05/17/2025
❝ မိဘကျေးဇူးကို အကောင်းဆုံး ဆပ်နည်း ❞
___________________________
၁။ ယုံကြည်မူ သဒ္ဓါတရား မရှိတဲ့ မိဘကို
ယုံကြည်မူ သဒ္ဓါတရား ရှိအောင်
သားသမီးက ပြောပေးနိုင်ရမယ်၊ဟုတ်ရဲ့လား။
အဲဒါ အကောင်းဆုံး ကျေးဇူးဆပ်နည်းနော်။
၂။ ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ မိဘကို
ကိုယ်ကျင့်တရားသီလ ကောင်းသွားအောင်
ပြောပေးနိုင်ရမယ်။
၃။ နှမြောဝန်တိုတဲ့ မိဘကို ပေးကမ်းစွန့်ကြဲမူမှာ
ဝါသနာပါလာအောင် တိုက်တွန်းပေးနိုင်ရမယ်။
အဲဒါသည်သာလျှင် သူ့ရဲ့ ဘဝသံသရာတလျှောက်မှာ
ကိုယ်ဟာ ကောင်းအောင် လုပ်ပေးရာ ရောက်တယ်။
သဒ္ဓါ သီလ စာဂ မရှိတဲ့ မိဘကို
သဒ္ဓါ သီလ စာဂ ရှိအောင် တိုက်တွန်းပေးရမယ်။
၄။ ပညာမရှိတဲ့ မိဘကို ပညာရှိအောင်
ကြိုးစားပေးရမယ်။
အဲဒါဆိုလို့ရှိရင် မိဘကို ကျေးဇူးဆပ်ရာ
ရောက်ပြီလို့ ဘုရားဟောထားတယ်။
ဒါပေမယ့် ဒီနေရာမှာ စဉ်းစားတစ်ချက်တော့
ရှိတာပေါ့။ မိဘက ကိုယ့်ထက် ဒါနတွေ သီလတွေ
သဒ္ဓါတရားတွေ ပညာတရားတွေ ကြီးနေတာကာ
ရှိတယ်။ အဲဒါဆိုရင် သားသမီးတွေက အဲဒီနည်းနဲ့
ကျေးဇူးဆပ်လို့ မရဘူး။
ဒါပေမယ့် တတ်နိုင်သမျှ ဆွေးနွေးတာမျိုး
ဘာမျိုး ပြုရင်တော့ ကောင်းတာပေါ့။
သို့သော် တစ်ချို့က ကြံကြံဖန်ဖန် အကပ်ကိုင်မှာစိုးလို့
ဦးဇင်းက ပြောနေတာ ဟုတ်လား။
ပစ္စည်းဥစ္စာနဲ့ ကိုယ်က ကျေးဇူးမဆပ်ချင်တာနဲ့
ကိုင် အကောင်းဆုံး ကျေးဇူးဆပ်နည်း
တရားပဲ ဟောတော့မယ်ဆိုတော့ ကိုယ်ကလည်း
မိဘလောက် အဆင့် ရှိချင်မှလည်း ရှိမှာလေ။
အေး ဒါကတော့ မြတ်စွာဘုရားက
တကယ့် မိဘက ယုတ်ညံ့တဲ့နေတာမျိုး ဖြစ်ခဲ့မယ်ဆိုရင်
သားသမီးက မိဘထက် တော်တဲ့ အတိဇာတ
သားသမီးမျိုး ဖြစ်ခဲ့မယ်ဆိုရင်
ဒါလည်း ဖြစ်နိုင်တာမျိုးရှိတယ်။
အဲသလိုဆိုလို့ရှိရင် သိပ်တော်တဲ့ သားသမီးတွေက
မိဘတွေကို တွဲပြီးတော့ ခေါ်ဖို့ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
(တစ်နည်းအားဖြင့်) ဒီဘဝ တိုတိုလေးအတွက်
ကျေးဇူးဆပ်တာမျိုး မဟုတ်ဘဲနဲ့
သံသရာတလျှောက်လုံးစာအတွက် မိဘကို
အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာပေါ့။
အဲတော့ တကယ်လို့ မိဘက ကိုယ်ထက်
သိနေတယ်, တတ်နေတယ်ဆိုရင်လည်းပဲ
မိဘကို ရိပ်သာတွေ ဝင်ဖြစ်အောင်,
အလှူဒါနတွေ ပိုပြီးတော့ ပြုဖြစ်အောင်
သားသမီးက ပံ့ပိုးမယ်ဆိုရင်
အဲဒါ အကောင်းဆုံး ကျေးဇူးဆပ်တယ်လို့
ပြောလို့ ရတယ်။
ဒါကြောင့်---
မိဘကို ကျေးဇူး ဘယ်လို ဆပ်မလဲဆိုလို့ရှိရင်
(က) မိဘ မပြေလည်သည်အထိ ထိုင်စောင့် မနေပါနဲ့။
(ခ) ကိုယ် ပြေလည်သည်အထိလည်း ထိုင်စောင့် မနေပါနဲ့။
(ဂ) ရှိတဲ့ အခြေအနေထဲကနေ ဖြစ်သလို လုပ်ချင်တယ်ဆိုရင်
လုပ်လို့ ရပါတယ်။
(ဃ) အနည်းဆုံးတော့ ချိုသာတဲ့စကား, အေးချမ်းတဲ့
မေတ္တာတော့ ပေးနိုင်အောင် ကြိုးစားပါ။
⚜⚜⚜ အရှင်ဥတ္တမ (သစ္စာရွှေစည်)
"မိဘကျေးဇူး အထူးသိပါ"တရားတော်မှ ကူးယူ ပူဇော်သည်။
crd