Canada-Myanmar Buddha Sāsanā

Canada-Myanmar Buddha Sāsanā Dishonest actions can lead to long-term negative consequences, causing distress and unhappiness.

ယနေ့ ကျောင်းသားသစ် (၂) ယောက်လာရောက်မိတ်ဆက် ကုသိုလ်ပြုSeptember 04,2026. Friday =====================ကနေဒါရောက်တာ ရက်ပိုင...
09/04/2026

ယနေ့ ကျောင်းသားသစ် (၂) ယောက်
လာရောက်မိတ်ဆက် ကုသိုလ်ပြု
September 04,2026. Friday
=====================

ကနေဒါရောက်တာ ရက်ပိုင်းသာ ရှိသေးသော

🍁မောင်ဇင်လင်းမောင် (York University, Biocher)
🍁မောင်လင်းမြတ်ဦး @ Nicky (University of Toronto, Commerce, Mississauga campus)
—————

ဘာလင်တန်မြို့မှာ နေထိုင်သော
မခိုင်ခိုင်စုမြတ် နှင့်
ကျောင်းသူလေး မသော်တာ (York Uni) တို့က

မဟာဓမ္မိကကျောင်းတော်သို့
ခေါ်ဆောင်လာ၍
မိတ်ဆက်ဂါရဝပြုကြပြီး
မြန်မာပြည်မှ ယူဆောင်လာသော
မြန်မာအစားစာများကိုလည်း လှူဒါန်းကြကါသည်။

သာသနာ့အလံများ စိုက်ထူး ဝေယျာဝစ္စပြုကြသည်။
==============

ဘေးကင်း ရန်ကွာ ကျန်းမာ ချမ်းသာကြပါသေ။

အားလုံး နတ်လူသာဓု ခေါ်စေသော်

သာဓု သာဓု သာဓု

ယနေ့ အသစ်ရောက်လာကြသောကျောင်းသားလေးများက (၃) ရက်ဝိပဿနာတရားစခန်းပွဲအတွက် သာသနာ့အလံ စိုက်ထူ လုပ်အားဒါနပြုကြသည်။Sep 04,2026....
09/04/2026

ယနေ့ အသစ်ရောက်လာကြသော
ကျောင်းသားလေးများက
(၃) ရက်ဝိပဿနာတရားစခန်းပွဲအတွက်
သာသနာ့အလံ စိုက်ထူ လုပ်အားဒါနပြုကြသည်။

Sep 04,2026. Friday

09/04/2026

Muskoka သာသနာ့ရိပ်သာ ဝေယျာဝစ္စကျောင်းသားများ၏ ဘုရားရှိခိုး မေတ္တာပို့

မနက် (၃) ရက်တရားစခန်းပွဲ စပါမည်၊စာရင်းပေး ယောဂီ (၂၅) ယောက်ခန့်ရှိ၏။ဆွမ်းအလှူရှင်များ ကြိုတင်စီစဉ်နိုင်ရင် စာရင်းမပေးရသူမ...
09/04/2026

မနက် (၃) ရက်တရားစခန်းပွဲ စပါမည်၊
စာရင်းပေး ယောဂီ (၂၅) ယောက်ခန့်ရှိ၏။
ဆွမ်းအလှူရှင်များ ကြိုတင်စီစဉ်နိုင်ရင် စာရင်းမပေးရသူများ ဒီနေ့ ညနေနောက်ဆုံးထား
စာရင်းပေးကြပါရန်..

စိတ်မပျော်တဲ့ အခါ .....အရာအားလုံး ငြိုး ခြောက်ကပ်သွား၏။🍁ကမ္ဘာမှာ အလှဆုံးအရာတွေဟာ ရုပ်ဆိုး အကျဉ်းတန်သွား၏။🍁ကမ္ဘာမှာ နားပျ...
09/04/2026

စိတ်မပျော်တဲ့ အခါ .....
အရာအားလုံး ငြိုး ခြောက်ကပ်သွား၏။

🍁ကမ္ဘာမှာ အလှဆုံးအရာတွေဟာ ရုပ်ဆိုး အကျဉ်းတန်သွား၏။

🍁ကမ္ဘာမှာ နားပျော်ဖွယ် အကောင်းဆုံးဆိုတဲ့ သာယာဖွယ် အသံတွေလည်း
ငှက်ဆိုးထိုးသံ ဖြစ်သွား၏။

🍁ကမ္ဘာမှာအကောင်းဆုံးဆိုတဲ့ ရေမွှေး, အနံ့တွေဟာလည်း
အသက် မဝင်တော့...။

🍁ကမ္ဘာ့ စားကောင်းသောက်ဖွယ်တွေလည်း ...
အရသာ လုံးဝ မရှိတော့ ။

🍁ကိုယ်နဲ့ တွေ့ထိသမျှဟာတွေလည်း...
ကမ္ဘာ့ အကြမ်းဆုံးများ ဖြစ်သွားကြ၏။

🍁စိတ်နဲ့ တွေးကြံသမျှတွေလည်း...
အရာ မထင်တော့...

