Vizawdaya Theinn Perth Western Australia

Vizawdaya Theinn Perth Western Australia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vizawdaya Theinn Perth Western Australia, Religious organisation, Perth.

၄၊ ၉၊၂၀၂၆ နှင့် ၅၊ ၉၊၂၀၂၆ ဝိဇ္ဇောဒယသဲအင်း (ဩစတြေးလျ)၏ စုပေါင်းတရားထိုင်ကြခြင်း 🙏🙏🙏
05/09/2026

၄၊ ၉၊၂၀၂၆ နှင့် ၅၊ ၉၊၂၀၂၆ ဝိဇ္ဇောဒယသဲအင်း (ဩစတြေးလျ)၏ စုပေါင်းတရားထိုင်ကြခြင်း 🙏🙏🙏

🌻🌻🌻 ၅၊ ၉၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻ဆွမ်းအလှူရှင်များဖြစ်ကြသော ဒေါက်တာကျော်ကျော်ထက် + မခိုင်​ချောစုသားကြီး Caesar ကျော်ထက် နှင့် ...
05/09/2026

🌻🌻🌻 ၅၊ ၉၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻

ဆွမ်းအလှူရှင်များဖြစ်ကြသော

ဒေါက်တာကျော်ကျော်ထက် + မခိုင်​ချောစု

သားကြီး Caesar ကျော်ထက် နှင့်

သားငယ် Kaiser ကျော်ထက် မိသားစု

စုပေါင်းတရားထိုင်ကြသော ယောဂီများ

🌻ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

🌻ဤမွန်မြတ်သော ကုသိုလ်သည် သစ္စာဉာဏ်အလင်းများထွန်းလင်း၍ ကျင့်ကြံဆဲ ဝိပဿနာဉာဏ်၏ အားကြီးသော အထောက်အပံ့ဖြစ်ကြပါစေ။

🌻တရားတော်မြတ် အအေးဓာတ် မုချရပါစေ။

ဝိဇ္ဇောဒယသဲအင်း
ပြည်ပသာသနာပြုအဖွဲ့

🌻🌻🌻 ၄၊ ၉၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻ဆွမ်းအလှူရှင်များဖြစ်ကြသော ကိုအေး​ဇော်ဝင်း + မနွယ်နွယ်ထွန်းလတ် သမီး သံဇဉ်ဝင်းလတ် သားလမင်းဝင်း...
04/09/2026

🌻🌻🌻 ၄၊ ၉၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻

ဆွမ်းအလှူရှင်များဖြစ်ကြသော

ကိုအေး​ဇော်ဝင်း + မနွယ်နွယ်ထွန်းလတ်

သမီး သံဇဉ်ဝင်းလတ်

သားလမင်းဝင်းလတ် မိသားစု

🌻ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

🌻ဤမွန်မြတ်သော ကုသိုလ်သည် သစ္စာဉာဏ်အလင်းများထွန်းလင်း၍ ကျင့်ကြံဆဲ ဝိပဿနာဉာဏ်၏ အားကြီးသော အထောက်အပံ့ဖြစ်ကြပါစေ။

🌻တရားတော်မြတ် အအေးဓာတ် မုချရပါစေ။

ဝိဇ္ဇောဒယသဲအင်း
ပြည်ပသာသနာပြုအဖွဲ့

၂၈၊ ၈၊၂၀၂၆ နှင့် ၂၉၊ ၈၊၂၀၂၆ ဝိဇ္ဇောဒယသဲအင်း (ဩစတြေးလျ)၏ စုပေါင်းတရားထိုင်ကြခြင်း 🙏🙏🙏
29/08/2026

၂၈၊ ၈၊၂၀၂၆ နှင့် ၂၉၊ ၈၊၂၀၂၆ ဝိဇ္ဇောဒယသဲအင်း (ဩစတြေးလျ)၏ စုပေါင်းတရားထိုင်ကြခြင်း 🙏🙏🙏

🌻🌻🌻 ၂၉၊ ၈၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻ဆွမ်းအလှူရှင်များဖြစ်ကြသော ဒေါက်တာကျော်ကျော်ထက် + မခိုင်​ချောစုသားကြီး Caesar ကျော်ထက် နှင့်...
29/08/2026

