03/06/2026
ခရစ်ယာန်အများစုက ဘုရားကျောင်းရဲ့ ကိုးကွယ်ခြင်းစင်မြင့်ပေါ်က သီချင်းဆိုတဲ့သူတွေ၊ တီးတဲ့သူတွေကို "ဖျော်ဖြေသူ" လို့ထင်ပြီး၊ အောက်က ထိုင်ကြည့်နေတဲ့ ကိုယ့်ကိုယ်ကိုယ် "ပရိသတ်" လို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ တကယ့်သမ္မာတရားကတော့…
စင်ပေါ်ကလူရော အောက်ကလူပါ …အသင်းသားအားလုံးဟာ ဘုရားသခင်ထံသို့ ကိုးကွယ်ခြင်းနဲ့ ဆက်ကပ်ပူဇော်နေကြတဲ့ "အသင်းသူ/သားများ[ဖျော်ဖြေသူ] တွေ ဖြစ်ကြပြီး၊ ဘုရားသခင်တစ်ပါးတည်းသာလျှင် တစ်ဦးတည်းသော "ပရိသတ် (Audience)" ဖြစ်ပါတယ်။ ဒါကြောင့် လူတွေ စိတ်ကျေနပ်ဖို့ထက် ပရိသတ်ဖြစ်တဲ့ ဘုရားသခင် စိတ်ကျေနပ်ဖို့ (To please God) ကသာ အဓိက ဖြစ်ပါတယ် အဲ့ဒီအကြောင်းကိုအရင်ဆုံးပြောချင်ပါတယ်။
ဟုတ်ပြီ။ဝတ်ပြုကိုးကွယ်ခြင်း (Worship) အားလုံးရဲ့ ဦးတည်ချက်ဟာ "ဘုရားသခင် (God)" တစ်ပါးတည်းသာ ဖြစ်ပြီး၊ လမ်းကြောင်းကတော့ "အောက်မှ အထက်သို့ ဆန်တက်ခြင်း (Ascends)" ဖြစ်ပါတယ်ဗျာ။
ကျနော်တို့ဟာ နှစ်ပေါင်းရာချီပြီး သစ္စာရှိရှိ တည်တံ့ခဲ့တဲ့ "သမိုင်းဝင် ဓမ္မပညာ(Historic theology)" ကို မြတ်နိုးတယ်ဆိုရင်... အဲဒီ တရားဓမ္မပညာတွေ ကိန်းအောင်းနေတဲ့ "သမိုင်းဝင် ဓမ္မတေးကဏ္ဍ (Historic hymnology)" ကိုလည်း လက်မလွှတ်တမ်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။
သီချင်းအဟောင်းကြီးတွေ ဆိုပြီး[ ပြောတတ်ကြတာ ]ဖယ်ထုတ်လိုက်တာဟာ …သီချင်းကိုပဲ ဖယ်ထုတ်လိုက်တာ မဟုတ်ပါဘူး၊ အဲဒီသီချင်းထဲက လေးနက်တဲ့ ကျမ်းစာအမှန်တရား (Doctrine) တွေကိုပါ ဘုရားကျောင်းထဲကနေ ကန်ထုတ်ပစ်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်ဗျာ။
ဒါကြောင့်မို့လို့ပဲ ကျနော်တို့ဟာခေတ်ရေစီးကြောင်းအတိုင်း ပေါ့ပျက်ပျက် မမျောပါဘဲ …Hymns ဓမ္မသီချင်းတွေကို သစ္စာရှိရှိ ဆက်ဆိုနေကြရတာပါ။
ဘာကြောင့်မို့ အဓိက မထားကြရတာလဲ?
