Khai Pu

Khai Pu This page is for sharing the Gospel of God, the goodness of God and intending to God Glorious.

04/09/2026

ရှောလုအတွက် ကြောက်စရာဖြစ်တဲ့
ဂေါလျက်ကို
ဒါဝိတ်က အခွင့်အရေးလို့မြင်ခဲ့တယ်

ဣသရေလတွေက ကိုယ်နိူင်းနဲ့ပြီး စိတ်ပျက်ခဲ့တဲဲ့
ခါနန်ကလူတွေကို ယောရူနဲ့ကာလက်က
စားစရာလို့ လို့ဝန်ခံခဲ့တယ်

ခါသီးခြင်းတွေပြည့်နှက်နေတဲ့
နောမိကို
ရုသက တန်ဖိုးထားလေးစားခဲ့တယ်

​လူချင်းတူ၊ပြသနာချင်းတူပေမဲ့
အမြင်မတူ၊ခံယူပုံမတူကြတဲ့
သူတို့ဘဝတွေဟာ သူတပါးနဲ့ ခြားနားခဲ့တယ်။

အခက်အခဲထဲမှာ အခွင့်အရေးတွေရှိပါတယ်
ပျက်သွားတဲ့မျိူးစေ့ထဲ မှာအပင်သစ်ရှိပါတယ်
ပိတ်သွားတဲ့တံခါးနားမှာ လမ်းသစ်တွေရှိတယ်
ပြသနာကြုံမှ ကိုယ့်ကိုပစ်ထားသွားတဲ့
လူတွေ တဖက်မှာ ဖေါ်မွန်ကောင်း
မိတ်ဆွေတွေရှိပါသေးတယ်

ပြသနာဆိုတာကတော့ တစ်ကမ္ဘာလုံးကြုံကြတာပဲ
အခက်အခဲကတော့ လူတိုင်းရင်ဆိုင်ရတာပဲ
စိတ်ညစ်စရာတွေလဲ အားလုံးကိုယ်စီ ရှိကြမှာပဲ
ဒါပေမဲ့ ကြုံတွေဖြစ်ပျက်နေသမျှအရာတွေကို
ကျွန်တော်တို့ ဘယ်လိုမြင်
ဘယ်လိုခံယူနေကြပါသလဲ?

စိတ်ညစ်နေရင်တောင် စိတ်မပုတ်ပါနဲ့
ကျရူံးခဲ့ရင်တောင် သူတပါးကိုလက်ညိုးမထိုးနဲ့
အားငယ်မိတောင် မနာလိုစိတ်တော့မထားနဲ့
ငိုနေရတောင် မျော်လင့်ချက်တော့မပျက်နဲ့

ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။

ပြသနာတူပေမဲ့
အမြင်မတူရင်.... ရလဒ်ကကွာပါတယ်

Rupert Thaung

02/09/2026

တန်ဖိုးကြီးတဲ့ လူ့ကျင့်၀တ် (၅၂)
******************************
"ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ ရွေးစရာကောင်း၏။..." (သုတ္တံ ၂၂း၁)