🌻🌻🌻 ၂၉၊ ၈၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻

ဆွမ်းအလှူရှင်များဖြစ်ကြသော

ဒေါက်တာကျော်ကျော်ထက် + မခိုင်​ချောစု

သားကြီး Caesar ကျော်ထက် နှင့်

သားငယ် Kaiser ကျော်ထက် မိသားစု

စုပေါင်းတရားထိုင်ကြသော ယောဂီများ

🌻ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

🌻ဤမွန်မြတ်သော ကုသိုလ်သည် သစ္စာဉာဏ်အလင်းများထွန်းလင်း၍ ကျင့်ကြံဆဲ ဝိပဿနာဉာဏ်၏ အားကြီးသော အထောက်အပံ့ဖြစ်ကြပါစေ။

🌻တရားတော်မြတ် အအေးဓာတ် မုချရပါစေ။

ဝိဇ္ဇောဒယသဲအင်း
ပြည်ပသာသနာပြုအဖွဲ့

🌻🌻🌻 ၂၇၊ ၈၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻ဆွမ်းအလှူရှင်များဖြစ်ကြ​သော ကိုသက်လွင် + မသွယ်သွယ်ထွန်းလတ်သားကြီး ကောင်းသက်ဟန်သမီးလတ် ထက်အိ​...
27/08/2026

🌻🌻🌻 ၂၇၊ ၈၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻

ဆွမ်းအလှူရှင်များဖြစ်ကြ​သော

ကိုသက်လွင် + မသွယ်သွယ်ထွန်းလတ်

သားကြီး ကောင်းသက်ဟန်

သမီးလတ် ထက်အိ​န္ဒြေမှူး

သားငယ် ပြည့်ဖြိုးဟန် မိသားစု

🌻ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

🌻ဤမွန်မြတ်သော ကုသိုလ်သည် သစ္စာဉာဏ်အလင်းများထွန်းလင်း၍ ကျင့်ကြံဆဲ ဝိပဿနာဉာဏ်၏ အားကြီးသော အထောက်အပံ့ဖြစ်ကြပါစေ။

🌻တရားတော်မြတ် အအေးဓာတ် မုချရပါစေ။

ဝိဇ္ဇောဒယသဲအင်း
ပြည်ပသာသနာပြုအဖွဲ့

🌻🌻🌻 ၂၆၊ ၈၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻ဆွမ်းအလှူရှင်များဖြစ်ကြသော ကိုသီဟ + မခင်စန္ဒာဝင်း သမီးကြီး မရွှန်းလဲ့သန့်သားလတ် မောင်ဟိန်းဖြ...
26/08/2026

🌻🌻🌻 ၂၆၊ ၈၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻

ဆွမ်းအလှူရှင်များဖြစ်ကြသော

ကိုသီဟ + မခင်စန္ဒာဝင်း

သမီးကြီး မရွှန်းလဲ့သန့်

သားလတ် မောင်ဟိန်းဖြိုးဝင်း

သမီးငယ် မသိမ့်သီဟန် မိသားစု

🌻ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

🌻ဤမွန်မြတ်သော ကုသိုလ်သည် သစ္စာဉာဏ်အလင်းများထွန်းလင်း၍ ကျင့်ကြံဆဲ ဝိပဿနာဉာဏ်၏ အားကြီးသော အထောက်အပံ့ဖြစ်ကြပါစေ။

🌻တရားတော်မြတ် အအေးဓာတ် မုချရပါစေ။

ဝိဇ္ဇောဒယသဲအင်း
ပြည်ပသာသနာပြုအဖွဲ့

၂၁၊ ၈၊၂၀၂၆ နှင့် ၂၂၊ ၈၊၂၀၂၆ ဝိဇ္ဇောဒယသဲအင်း (ဩစတြေးလျ)၏ စုပေါင်းတရားထိုင်ကြခြင်း 🙏🙏🙏
22/08/2026

၂၁၊ ၈၊၂၀၂၆ နှင့် ၂၂၊ ၈၊၂၀၂၆ ဝိဇ္ဇောဒယသဲအင်း (ဩစတြေးလျ)၏ စုပေါင်းတရားထိုင်ကြခြင်း 🙏🙏🙏