Hymns သီချင်းကြီးတွေထဲမှာ လေးနက်တဲ့ ကျမ်းစာအမှန်တရားတွေ (Obtuse/Deep theology) ပါဝင်နေတော့ လောကီလူတွေ နားမလည်ကြပါဘူး။မယုံကြည်သူတွေ (Non-believers) ဘုရားကျောင်းလာတဲ့အခါ စိတ်သက်တောင့်သက်သာဖြစ်ဖို့ (Comfortable)၊ သူတို့ နားယဉ်တဲ့ လောကီအသံတွေနဲ့ တူအောင် (Look and feel more like the world) ဘုရားကျောင်းဂီတကို ပြောင်းလဲပစ်ခဲ့ကြရတာပါ။
ညီအကိုမောင်နှမတို့ရေ၊
အလှပဆုံးနှင့် စိတ်နှလုံးကို ကယ်တင်ခြင်းဆီသို့ ပို့ဆောင်ပေးနိုင်ဆုံးသော ဂီတသည် ဘုရားသခင်ကို ဂုဏ်ပြုသော 'အသင်းတော်၏ ဂီတ' (Music of the church) သာ ဖြစ်သည်။
အဲ့ဒီ CHURCH မြူးဇစ်က အကောင်းဆုံး ဖြစ်ရန် လိုအပ်ပါတယ်…| ဘုရားသခင်သည် အကောင်းဆုံးသောအရာနှင့်သာ ထိုက်တန်တော်မူသောကြောင့်… ဘုရားသခင်ကို ပူဇော်တဲ့ ဂီတဟာ အပေါ်ယံ ပေါ့ပျက်ပျက် မဖြစ်ရပါဘူး။
"ဝိညာဉ်ရေးရာ တည်ဆောက်မှုအရှိဆုံး (Most edifying)"၊ "လှပတင့်တယ်ခြင်း (Beautiful)" နဲ့ "ဂုဏ်သိက္ခာရှိခြင်း (Honorable)" စတဲ့ အရည်အသွေးတွေ / ဂီတ စံနှုန်းတွေ ရှိရပါမယ်။
ကျနော်တို့အမြဲသီဆိုချီးမွမ်းကြတဲ့ ဓမ္မသီချင်းတွေဟာ ရာစုနှစ်တစ်ခုမက ကြာခဲ့ပေမဲ့ ယနေ့တိုင် ကမ္ဘာတစ်ဝန်းမှာ ထပ်ခါတလဲလဲ မရိုးနိုင်အောင်သီဆိုနေကြရတာ ဘာကြောင့်များလဲ?
ဉပမာအနေနဲ့…
"How Great Thou Art" ဓမ္မသီချင်းဖြစ်ပေါ်လာပုံက အရမ်းကိုထူးခြားပါတယ်။
ဒီ ဓမ္မသီချင်းကြီးရဲ့ ခရီးစဉ်ဟာ ဆွီဒင်နိုင်ငံရဲ့ မုန်တိုင်းထန်တဲ့ နေ့တစ်နေ့ကနေ စတင်ခဲ့တာ ဖြစ်ပြီး နိုင်ငံပေါင်းစုံ၊ ဘာသာစကားမျိုးစုံကို ဖြတ်သန်းခဲ့ရတဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်း ရှိခဲ့ပါတယ် ။
�ဆွီဒင်လူမျိုး သင်းအုပ်ဆရာတစ်ဦးဖြစ်တဲ့ ကားလ် ဘိုဘာ့ဂ် (Carl Boberg) ဟာ နေ့ခင်းဘက်တရက်မှာ လယ်ကွင်းပြင်ကို ဖြတ်လျှောက်လာရင်း ရုတ်တရက် လျှပ်စီးလက်၊ မိုးခြိမ်းပြီး ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုနဲ့ တိုးခဲ့ပါတယ် ။
ဒါပေမဲ့ ခဏအကြာမှာ မုန်တိုင်းဟာ ငြိမ်ကျသွားပြီး၊ ကောင်းကင်မှာ နေရောင်ခြည် ပြန်ပွင့်လာကာ ငှက်ကလေးတွေရဲ့ သီချင်းဆိုသံ ထွက်ပေါ်လာခဲ့ပါတယ်၊အဲ့ဒီအခါ သူဟာ ဒူးထောက်ပြပ်ဝပ်ပြီး ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း ကြီးမြတ်မှုကို အံ့ဩချီးမွမ်းကာ "O Store Gud" (အို ကြီးမြတ်သော ဘုရား) ဆိုတဲ့ …မုန်တိုင်းထဲမှ ကဗျာတစ်ပုဒ် (ဆွီဒင် - ၁၈၈၅) အဖြစ်စတင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများအရ သိနိုင်ပါတယ်။�နောက်ပိုင်း အဲ့ဒီကဗျာကို ဆွီဒင်ရိုးရာသံစဉ်တစ်ခုနဲ့ တွဲဖက်ပြီး သီချင်းအဖြစ် ဆိုလာကြရာကနေ ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ကြပါတယ် ။ထို့နောက် ရုရှားနိုင်ငံသား တစ်ဦးက ရုရှားဘာသာသို့ ထပ်မံ ပြန်ဆိုခဲ့ပါတယ် …ဒါက (၁၉၀၇-၁၉၁၂ ကြားကာလလောက်မှာပါ)
�အဲ့ဒီလိုနဲ့ …အင်္ဂလိပ်လူမျိုး သာသနာပြုဆရာတစ်ဦးဖြစ်တဲ့ စတူးဝပ် ဟိုင်းန် (Stuart K. Hine) ဟာ ယူကရိန်းနိုင်ငံက တောင်ပေါ်ရွာလေးတွေမှာ သာသနာပြုနေရင်း... မုန်တိုင်းသံတွေကြားထဲကနေ ရုရှားဘာသာနဲ့ ဘုရားသခင်ကို ချီးမွမ်းနေတဲ့ ရွာသားတွေရဲ့ သီချင်းသံကို ကြားခဲ့ရပါတယ် …သူဟာ … ခေတ်စကားနဲ့ပြောရရင် (ဟပ် )ထိသွားပြီး ထိုရုရှားသီချင်းကို အခြေခံကာ ယနေ့ကျနော်တို့ ဆိုနေကြတဲ့ "How Great Thou Art" ဆိုတဲ့ အင်္ဂလိပ်စာသား (၄) ပိုဒ်ကို ကိုယ်တိုင် ဖြည့်စွက် ရေးစပ်ခဲ့တာ ဖြစ်ပါတယ် ။အချိန်ကတော့ ၁၉၃၁ ဝန်းကျင် ယူကရိန်းနိုင်ငံ) ဒီသီချင်းကို ကမ္ဘာကျော်သွားစေတာကတော့ ဓမ္မဆရာကြီး ဘီလီဂရေဟမ် (Billy Graham) ရဲ့
နယူးယောက်မြို့ မဟာဝတ်ပြုပွဲကြီးမှာ P/W ခေါင်းဆောင် ကလစ်ဖ် ဘာရိုးစ် (Cliff Barrows) နဲ့ ဂျော့ခ်ျ ဘီဗာလီ ရှိး (George Beverly Shea) တို့က ရက်သတ္တပတ်ပေါင်းများစွာ ထပ်ခါတလဲလဲ သီဆိုချီးမွမ်းခဲ့ရာကနေ ကမ္ဘာတစ်ဝန်းမှာ မသိသူမရှိ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။
သီချင်းကို ဆွီဒင်တောအုပ်ထဲမှာ ဆိုလည်း ရတယ်၊ ယူကရိန်းတောင်ပေါ်မှာ ဆိုလည်း ရတယ်၊ ဒီနေ့ခေတ် ဧည့်ခန်းထဲမှာ တစ်ယောက်တည်း (Privately) ဆိုလည်း ရသလို၊ ဘုရားကျောင်းထဲမှာ လူအုပ်ကြီးနဲ့ စုပေါင်း (Collectively) ဆိုလည်း ရပါတယ်။ အကြောင်းကတော့ ဒီသီချင်းဟာ ဘုရားသခင်ထံသို့ တိုက်ရိုက် ဆန်တက် (Ascends to God) သွားတဲ့ စစ်မှန်တဲ့ ကိုးကွယ်ခြင်းကို ပေးစွမ်းနိုင်လို့ ဖြစ်ပါတယ်ဗျာ။ ကောင်းပါပြီ။
၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ (Jesus Movement နှင့်အတူ) အပြင်က လောကီ Rock အဖွဲ့တွေကို အတုယူပြီး Stryper, Skillet, သို့မဟုတ် P.O.D. စတဲ့ "Christian Rock / Metal Bands" တွေ ကမ္ဘာမှာ အင်မတန် အောင်မြင်လာခဲ့ပါတယ်။