၁။ ခက်ခဲရင်တောင် အမှန်အတိုင်း ပြောပါ။
၂။ ကတိတည်ပါ၊ ပေးထားတဲ့ စကားအတိုင်း လုပ်ပါ။
၃။ အမှားကို ဝန်ခံပြီး တာဝန်ယူပါ။
၄။ သူတပါးကို လေးစားသမှုရှိရှိနဲ့ တန်ဖိုးထား ဆက်ဆံပါ။
၅။ အောင်မြင်ချိန်ရော ကျရှုံးချိန်မှာပါ နှိမ့်ချပါ။
၆။ ပြောတဲ့စကားနဲ့ လုပ်တဲ့အလုပ် ထပ်တူကျပါစေ။
၇။ မှန်ကန်တဲ့ဘက်က ရပ်တည်ပါ။
၈။ အတင်းပြောတာနဲ့ အပုပ်ချတာတွေကို ရှောင်ပါ။
၉။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ မျှမျှတတ လုပ်ပါ။
၁၀။ သူတပါးရဲ့ စည်းနဲ့ လွတ်လပ်ခွင့် (Personal space) ကို လေးစားပါ။
၁၁။ ကိုယ်သက်သာဖို့ထက် ရိုးသားမှုကို ပိုတန်ဖိုးထားပါ။
၁၂။ ခက်ခဲတဲ့အခြေအနေတွေမှာ စိတ်ရှည်ပါ။
၁၃။ ကျေးဇူးသိတတ်မှုကို အမြဲပြသပါ။
၁၄။ ကိစ္စကြီးကြီးငယ်ငယ် အားကိုးရတဲ့သူ ဖြစ်ပါစေ။
၁၅။ ကိုယ့်အချိန်ရော သူတပါးအချိန်ကိုပါ လေးစားပါ။
၁၆။ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရား ပျက်စီးစေမယ့် ဖြတ်လမ်းနည်းတွေကို ရှောင်ပါ။
၁၇။ ကိုယ်ချင်းစာတရားနဲ့ ကရုဏာတရား ထားရှိပါ။
၁၈။ စကားဖြတ်မပြောဘဲ သေချာနားထောင်ပေးပါ။
၁၉။ လျှို့ဝှက်ချက်တွေကို ထိန်းပါ၊ ယုံကြည်မှုကို စောင့်ရှောက်ပါ။
၂၀။ ဆက်ဆံရေးတွေမှာ ပွင့်လင်းမြင်သာမှု ရှိပါ။
၂၁။ ရာထူး/အဆင့်အတန်း မခွဲခြားဘဲ လူတိုင်းကို အတူတူ ဆက်ဆံပါ။
၂၂။ စေတနာနဲ့ ဝေဖန်တာတွေကို ကျေကျေနပ်နပ် လက်ခံပါ။
၂၃။ သူတပါးကို စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်ပါ။
၂၄။ ဟန်ဆောင်တာနဲ့ မုသားပါတဲ့ အမူအကျင့်တွေကို ရှောင်ပါ။
၂၅။ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပါ။
၂၆။ ပြန်ရဖို့ မမျှော်လင့်ဘဲ ရက်ရောပါ။
၂၇။ ဥပဒေနဲ့ စည်းကမ်းတွေကို လိုက်နာပါ။
၂၈။ ရလဒ်ထက် ကြိုးစားအားထုတ်မှုကို ပိုတန်ဖိုးထားပါ။
၂၉။ သူတပါးကို အကောင်းဆုံး ကြိုးစားဖို့ တိုက်တွန်းပေးပါ။
၃၀။ လှည့်ကွက်တွေသုံးတာနဲ့ လှည့်ဖြားတာတွေကို ရှောင်ပါ။
၃၁။ လူကွယ်ရာမှာရော လူရှေ့မှာပါ မပြောင်းလဲဘဲ တည်ငြိမ်ပါ။
၃၂။ အခက်အခဲတွေကြားထဲမှာ သတ္တိရှိပါ။
၃၃။ ယဉ်ကျေးမှုနဲ့ လူတစ်ဦးစီရဲ့ ကွဲပြားမှုတွေကို လေးစားပါ။
၃၄။ နေ့စဉ် စေတနာထားပြီး လိုအပ်သူ​တွေကို ကူညီပါ။
၃၅။ ထင်းလွန်တာနဲ့ ထောက်လွှတ်တာ (မာနကြီးတာ) တွေကို ရှောင်ပါ။
၃၆။ ပြောလိုက်မယ့် စကားတွေကို သတိထားပါ။
၃၇။ ကိုယ့်တာဝန်တွေကို အချိန်မဆွဲဘဲ ချက်ချင်းလုပ်ပါ။
၃၈။ နာမည်ကြီးဖို့ထက် ကိုယ်ကျင့်တရားကောင်းဖို့ ပိုတန်ဖိုးထားပါ။
၃၉။ မိသားစုနဲ့ သူငယ်ချင်းတွေအပေါ် သစ္စာရှိပါ။
၄၀။ သူတပါးကို မတရား အပြစ်ပုံချတာမျိုး မလုပ်ပါနဲ့။
၄၁။ ပြိုင်ဆိုင်မှုတွေမှာ မျှမျှတတ ယှဉ်ပြိုင်ပါ။
၄၂။ သဘာဝပတ်ဝန်းကျင်နဲ့ အရင်းအမြစ်တွေကို တန်ဖိုးထားပါ။
၄၃။ အကျင့်စရိုက်တွေမှာ စည်းကမ်းရှိပါ။
၄၄။ လဲကျရင် ပြန်ထနိုင်တဲ့ စိတ်ဓာတ်ရှိပါ။
၄၅။ သူတပါးကိုလည်း ရိုးသားဖို့ တိုက်တွန်းပါ။
၄၆။ သူတပါးရဲ့ အားနည်းချက်ကို အခွင့်ကောင်းမယူပါနဲ့။
၄၇။ ငွေကြေးကိစ္စတွေမှာ ရှင်းရှင်းလင်းလင်းနဲ့ စည်းကမ်းရှိပါ။
၄၈။ လူတိုင်းကို ရိုရို​သေ​သေ ​လေး​လေးစားစား ပြောဆိုဆက်ဆံပါ။
၄၉။ သင်ယူခြင်းနဲ့ တိုးတက်မှုကို အမြဲတန်ဖိုးထားပါ။
၅၀။ စမ်းသပ်မှုတွေနဲ့ ကြုံရရင်တောင် ကိုယ့်မူအတိုင်း စောင့်ထိန်းပါ။
၅၁။ မ​သေခင်မှာ ငရဲမှကယ်တင်နိုင်တဲ့ ​ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်ပါ။
၅၂။ အချိန်ရှိခိုက် တတ်နိုင်သ​လောက် ဘုရားသခင်ရဲ့အမှု​တော်မြတ်၌ ဆက်ကပ်ပါ၀င်ပါ။
@စေတနာစိတ်ရှိရင် ဒီအ​ကြောင်းကို သူများဆီမှာ Share လိုက်ပါ။

#လင်းထွန်းရဲ့ဘ၀သင်ခန်းစာများ

29/08/2026

"ဘုရားအတွက် အစေခံခြင်းဆိုတာ
လူတွေဆီမှာ အစေခံခြင်းဖြစ်တယ်"

▪Rev. Zaw Thu Linn

“ရွာပြင်ရောက်ချင်လဲ ရောက်ပါစေတော့”

သမ္မာတရားကို သိလျှင် လွှတ်ခြင်းအခွင့်ကို ရလိမ့်မည်(The truth shall make you free) ။ ယုံကြည်သူတွေ သမ္မာတရားသေချာသိဖို့လိုတယ်။ ဓမ္မသစ်ကာလမှာ ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်တယ်။ “ယေရှုခရစ်အားဖြင့်အပြစ်နှင့်ကင်းစင်၍ ဓမ္မယဇ်ကို ပူဇော်ရသော ယဇ်ပုရောဟိတ်မျိုးဖြစ်ကြ၏”လို့ဖေါ် ပြထားတယ်။ ယုံကြည်သူဟာ အတတ်ပညာရှင်၊ အနုပညာရှင်၊ ကျန်းမာရေးဝန်ထမ်း၊ စျေးသည်၊ ကုန်သည်အဖြစ် အသက်မွေးဝမ်းကျောင်းအလုပ်လုပ်မယ်။ ဒါဟာအမှားမဟုတ်ဘူး။ သင်ဘာအလုပ်ဘဲ လုပ်သည်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်ခြင်းက မပြောင်းဘူး။ သင်ရှိတဲ့လုပ်ငန်းခွင်မှာ သင့်အားဖြင့် ဧဝံဂေလိတရားပြန့်ပွါးဖို့ ဘုရားအကြံအစည်
တော်ဖြစ်တယ်။
"ဒါကိုသေချာနားလည်ရမယ်"

လောကကြီးထဲမှာ သင်အလုပ်လုပ်နေတာ အမှားမဟုတ်ဘူး။ လောကကြီးထဲမှာ အလုပ်လုပ်ရတာ ပင်ပန်းလို့ တရားဟောဆရာတွေကို အားကျပြီး အတင်းအလုပ်တွေထွက် တရားတွေ လိုက်ဟောလုပ်နေရင် မှားတယ်။ သဘောပေါက်။ ဒီခေတ်မှာ အဲ့လိုလူတွေ များလာတယ်။
ဒါဆို မေးစရာဖြစ်လာတယ်။

ဘုရားအလုပ်ကိုဘဲ လုံးဝဦးစားပေးလုပ်တာမှားသလား?
သိပ်ကောင်းတဲ့မေးခွန်း(Good question)