🌻🌻🌻 ၂၂၊ ၈၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻ဆွမ်းအလှူရှင်များဖြစ်ကြသော ဒေါက်တာကျော်ကျော်ထက် + မခိုင်​ချောစုသားကြီး Caesar ကျော်ထက် နှင့်...
22/08/2026

🌻🌻🌻 ၂၂၊ ၈၊၂၀၂၆ ဆွမ်းအလှူ 🌻🌻🌻

ဆွမ်းအလှူရှင်များဖြစ်ကြသော

ဒေါက်တာကျော်ကျော်ထက် + မခိုင်​ချောစု

သားကြီး Caesar ကျော်ထက် နှင့်

သားငယ် Kaiser ကျော်ထက် မိသားစု

စုပေါင်းတရားထိုင်ကြသော ယောဂီများ

🌻ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

🌻ဤမွန်မြတ်သော ကုသိုလ်သည် သစ္စာဉာဏ်အလင်းများထွန်းလင်း၍ ကျင့်ကြံဆဲ ဝိပဿနာဉာဏ်၏ အားကြီးသော အထောက်အပံ့ဖြစ်ကြပါစေ။

🌻တရားတော်မြတ် အအေးဓာတ် မုချရပါစေ။

ဝိဇ္ဇောဒယသဲအင်း
ပြည်ပသာသနာပြုအဖွဲ့

🙏🙏🙏တစ္ဆေ ပြိတ္တာများနဲ့ ဆရာတော်ကြီး ကိုယ်တွေ့ဟောကြားချက်များ 🙏🙏🙏လူတသိန်းသေလို့ လူတယောက်ပြန်မဖြစ်ဘူး သဲအင်းဂူဆရာတော်ကြီးတ...
20/08/2026

🙏🙏🙏တစ္ဆေ ပြိတ္တာများနဲ့ ဆရာတော်ကြီး ကိုယ်တွေ့ဟောကြားချက်များ 🙏🙏🙏

လူတသိန်းသေလို့ လူတယောက်ပြန်မဖြစ်ဘူး သဲအင်းဂူဆရာတော်ကြီးတို့ဟောတာ၊ အစက ဘုန်းဘုန်းတို့ဟုတ်ပါ့မလား ဒီလောက်လူတွေများနေတာပေါ့ အဲ့လိုထင်ခဲ့တယ်။ ကုန်းမှာနေကိုးကုဋေ ရေမှာနေဆယ်ကုဋေ သတ္တဝါတွေအဲ့လောက်များတာ ဒီအထဲကမှလူဆိုတာလည်းသတ္တဝါတမျိုးပဲ၊ ဝေးဝေးမကြည့်နဲ့ ကိုယ့်အိမ်ပဲပြန်ကြည့် လူဘယ်နှစ်ယောက်ရှိလည်း တခြား အိမ်မြှောင်တို့ တောက်တဲ့ ပိုးဟပ် အကောင်ပလောင် သတ္တဝါတွေကြည့်စမ်း ဘယ်လောက်များသလည်း သိလာမှသဘောပေါက်လာတယ်၊ ဒါတွေကအစွဲတွေနဲ့နေကြတော့ အဲ့လိုဘဝတွေကိုရောက်ကုန်ကြတာ အစွဲ သမုဒယပေါ့။

သမုဒယ ဒုက္ခ လည်နေကြတာ ဘယ်လောက်သမုဒယတွယ်သလည်းဆိုရင် သေသွားတာ တစ္ဆေကြီးတွေ ပြိတ္တာကြီးတွေဖြစ်လို့၊ လူတွေထားဦး ဘုန်းဘုန်းတို့ရဟန်းတွေတောင် အစွဲတွေနဲ့သေသွားတော့ မကျွတ်မလွတ်ပြိတ္တာကြီးတွေဖြစ်နေကြတာ၊ ဘုန်းဘုန်းတွေ့တယ် တရားသွားပြီးပြနေတာ တနေရာမှာပေါ့ ဘုန်းဘုန်းကသိမ်ထဲမှာနေတယ် ညကျရင်လည်း ဒကာ ဒကာမတွေကတရားမေးကြ ပြောကြနဲ့ ည ၁၂ နာရီကျော်လောက်မှပြီးတယ် ဘုန်းဘုန်းလည်း အိပ်မလို့လုပ်တော့ အဲ့မှာအကောင်တကောင် တောက်တဲ့ပေါ့ သေခြာကြည့်တော့မှ တစ္ဆေကြီးဖြစ်နေတယ် သူ့ရဲ့ဟိတ်ပေါ့။

