွန်နှေးကွေးပြီး ၁၉၄၇ တွင် မှ Halmahara တွင် Evangelical Christian Church ကို တည်ထောင်နိုင်ခဲ့သည်။

ခရစ်ယာန် လူဦးရေ

အင်ဒိုနီးရှားတွင် ခရစ်ယာန်ဘာသာသည် အစ္စ္စလာမ်ဘာသာပြီးလျှင် ဒုတိယအကြီးဆုံး ဘာသာဖြစ်သော်လည်း(အင်ဒိုနီးရှားတွင် ခရစ်ယာန်ဟုဆိုလျှင် ပရိုတက်စတင့်များဖြစ်ပြီး ကက်သလစ်အသင်းတော်ကို ခရစ်ယာန်ဘာသာဝင်အဖြစ် အသိအမှတ်မပြုပါ။ အခြားဘာသာတစ်ပါးအဖြစ်မှတ်ယူသဖြင့် ခရစ်ယာန်လူဦးရေစာရင်းတွင် မပါဝင်ပါ။ သို့သော် ဤစာတမ်းတွင် အတူတကွထည့်သွင်းစဉ်းစား ထားပါသည်) လူဦးရေအားဖြင့်မှာ (၁၀)ရာခိုင်နှုန်းသာရှိပြီး ၂၃.၅ သန်း ရှိမည်ဟု ခန့်မှန်းကြသည်။ ခရစ်ယာန်ဦးရေ ၂၃.၅သန်းတွင် ပရိုတက်စတင့်ဦးရေမှာ ၁၆.၅ သန်းခန့် ရှိပြီး ကျန် ခုနှစ်သန်းခန့်မှာ ကက်သလစ်ဦးရေဖြစ်သည်။

ခရစ်ယာန်နှင့် မွတ်ဆလင် ပဋိပက္ခများ

လွန်ခဲ့သည့် ဆယ်စုနှစ်များမှစ၍ အင်ဒိုနီးရှားတွင် မွတ်စလင်များမှ ခရစ်ယာန်များ၊ အသင်းတော်များကို တိုက်ခိုက်မှုများ အစဉ်အဆက်ဖြစ်ပေါ်နေခဲ့သည်။ အထူးသဖြင့် ဤသို့တိုက်ခိုက်မှုသည် ခရစ်ယာန်လူနည်းစုဖြစ်သော ဂျာဗားကျွန်းတွင် အဖြစ်များသည်။ သို့သော် ဤသို့သောပဋိပက္ခများဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများကို သေချာစွာ ဆန်းစစ်ရန် လိုအပ်ပါသည်။ အင်ဒိုနီးရှားတွင် လွတ်လပ်ရေးမရမှီ ဒတ်ခ်ျများ အုပ်စိုးချိန်မှစ၍ ခရစ်ယာန်များသည် အခွင့်ထူးခံများ ဖြစ်ခဲ့ကြသည်။ ဒတ်ခ်ျ ကိုလိုနီ၏ ပံ့ပိုးထောက်မမှုကြောင့် ပညာတတ်လူတမ်းစား၊ လူကုန်ထံ လူတန်းစားတို့သည် ခရစ်ယာန်များသာ ဖြစ်နေခဲ့သည်။ နိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမ္မတ Soekarno နှင့် Suharto ၏သက်တမ်းဝက်အထိ ခရစ်ယာန်များသည် နိုင်ငံ၏ အုပ်ချုပ်ရေး ၊ စီးပွါးရေးစသည့် အရေးပါသော အခန်းကဏ္ဍအတော်များများတွင် တန်ခိုးသြဇာကြီးသူများ ဖြစ်ခဲ့ကြသည်။