ပထမဆုံး လူတိုင်းကို ဘုရားက ဧဝံဂေလိတရားနဲ့ ခေါ်တယ်။ ကယ်တင်ခြင်းသို့ ရောက်ဖို့။ ဘုရားသားသမီးဖြစ်ဖို့။

ဒုတိယအနေနဲ့ သူ့ရဲ့အမှုတော်ကို လုံးဝဦးစားပေးအသက်ရှင်ဖို့။ ဘုရားခေါ်သံ(God’s calling)ရှိသေးတယ်။

God’s calling မရဘဲ လုပ်နေရင် အမှားဘဲ။ အလုပ်ကနေ ထွက်ပြီး အမှုတော်အတွက်ဘဲ အပြည့်အဝဆက်ကပ်မယ်ဆိုရင် ဒုတိယခေါ်ခြင်းကို သေချာခံစားရဖို့ လိုတယ်။ အလုပ်က ထွက်ပြီး အသင်းတော်မှာ အစေခံရင် ဘုရားက သင့်စားဝတ်နေရေးတာဝန်ယူတယ်။ ဒီလိုပြောလို့ ညဖက်ဘုရားက အစားအစာတွေ လာပေးတာ မဟုတ်ဘူး။ ဘုရားရဲ့အသင်းတော်ကနေတဆင့် တာဝန်ယူပေးတာ။ အသင်းတော်က သင့်ရဲ့စားဝတ်နေရေးကို တာဝန်ယူမယ်။ ဒါက ဘုရားအစီအစဉ်။ အသင်းတော်က တာဝန်ယူတယ်ဆိုတာ အသင်းသူ/သား တွေက ဝိုင်းဝန်းပံ့ပိုးကြတာပေါ့။ သူတို့ပေးလှူတာကို စားရင်၊ သင်က သူတို့ကို ပြန်
ပေးဆပ်ရမယ်။ ပြန်အစေခံရမယ်။

"ဘုရားသခင်အတွက် အစေခံခြင်းဆိုတာ လူတွေဆီမှာ အစေခံခြင်းဖြစ်တယ်"

သေချာစဉ်းစားကြည့်။ ဘုရားသခင်က ဗိုက်မဆာဘူး။ ဘာမှ သွားကျွေးစရာမလို။ သင့်ပါတ်ဝန်းကျင်မှာ ဆာလောင်သူတွေ ရှိမယ်။ ကျွေးပါ။ ဘုရားသခင်မှာ ဘာပြသနာအခက်အခဲမှ မရှိဘူး။ သင့်ပါတ်ဝန်းကျင်က လူတွေမှာ ရှိတယ်။ ကူညီဖြေရှင်းပေးရမယ်။ ဘုရားသခင်က မဖျားနာဘူး။ ဘာမှပြုစုစရာမလို။ သင့်ပါတ်ဝန်းကျင်မှာ ဖျားနာသူတွေ ရှိမယ်။ ပြုစုပေးဖို့လိုအပ်တယ်(ဘုရားသခင်အတွက် အစေခံခြင်းဆိုတာ တရားဟောတာဘဲလို့ ထင်နေတဲ့တဖက်ပိတ်တွေ ရှိတယ်) ။

အစေခံခြင်း(Servant )ကို သေချာသဘောမပေါက်ဘဲ တရားပလ္လင်မှာ တောင်ပြောမြောက်ပြောပြောတဲ့သူတွေ များလာတယ်။ “လူသားသည် သူတပါးကို စေစာခြင်းငှါမလာ အစေခံခြင်းငှါလာ၏”သခင်ယေရှုက သေချာပြောပြထားတာဘဲ။
သေချာစဉ်းစားကြည့်စမ်းပါ။
အမှုတော်ဆောင်က သူ့ရဲ့စားဝတ်နေရေးကို ဘုရားက ပြင်ဆင်ပေးတယ်လို့ပြောတယ်။ ဘုရားက ဘယ်လိုပြင်ဆင်လဲလို့မေးရင် လူတွေ (သို့မဟုတ်) ဘုရားသားသမီးတွေအားဖြင့် ပြင်ဆင်ပေးတယ်။ ထိုနည်းတူ "ဘုရားအတွက် အစေခံတယ်ဆိုရင်လဲ လူတွေဆီမှာ အစေခံခြင်းဆိုတာ သဘောပေါက်ရမယ်"