ဒါနော် ဘုန်းဘုန်းကြည့်လိုက်ရင် ယောဂီတို့ရဲ့ဟိတ်တွေပေါ့ တွေ့တာပဲ ဒါပေမယ့်မပြောအပ်လို့သာမပြောတာ။ ကျောင်းမှာ လောကလိုကြည့်ရင် တောက်တဲ့တို့ အိမ်မြှောင်တို့ ပိုးဟပ်တို့ပေါ့ သူတို့ဟိတ်တွေ ဘာကိုစွဲလမ်းလို့လည်း သူ့ရဲ့အစွဲရုပ်ကိုကြည့်လိုက်မှ ဝေမာနိကပြိတ္တာတွေ အကုန်တွေ့ရတယ်။

အဲ့ဒီကျောင်းမှာလည်းဒီလိုပဲ ကြည့်တော့ တောက်တဲ့ သူ့ရဲ့ဟိတ်ကိုကြည့်လိုက်တော့မှ အင်မတန်ကြောက်စရာကောင်းတဲ့တစ္ဆေကြီး နှစ်တွေလည်းအတော်ကြာပြီထင်ပါရဲ့ အစွယ်ကြီးတွေနဲ့ ဘုန်းကြီးနော်၊ ဘုန်ဘုန်းမောလို့အိပ်မလို့လှဲပြီဆိုရင် လုပ်ပြီ ဘုန်းဘုန်းနဲ့ဘယ်လောက်ကွာမလည်းဆိုရင် ၃ လံ ၄ လံလောက်ပဲကွာတယ် သူနဲ့က အရိုးတွေကိုက်နေတာ ဂျိုးဂျိုး ဂျွတ်ဂျွတ်နဲ့ တခါတလေ တံခါးပိတ်ထားရင် ကျွီခနဲဆိုပြီးပွင့်သွားတယ် အပြင်ကမီးရောင်ဝင်လာတယ် ဘုန်းဘုန်းလည်းအိပ်တာမှမဟုတ်ပဲ ဘယ်သူများဝင်လာမလည်းစောင့်ကြည့်နေတာ ဘယ်သူမှဝင်မလာဘူး လျှာထိုးကြားကမီးရောင်ကဘုန်းဘုန်းဆီရောက်လာတာ မီးရောင်ကိုသတိထားပြီး တံခါးသွားကြည့်တော့ ပိတ်ရဲ့သား ဒါနော် သူတို့ရဲ့ပရိရာယ်လေးတွေလုပ်ပုံ။ တဂျွတ်ဂျွတ်နဲ့ နားညီးလာတာနဲ့ တော်ပါတော့အရှင်ဘုရားရယ် တပည့်တော်လည်း တရားပြရတာနဲ့ပင်ပမ်းလှပါပြီ အရှင်ဘုရားကျောင်းမှာလည်း တပည့်တော်နေမှာမဟုတ်ပါဘူး တရားလာပြတာပါ တရားပြပြီးရင်ပြန်မှာပါ ဒီညတညတော့ သီးခံပေးပါဆိုမှ အားလုံးတိတ်သွားတယ် အဲ့ဒီညဆိုကောင်းကောင်အိပ်ရတယ်။ တညလည်း တောက်ခေါက်လိုက်တာများ မကျေနပ်လို့ တောက်ခေါက်လိုက်တာ လန့်စရာ သိမ်ကြီးထဲမှာဆူညံသွားတယ် သူ့သိမ်ထဲလာနေတာ မကျေနပ်တာ ဒီမေတ္တာသုတ်တွေဘာတွေဆိုတာမရပါဘူး သူကတောင်ရွတ်ပြလိုက်ဦးမယ် အဲ့ဒီတော့ သူ့ကိုတောင်းပန်ရတယ်၊ အရှင်ဘုရားကျောင်းလည်းတပည့်တော်နေမှာမဟုတ်ပါဘူး တရားလာပြတာပါ နေပါလို့ပင့်ရင်တောင်မနေနိုင်ပါဘူး တပည့်တော်ကျောင်းတောင် တပည့်တွေလွှဲထားတာပါ အရှင်ဘုရားကျောင်းမနေပါဘူး ဒီတညတော့ခွင့်ပြုပါဆိုရင် နေပြန်တယ် တောင်ပန်ရင်နေတယ်၊ ဟာ ဆူလိုက်တာ မအိပ်ရဘူးဆိုရင် တညလုံးချပြီ အဲ့ဒါဆိုရင် သူကြမ်းတော့ ကိုယ်ကြမ်းပေး မင်းတုံးနဲ့ ဟိုထိုး ဒီထိုး ထိုးရင် သူငြိမ်သွားပြန်တယ်။