ဒါတွေ အားလုံးဟာ စိတ်ကနေ ဆင်းသက်လာတာပါ။

အာရုံ (၆) ပါးကို အခြေခံ၍ ဖြစ်ပေါ်လာ၏။

မေတ္တာဖြင့်
အရှင်သိဒ္ဓိဗလ
တိုရန်တို, ကနေဒါ
Sep 4,2026.

မနေ့ ညနေပိုင်းတွင်...ကိစ္စဝိစ္စတွေကြားမှအသက် (၈၀) ကျော် (၉၀) ဝန်းကျင်ရှိနေကြပြီဖြစ်သော...ဒကာကြီး ဦးတင်ဝင်း နှင့် ဒကာမကြီ...
09/04/2026

မနေ့ ညနေပိုင်းတွင်...ကိစ္စဝိစ္စတွေကြားမှ
အသက် (၈၀) ကျော် (၉၀) ဝန်းကျင်ရှိနေကြပြီဖြစ်သော...

ဒကာကြီး ဦးတင်ဝင်း နှင့် ဒကာမကြီး ဒေါ်ခင်ကြည် နေအိမ်သို့...

August အတွက် လစဉ်ကျောင်းအလှူများနှင့်
ဆွမ်းအလှူများကို...
ကြွရောက် အလှူခံခဲ့၏...။

သဒ္ဓါတရား ထက်သန်ကြသူများဖြစ်ကြ၍...
လကုန်ခါနီးတိုင်း... မိမိ နှင့် ဆရာတော်ဦးဩသဓ...
တစ်ပါးပါး ကြွအလာကို စောင့်မျှော်နေမြဲ ဖြစ်၏..။

အကြောင်းအမျိုးမျိုးကြောင့်...
ဇွန်လကုန်ခါနီးအချိန်မှာ အချိန်မီ မကြွရောက်နိုင်ခဲ့၍...

ဒီနေ့ မိမိ တိုရန်တိုရောက်ခိုက်....
ဒကာကြီး၊ ဒကာမကြီးတို့၏ ဆန္ဒများကိို
ကြွရောက် ဖြည့်ဆည်းခွင့် ရရှိခဲ့၏...။

ကွယ်လွန်လေပြီးဖြစ်ကြကုန်သော...
ကျေးဇူးရှင် နှစ်ဖက်မိဘများအား ရည်စူး၍...

မဟာဓမ္မိကကျောင်းအလှူ
ဆွမ်းအလှူတို့ကို သဒ္ဓါကြည်ဖြူ စိတ်ရည်တူစွာ
လှူဒါန်းကြပါ၏။

မိဘကျေးဇူးကို အခုထိ အောက်မေ့အမှတ်ရနေဆဲ...
ကုသိုလ်များဖြင့် ပြန်ဆပ်နေဆဲ ဖြစ်၏...။
===========

ဤသည့်ပုည၊ ကုသလကြောင့်...
အလှူရှင်မိသားစုအပေါင်းတို့သည်...
ဘေးကင်းရန်ကွာ ရောဂါကင်းစွာ ရှိကြပါစေ...
စိတ်ရှိတိုင်း သာသနာတော်ကြီးကို..
လှူဒါန်းထောက်ပံ့
သာသနာပြုနိုင်ကြပါစေ...

09/04/2026

A special Donations and Blessings in honor of children’s upcoming return to schoo in September.

(၃) ရက်ဝိပဿနာတရားစခန်းပွဲ (Sep 5,6,7-2026.) အတွက်ပန်း, သစ်သီးအလှူအပတ်စဉ်သောကြာနေ့တိုင်း ပန်း-သစ်သီးအလှူရှင် ကိုအဲလက်စ် +...
09/04/2026

(၃) ရက်ဝိပဿနာတရားစခန်းပွဲ (Sep 5,6,7-2026.) အတွက်
ပန်း, သစ်သီးအလှူ

အပတ်စဉ်သောကြာနေ့တိုင်း ပန်း-သစ်သီးအလှူရှင်
ကိုအဲလက်စ် + မသန်းသန်းရိီ တို့မှ

မနက်ဖြန် သောကြာနေ့ ညနေပိုင်းမှာ
ဒုလ္လဘရဟန်းခံ ရှိနေ၍

သောကြာနေ့ ပန်း-သစ်သီးအလှူတို့ကို
ယနေ့ ကြာသပတေးနေ့ ညနေပိုင်းတွင်
လာရောက်ပြင်ဆင် လှူဒါန်းကြပါသည်။
================