၁၉၅၀-၆၀ ကျော် ကာလအတွင်း Nationalist ၊ Communist နှင့် Islamist တို့ နိုင်ငံရေးအားပြိုင်ကြစဉ် ၁၉၆၆ ခုနှစ် ဆူဟာတိုသမ္မတ ဖြစ်လာသောအခါ အစ္စ္စလာမ်ဘာသာသည် လူများစု မွတ်စလင်များ၏ မဲရရှိရန် အကောင်းဆုံးသော လက်နက်အဖြစ် စတင် အသုံးပြုလာခဲ့သည်။ ၁၉၈၀-၉၀ ကျော်ကာလတွင် သမ္မတဆူဟာတိုသည် မွတ်စလင်များကို များစွာထောက်ခံအားပေးခြင်းပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေး ၊ ကာကွယ်ရေးနှင့် အစိုးရဌာန အကြီးအကဲနေရာကို မွတ်စလင်များကိုသာ ခန့်အပ်ခဲ့သည်။ ဤသို့ဖြင့် ဆူဟာတိုသည် ခရစ်ယာန်တို့၏ လွှမ်းမိုးမှုကို လျှော့ချနိုင်ခဲ့သည်။ အစ္စ္စလာမ်ဘာသာဝင် မွတ်စလင်များကိုသာ နေရာရစေသော ပေါ်လစီသည် ၁၉၉၀-၂၀၀၂ Kalimantan ၊ Sulawesi နှင့် Moluccas တို့တွင် ပဋိပက္ခများကိုလည်း ပေါ်ထွန်းစေခဲ့သည်။

The Setara Institute (Indonesian research and advocacy group) ၏ အစီရင်ခံစာအရ
၂၀၁၀ တွင် အဓိကရုဏ်း ၂၁၆ ခု
၂၀၁၁ တွင် အဓိကရုဏ်း ၂၄၄ ခု
၂၀၁၂ တွင် အဓိကရုဏ်း ၂၆၄ ခု ဖြစ်ပွါးခဲ့သည်။ ဤ အဓိကရုဏ်းတို့တွင် ခရစ်ယာန်များကို အုပ်စုလိုက်ရိုက်နှက်ခြင်း ၊ ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီးခြင်း တို့ကို ကျူးလွန်ခဲ့ကြသည်။

နိဂုံး

အင်ဒိုနီးရှားနိုင်ငံ၏ ခရစ်ယာန်နှင့် မွတ်စလင် ပဋိပက္ခများကို သုံးသပ်ကြည့်လျှင် ပဋိပက္ခအရင်းအမြစ်သည် (၁) ခရစ်ယာန်တို့၏လွှမ်းမိုးခဲ့မှုကို မနှစ်မြို့ခြင်း နှင့် (၂) နိုင်ငံရေးသြဇာရရှိလိုမှုဖြင့် လူများစုကိုးကွယ်သော ဘာသာရေးနှင့် ထိုဘာသာကို ကိုးကွယ်သူတို့အား ဦးစားပေးသော နိုင်ငံရေးပေါ်လစီကို ကျင့်သုံးခဲ့ခြင်း တို့ကြောင့်ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

မှတ်ချက်။ မပြည့်စုံပါ။ ကျွန်တော့်တူလေးက မေးလို့ ဟိုရှာဒီရှာ လုပ်ထားတာလေးပါပဲ။ မြန်မာ့အရေးနဲ့တော့ အတော်လေး ဆင်တူနေပါတယ်ခင်ဗျာ။

13/11/2014

ရိုဟင်ဂျာကို စစ်အစိုးရခေါ်သွင်းလာတယ်။ ဘယ်ဧည့်သည်မှ အိမ်ရှင်ကလက်မခံပဲ အကြမ်းဖက်ပြီး နှစ်အကြာနေလို့မရပါ။ ခု အစိုးရကမနိုင်တော့ ဘာသာရေးပဋိပက္ခဖန်တီးပြီး ရိုဟင်ဂျာမရှိဘူးပြောတယ်။ ဘာသာရေးကအလွယ်ကူဆုံး မဲဆွယ်နည်းဆိုတော့ မြန်မာတစ်ပြည်လုံး မွတ်ဆဘင်ကိုမုန်းသွားရော။