ဒီကြားထဲမှာ ငါးဆူတောင်မှာ ဓမ္မသာမိဆိုတာရှိတယ် သူကရွှေရင်ကျော် တစ္ဆေနိုင်တယ်ပေါ့၊ ဆရာတော် တပည့်တော်မောင်းကြည့်မယ်တဲ့.. မင်းသွားမလုပ်နဲ့ မနိုင်ပဲသွားလုပ်ရင် နှစ်ယောက်လုံးဒုက္ခရောက်မယ်ပြောတော၊ ရပါတယ်ပြောပြီး သိမ်ပေါ်တက်ဘာတွေလုပ်လည်းမသိဘူး အဲ့ဒီည တညလုံးမအိပ်ရဘူး ကြောက်စရာ သွပ်ပေါ်မှာလမ်းလျောက်နေတာ ကျွံပဲကျတော့မလို အဲ့သလောက်ကိုလုပ်တာ၊ မင်းလုပ်တာနဲ့ငါတောင်မအိပ်ရတော့ဘူးလို့.. ခါတိုင်းမေတ္တာရပ်ခံရင်ရတယ်၊ အဲ့ဒါ လူမပြောနဲ့ ဘုန်းကြီးလည်းရှိတာပဲ။

တွံတေးမှာ ကုန်ခဲ့နှစ် ၂၀ လောက်က တရားသွားပြတာ အခုလည်းရှိတယ် အဲ့ဒီသိမ် ပိတ်ပိတ်ထားရတယ်၊ ဘုန်းဘုန်းကလည်းမသိဘူးပေါ့ ကိုရင်လေးတပါးနဲ့ အဲ့ကိုသွားတော့ တိုက်ခန်းလေးတခန်းပေးတယ် လူတွေကလည်းများ ကျဉ်းတာနဲ့မနေချင်ဘူး လွတ်လွတ်လပ်လပ်ကျင့်နေချင်တာ ကိုယ့်အတွက်နဲ့သူများတွေလည်း အနှောက်အယှက်မဖြစ်စေချင်တာ သိမ်ကလည်းပိတ်ထားတာတွေ့တာနဲ့ ကိုရင် ဒီသိမ်ကဘာလို့ပိတ်ထားတာလည်းမေးတော့.. ကြာပြီ ဆရာတော်ပိတ်ထားတာ ရဟန်းခံမှာသာ ဖွင့်ပြီး ကျန်တဲ့အချိန်ဆိုပိတ်ထားတယ် သရဲခြောက်တယ်လို့တော့ပြောတာပဲတဲ့.. သူကဒီလောက်ပဲသိတာနဲ့ ဘုန်းကြီးတက်လျောက်ကြည့်တော့.. အေး အရှင်ဘုရားမို့လို့ပြောပြဦးမယ် ဒီသိမ်ကအင်မတန်ဆိုးတယ်ကွာ ညဘက်ကျလည်းအိပ်နေရင်ဆွဲချတယ်၊ လာသမျှပုဂ္ဂိုလ်တွေ နေ့ဘက်သာနေပြီး ညဘက်ဆိုပြောင်းအိပ်ရတယ် ခလေးတွေလန့်မှာစိုးလို့ပိတ်ထားရတယ်တဲ့..။