"ဘုရားအတွက် အစေခံတယ်ပြောပြီး လူတွေဆီမှာ အစေမခံတတ်ရင် လူတွေကို ပြန်ခိုင်းစားနေရင် အလုပ်လုပ်နေသူတွေကို အမှားလုပ်သလို ပြောနေထင်နေသင်နေရင်တော့ “သင်၌တခုတော့ လိုသေးသည်” ဆိုတာထက် ပိုဆိုးပါတယ်” သင်၌ အများကြီးလိုသေးသည်”လို့ ပြောရမယ်" အချုပ်ပြောရရင် သင်အလုပ်လုပ်နေတာ အမှားမဟုတ်ဘူး။ သူများစကားနားယောင်ပြီး ထွက်မလာနဲ့။ လုပ်ငန်းခွင်ထဲမှာ သင့်အားဖြင့် အသက်ရှင်သောဘုရားကို သိမြင်ခံစားဖို့ထားတယ်ဆိုတာ သိဖို့လိုတယ်။......

ကျွန်တော်သဘောကျ ခွန်အားရလို့ ဆရာ့ကို ခွင့်တောင်းပြီး ပြန်လည်မျှဝေပေးပါတာပါ။ ဓမ္မမိတ်ဆွေများလည်း တစ်ခုခုရမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

မောင်သာကျော် (ဖြစ်ရပ်မှန်)
29 August 2026 - Saturday

28/08/2026

လောက က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ၊

နိယာမတွေထက် ဘုရား သတ်မှတ်ထားတဲ့

စံချိန်စံညွှန်းအတိုင်း၊ နိယာမအတိုင်း

အသက်ရှင်သောသူဖြစ်ဖို့ သာ၍

အရေးကြီးပါတယ် မိတ်ဆွေ။

25/08/2026

တစ်ခါတလေ ဘုရားသခင်က ကျွန်ုပ်တို့ကို အသုံးပြုဖို့အတွက် အရင်ဆုံး ကျွန်ုပ်တို့အတွင်းက အားကိုးမှုတွေ၊ မာနတွေ၊ ကိုယ့်ကိုယ်ကို အားကိုးလိုစိတ်တွေကို ချိုးဖဲ့ပေးတတ်ပါတယ်။

ချိုးဖဲ့ခြင်းဟာ ပျက်စီးသွားဖို့ မဟုတ်ပါဘူး။ ဘုရားသခင်အပေါ် ပိုမိုမှီခိုတတ်လာဖို့၊ ကိုယ့်အလိုထက် ကိုယ်တော်ရဲ့အလိုကို ရွေးချယ်တတ်လာဖို့ ပြင်ဆင်ပေးခြင်း ဖြစ်နိုင်ပါတယ်။

တစ်ခါတလေ နာကျင်မှုတွေက ဘာကြောင့်ဖြစ်လာသလဲဆိုတာ ချက်ချင်းနားမလည်နိုင်ပါဘူး။ ဒါပေမယ့် ဘုရားသခင်က သင့်ကို စွန့်ပစ်ထားတာ မဟုတ်ပါဘူး။ သင့်အတွင်းမှာ ပိုနက်ရှိုင်းတဲ့ ယုံကြည်ခြင်းနဲ့ ပိုခိုင်မာတဲ့အသက်တာကို တည်ဆောက်နေတော်မူနိုင်ပါတယ်။

ချိုးဖဲ့ခြင်းက အဆုံးသတ်မဟုတ်ပါဘူး။
ဘုရားသခင်က သင့်ကို ပိုမိုအသုံးပြုနိုင်ဖို့ ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ် ဖြစ်နိုင်ပါတယ်။ 🙏✝️

— David Wilkerson

📖 “ထာဝရဘုရားသည် ကျိုးပဲ့သောနှလုံးရှိသောသူတို့နှင့် နီးတော်မူ၏။ နှိမ့်ချသောစိတ်ရှိသောသူတို့ကို ကယ်တင်တော်မူ၏။”
ဆာလံ ၃၄:၁၈

18/08/2026

"မဆိုင်သလိုလိုနဲ့ ရသွားတယ်"

"ရှမွေလသည်လည်း ဆီဘူးကိုယူ၍သူ၏
အစ်ကိုစုထဲမှာ သူ့ကိုဘိသိက်ပေးလေ၏။"
(၁ဓမ္မ၊၁၆:၁၃)

ဒါဝိဒ်ဟာ အမှန်တကယ်တော့ ရှင်ဘုရင်
ဆိုတဲ့ကောင်းကြီးနဲ့ မဆိုင်ဘဲ ဝေးနေဟန်
ရှိခဲ့သူဖြစ်ပါတယ်။

🔎ဘာကြောင့်လဲဆိုတော့...