လုပ်ရမှာက တို့တတွေပြောတဲ့ဘင်္ဂါလီက ဘယ်ကစဝင်လာသလဲ၊ မှတ်ပုံတင်မရှိပဲ နေထိုင်ဖို့ နှစ်ပေါင်းများစွာ ဘယ်သူကခွင့်ပြုထားသလဲ။ ဘာလို့ ရိုဟင်ဂျာအမည်နဲ့ အရင်က တရားဝင်မြန်မာ့အသံက အစီအစဉ်တစ်ခုပေးခဲ့သလဲ စတဲ့ ဇာစ်မြစ်ကိုစစ်ရမှာ။ အေး အမှန်ကိုတွေ့ရင် ကျူးလွန်ခဲ့ ခွင့်ပြုခဲ့သူတွေကိုဆဲရမှာ အပြစ်တင်ရမှာ။ ဘယ်ဘာသာတရားမဆို လူကိုလူချင်းဆက်ဆံဖို့ သွန်သင်ထားပါတယ်။ ဘာသာရေးကို အမုန်းတရားရဲ့ လောင်စာအဖြစ် အသုံးမပြုဖို့ လိုပါတယ်။

13/11/2014

ယေရှုငါ့ကိုချစ်ပေ၏

Author – Anna B. Warner (1820-1915) Composer – William B. Bradbury (1816-1868)

“သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာ လက်တောက်ကိုတင်လျက် ကောင်းကြီးပေးတော်မူ၏” (မာကု၊၁၀း၁၆)။

၁၈၆၀ မှာ Anna Bartlett Warner ရေးစပ်ခဲ့တဲ့ “ယေရှုငါ့ကိုချစ်ပေ၏၊ ကျမ်းစာအားဖြင့်သိရသည်...” ဆိုတဲ့သီချင်းဟာ တစ်ခြားကလေးသီချင်းတွေအားလုံးထက် ကလေးတွေကိုအလွှမ်းမိုးနိုင်ဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အစကတော့ ကဗျာလေးတစ်ပုဒ်သာ ဖြစ်ပါတယ်။ အမ Susan ရေးတဲ့ ‘Say and Seal’ အမည်ရ ၀တ္ထုအတွက် ရေးပေးခဲ့တာပါ။

ဒီနေ့ခေတ်မှာ အဲသည့်ဝတ္ထုကို လူအတော်များများ မသိကြတော့ပေမယ့် ၀တ္ထုထဲက ကဗျာတိုလေးကတော့ ယနေ့အထိ အသက်ဝင်နေဆဲ ဖြစ်ပြီး တစ်ကမ္ဘာလုံးက ကလေးငယ်တွေ ယနေ့အထိ အကျယ်တ၀င့် သီဆိုနေဆဲ ဖြစ်ပါတယ်။

သူတို့ ညီအစ်မနှစ်ဦးဟာ ပညာတတ်များဖြစ်ပြီး New York Hudson River တစ၀ိုက် ခရစ်ယာန်အမျိုးသမီးများငယ်များအတွက် အထူးလှုပ်ရှားခဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့အိမ်က West Pint ရှိ အမေရိကန် စစ်တက္ကသိုလ်နဲ့လည်းနီးတော့ စစ်သင်တန်းတက် လူငယ်များအတွက် နှစ်ပေါင်းများစွာ ဆန်းဒေးစကူး ဆရာမလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးလုံးသေဆုံးတဲ့အခါမှာ စစ်အခမ်းအနားနဲ့ ဂုဏ်ပြုသင်္ဂြိုလ်ခြင်း ခံရပါတယ်။

မုဆိုးဖို ဖခင်ကြီးသေဆုံးသွားတဲ့နောက်မှာ ၀င်ငွေနည်းပါးစွာနဲ့ နေထိုင်ရတာကြောင့် စာအုပ်ရေးသားထုတ်ဝေဖို့ အတော်လေးကို အခက်အခဲတွေ့ခဲ့ကြရပါတယ်။ နောက်ပိုင်းမှာ ဆူဆန်ဟာ သူမရဲ့ ‘The Wide’ ‘Wide World’ စတဲ့စာအုပ်တွေနဲ့ နာမည်ရလာပြီး ‘Uncle Tom’s Cabin’ စာအုပ် ထုတ်ဝေပြီးတဲ့အခါမှာတော့ အရောင်းရဆုံး စာအုပ်ရေးသားသူ စာရေးဆရာစာရင်းဝင် ဖြစ်ခဲ့ပါတယ်။ ဆူဆန်လောက်နာမည်မကြီးပေမယ့် Anna လည်း Amy Lothrop အမည်နဲ့ ၀တ္ထုတွေရေးခဲ့ပါသေးတယ်။ Hymns of the Church Militant (1858) နဲ့ Wayfaring Hymns, Orginal and Translated (1868) ကိုလည်း ထုတ်ဝေခဲ့ပါတယ်။