အရှင်ဘုရား ဒီလိုဆိုရင် တပည့်တော်နေကြည့်မယ်ဘုရား.. အေးလေ အရှင်ဘုရားကသမာဓိကောင်းတော့ ရချင်လည်းရမယ် နေကြည့်ပေါ့ဆိုတာနဲ့ အထဲသွားရှင်း ဆေးကြောပြီး နေ့လည်ကျတော့ သိမ်ထဲမှာဘယ်သူမှမရှိတော့ဘူးပေါ့ တံခါးတွေအကုန်ဖွင့်ပြီး အလယ်လောက်မှာ ဖျာတချပ်ခင်းပြီး.. ဒီသိမ်မှာစောင့်နေတဲ့ပုဂ္ဂိုလ်အပေါင်းတို့ ဘယ်လိုပုဂ္ဂိုလ်ဆိုတာ ပတည့်တော်သိခွင့်ပြုပါ သိပါရစေ အဓိဓါန်တင်ပြီးထိုင်နေတာ မျက်စိမှိတ်ထားတာ.. မကြာပါဘူး ၅ မိနစ်လောက်ဆို အရှေ့ဒေါင့်ဘက်ကနေပြီးတော့ ဘာထွက်လာလည်းဆိုရင် မြင်းခွါကြီးနဲ့ ခြေထောက်ကြီးထွက်လာတယ် တဖြည်းဖြည်း မြင်းကြီး စလိုးမိုးရှင်းနဲ့ထွက်လာတယ် ခွါကနေပြီး ခြေထောက် ဒူးဆစ်နားရောက်လာ ပေါင်နားရောက်လာတော့ နှုတ်သီးကြီးထွက်လာတယ် ပြီးတော့ ခေါင်းကြီးထွက်လာတယ် ခေါင်းတုံးကြီး နှုတ်ခမ်းကထူထူ မျက်နှာကြမ်းကြမ်း လည်တံကြီးက အရှည်ကြီးနဲ့ထွက်လာတယ်၊ ခေါင်းကြီးက ဘုန်းကြီးခေါင်း ကိုယ်လုံးကမြင်းကြီး ကြောက်စရာကြီး လာပုံကတဖြည်းဖြည်းထွက်လာတာ ဒီကလည်းကြည့်နေတာ တဝက်လောက်လည်းရောက်ရော့ စိတ်ကဖျတ်ဆိုသတိရသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့မရှိတော့ဘူး။ အော် သူပဲဆိုပြီး အဲ့ဒီနေရာကိုသွားကြည့်တာ တက်ရာခြေရာများရှိမလားလို့ မရှိဘူး သမံတလင်း အပေါ်ကလည်းဘာမှမရှိတာနဲ့ အပြင်ကထွက်ပြီးဒေါင့်နားသွားကြည့်တယ် မရှိတာနဲ့ မြေကြီးယက်ကြည့်တာ အောက်မှာ အုပ်တချပ်ကျေနေတယ် အဲ့မှာထပ်ယက်ကြည့်တာ အော် သူပဲ တွေ့သွားပြီ ဖါးပြုပ်ကြီး အကြီးကြီးပဲ၊ အော် မင်းကော မင်းဟာမင်းဒီမှာနေတာနေ ငါ့ကိုလည်းဘာမှမလုပ်ပါနဲ့ ငါ့တပည့်တွေလည်း ဘာမှခြောက်ခြင်း လှန့်ခြင်းမလုပ်ပါနဲ့ပြောပြီး ဘုန်းဘုန်းပြန်ပိတ်ထားခဲ့တယ်။

ကျောင်းပေါ်တက်သွားပြီး ဆရာတော်ကြီးဆီသွားလျောက်တာ.. ဆရာတော် ဒီသိမ်ကိုဆောက်တာ ဘယ်ဆရာတော်ဆောက်တာလည်း.. ငါကနှစ်ဆက်ရှိသွားပြီ ဟိုပထမအဆက်က ဆရာတော်ဆောက်တာတဲ့၊ ဒါဆိုရင် အဲ့ဆရာတော်ဟာ အညာသားလားမေးတော့ ဟုတ်တယ်အညာသားတဲ့၊ ဘုန်းဘုန်းတွေ့တာ အညာသားပုံကြီးကော။ ဒါနဲ့ ဆရာတော်သိမ်းထားတဲ့ သေတ္တာထဲကဓါတ်ပုံထုတ်ပြတာ ပုံကပျက်သလောက်ဖြစ်နေပြီ ခေါင်းပိုင်းကတော့ကျန်သေးတယ် ဘုန်းဘုန်းတွေ့တာနဲ့ တပုံတည်းသွားဖြစ်နေတယ်၊ ဟုတ်တယ်ဘုရား အဲ့ဒီပုဂ္ဂိုလ်ပဲလို့ အဲ့ဒီမှာသူစောင့်နေတယ် ကိုယ်လုံးကမြင်းကိုယ်လုံးကြီး ခေါင်းကဘုန်းကြီးခေါင်း တပည့်တော်တွေ့တယ်၊ သူကမနေနိုင်အောင်လုပ်နေတာဘုရား သူ့ကိုမေတ္တာရပ်ခံရင်ရပါတယ်လို့.. အေးလေ မင်းနေလို့ရရင်နေပေး သာသနာပြုပေးပါဆိုတာနဲ့ ဘုန်းဘုန်းအဲ့မှာ တရားစခန်းအမြဲတမ်းလုပ်ပေးတယ်။