📌သူ့အဖေယေရှဲကလည်းမထင်ထားတော့
စရင်းထဲမထည့်ထားဘူး။

📌ပရောဖက်ရှမွေလကလည်း ဒါဝိဒ်အစ်ကို
တွေ(၇) ယောက်ထဲကပဲဖြစ်မယ်လို့ထင်ခဲ့
တာပါ။

📌သူ့အစ်ကိုတွေကလည်း ဒါဝိဒ်ဖြစ်မယ်လို့
မထင်ထားကြပါဘူး။

Ⓜ️ကောင်းကြီးဟာ ဒါဝိဒ်နဲ့….

🖌️ဝေးနေဟန်ရှိခဲ့ပေမဲ့
🖌️မဆိုင်သလိုဖြစ်နေခဲ့ပေမဲ့
🖌️သူ့အတွက်မဟုတ်သလို ဖြစ်နေခဲ့ပေမဲ့

ဒါဝိဒ်ဟာ ကောင်းကြီးပိုင်ရှင်ရဲ့စိတ်တော်နဲ့
တွေ့သောသူ ဖြစ်နေတဲ့တွက် ဣသရေလ
ရှင်ဘုရင်ဆိုတဲ့ကောင်းကြီးဟာသူ့အတွက်
ဖြစ်သွားခဲ့တာတွေ့ရပါတယ်။

Ⓜ️ဘုရားရဲ့မစခြင်း၊ချီးမြှောက်ခြင်း
ကောင်းကြီးတွေဟာ...

🖍️သင်နဲ့ဝေးနေသလို
🖍️သင့်ခွဲတမ်းမပါသလို
🖍️သင်နဲ့မဆိုင်သလို
🖍️ခလုတ်တိုက်ပြီးကျော်နေသလို

ခံစားနေရတယ်ဆိုရင်…

🔎စိတ်ဓာတ်မကျပါနဲ့
🔎သူများအပေါ်မနာလိုလည်းမဖြစ်ပါနဲ့
🔎ကောင်းကြီးရှင်ဖြစ်တဲ့ဘုရားစိတ်တော်နဲ့

တွေ့သူဖြစ်ဖို့ပြန်လည်ဆက်ကပ်ပါ။

💯သင်နဲ့မဆိုင်ဘူးထင်တဲ့ကောင်းကြီး
💯လွတ်သွားပြီလို့ထင်တဲ့ကောင်းကြီးတွေ
💯သင့်လိပ်စာနဲ့ပြန်ပေါ်လာနိုင်အောင်
💯ဘုရားမစနိုင်တယ်ဆိုတာမမေ့ပါနဲ့။