အားလုံး နတ်လူသာဓု ခေါ်စေသော်

သာဓု သာဓု သာဓု

🙏 A Heartfelt Offering by Mr. Ha (Vietnamese Theravāda Buddhist) Family🙏ဗီယက်နမ်ထေရဝါဒမိသားစု၏ ကလေးငယ်များကျောင်းပြန်ဖွင...
09/04/2026

🙏 A Heartfelt Offering by Mr. Ha (Vietnamese Theravāda Buddhist) Family🙏
ဗီယက်နမ်ထေရဝါဒမိသားစု၏ ကလေးငယ်များ
ကျောင်းပြန်ဖွင့်ခြင်း အထိမ်းအမှတ်အလှူ
📅 Thursday, September 3, 2026

With joyful hearts and sincere faith, Mr. Ha ( Vietnamese Theravāda Buddhist) family visited Mahādhammika Temple to make a special offering in honor of their children’s upcoming return to school.

As their eldest daughter, Su Su (University of Toronto), and their two sons prepare to begin another school year,
the family came together to make merit and offer their heartfelt blessings
for the children’s education, well-being, and future. 📚🌸

On this meaningful occasion, the family generously offered:

🪷 Vassa (Waso) Robes to the Saṅgha
🪷 CAD 100 in support of the Three-Day Vipassanā Meditation Retreat
🪷 Navakamma offerings to the three Sayadaws of Mahādhammika Temple
🪷 Rice and various other offerings to the Saṅgha and monastery

It was wonderful to see the whole family sharing this beautiful act of generosity together, with faith, happiness, and devotion to the Buddha Sāsana. 🙏

🌸May the merits of these wholesome deeds bring peace, good health, happiness, and prosperity to the entire family.

🌸May Su Su and her two brothers be blessed with wisdom and good health as they return to their studies.
🌸May they learn with joy, meet good teachers and friends, overcome every challenge, and achieve success in their education and in the years ahead. 📚✨

🌸May the blessings of these meritorious deeds be shared with all beings, and may all devas and human beings rejoice in this goodness.

🙏 Sādhu! Sādhu! Sādhu! 🙏

🌸 Buddha Sāsanaṃ ciraṃ tiṭṭhatu. 🌸
May the Buddha’s Sāsana long endure and flourish

ဒေါ်စန္ဒာထွန်း မိသားစု၏ လစဉ်အလှူအဖြစ်(၃) ရက် ဝိပဿနာတရားစခန်းပွဲအတွက်သောက်ရေသန့်ကဒ်များသောက်ရေသန့်ဗူးကြီး (၃)ဗူးဆန်, ဆီအလ...
09/04/2026

ဒေါ်စန္ဒာထွန်း မိသားစု၏ လစဉ်အလှူအဖြစ်
(၃) ရက် ဝိပဿနာတရားစခန်းပွဲအတွက်
သောက်ရေသန့်ကဒ်များ
သောက်ရေသန့်ဗူးကြီး (၃)ဗူး
ဆန်, ဆီအလှူတို့ကို

မွန်မြတ်စွာ လာရောက်လှူဒါန်းပါသည်။

🌷🌷🌷🌷🌷🌷🌷🌷

ဤသည့်ပုည ၊ ကုသလကြောင့်
လောဘ ဒေါသ ၊ မောဟကင်းကွာ
သံသရာဝယ် ၊ ကျင်ပါရဘိ
ပညာရှိနှင့် ၊ ယှဉ်မိပေါင်းသင်း
ဉာဏ်မဲ့ကွင်း၍ ၊ ပြည့်တင်းလှူဖွယ်
လှူစဉ်ဝယ်လည်း ၊ သုံးသွယ်စေတနာ
ဖြောင့်ညီညာသည် ၊ ခေမာအထွတ်
တိုင်စေသော်------!

အားလုံး နတ်လူသာဓုခေါ်စေသော်....

သာဓု...သာဓု...သာဓု...


#ကနေဒါ_မြန်မာဗုဒ္ဓသာသနာ
#မဟာဓမ္မိကကျောင်းတိုက်
#တိုရန်တိုမြို့_ကနေဒါနိုင်ငံ

Address

Toronto, ON

Website

Alerts

Be the first to know and let us send you an email when Canada-Myanmar Buddha Sāsanā posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Canada-Myanmar Buddha Sāsanā:

Shortcuts

Share