ကဗျာလေးကို သံစဉ်ထည့်သွင်းခဲ့သူကတော့ Dr William B. Bradbury ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာ ဓမ္မသီချင်းများစွာရေးသားသူအဖြစ် ထင်ရှားသူဖြစ်ပါတယ်။ သူ့ကို ၁၈၁၆ အောက်တိုဘာ ၆ ရက်နေ့မှာ နယူးယောက်၊ Maine မှာ မွေးဖွါးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘွန်စတွန်၊ မက်ဆာချူးဆက် သို့ရွှေ့ပြောင်းခဲ့ပြီး အဲဒီမှာ အမေရိကန်နိုင်ငံ စာသင်ကျောင်း၊ နဲ့ အသင်းတော် ဂီတရဲ့ဖခင်အဖြစ် သတ်မှတ်ခံရတဲ့ Lowell Mason နဲ့ တွေ့ဆုံရင်းနှီးခဲ့ပါတယ်။ Bradbury ဟာ အမေရိကန်အရှေ့ပိုင်း နှစ်ခြင်းအသင်းတော် အတော်များများမှာ ဂီတဒါရိုက်တာ၊ စန္ဒယားဆရာအနေနဲ့ ၀န်ထမ်းခဲ့ပြီး ကလေးသူငယ် လုပ်ငန်းတွေမှာလည်း အချိန်ပေးလုပ်ဆောင်ခဲ့ပါတယ်။

‘Jesus Loves Me’ ကဗျာကို ၁၈၆၁ မှာ သံစဉ်ထည့်သွင်းခဲ့ပြီး ကဗျာလေးပိုဒ်အတွက် ထပ်ဆိုပိုဒ်ကို ထပ်ဖြည့်ရေးသားခဲ့ပါတယ်။ ‘Jesus Loves Me’ သီချင်းကို ၁၈၆၂မှာ သူထုတ်ဝေတဲ့ The Golden Shower ဓမ္မသီချင်းစာအုပမှ်ာ ထည့်သွင်းခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ အခြား ထင်ရှားတဲ့သီချင်းတွေကတော့ “ပို့ဆောင်တော်မူ သောကျေးဇူးရှင်...”၊ “ဆုတောင်းလို့ငှါ မှတ်သားနာရီ..” စတဲ့ သီချင်းတွေဖြစ်ပါတယ်။

“Jesus Loves Me” ဆိုတဲ့ သီချင်းလေးဟာ စာအုပ်ထုတ်ဝေပြီးမကြာခင်မှာ ကမ္ဘာတစ်ဝှမ်းလုံးဆီ ပျံ့နှံ့သွားခဲ့ပြီး သာသနာပြုဆရာတွေ အများဆုံးအသုံးပြုတဲ့ ကဗျာလေးဖြစခ်ဲ့ပါတယ်။ ပြီးတော့ သာသနာမှာ ပထမဆုံးအသုံးပြုတဲ့ ကဗျာစာရင်းဝင်ခဲ့ပါတယ်။

ခရစ်ယာန်တွေသာမဟုတ်ပဲ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေတောင်မှ ကလေးငယ်တွေကို “Yes, Buddha loves me, Yes, Buddha loves me...” လို့ စာသားပြောင်းပြီး သင်ကြားပေးတဲ့အထိ တွင်ကျယ်လာခဲ့ပါတယ်။

ကချင်မှာတော့ ကချင်စာပေကို တီထွင်ပေးခဲ့တဲ့ ဆွီဒင်လူမျိုး ဆရာကြီး Dr Ola Hanson က ဘာသာပြန်ပေးခဲ့တာပါ။

"Yesu ngai hpe tsaw ra nga, Chyum Laika ning nga tsun ya, Ma ni hpe bau din ai gaw, anhte Du Wa rai ai law...."

ရှငိုင်ဂျော် (MICT)

Translated form 100 Hymn Stories, 135-136.

Address

Baptist Theological College (Senate Of Serampore University)
Pfutsero
797170

Telephone

+918729911382

Website

Alerts

Be the first to know and let us send you an email when အလင်းပြတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share