It's All About Jesus!
ဧလိရှဲ

17/08/2026

ကိုယ်တော်မပါပဲ ရှင်သန်ခြင်းအသက်တာက အလကားပါပဲ မိတ်ဆွေ။

12/08/2026

ဘုရားအကြံအစည် နဲ့ လူ့အကြံအစည် ဘယ်လိုကွာလဲ ✍️

🆔
ဘုရားအကြံအစည်က ...အချိန်မှန်မှ ပေးတယ်
လူ့အကြံအစည်က .... မြန်မြန် လိုချင်တယ်

🆔
ဘုရားအကြံအစည်က ...ကောင်းတာကိုပေးတယ်
လူ့အကြံအစည်က ....လွယ်လွယ်လိုချင်တယ်

🆔
ဘုရားအကြံအစည်က ...နောင်ဘဝကိုကြည့်တယ်
လူ့အကြံအစည်က ....မြင်ရတဲ့အရာပဲကြည့်တယ်

🆔
ဘုရားအကြံအစည်က ...မပြောင်းလဲဘူး
လူ့အကြံအစည်က ....ပြောင်းတတ်တယ်

🆔
ဘုရားအကြံအစည်က ...တည်တယ်
လူ့အကြံအစည်က ....ပျက်တတ်တယ်

🆔
ဘုရားအကြံအစည်က ...အကုန်မြင်တယ်
လူ့အကြံအစည်က ....နည်းနည်းပဲမြင်တယ်

🆔
ဘုရားအကြံအစည်က ...ထာဝရကောင်းဖို့
လူ့အကြံအစည်က ....ခဏအဆင်ပြေဖို့ပဲ

🆔
ဘုရားအကြံအစည်က ...သူတပါးအတွက်ပါကြံတယ်
လူ့အကြံအစည်က .... ကိုယ့်အတွက်ပဲကြံတာ

🆔
ဘုရားအကြံအစည်က ...နှလုံးသားကိုကြည့်တယ်
လူ့အကြံအစည်က ....အပြင်ပန်းပဲ စိတ်ဝင်စားတယ်

🆔
ဘုရားအကြံအစည်က ...ပိုရစေချင်တယ်
လူ့အကြံအစည်က ....ဆုံးရှုံမှာကြောက်တယ်

🆔
ဘုရားသာ၍ ဖွင့်ပြကောင်းကြီးပေးပါစေ။ 🙏

#ဘုရားအကြံအစည်

05/08/2026

ချစ်ခြင်း​မေတ္တာအ​ကြောင်း ​ဟော​​နေရင်းက
အမုန်းတရား​တွေ ကြဲချဖြန့်​​​ဝေခဲ့တယ်

မခွဲခြားခြင်းအ​ကြောင်း ​ဟော​နေရင်းက
ကွဲပြားခြင်းကို အမျိုးအစားခွဲ​​ရှင်းသွားတယ်

အချင်းချင်းချစ်ရမယ်လို့ ​ဟော​နေရင်းက
​မေတ္တာမဲ့စွာ အပုပ်​အဖျင်းဖော်ပြတယ်

ခွင့်လွှတ်ခြင်းအ​ကြောင်း ​ဟော​​နေရင်းက
​ဒေါသစကားအမှား ထွက်ကျသွားတယ်

ဝိညာဥ်သ​ဘော​ဆောင်ခြင်း ​ဟော​​နေရင်းက
ဇာတိစိတ်​ဟောင်းနဲ့ ​​အပြစ်​ရှာ​ချိတ်​စောင်းတယ်

နှိမ့်ချတတ်ဖို့အ​ကြောင်း ​ဟော​နေရင်းက
ကိုယ့်ဂုဏ်ကိုယ်​ဖော် ​လှိမ့်မော်ကြွားတယ်

အ​စေခံဖို့အ​ကြောင်း ​ဟော​နေရင်းက
အထက်စီးဆန်ဆန် ချိုးနှိမ်ပြန်တယ်

လွတ်ခြင်းအ​ကြောင်း ​ဟော​နေရင်းက
မ​ကျေနပ်သမျှ ကျိန်ဆဲပြ​နေတယ်

ဝိညာဥ်နဲ့ ဇာတိသ​ဘော
အပြိုင်​နှောသေးသ​ရွေ့​တော့
ဘုရားက ​ထွေးအန်ချင်လုပေါ့

ပူမလို ​အေးမလို နှစ်မျိုး​ရော
​နွေး​​​ခြင်းသ​​ဘောကို ဘုရားမနှစ်လို

စိတ်နှလုံးကို စစ်​ကြောတဲ့ ဘုရား
လျှာနှစ်ခွနဲ့ လူသားအဖြစ်တို့ကို
ကိုယ်​တော့်ဘုန်းအဖို့အလို့ငှာ
သဏ္ဍာန်ပြောင်းလဲ​ပစ်တော်မူပါ

Ps. Maria
Self Meditation

04/08/2026

ဘုရားသခင်က သူ့သားသမီးတွေ ကို အသေးစိတ် ဂရုစိုက်တဲ့ ဘုရားသခင်ဖြစ်ပါတယ်
မိတ်ဆွေ။

Address

Melbourne, VIC

Website

Alerts

Be the first to know and let us send you an email when Khai Pu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share