အဲ့ဒီတီးဝိုင်းတွေရဲ့ သီချင်းတွေဟာ စာသားအရ အလွန်လေးနက်ပြီး ဧဝံဂေလိတရား (Gospel) ကို အားကောင်းမောင်းသန် ဟောပြောထားတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ခရစ်ယာန်လောကထဲမှာတင် Rock ဂီတက နေရာတစ်ခု ရလာတဲ့အတွက် အသင်းတော် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွေထဲအထိ စိမ့်ဝင်ခွင့်ပြုလာကြတာ ဒီကနေ့ထိတိုင်အောင်ဖြစ်ပါတယ်။
ဒီကနေ့…
အသင်းတော်တော်များများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ လူငယ်တွေ ဘုရားကျောင်း မလာကြတော့တာ ဖြစ်ပါတယ်။ ခေတ်သစ် ဓမ္မအမှုတော်ဆောင်[ ဒီစကားလုံးကိုပဲအသုံးပြုချင်ပါတယ်]တွေက ဂီတဆိုတာ "သတင်းစကားကို သယ်ဆောင်တဲ့ ယာဉ် (Vehicle)" မျှသာ
ဖြစ်တယ်လို့ ယူဆကြပါတယ်။သူတို့အမြင် တွေက…
လူငယ်တွေ နေ့စဉ်နားထောင်နေတဲ့ ခေတ်ပေါ် ဂီတ စတိုင်တွေနဲ့ ချဉ်းကပ်မှသာ သူတို့တွေ ဘုရားကျောင်းကို စိတ်ဝင်စားလာမယ်၊ ကျမ်းစာတရားကို နားထောင်ဖို့ လမ်းပွင့်လာမယ်လို့ ယုံကြည်ကြပါတယ်။
ဒါက ဂီတကို ငါးမျှားချိတ်လို သုံးပြီး လူငယ်တွေကို အသင်းတော်ဆီ ဆွဲခေါ်ဖို့ ရည်ရွယ်တာပဲဖြစ်ပါတယ်။
Rock / Heavy Metal စတိုင်ကို ခွင့်ပြုထားတဲ့အသင်းတော်တွေရဲ့ ခိုင်မာတဲ့ အယူအဆတစ်ခုကတော့ "ဂီတသံစဉ် သက်သက်မှာ ကောင်းခြင်း၊ ဆိုးခြင်း (သို့မဟုတ်) သန့်ရှင်းခြင်း၊ ညစ်ညမ်းခြင်း မရှိဘူး" ဆိုတဲ့ အချက် ဖြစ်ပါတယ်။
သူတို့အဆိုက…Rock ဂီတရဲ့ ဒရမ်သံ၊ လျှပ်စစ်ဂစ်တာသံတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေက ထွက်လာတဲ့ အသံလှိုင်းတွေသာ ဖြစ်တယ်။ အဓိကအရေးကြီးတာက သီချင်းရဲ့ "စာသား (Lyrics)" ဖြစ်တယ်လို့ပြောကြပြန်ပါတယ်။အဲ့ဒီစာသားကသာ ဘုရားသခင်ကို ချီးမွမ်းတဲ့ သမ္မာတရား ဖြစ်နေမယ်ဆိုရင် နောက်ခံတီးလုံးက Rock ဖြစ်ဖြစ်၊ Metal ဖြစ်ဖြစ် ပြဿနာမရှိဘူးလို့ သူတို့က သတ်မှတ်ကြပါတယ်။
ကျမ်းစာထဲက ဆာလံကျမ်းအချို့ (ဥပမာ - ဆာလံ ၁၅၀) မှာ ဘုရားသခင်ကို ချီးမွမ်းတဲ့အခါ တံပိုးမှုတ်ခြင်း၊ စောင်းတီးခြင်းတင်မကဘဲ "လင်းကွင်းပြားကြီးများ"၊ "အသံကျယ်သော လင်းကွင်းများ" နဲ့ သောင်းသောင်းဖျဖျ ချီးမွမ်းဖို့ ရေးသားထားတာ ရှိပါတယ်။
အဲ့ဒီပုဂ္ဂိုလ်တွေရဲ့အမြင်က ဘာလဲဆိုတော့…Heavy Metal သို့မဟုတ် Rock ရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်ဟာ ဘုရားသခင်အပေါ် ထားရှိတဲ့ သူတို့ရဲ့ "စိတ်အားထက်သန်မှု (Zeal)" နဲ့ "ဝမ်းမြောက်လှုပ်ရှားမှု" ကို ဖော်ပြဖို့ အကောင်းဆုံး ဖြစ်တယ်လို့ ယူဆကြပါတယ်။ငြိမ်သက်အေးဆေးတဲ့ ပုံစံထက် တက်ကြွပေါက်ကွဲတဲ့ ခွန်အားနဲ့ ဘုရားသခင်ကို ပူဇော်ချင်တဲ့ ဆန္ဒကြောင့် လို့ သူတို့ရဲ့ရည်ရွယ်ချက်ကိုလည်းထုတ်ဖေါ်ခဲ့ကြပါတယ်။