ဒါလည်းဘုန်းကြီးပဲ အစွဲနဲ့ ဒါတွေကျချွတ်လို့လည်းမရဘူး ကိုယ်ကပရိတ်သွားရွတ်ကြည့်ပါလား သူတို့ကတောင်ပြန်ရွတ်ပြလိမ့်ဦးမယ် ရှေ့ဘုန်းကြီးတွေက ကိုယ့်ထက်တတ်တယ် လုပ်လို့မရဘူး မေတ္တာရပ်ခံရတယ်။ အဲ့လိုအစွဲတွေနဲ့နေကြပါတယ် လူတွေမှာလည်းအဲ့လိုအစွဲတွေနဲ့ရှိတယ်။ မစွဲဘူးဆိုတာအလကားပြောတာ အစွဲရှိတယ် ဒေါသရှိတဲ့သူက သူ့ရဲ့ဟိတ်က ငရဲရုပ်ကြီးပေါ်နေတယ်။ လောဘစိတ်နဲ့ ဦးစီးတဲ့ပုဂ္ဂိုလ်က ပြိတ္တာရုပ်ကြီးတွေ။ ဒါတွေကနားမလည်နိုင်ဘူး ဒေါသကြီးတဲ့သူက ကြည့်လိုက်တော့လူပေါ့ သူ့ရဲ့ဟိတ်ကိုကြည့်လိုက်တော့ ငရဲရုပ်ကြီး။ အင်မတန်ကြောက်စရာကောင်းတယ်။ မောဟနဲ့နေတဲ့ပုဂ္ဂိုလ်ကျ အလကားနေငိုက်နေတယ် မှိန်းနေတယ် ဘာပြောပြောနားမလည် အဲ့လိုလူတွေဟိတ်တွေကျတော့ တရိစ္ဆာန်တွေ ပုံတွေပေါ်ပါတယ်၊ သတ္တဝါတွေဟာဒီလိုပဲ လောဘဟိတ် ဒေါသဟိတ် မောဟဟိတ် ဟိတ်တွေနဲ့နေနေကြတာ အင်မတန်မှကြောက်စရာကောင်းပါတယ် အဲ့ဒီဟိတ်တွေကိုချနေရတာ ယောဂီတို့နားမလည်နိုင်ဘူး။

သံသရာတလျောက်လုံးစွဲလာခဲ့တဲ့ ဒီအစွဲ သမုဒယတွေပြတ်မှ ဒီသံသရာကနေလွတ်နိုင်မယ်။ အဲ့လိုလွတ်ဘို့ရာအတွက်ကလည်း ဝိပဿနာတရားကို စနစ်တကျ ကျင့်ကြံအားထုတ်မှသာလျင် လွတ်နိုင်ပါမယ်.. ယောဂီတို့ ကျိုးကျိုးစားစား အားထုတ်ကြပါလို့ ဘုန်းဘုန်းတိုက်တွန်းပါမယ်....။

( ဆရာတော်ကြီးရဲ့ စခန်းဝင်ယောဂီများအား တရားစခန်းတွင်းဟောကြားထားချက်မှ သံဝေဂယူနိုင်ဘွယ်ရာ ကောက်နှုတ်ပူဇော်အပ်ပါသည်.. )🙏🙏🙏

ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)

Address

Perth, WA

Alerts

Be the first to know and let us send you an email when Vizawdaya Theinn Perth Western Australia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Vizawdaya Theinn Perth Western Australia:

Shortcuts

Share