လူတစ်ယောက်ဟာ ကျမ်းစာကို ဘယ်လောက် နားလည်သလဲဆိုတာ ၊ ဘုရားသခင်နှင့် personal relationship ဘယ်လိုရှိတယ်ဆိုတာ…သူတို့ သီဆိုတဲ့ သီချင်းစာသားတွေက သက်သေခံပါတယ်။
လေးနက်တဲ့ (Doctrine) တွေကို နားလည်တဲ့ အသင်းတော်ဟာ လေးနက်တဲ့ သီချင်းတွေကိုပဲ ရွေးချယ်သီဆိုကြမှာပါပဲ။ဂီတဟာ ဖျော်ဖြေရေး မဟုတ်ဘဲ မိမိတို့ နားလည်ထားတဲ့ သမ္မာတရားနှင့် အဖဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်မှုတွေကို ထုတ်ဖော်ပြသခြင်း (Reflection) လို့ပဲ ကျနော်အနေနဲ့ခံယူပါတယ်။
စောစောကအကြောင်းအရာနဲ့ပြန်ဆက်ရအောင်…
Hymns ဓမ္မသီချင်းကြီးတွေက ဘာလို့ နှစ်ပေါင်းရာချီ တည်တံ့နေသလဲဆိုရင် သူတို့ထဲမှာ မှားယွင်းမှုမရှိတဲ့ ")Sound Doctrine)" တွေ စာသားအဖြစ် ပါဝင်နေလို့ ဖြစ်ပါတယ်။
Hymn သီချင်းတွေကို ဆိုခြင်းဟာ သီချင်းဆိုနေခြင်းသက်သက် မဟုတ်ဘဲ မိမိတို့ ယုံကြည်တဲ့ သီအိုလော်ဂျီ (Theology) ကို တစ်ဦးချင်းကော၊ အသင်းတော်တခုလုံးပါ ကမ္ဘာသိ ကြေညာမောင်းခတ်နေခြင်း ဖြစ်လို့ ကိုးကွယ်ခြင်းရဲ့ အထွတ်အထိပ်လို့ ဆိုနိုင်ပါတယ်။
အကယ်၍စိတ်လှုပ်ရှားမှု သက်သက်ကိုသာ ဦးတည်မောင်းနှင်နေမယ်ဆိုရင်…ဂီတသည် အတုအယောင် ကိုးကွယ်ခြင်းပုံစံသာ ဖြစ်ပြီး (စစ်မှန်သော) ကိုးကွယ်ခြင်း မဟုတ်ပါ။
စစ်မှန်သော ကိုးကွယ်ခြင်းသည် နှလုံးသားထဲမှ ထွက်ပေါ်လာသော ခံစားမှုဆိုင်ရာ တုံ့ပြန်မှုဖြင့် သမ္မာတရားကို နှုတ်က ထုတ်ဖော်ခြင်း ဖြစ်ရမည်။
ဂီတ၏ အဓိကအချက်မှာ စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ဆွဲနှိုးရန် မဟုတ်ဘဲ၊ 'စိတ်အသိဉာဏ်' နှင့် 'နားလည်သဘောပေါက်မှု' အပေါ် ခံစားချက်များက ပြန်လည်တုံ့ပြန်ခွင့် ရရှိစေရန် အခွင့်အလမ်းကို ဖန်တီးပေးဖို့သာ ဖြစ်သည်။
ဆရာကြီးတပါးကပြောပါတယ်…
သူဘုရားကျောင်းတစ်ခုအတွင်းသို့ လှမ်းဝင်လိုက်တာနဲ့… အဲ့ဒီမှာ အသုံးပြုနေသော ဂီတနှင့် လူတို့၏ စိတ်နေသဘောထားကို ကြည့်ရုံဖြင့် အဲ့ဒီသူတွေဟာ ဒေသနာပိုင်းဆိုင်ရာ (Doctrinally) နှင့် ကျမ်းစာပိုင်းဆိုင်ရာ (Biblically) အရ မည်မျှအထိ နားလည်သဘောပေါက်ထားသလဲ ဒါမှမဟုတ် / ဘာတခုမှ နားမလည်ကြောင်းကို အချိန်၅ မိနစ်ခန့်အတွင်း ပြောပြနိုင်တယ်လို့ဆိုပါတယ်။
#သခင့်ထံမှာနည်းခံကြလော့
Crd to original
#ဘုရားသခင်ဆက်လက်ညွှန်ကြားပါစေ
#ကျေးဇူးတော်ကြောင့်သာ
#ဖတ်ပေးသည့်အတွက်ကျေးဇူးတင်ပါ၏